ဟန်သစ်နိုင် – ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို သတိပေးဟောပြော

November 29, 2015

ဟန်သစ်နိုင် – ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို သတိပေးဟောပြော

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပြည်နယ်တို့ကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာ ၂၈ရက် ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမ တွင် ဟောပြောဆွေးနွေးခဲ့သည်။ အဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် များလည်း တက်ရောက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကိုသတိပေး ပြောပြဆွေးနွေး ရာတွင် “လူထုကိုကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့ကစပြီး ကိုယ်စားလှယ်များအလုပ်လုပ်ကြပါ၊ အမတ်လစာ ထဲက လည်းဖြတ်တောက်ပါမယ်၊ ပြည်သူအတွက်အသုံးပြုမယ်၊ ကိုယ်စားလှယ်များအတွက် သင်တန်းများလည်း အမြန်ဆုံးစတင်ပါမယ်၊ တိုင်းရင်းသားကိုယ်စားလှယ်များအတွက် သင်တန်းများကို ပထမဆုံးနဲ့အမြန်ဆုံး စတင်ပါမယ်၊ အချိန်နဲ့အချက်အလက်နဲ့ မေးတတ်မြန်းတတ်အောင် ပြင်ဆင်လေ့ ကျင့်ထားကြပါ၊ ခိုင်မာတဲ့ ယုံကြည်ချက်ခြင်းတူညီတဲ့ ရဲဘော်ရဲဘက်အချင်းချင်း လက်တွဲလုပ် ကြပါ၊ နောက်ဆုံးအနေနဲ့ ပြောလိုတာ ကအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါမယ်၊ အဖွဲ့ချုပ်လူဟောင်းများကို လူသစ်များက တိုင်ပင်ပါ၊ ဆွေးနွေးပါ၊ ဒီလှိုင်းကိုလည်းကြိုး စားဖတ်ကြပါ၊ တင်းတင်းကျပ်ကျပ်ကိုင်တွယ် မယ်ဆိုတဲ့အတွက်လည်း စိတ်ဓါတ်မကျပါနဲ့၊ အရည်အချင်း တိုးတက်မှုရှိအောင် လေ့ကျင့်ပေးတယ်လို့မှတ်ပါ၊ ကိုယ်စားလှယ်များအနေနဲ့ အခက်အခဲရှိရင်လည်း လူကြီးတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါတယ်၊ ဒါပေမယ့် အမှားကိုတော့ အမှန်မလုပ်ခိုင်းပါနဲ့၊ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ယောက် အလွှဲသုံးစားပြုလုပ်လို့ ဥပဒေအရအရေးယူခံရ မယ်ဆိုရင်လည်း ထောင်ဝင်စာတွေ့ဖို့တော့ လူလွှတ်ပေးပါ့မယ်”ဟု ပြောသည်။

အနိုင်ရကိုယ်စားလှယ်များနှင်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးဟောပြောခဲ့ရာများကို ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦးမှပြန်ပြောပြရာတွင် “အဖွဲ့ချုပ်ကို အသစ်ဝင်လာတဲ့ သူ့တွေအနေနဲ့ အဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုသိရမယ်၊ ပြည်သူကရွေး ချယ်လိုက်တယ်ဆိုတာအပြောင်း အလဲအတွက်ရွေးချယ်လိုက်တာ၊ ပြည်သူနဲ့တစ်သားထဲရှိရမယ်၊ မာနထောင်လွှားလို့မရဘူး” ဟုပြောပြသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းမှပြောပြရာတွင်လည်း“လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုလုပ်ကိုင်ဆောင် ရွက်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုကြိုးစားရမယ်ဆိုတာတွေရယ်၊ ပထမလွှတ်တော်သက် တမ်းမှာတာဝန်ယူခဲ့တဲ့လွှတ်တော်ကိုယ်စား လှယ်စားလှယ်တွေနဲ့ အခုအသစ်တွေတိုင်ပင်ညှိနှိုင်းဖို့ပြင် ဆင်ထားရမယ်၊ တိုင်းရင်းသားတွေ အတွက်အရေး ကြီးတဲ့ ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ အမြန်ဆုံးငြိမ်းချမ်းဖို့ ကိုင်တွယ်ဖြေရှင်းဖို့အတွက် တိုင်းရင်းသားရေးရာလူကြီးတွေကို သင်တန်းတွေပေးနေ ပါတယ်၊ နောက်လွှတ်တော်ကိုယ်စားလှယ် တွေအတွက်အစည်းအဝေးတွေ၊ အင်္ဂလိပ်စာသင် တန်းတွေ၊ နိုင်ငံတကာနဲ့ပတ်သက်တာတွေအကုန်လုံးကို အစီအစဉ်တွေ ပရောဂျက်တွေရှိနေပါတယ်” ဟုပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, သတင်းပဒေသာ

One Response to ဟန်သစ်နိုင် – ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို သတိပေးဟောပြော

  1. win maung on November 30, 2015 at 8:08 pm

    ကောင်းပါတယ်ကြိုတင်ပြင်ဆင်တော့အမှားနဲတာပေါ့

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)