ဆောင်းလူ – ဒီကိစ္စကို သိပ်စိတ်ပူတယ်

December 13, 2015

 ဆောင်းလူ – ဒီကိစ္စကို သိပ်စိတ်ပူတယ်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

ပူတယ် …
ဒီကိစ္စကို သိပ်စိတ်ပူတယ် …။

ရန်သူလည်းကြောက်ရ … ရန်သူ့ ရန်သူလည်းကြောက်ရတဲ့
ဒုက္ခသည်စခန်းက ဒုက္ခသည်ပြည်သူတွေကလည်း ပူတယ် …။

နားရက်မရှိ လခမပြည့်တဲ့
ရွှေ့ပြောင်းအလုပ်သမလေးကလည်း .. ပူတယ် …။

အပေါစား နှုတ်ခမ်းနီအစွမ်းနဲ့
လာလာသမျှလူ မငြူစူဝံ့ရှာတဲ့
ပျော်တော်ဆက်မလေးကလည်း ပူတယ် …။

ဒီကိစ္စကို
စာမတတ် ပေမတတ်
ညဈေးသမလေးကလည်း ပူတယ်။

ဒီကိစ္စကို
အညာကတက်လာတဲ့
အထမ်းသမားလေးလည်း ပူတယ်။

ဒီကိစ္စကို
အရှေ့ကလည်း ပူတယ်။

ဒီကိစ္စကို
အနောက်ကလည်း ပူတယ်။

ဒီကိစ္စကို
မြောက်ကလည်း ပူတယ်။

ဒီကိစ္စကို
တောင်ကလည်း ပူတယ်။

ဒီကိစ္စကို
ကြာကြာဝါးမယ့်သွား .. အရိုးကြည့်ရှောင်တတ်ကြတဲ့သူတွေကလည်း ပူတယ်။

ဒီိကိစ္စကို
ဒုက္ခသည်အတုတွေပူသလို … ဒုက္ခသည်အစစ်တွေလည်း ပူတယ်။

ဒီကိစ္စကို
ဗမာနိုင်ငံသား … ဗမာပြည်သားတွေက ပူတယ်။
နိုင်ငံခြားသား … ဗမာပြည်သားတွေက ပူတယ်။

ဒီကိစ္စကို
ကိုယ့်ထူး ကိုယ်ချွန်တဲ့သူတွေလည်း ပူတယ်။
ထမီနား ခိုစားတဲ့သူတွေလည်း ပူတယ်။

ဒီကိစ္စကို
အကပ်ကောင်းတဲ့သူတွေကလည်း ပူတယ်။
အမှတ်မကောင်းတဲ့သူတွေကလည်း ပူတယ်။

ငြိမ်းချမ်းရေး .. .ငြိမ်းချမ်းရေးနဲ့
ပါမစ်ခြင်း အလဲအထပ်လုပ်တဲ့သူတွေတောင် ..
ဒီကိစ္စမှာ ပူနေပြန်ရော ….

ငါသိပါတယ် …
ဒီကိစ္စကို … ဘန်ကီမွန်းတောင် … ပူနေမယ်ဆိုမှတော့ ….

အမှိုက်ကောက်ရင်းလည်း ပူနေမယ် …။
စာဖတ်နေရင်းလည်း ပူနေတယ်ဆိုတာ ….။

ဒီဇင်ဘာ ၁၃၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းလူ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)