မောင်ရင်ငတေ – အတွေးစတစ (ဆောင်းမနက်)

December 4, 2015

ဆောင်းမနက် 05:47 (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ – အတွေးစတစ (ဆောင်းမနက်)
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၅

ညက ခပ်စောစော သန်းခေါင်ယံမတိုင်ခင်မှာ စအိပ်ပျော်ခဲ့သဖြင့် တခါအိပ်လျှင် ခြောက်နာရီခန့်သာ အိပ်တတ်သည့် အကျင့် ကြောင့် ထင်သည်။ ဒီကနေ့မနက် မောင်ရင်ငတေ အိပ်ယာက ခပ်စောစော နိုးလာခဲ့သည်။ အမှောင်ထုထဲကနေ ထားနေကျ လက်ကိုင်ဖုန်းကို စမ်းရှာရင်း အချိန်ကြည့်မိသည်။

နာရီ ဂဏန်းတွေက 05:47 . … . ….. ခြောက်နာရီ မထိုးတတ်သေး . . . .. . . .. . . . .. . .. . .. . .
ပြူတင်းပေါက်ဘက် လှည့်ကြည့်လိုက်တော့ အမှောင်ထုက ကြီးစိုးနေဆဲ၊ လိုက်ကာကြားက တိုးဝင်လာသည့် လမ်းမီး နီကျင်ကျင် အရောင်ကို မှုန်ပြပြလေး မြင်နေရသည်၊

တနင်္ဂနွေနေ့ရဲ့ မနက်စောစော ခြောက်နာရီခန့်သာရှိသေးသဖြင့် တလောကလုံး အိပ်မောကျတုန်း တိတ်ဆိတ်နေတုန်း ဖြစ် သည်။ ငှက်ကလေးတကောင်၏ ခပ်စူးစူးအသံကို တချက်တချက် ကြားနေရသည်မှလွဲ၍ တခြား ဘာအသံတခုတလေမှ မကြားရသေးသည့်အချိန် ဖြစ်သည်။ ဥရောပဒေသမို့လို့ လမ်းထိပ်က အသံချက်စက်သံ လော်စပီကာအသံတွေကိုလည်း မကြားရတာဖြစ်မည်။ မကြားရတာ ကြာခဲ့ပြီမို့လို့ မသိစိတ်ထဲက သို့မဟုတ် နားထဲက တောင်းဆိုချင်နေတာလည်း ဖြစ်ချင် ဖြစ်မည်။

အေးစိမ့်နေသဖြင့် အနီးရှိစောင်ကိုဆွဲကာ ခြုံမိလိုက်သည်။ အအေးက ချက်ချင်းလျော့၍ မသွားပေ။ ၁၅ နှစ်တာ အတွေ့ အကြုံများအရ ဒီတနှစ်ဆောင်းက ပိုမိုအေးလိမ့်မည်ဖြစ်ကြောင်းကို သိနေသလို ခံစားရသည်။ ဒီတနွေလုံးမှာလည်း နေ အပူရှိန်က သုံးဆယ်ကျော်လေးဆယ်ဒီဂရီ တောက်လျှောက်ဆိုသလို ပူပြင်းခဲ့သည်။ ဒါကြောင့်မို့လည်း ဖြစ်မည်ထင်သည်။ အအေးဓါတ်တွေက ဒီအောက်တိုဘာ မကုန်ခင်မှာကို ပြလို့လာလေပြီ။ ဒီတဆောင်း မြန်မြန်ကုန်ပါစေ ဆုတောင်းကြသူတွေ ခပ်များများရှိ လာလိမ့်မည်။ အသက်တွေ မြန်မြန်မကြီးစေဖို့အတွက်ကိုတော့ ဒီတဆောင်းကို အေးချင်အေးပါစေ။ မြန်မြန် မ ကုန်ပါစေနဲ့လို့ ဆုတောင်းနေကြသူများလည်း ရှိကောင်းရှိနိုင်ပါသည်။

နိုဝင်ဘာလနှောင်းရက်ပိုင်း ရောက်လာသည်နှင့်အမျှ ဥရောပဆောင်းက သိသိသာသာကြီး ပို၍ ပို၍ တစ တစ အေးစက် လာသည်။ ထိုအေးစက်လာမှုတွေနဲ့အတူ အမှောင်ထုတွေရဲ့သိပ်သည်းမှုတွေက ပိုမိုများပြားလာသည်။ အမှောင်ထုတွေက တနေ့တာရဲ့ အချိန်နာရီ တော်တော်များများကို ပိုင်စိုးလာနေလေပြီ။ အချိန်တွေ ကျုံ့သွားသလို ခံစားမိရသည့်ရာသီ ဖြစ် လေသည်။ အချိန်တွေ ကျုံ့ကျုံ့သွားလေတော့ ကိုယ့်အတွက် လက်ကျန်အချိန်တွေ နည်းနည်းလာတာကို မြန်မြန်လာစေ တယ်လို့ ထင်နေမိသေးသည်။ နောက်ထပ်၍ရက်ပေါင်း ၃၆၅၀၊ နှစ်ပြန်စာလောက်တော့ နေရလိမ့်ဦးမည်ထင်နေ မိတာက တော့ အမှန်ပင် ဖြစ်လေသည်။ ကုန်ဆုံးခဲ့သည့် ရက်ပေါင်း တသောင်းနဲ့ကိုးထောင်လောက်ကတော့ အစားပြန် မရနိုင်တော့ပြီ၊ ဘာတခုမှ မှတ်မှတ်ရရ မကျန်ခဲ့တာကလည်း အသေအချာပင်။

 ဆောင်းမနက် (ဓါတ်ပုံ မရငတ)

လွန်ခဲ့သည့်တနှစ်က မနက်လင်းအားကြီး လေးနာရီ အမှောင်ထုကြီးအောက်မှာ ချမ်းချမ်းစီးစီးထပြီး အလုပ်သွားခဲ့ရတာ အမှတ်ရနေသည်။ အိမ်ကနေ အလုပ်အသွားလမ်းက သင်္ချိုင်းကုန်းနှစ်ခုကြားမှာမို့လို့ ခပ်သုတ်သုတ်လေး သွားဖြစ်ခဲ့တာ ကိုလည်း အမှတ်ရမိနေပါသေးသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ့်ငါးနှစ် ဆောင်းတညမှာ နှစ်ကူးကြို ညလုံးပေါက်နီးပါး အတူစက်ဘီးစီးခဲ့ကြတဲ့မရှိတော့တဲ့ သူငယ်ချင်းများကိုလည်း ထူးထူးခြားခြား သတိတရ ရှိလိုက်မိသည်။

ဥရောပဆောင်းက ငယ်စဉ်တုန်းက ကြုံခဲ့ဖူးတဲ့ ဆောင်းတွေထက် အေးစက်တာကတော့ အမှန်ပင်ဖြစ်သည်။ အမှောင်ထု ပိုသိပ်သည်း ပိုကြာရှည်တာလည်း အမှန်ပင်ဖြစ်သည်၊ ကိုယ်ရွေးချယ်ခဲ့မိတဲ့ ဒီလမ်း ဒီခရီး ဆုံးခန်းတိုင်အောင် လျှောက်ရမှာက လည်း ကိုယ်ကိုယ်တိုင်သာဖြစ်မည်။

ရုတ်တရက် ဝူးကနဲ မောင်းထွက်သွားတဲ့ ကားတစင်းရဲ့စက်အသံ ကြားလိုက်မိရတော့ အတွေးပျက်သွားသည်။ ဒါနဲ့ နာရီ ကြည့်လိုက်တော့ 07:13 .. .. . အမှောင်ထုကတော့ သိပ်သည်းနေဆဲ။

ဒီလို ဆောင်းရဲ့အအေး ဆောင်းရဲ့အမှောင် ကြိုက်သည် မကြိုက်သည် ဘယ်လိုဖြစ်ပါစေ၊ ရင်ဆိုင်ရပေဦးမည်၊ မောင်ရင် ငတေ ရင်ဆိုင်နိုင်ဖို့ ကြိုးစားရပေဦးမည်။

မနှစ်က ၂၀၁၄ ခုနှစ်တုန်းက ရေးထားတာလေးကို ပြန်လည်အချောသတ်ရေးလိုက်တာပါ။

မောင်ရင်ငတေ ၂၆၁၁၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်