အောင်မှိုင်းဆန်း – နှင်းမုန်တိုင်းထဲက ၂၆ ရက် ။ အပိုင်း (၁ မှ ၁၀ အထိ)

November 26, 2015

 
အောင်မှိုင်းဆန်း – နှင်းမုန်တိုင်းထဲက ၂၆ ရက် ။ အပိုင်း ( မှ ၁၀ အထိ)
(သူ့ဖေ့စ်ဘွတ်) မိုးမခ။ နိုဝင်ဘာ ၂၆၊ ၂၀၁၅
အပိုင်း – ၁
 
ဂျိမ်းကနဲမြည်သွားတဲ့ တိုက်တံခါးပိတ်သံက ကျနော့် နားထဲမှာတော့ ဒိန်းခနဲ မြည်ဟီးထွက်ပေါ်လာတဲ့ တိုက်ပွဲအချက်ပေး အမြောက်သံလိုလို …. “ငါ …. တိုက်ပွဲစလိုက်ပီလို့ ကိုယ့်ကိုယ်ကို ထင်းကနဲ သိလိုက်မိတယ်။ ကျနော် ရဲ့ အစာငတ်ခံဆန္ဒပြပွဲ ပထမနေ့က အခြေအနေသိပ်ပီး ဆိုးဆိုးဝါးဝါးနဲ့ မရင်ဆိုင်ရသေး။ အားလုံး ချောချောမွေ့မွေ့။ တိုက် ခန်းထဲလေးမှာ ….
 
တကယ်တော့ ဒီ အစာငတ်ခံ ဆန္ဒပြ တာကို အရမ်း ကာရော ကျနော် စတင်ခဲ့တာမဟုတ်။ အစစအရာရာ အကုန် လုံး ပြင်ဆင် ပြီး ထွက်လာခဲ့ တာပါ။ ဆေးလိပ်သောက်တာကို ခပ်စောစောဖြတ်လိုက်မိတာကို ကျနော် ကျေနပ်နေမိတယ်။ စိတ်ဓာတ် ကိုလဲ ကျေနပ်လောက်စရာ မဟုတ်ပေမယ့် အတော်လေးတော့ ပြင်ဆင် ထားခဲ့ ပြီးပြီ ငါ စွန့်လွှတ်နိုင်မလားပေါ့။ အကြိမ်ကြိမ် အထပ်ထပ် မေးခွန်း ထုတ် ခဲ့တယ်။ အခေါက်ခေါက် အခါခါ ကိုယ့်ကိုယ်ကို ဆန်းစစ်ခဲ့တယ်။ ကြုံလာမယ့် အခက်အခဲ အတားအဆီး အန္တရာယ်တွေကိုရော ရင်ဆိုင်ရဲပါ့မလားပေါ့။
 
အပိုင်း –  
 
ကျနော် အစာငတ်ခံ ဆန္ဒပြ မှု စတင်တဲ့နေ့ဟာ ၂၃ အောက်တိုဘာ ၂၀၁၅ နေ့ပါ။ ဒီနေ့ကို တိုက်ပွဲရဲ့ အစနေ့အဖြစ် ရွေးချယ်ဖြစ်တဲ့အကြောင်းက ရပ် ရှိတယ်။ ၁။ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ်ပြည့်နေ့ ဖြစ်နေလို့ပါ။ ကျနော့် အပေါ် အလွှမ်းမိုးနိုင်ဆုံး စာရေးဆရာတွေထဲမှာ ဗန်းမော်တင်အောင်ဟာ ထိပ်ဆုံး ကလို့ ပြောနိုင်တယ်။
 
လူတစ်ယောက်ရဲ့တန်ဖိုးကို သူဖြတ်သန်းနေတဲ့ သမိုင်းခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းတာဝန်တွေကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်နိုင်သလဲဆိုတာနဲ့ တိုင်းတာရမယ်လို့ အဓိပ္ပါယ် ရတဲ့ ဆရာ့အမှာစကား ဟာ ကျနော့် နိုင်ငံရေးဖြတ်သန်းမှုရဲ့ လမ်းညွှန်တစ်ခုပါပဲ။ 
 
၂။ ကျနော် အစာငတ်ခံ ဆန္ဒပြ မှု စတင်မယ့် ရက် အပိုင်းအခြား ကာလရဲ့ အလယ် (တစ်ဝက်) ရက်ကျနေလို့လဲ ဖြစ်ပါတယ်။ ကျနော် က ၂၀၁၅ အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းကနေ ၂၀၁၅ အောက်တိုဘာ လကုန် အတွင်း သင့်တော်တဲ့ တစ်ရက်ရက်မှာ အစာငတ်ခံ စမယ်လို့ ကြေညာထားခဲ့တာကိုး။ ဒါကြောင့် ၂၀၁၅ အောက်တိုဘာ ၂၃ ရက်နေ့ မှာ စပြီး အစာငတ်ခံ ဆန္ဒပြ ဖို့ ဖြစ်လာတာပေါ့။ 
 
အဲဒီမှာ ၃၇ ဆိုတဲ့ ဂဏန်း လေးရဲ့ တိုက်ဆိုင်ပုံလေးတစ်ခု သတိပြုမိလိုက်သေးတယ်။ အဲဒါ တခြားမဟုတ်ဘူး။ ၂၀၁၅ အောက်တိုဘာ ၂၃ ရက်နေ့ဟာ ဗန်းမော်တင်အောင်ကွယ်လွန်တာ ၃၇ နှစ်ပြည့်တဲ့နေ့ (နိမိတ်ကတော့ ခပ်ကောင်းကောင်း) နောက်တစ်ခုကဘာလဲဆိုတော့ ကိုကိုးကျွန်း အကျဉ်းထောင် ဖျက်သိမ်း ရေး ၅၃ ရက် အစာငတ်ခံတိုက်ပွဲမှာ ပထမဦးဆုံး ကျဆုံးသွားခဲ့တာ ရဲဘော်သိန်းကြည်။ ရဲဘော်သိန်းကြည်ကျတာ အစာငတ်ခံ ဆန္ဒပြ တဲ့ရက်ပေါင်း ၃၇ ရက် အကြာမှာ ကျဆုံးခဲ့ တာ (နိမိတ်ကတော့ ခပ်ကောင်းကောင်း) နောက်တစ်ခုတိုက်ဆိုင်တာက ကျွန်းတိုက်ပွဲပြန်ရဲဘော် တွေထဲက လေထီးဦးအုန်းမောင်တို့ကို အင်းစိန်ထောင်ကနေ ပြန်လွှတ်တဲ့အသုတ်မှာ လွတ်လာတဲ့ သူ အရေအတွက် စုစုပေါင်းကလဲ ၃၇ ယောက် ဖြစ် နေပြန်ရော။ ဘာရယ်မဟုတ်ပါဘူး။ ၃၇ ဆိုတဲ့ ဂဏန်းလေးရဲ့ တိုက်ဆိုင်မှုလေး တွေးမိတာကိုပါ။ 
 
အပိုင်း – 
 
ကျနော် နေရတဲ့ တိုက်ခန်းလေးက ခပ်ကျဉ်းကျဉ်း။ လူတစ်ယောက်စာ နေရရုံသာသာ။ မန္တလေး ထောင် မှာ ကျနော် နေခဲ့တုန်းက တိုက်တော်တော် များများ ဟာ ယောက်၊ ယောက်၊ ယောက် အထိ နေလို့ရအောင် ကျယ်ကြတယ်။ ကောင်းပါ တယ်လေ။ သာယာဝတီထောင်က တိုက်၊ ခန်းမှာ တစ်ယောက်ထဲ အေးအေးဆေးဆေးပေါ့။ ကျ နော် နေရတဲ့ တိုက်ဝင်းထဲမှာ တိုက်ရယ်၊ တိုက်ရယ်ဆိုပီး တိုက်နှစ်တိုက်ရှိတယ်။ နှစ်ထပ်တိုက် နှစ် တိုက်ပါ။ မျက်နှာချင်းဆိုင်ထားတယ်။ ကပ်ရက် ညာဖက်ဝင်းထဲမှာတော့ တိုက်နဲ့ တိုက် ဝင်းရှိ မယ်။ ကပ်ရက် ဘယ်ဘက် ဝင်းထဲမှာတော့ ကျနော်တို့ နေနေတဲ့ ၁၀ အဆောင်ရှိတယ်။ တစ်ဆောင် ထဲ။ နှစ်ထပ်ဆောင်။ အပေါ်နှစ်ခန်း၊ အောက်နှစ် ခန်း ပေါင်း ခန်းပါတဲ့ အဆောင် အသစ်ကြီး။ 
 
အဲဒီ အဆောင်အသစ်ကြီး(၁၀ အဆောင် ) ရဲ့ အပေါ်ထပ် ကနေ တက်ကြည့်မယ်ဆိုရင် ကျနော့် ကို ထားတဲ့ တိုက်နဲ့အခန်းကို ကောင်းကောင်း မြင်ရ တယ်။ အသံကျယ်ကျယ်အော်ပြောရင် ကြားရတယ်။ ကျနော့် ကိုတိုက်ထဲပို့ပီး နောက်ပိုင်း ရဲဘော်တွေ က အဆောင် အပေါ်ထပ် ကို ယောက်တစ်သုတ်၊ ယောက်တစ်သုတ်၊ တက်တက်လာပီး ကြည့်ကြ တယ်။ လက်ဟန်ခြေဟန်တွေနဲ့ အခြေအနေ မေး ကြ၊ မြန်းကြတယ်။ တကယ်ဆိုရင် သူတို့ အပေါ်ထပ် တက်လာပီး အခုလိုဆက်သွယ် (တရား မဝင်နည်းလမ်းနဲ့) နေတာကို ဗူးဂတ်မကြီးပေါ်က နေ ကောင်းကောင်းမြင်ရတာပေါ့။ မိန်းဂျေးကတောင် မြင်လောက်တယ်။ အဆောင် မှာ တာဝန်ကျဝန်ထမ်းရော၊ တိုက်မှာတာဝန်ကျဝန်ထမ်းတွေ ရောပါ မြင်နိုင်၊ သိနိုင်တယ်။ ဒါပေမယ့် သူတို့ ဘာမှ မပြော၊ မဟန့်တားကြဘူး။ သိရက်နဲ့ သေချာလွှတ် ပေးထားတယ်။ ကျနော် နဲ့ပတ်သက်ပီး ကျနော့် ရဲ ဘော်တွေ စိတ်ပူပန်မှု လျော့ကျသွားအောင် တမင် လွှတ်ပေးထားပုံရပါတယ်။ ကျနော့် ကို သူတို့ (ဝန်ထမ်းတွေ) ဘာမှမလုပ်ဘူး၊ ကောင်းကောင်းမွန်မွန် ထားတဲ့ သဘော ကျနော့် ရဲဘော်တွေသိအောင် ဒီ တိုက်မှာ သေချာထားတာဖြစ်လိမ့်မယ်။ တရားမဝင် ဆက်သွယ်တာကို လွှတ်ပေး ထားတာဖြစ်လိမ့်မယ်။
 
ကျနော့် အရင် တိုက်ပိတ်ခံရဖူးတဲ့ ရဲဘော်တွေ ကိုလဲ ဒီတိုက်မှာပဲ ထားဖူးတယ်။ သူတို့က ဆေးလိပ်ကိစ္စနဲ့ တိုက်ပိတ်ခံခဲ့ကြရတာ။ ကိုသန်းထိုက်၊ ကိုအောင်မြင့်ဟန်၊ ပဲကြီး ခေါ် ကျော်စွာ လင်း၊ ခန့်အောင်၊ ဟိန်းဇော်ဝင်း၊ ကိုအောင်မြင်၊ ကိုရန်ပိုင်စိုး၊ တို့တတွေပေါ့။ သူတို့လည်း ကျန် ရဲဘော်တွေ စိတ်ပူပန်မှာကို လျှော့ချတဲ့အနေနဲ့ ဒီတိုက်ကို ပို့ခဲ့တာ ထင်တာပဲ။ အဲ့ဒီ တုန်းကလဲ တစ်ဖက်နဲ့ တဖက် ဆက်သွယ်ကြတာပဲလေ။
 
အပိုင်း – 
 
အစာငတ်ခံ ဆန္ဒပြ မှု တိုက်ပွဲ စတဲ့ ၂၃ အောက်တိုဘာ ၂၀၁၅ နေ့ရဲ့ တစ်နေ့တာဖြတ်သန်းမှု အတွေ့အကြုံက ချောမွေ့နေဆဲ။ ဗိုက်နည်းနည်း တော့ ဆာနေတယ်။ ကျနော့် ရှေ့မှာ စားပွဲခုံ တစ်လုံး ခပ်သေးသေးလေးကို ဝန်ထမ်း ဦးက လာချ သွားတယ်။ စားပွဲပေါ်မှာ နီကျင့်ကျင့် ထောင်ပုံစံ ပေါင်းထမင်းကြမ်းရယ်၊ ဟင်းရည် လို့ ပြောရရုံ ဟငိးရည်ညစ်ကျဲကျဲတစ်ခွက်ရယ်၊ ငပိတဇွန်းစာ ရယ်၊ ရေ ၃၃၀ ml တဘူးရယ်ကို တင်ထားပေး တယ်။ ဗိုက်သာဆာတာ သူတို့ လာချပေးတဲ့ ထမင်း ဟင်း တွေက စားချင်စရာ၊ မက်လောက်စရာ လုံးဝ မရှိ။ ဒါနဲ့ ရေဘူးကိုဖွင့်ပြီး တကျိုက်ထဲ မော့ချပစ် လိုက်တယ်။ အဆာပြေ အောင်ပေါ့။ သောက်ရေကို အခန်းထဲမှာ အလုံအလောက် ထည့်ပေးမထားဘူး။ တောင်းပီးသောက်မှပေးတာ။ ဗိုက်ဆာတော့ ရေကိုပဲ ခဏခဏတောင်းရတယ်။ ကြာတော့ တောင်းရတာ စိတ်အချဉ်ပေါက်လာတယ်။ ပုလင်းနဲ့ ထည့်ပေးထားပါ ပြောတာလဲ မပေးဘူး။ နောက်တော့ ရေ တော်တော် ဆာမှပဲ တောင်းသောက်ဖြစ် လာတော့တယ်။
 
တိုက်ဝင်းတစ်ခုလုံးမှာ အကျဉ်းသား ဆိုလို့ ကျနော် တစ်ယောက်ထဲပဲရှိတယ်။ ဝန်ထမ်း ယောက် အမြဲချထားတယ်။ ရစ်နဲ့တစ်ဦး၊ ရစ်နဲ့တစ်ဦး၊ တစ်ပွင့်နဲ့ တိုက်ထောင်မှူးကတစ်ဦး စောင့်ကြပ် ကြတယ် ကျနော် ဘာလုပ်လုပ်၊ လုပ်သမျှအားလုံး စာအုပ်ကြီးထဲမှာ အချိန်နာရီနဲ့တကွ လိုက်မှတ်နေကြတော့တာပဲ။ ရေဘယ်နှစ်ခါသောက်၊ အိမ်သာ ဘယ်နှခါသွား၊ လမ်းလျှောက်၊ အိပ်၊လှဲလျောင်း၊ ထိုင်၊ စာဖတ် …. အကုန် အကုန် လုံးကို လိုက်မှတ်နေကြနေလေရဲ့။
 
ကျနော် လဲ အချိန်ရတုန်း စာအုပ်ပဲ လှိမ့်ဖတ်နေခဲ့တယ်။ ဘာတီးလ်လင့်တနာ ရေးတဲ့ ကျောက်စိမ်းမြေကို ပြီးအောင်ဆက်ဖတ်နေလိုက်တယ်။ အန္ဒိယကနေ နာဂနယ်မြေ၊ နောက် ပြည်နယ်၊ အဲဒီကနေ ဗကပတို့ရဲ့ မုံးကိုးဒေသ၊ ပီးတော့ တရုတ်ပြည်ခရီး စဥိတွေကိုဖတ်ရတာ တော်တော်လေးတော့ ကောင်းပါတယ် ဝေဖန်စရာတွေတော့ ပါတာပေါ့။ စာဖတ် လို့ညောင်းလာရင် လမ်းထလျှောက်တယ်။ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ခေါက်တုံ့ ခေါက်ပြန်။ ညနေ နာရီ ခွဲတော့ ရေချိုး တစ်ခါချတယ်။ ပြီးတာနဲ့ တိုက်ခန်းတံခါး သော့ခတ် ပြီး ပြန်ပိတ် ထားတယ်။ ညနေတန်းပိတ်ခါနီးအချိန်ဖြစ်တဲ့ နာရီ ဝန်းကျင်လောက်ကျတော့ ဆရာဝန်တွေ ဆေး လာစစ်တယ်။ သွေးပေါင်ချိန် တယ်။ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း တွေ တိုင်းတယ်။ သွေးထဲက သကြားဓာတ်ကိုတော့ မနက် ကျမှ ဖောက်စစ်မယ် ပြောတယ်။ ဒီတညကို ခပ်အေးအေးပဲ ဖြတ်သန်း လိုက်တယ်  
 
အပိုင်း – 
 
၂၄၊ ၂၅၊ ၂၆ အောက်တိုဘာ ၂၀၁၅ နေ့ တွေမှာတော့ သိပ်မထူးမခြားနားပဲ ဖြတ်သန်းဖြစ် လိုက်တယ်။ အထူးသဖြင့် ၂၃ ရက်နေ့ကနေ ၂၆ ရက် ညနေပိုင်း အထိ သိသိသာသာကြီး မရုန်းကန်ရသေးပါဘူး။ မနက် နာရီလောက်ဆို ကျ နော့်ကို မျက်နှာသစ် ဖို့ ၁၀ မိနစ် လောက် ခဏ အခန်းတံခါး ဖွင့်ပေးမယ်။ မနက် ၁၀ ခွဲ၊ ၁၁ နာရီ လောက်ဆို မနက်ပိုင်းရေချိုးချိန် ၁၅ မိနစ် လောက် ခဏ အခန်းတံခါးဖွင့်ပေးမယ်။ ညနေ နာရီ ခွဲ နာရီ လောက်ဆို ညနေ ရေချိုး ချိန် ၁၅ မိနစ် လောက် ခဏ တံခါးဖွင့်ပေးမယ်။ တစ်နေ့ ကြိမ် ပုံမှန်ဖွင့်ပေးတယ်။ တစ်နေ့တစ်ကြိမ် လမ်း ခဏ လျှောက်ခွင့်ပေးတယ်။ မနက် ရေချိုး ချိန် ဒါမှမဟုတ် ညနေရေချိုးချိန်မှာပေါ့။ ရေချိုးလို့ ပိုတဲ့ အချိန်လေး ၁၅ မိနစ်ပြည့်အောင် ခဏ လမ်းလျှောက် ခွင့်ပြုတဲ့သဘောပါ။
 
အစတုန်းကတော့ တစ်နေ့ဝတ်ပီး သား အဝတ်တွေကို တစ်နေ့ပုံမှန် လျှော်ဖွတ်လှမ်း ဖြစ်တယ်။ ကိုယ့်ဘာသာကိုယ် လျှော်ဖွတ်လှမ်း တာ ပါ။ အစနေ့မှာ အဝတ်လျှော်ရတာ ပြဿနာ မဟုတ် ပေမယ့် နောက်ရက်တွေ အဝတ်လျှော်ရတာ ဒုက္ခ ရောက်လာတယ်။ ဘယ်လိုဒုက္ခရောက်လဲဆိုရင် လက်မောင်း ကြွက်သားတွေ နှစ်ဖက်စလုံး နာကျင် လာတယ်။ ရက်ကြာလေ ပိုပီးနာလေပဲ။ နာတဲ့ဒဏ် က တော်တော် နဲ့ ပျောက်မသွားဘူး။ ပိုပိုပီးတော့လဲ မောမောလာတယ်။ ကြာတော့ အဝတ်တွေကို နာနာ မရိုက်၊ မပွတ်နိုင်တော့ဘူး။ ဖွဖွလေးပဲ ထုထောင်းရ တယ်။ ရေစိုအဝတ်တွေကိုလဲ ရေစင်အောင် ဆပ်ပြာရည် ပြောင်စင်အောင် ရေမဆေး၊ ရေမညှစ်နိုင် တော့ဘူး ဖြစ်လာတယ်။ နောက်ဆုံး ကုန်ကုန်ပြော ရရင် ဆံပင်နဲ့ ကိုယ်လုံးကို ရေစင်အောင် တဘက် နဲ့ ပွတ်တာတောင် ခပ်ဖွဖွနဲ့ ခဏလေးပဲ သုတ်နိုင် လာတော့တယ်။ အဝတ်လျှော်ရမှာကို ကြောက်လန့် လာတော့တယ်။ ငါ့အဝတ် ငါမှမလျှော်ရင် ဘယ်သူ မှ လာလျှော်ပေးမှာ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ အား တင်းပီး လျှော်နေရတာပဲ။
 
အပိုင်း – 
 
အဆောင် မှာကျန်နေတဲ့ ရဲဘော်တွေ က ထုံးစံအတိုင်း ကျနော် ရေချိုးထုတ်ချိန်နဲ့ကိုက်ပီး အဆောင်ပေါ်တက်လာတယ်။ နှုတ်ဆက်ကြ၊ မေး မြန်းကြတယ်။ ရေချိုးကန်က ကျနော့်အခန်းနေရာ ထက်စာရင် အဆောင် ၁၀ နဲ့ ပိုပီးနီးတော့ စကား ပြောလို့ ကောင်းကောင်းကြားရတယ်။ သူတို့က ပြောရှာပါတယ်။ အဝတ်တွေကို မလျှော်နဲ့ သူတို့ ဆီကို ဝန်ထမ်းကတဆင့် ပို့ခိုင်းလိုက်။ သူတို့လျှော် ပေးပီး ပြန်ပို့ပေးမယ်ပေါ့။ ကျနော် သူတို့ ကို ဘယ် လျှော်ခိုင်းရက်ပါ့မလဲဗျာ။ ကျနော့် ထုံးစံအတိုင်း ဟုတ်ကဲ့၊ အင်းပါ လို့ ပြောပီး မလျှော်ခိုင်းဖြစ်ပါ ဘူး။ တကိုယ်ရည်သန့်ရှင်းရေးအတွက်နဲ့ ကျန်းမာ ရေးအတွက် ရေပုံမှန်ချိုး၊ အဝတ်ပုံမှန်လျှော်လုပ် နေ ရတာ။ တကယ်က ကျနော့် အဖို့ ရက်ကြာလာတာ နဲ့အမျှ ပင်ပန်းလာတယ်။ မောပန်းလာတယ်။ လူလဲ နုံးချိလာခဲ့တယ်။ လမ်းလျှောက်နှုန်းလဲ လျော့ကျ လာတော့တယ်။ 
 
အစာငတ်ခံ ဆန္ဒပြ တဲ့အချိန်ကျမှပဲ ကျနော် လဲ တရားထိုင်တဲ့အကျင့် ရလာတယ်။ တရားထိုင်တယ်ဆိုတာထက် တရားရှုမှတ်တဲ့ အလေ့အကျင့် ရလာတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ ၁၅ မိနစ် လောက် ထိုင်ပီး ဝင်သက်ထွက်သက် ရှုမှတ်ုကြည့်တယ်။ ခါးကို မတ်မတ်ထားပီး လက်နှစ်ဖက် ကို တင်ပြင်ခွေထားတဲ့ ခြေထောက်အပေါ် ခပ်ဆန့် ဆန့် တင်ထားပီး ရှုမှတ် တာ။ အာရုံတွေ စုစည်းဖို့ ခက်မှန်းသိလာပေမယ့် ထိန်းနိုင်သလောက် ထိန်း ဖြစ်လာတယ်။ အတွေးသိပ်မပွားဖြစ်တော့ စိတ်ကို ပိုပီးတည်ငြိမ်စေတာပေါ့။ လှဲလျောင်းနေရင်းနဲ့လဲ ရှု မှတ်ဖြစ်သေးတယ်။ ပက်လက်လှန်ပီး ခြေလက်တွေကို ဆန့် တန်း ချထားတယ်။ အာရုံကြောတွေ တင်းမထားပဲ ပြေလျော့လျော့ထားလိုက်တယ်။ ပြီး တာနဲ့ ဝင်လေထွက်လေ ရှုကြည့်လိုက်တယ်။ လမ်းလျှောက် ရင်းတောင် ရှုဖြစ်လာသေးတယ်။ ခြေကြွ ရင် ကြွတယ်မှတ်တယ်။ ခြေချလိုက်ရင် ချတယ်လို့ မှတ်ကြည့်တယ်။ အာရုံသိပ်မပျံ့တော့လို့ သဘော ကျနေမိတယ်။ ခေါင်းမူးလာပီ၊ ခေါင်းနည်းနည်းကိုက်လာပီဆိုတာနဲ့ တရားမှတ်တာတွေ လုပ်လိုက် တယ်။ ၁၅ မိနစ်လောက်ပေါ့။ အလုပ်ဖြစ်တယ်ဗျ။ ခေါင်းမူးခေါင်းကိုက်တွေ အရှင်းပျောက်မသွား တောင် လျော့ပါး သက်သာတာတော့ အမှန်ပဲ။ 
 
HS (Hunger Strike) မဝင်ခင်ကကော အခု ဝင်ပီးသွားတဲ့ နောက်ပိုင်းမှာ ရောပါ စောစောကပြောသလို တရားရှုမှတ်တာတွေ မလုပ်ဖြစ်ခဲ့၊ ဆက်မလုပ်ဖြစ်တော့ပါဘူးဗျာ …. ဟီး။ နှင်းမုန်တိုင်းထဲက ၂၆ ရက် 
 
အပိုင်း – 
 
အစာငတ်ခံတဲ့ရက်တွေ တစ်ရက်ပီး တစ်ရက် ကြာလာတာနဲ့အမျှ ကျနော့် ရဲ့ ကိုယ်ခံ အားနဲ့ ကျန်းမာရေးအခြေအနေတွေလဲ တဖြည်း ဖြည်း ကျလာ၊ ဆုတ်ယုတ် လာပါတော့တယ်။ ပထမဆုံးအစာငတ်ခံ စတဲ့နေ့ဖြစ်တဲ့ ၂၃ အောက်တိုဘာ ၂၀၁၅ နေ့တုန်းက မိန်းဂျေးမှာပဲ ဆရာဝန် တွေက ကျနော့် ကျန်းမာရေးကို စစ်ဆေးကြတယ်။ ကျန်းမာရေးစစ်ဆေးတယ်ဆိုတာ ကိုယ်အလေးချိန် ချိန်မယ်။ သွေးပေါင်ချိန် တိုင်းမယ်။ သွေးထဲမှာရှိတဲ့ သကြားဓာတ်ကိုဖောက်စစ်မယ်။ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းကို တိုင်းမယ်။ ဒါကိုဆိုလိုတာပါ။ 
 
ဆေး စစ်တဲ့အချိန်မှာထောင်ဆေးရုံအုပ်ရှိမယ်။ သူက ဒေါက်တာပါ။ ရာထူးက ဒုထောင်ပိုင် (ထောင်ပိုင် လေး) နဲ့ အဆင့်တူတယ်။ ပုခုံးပေါ်မှာ တစ်ဘားနဲ့ တစ်ပွင့် တပ်ထားတယ်။ နာမည် တော့ မမှတ်မိပါ ဘူး။ ပီးရင် ပုခုံးပေါ်မှာ သုံးပွင့်ပါတဲ့ ဒေါက်တာရှိ မယ်။ အဆင့်က ထောင်မှူးကြီးအဆင့်နဲ့ အတူတူ။ နာမည် က ဒေါက်တာအောင်သူထက်။ ပီးရင် ပုခုံးပေါ်မှာ ပွင့်ပါတဲ့ ဆေးမှူးရယ်။ ပွင့်ပါတဲ့ ဆေး မှူးရယ် ရှိမယ်။ 
 
မိန်းဂျေးမှာ သူတို့ဆေးစစ်တော့ ၂၃ အောက်တိုဘာ ၂၀၁၅ နေ့မှာ ကျနော့် ကိုယ်အလေးချိန်က ၁၃၄ ပေါင်ပါ။ သွေးပေါင်ချိန်က ၁၃၀_ ၈၀ ပါ။ နှလုံး ခုန်နှုန်း သွေးခုန်နှုန်းတွေက ကောင်းပါတယ်။ ပမာဏတော့ မမှတ်မိတော့ဘူး။ သွေးထဲ က သကြားဓာတ်ကို အဲဒီနေ့မှာ ဖောက်မစစ်ဖြစ်ပဲ နောက်နေ့မှ ဖောက်စစ်ဖြစ်တယ်။ သကြားဓာတ်က ၉၈ လို့ သိရတယ်။
 
ဆေးစစ်တဲ့ကိစ္စကို တစ်နေ့ နှစ်ကြိမ် ပုံ မှန်လာစစ်တယ်။ မနက် တစ်ခါ၊ ညနေ တစ်ခါ။ ပထမဆုံးနေ့ရဲ့ ကျနော့်သွေးပေါင်ချိန်၊ ကိုယ်အ လေးချိန်၊ သကြားဓာတ်ပမာဏတွေကို နောက်နေ့ မှာ ရဲဘော်တွေကို ကျနော် လှမ်းပြောထားလိုက် တယ်။ နောက်ရက်တွေမှာ ကျနော့်ကိုယ်အလေး ချိန်၊ သွေးပေါင်ချိန်၊ သကြားဓာတ်တွေ၊ နှလုံး ခုန် နှုန်းတွေဟာ တဖြည်းဖြည်း ကျကျလာပါတယ်။
 
၂၆ ရက်နေ့ရောက်တော့ သကြားဓာတ်က တော်တော် လေး ဆိုးဆိုးဝါးဝါး ကျဆင်းသွားပီ။ ကိုယ်အလေးချိန် က ၁၃၄ ပေါင်ရှိရာကနေ ၂၆ ရက်နေ့မှာ ၁၂၀ ကျော်ပဲ ရှိတော့တယ်။ သွေးပေါင်ချိန် ကလဲ ၉၀ _ ၆၀ ဖြစ်သွားပီ။ သကြားဓာတ်က ၉၈ ရှိရာက နေ ၄၃ အထိ ကျဆင်းသွားတယ်။ သကြားဓာတ် ကျတော့ နှလုံးခုန်နှုန်းပါ လိုက်ကျသွားတယ်လို့ ပြောတယ်။ ၂၆ ရက်နေ့မှာ ECG နှစ်ကြိမ်လောက် ရိုက်ပီး စစ်ဆေးတယ်။ နှလုံး အခြေအနေ သိပ်မဟန်ဘူးလို့ ပြောလာတယ်။ ကျနော်လဲ ခေါင်း တော်တော် မူးလာပြီ။
 
အပိုင်း  – 
 
နာရီ လောက်ကျတော့ အခန်းတံခါးသော့ဖွင့်သံ ကြားလိုက်မိတယ်။ ကျနော် ပက် လက်လှဲပီး မှိန်းနေတုန်း။ ဒီအချိန် ကြီးကျမှ ဘာလို့ တံခါးလာဖွင့်ရတာလဲပေါ့ …. တွေးမိသေးတယ်။ ဖိနပ်သံတွေ နားထောင် ကြည့်လိုက်တော့ လူအရေ အတွက်တော်တော်များများရဲ့ ခြေသံတွေဆိုတာ သိ လိုက်တယ်။ ဒါနဲ့ မျက်လုံး ကို ဖတ်ကနဲ ဖွင့်ကြည့်လိုက်မိရော။ ထောင်ပိုင်လေးပါလာတာ တွေ့လိုက်တော့ ဘာတွေလဲပေါ့။ ဆေးရုံအုပ် (ထောင်ဆေးရုံ) လဲ ပါလာသလို ဆေးမှူးတွေ၊ တခြားဝန်ထမ်းတွေ ရော စုံလို့ပဲ။ ထောင်မှူးကြီးတွေလဲ ပါလေရဲ့။ လူစုံ တက်စုံပါပဲ။ ထောင်ပိုင်လေးက စပြောတယ်။ ကျ နော် လှဲနေရာက ထိုင်လိုက်တယ်။ သူတို့ကတော့ မတ်တပ်ရပ်လျက်။ 
 
သူပြောတာရဲ့ လိုရင်းကတော့ ကျနော့်မှာ သကြားဓာတ် နဲနေပီ။ တခြားဟာတွေလဲ ကျနေပီ။ နှလုံးမှာလဲ ဒဏ်ဖြစ်နေပီ။ ကျနော့်ကျန်း မာရေးအခြေအနေ ဆိုးဝါးနေပီပေါ့။ ဆေးကုသမှု ခံယူပါ။ ဆေးကုသမှု မခံယူရင် ကျနော့်အခြေအနေ မကောင်းနိုင်ဘူး။ ဆိုးဝါးသွားရင် အချိန်မီ ကုသဖို့ မလွယ်တာကြောင့် အခုပဲ ဆေးကုသမှု ခံယူလိုက် ပါပေါ့။ အဲလိုပြောလာပါတယ်။ 

 

 
တကယ်တမ်းပြောရရင် အခု သူတို့ ပြောနေတဲ့ စကားတွေဟာ အခုမှ စပြောတာ မဟုတ်ဘူး။ အစာငတ်ခံ ဆန္ဒပြတော့မယ်လို့ ကျနော် ပြောတဲ့အချိန်ကစလို့ သူတို့တတွေ ခဏခဏ၊ မကြာခဏ၊ နေ့စဉ်ရက်ဆက်၊ အချိန်တိုင်းနီးပါး လာပြောနေကျပါ။ ဟိုတနေ့ကဆို ထောင်ပိုင်ကြီးလို့ ခေါ်လေ့ရှိတဲ့ တာဝန်ခံအရာရှိ ဦးဇော်စစ်အောင် ကိုယ်တိုင် လာပြောသွားပါသေးတယ်။ တခြားဝန်ထမ်းတွေလဲ ကင်းလှည့်ရင်း လာလာပြောကြ တယ်။ ကျနော့်နားထဲမှာတော့ ဒီစကားတွေက မဆန်း ကျယ်တော့ဘူး။ အရင်လာပြောတုန်းက ပြောရုံ သက်သက် လာပြောကြတာဆိုတော့ ကျနော့်ထုံးစံ အတိုင်းအင်း …. အင်း …. ဟုတ်ကဲ့နဲ့ပဲ ငြိမ် ငြိမ်လေး နားထောင်ခဲ့တယ်။ ဆရာဝန်တွေလာ ပြောရင်တော့ ဗျောင် ငြင်းပယ်ပစ်တယ်။ 
 
အခု လာ ပြောနေတာက တကယ်လာပြောနေတာမို့ ကျနော် ဗျောင်ပဲငြင်းလိုက်တယ်။ ကျနော် ဘာဆေးဝါးမှလဲ စားသောက်မှာ မဟုတ်သလို ဘယ်လိုဆေးကုသမှု မျိုးကိုမှလဲ ခံယူမှာ မဟုတ်ဘူး လို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ ထောင်ပိုင်လေးတို့ အုပ်စု နည်းမျိုးစုံ ဘယ်လိုပြောပြော ကျနော့်အဖြေ ကတော့ တစ်ခုထဲသာ။ No …. နိုး …. ထောင်ပိုင်လေး မျက်နှာပျက်သွားပ်ီး ဟန်းဖုန်းကို ထုတ် လိုက်တယ်။ ပြီးတာနဲ့ ထောင်ပိုင်ကြီးဆီ လှမ်းဆက်နေတာ ကျနော် အတိုင်းသား ကြားနေရတယ်။
 
အပိုင်း – 

ထောင်ပိုင်လေးက ထောင်ပိုင်ကြီးဆီ ဖုန်းဆက်ပြောနေတာကို ကျန်ဝန်ထမ်းတွေက တိတ်တဆိတ်နားထောင်ရင်း အသင့်အနေအထားမှာ ရှိ နေကြတယ်။ ကျနော့်ကျန်းမာရေးအခြေအနေကို အရင်တင်ပြနေတယ်။ သကြားဓာတ် က စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီလို့လဲ ပြောနေတယ်။ ဘာဆက်လုပ်ရမလဲဆိုတာကိုပါ အမိန် တောင်းခံ နေတာတွေ့ရတယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့ အရင်ပြော ထားတဲ့အတိုင်း လုပ်လိုက်ရမှာပေါ့ …. ဟုတ်ကဲ့ပါ …. စသဖြင့် ထောင်ပိုင်လေးက အမိန့်တောင်းခံနေ တာကိုပဲ ကြားနေရတယ်။ ထောင်ပိုင်ကြီးဘက်က ဘာတွေပြန်ပြောနေတယ်ဆိုတာကိုတော့ စပီကာ ဖွင့်မထားတဲ့အတွက် မကြားရ။ 
 
ဖုန်းဆက်တာပြီး သွားတော့ ထောင်ပိုင်လေး ကျနော့်အခန်းထဲ ပြန်ဝင် လာတယ်။ ဆေးရုံကို အသာတကြည်လိုက်ပီး ဆေးကုသမှုကိုလဲ ကြည်ကြည်ဖြူဖြူခံယူဖို့ ကျနော့် ကို ထပ်ပြောပြန်ပါတယ်။ မေတ္တာရပ်ခံတဲ့ သဘော ထက် အမိန့်ပေးတဲ့အနေအထားလို့ ပြောရလိမ့်မယ်။ အဲဒီအခါကျတော့ ကျနော့်ဘက်ကလဲ ပိုပီး ပြတ် သားတိကျတဲ့စကားကို ပြန်ပြောရတော့တာပေါ့။ ကျနော့် ဆန္ဒ ကတော့ ဆေးရုံ ကို မလိုက်နိုင်ဘူး။ ဒီ တိုက်ထဲမှာပဲ ဆက်နေမယ်။ ဆေးကုသတာကိုလဲ ကျနော့် ဆန္ဒ ကတော့ ဆေးကုသခံဖို့ လုံးဝ အစီ အစဉ် မရှိဘူး…. လို့ ပြန်ပြောလိုက်တယ်။ 
 
ဒါဆို သူတို့ဘက်က လုပ်စရာရှိတာကို ဆက်လုပ်ရလိမ့်မယ်လို့ ပြောလာတယ်။ ကျနော်ကလဲ ထောင်ပိုင်လေးတို့ဘက်ကတော့ လုပ်စရာရှိရင် လုပ်နိုင်ပါ တယ်လို့ပဲ ယဉ်ယဉ်ကျေးကျေး တုန့်ပြန်လိုက် တယ်။ ကျနော် ဘယ်ခေါင်အာဏာပိုင်ကိုမှ ရိုင်းရိုင်း စိုင်းစိုင်း မတုန့်ပြန်ပါဘူး။ တခြားရဲဘော်တွေကိုလဲ ဒီလိုပဲတုန့်ပြန်ဖို့ ကိုယ့်ဘက်က ယဉ်ကျေးဖို့ အမြဲ တိုက်တွန်းခဲ့ဖူးတယ်။ ကိုယ်ကိုတိုင်လဲ ဒီလိုပဲ ကျင့်သုံးတယ်။ smart ဖြစ်ရမယ်ပေါ့။

ကဲ …. သူ့ကိုချုပ်ပီး သယ်ဖို့လုပ်၊ ပြီးရင် အပြင်ရောက်မှ ဝှီးချဲပေါ်တင်၊ ဝှီးချဲ ပါလာပီလားစသဖြင့် ထောင်ပိုင်လေးက သူ့ဝန်ထမ်းတွေကို အမိန့်တွေ ဆက်တိုက် ပေးနေပါတယ်။ ဝန်ထမ်း အင်အား များလှပါတယ်။ ၁၀ ယောက် မကပါဘူး။ ဒုထောင်ပိုင် ကနေ ထောင်မှူးကြီး၊ ထောင်မှူး၊ အကြပ်၊ ရိုးရိုးတပ်သား၊ ဆေးဝန်ထမ်း …. အို …. စုံလို့ပါပဲ။ အကျဉ်းသားတွေတော့ ပါမလာပါဘူး။ ဝန်ထမ်းတွေချည်း သက်သက်ပါ။ ဝန်ထမ်း နှစ်ယောက်က ကျနော့်ချိုင်းကြားကို တဖက်စီ ဆုပ်ကိုင် ချိတ်ပီး ကျနော် ထိုင်နေတဲ့ အနေအထားကနေ ဆွဲမလိုက်ကြတယ်။ ကျနော်က အထိုင်ပုံစံ မဖြုတ် ဘူး။ သိပ်တော့ မရုန်းကန်ပါဘူး။ ရုန်းကန်ဖို့အားလဲ သိပ်မှမရှိတာ။ အထိုင်ပုံစံ မဖြုတ်တော့ လူကသာ အပေါ်မြောက်တက်ပီး ပါသွားတယ်။ ခြေထောက် အစုံက တမံသလင်းပေါ်မှာ တရွတ်တွဲလျက်ကြီး။ ဟေ့ကောင်တွေ ခြေထောက်နာသွားလိမ့်မယ်။ ခြေထောက်ပါ ဝိုင်းမကြလို့ ဒုထောင်ပိုင် ရဲ့ အော်ဟစ် သံ ကြားရတယ်။ ချိုင်းကို ထားတဲ့ ဝန်ထမ်း ဦး ကပဲ ခြေထောက်ကို ကျန်တဲ့လက်တဖက်တွေနဲ့ ပြီး ပွေ့ချီသွားကြလေရဲ့ …. တိုက်ခန်းအပြင်ဘက် ဆီကို ….

 
အပိုင်း – ၁၀
 
ကျနော် နေနေရတဲ့ တိုက်နဲ့ တိုက်ဝင်း ဝင်ပေါက်ဟာ တော်တော်လေး ဝေးပါတယ်။ တိုက်ကနေ တိုက်ဝင်း ဝင်ပေါက်ကိုသွားဖို့ စကြ လမ်းလေး တစ်လမ်းပဲရှိပါတယ်။ အဲဒီ စကြ လမ်း ဟာလဲ တောတော်လေးကျဉ်းမြောင်းပီး ရှည်လျား တယ်။ စကြ လမ်းကျဉ်းလေးရဲ့ ဘေးနှစ်ဖက်စလုံး မှာက တောင်ယာစိုက်ခင်းတွေ အပြည့်လုပ်ထားတယ်။ စကြ င်္ံလမ်းက ဘာနဲ့တူလဲဆိုရင် လယ် ကန်သင်းရိုးဘောင်နဲ့ တူနေတယ်။ စကြ င်္ံလမ်းက အုတ်လမ်းမဟုတ်ဘူး။ မြေဖို့ထားတဲ့ လမ်းဘောင် တစ်ခုမို့ ဝှီးချဲ သွားဖို့ အစဉ်မပြေဘူး။ ကျဉ်းလဲ ကျဉ်းလို့မို့ ဝှီးချဲ သွားဖို့ ခက်ပါတယ်။ ဒါကြောင့် ကျနော့် ကို တင်မယ့် ဝှီးချဲကို တိုက်ဝင်း ဝင်ပေါက်ဖြစ်တဲ့ မိန်းဂျေးလမ်းမကြီးပေါ်မှာပဲ ထားထားခဲ့ပုံ ရပါ တယ်။ 
 
အဲဒီတော့ ကျနော့်ကို ချီပွေ့ ထားတဲ့ ဝန်ထမ်းနှစ်ယောက်စလုံး ကျနော့်ကိုယ်လုံးကို မနည်းမပြီး စကြ င်္ံလမ်းကျဉ်းလေးပေါ်မှာ ခက်ခက်ခဲခဲ သယ်လျှောက်နေရတယ်။ သူတို့ မောလည်းမော နေကြပုံရတယ်။ ကျနော့်ကိုချီပွေ့ထားတဲ့ ဝန်ထမ်း ဦးထဲမှာ ကျနော်နဲ့ ရင်းနှီးတဲ့ ဝန်ထမ်းတစ်ဦးလဲ ပါတာကို သတိပြုမိလိုက်တယ်။ သူက ကျနော်တို့ ၁၀ အဆောင်မှာ တာဝန်ကျဖူးတယ်။ ရစ်နဲ့ ထောင်ကြပ်ပေါ့။ ကိုချစ်ကိုလို့ခေါ်တယ်။ သဘောလဲ ကောင်းရှာပါတယ်။ ဝန်ထမ်း ယောက် ကျနော့်ကို ခက်ခက်ခဲခဲ ပွေ့ ချီပြီး တိုက်ဝင်းပေါက် ရောက်လာတယ်။ တိုက်ဝင်းပေါက် မိန်းဂျေးလမ်းမကြီးပေါ်က ဝှီးချဲဆီရောက်မှ ကျနော့်ကို ဝှီးချဲပေါ် အသာအယာ ချလိုက်ကြတယ်။ ပြီးတာနဲ့ ဆေးရုံကို တန်းခေါ်သွားကြတယ်။ ဝန်ထမ်းတွေများစွာ ခြံရံ လျက်၊ အချိန်က နာရီ လောက် ….
 
ဆေးရုံဝင်းနဲ့ တိုက်ဝင်းကလဲ တော်တော် လေးလှမ်းပါတယ်။ တိုက်၊ တိုက် ဝင်းဘေးမှာ တိုက်၊ တိုက် ဝင်းရှိတယ်။ အဲဒီဘေးမှာ ဆောင်၊ ဆောင်တွေပီးမှ ဆေးရုံဝင်းထဲ ရောက် တယ်။ ဆေးရုံဝင်းထဲရောက်တော့ နာလန်ထ အဆောင်ဘက်ကို ဝှီးချဲနဲ့တွန်းပြီးပို့တယ်။ နာလန်ထဆောင်က အခန်း ခန်းရှိတယ်။ အခန်း မှာ ကျနော့်ကို သွင်းလိုက်တယ်။ ညကြီးအချိန်မတော်မှ ရောက်လာတာမို့ အဆောင်အသီးသီးမှာရှိတဲ့ အကျဉ်းသား လူနာတွေက ကျနော့်ကို တအံ့တဩ ကြည့်နေကြတယ်။
 
အခန်း ထဲက ကုတင်တစ်ခု ပေါ်ကို ဝှီးချဲ ပေါ်ကနေဆွဲမပီး ကျနော့်ကို တင်လိုက်ကြတယ်။ ပြီးတာနဲ့ ကျနော့်ခြေနှစ်ချောင်းရော၊ လက်နှစ်ဖက်ရော၊ ခေါင်းရော၊ ရင်ဘတ်ရောပါ ဝန် ထမ်း __ ယောက်လောက်က ဝိုင်းချုပ်ထား လိုက်တယ်။ ကျနော့်မှာ ပက်လက်လှန်ရက် အနေ အထားနဲ့ ရုန်းကန်နေရတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်