ဒေါက်ထက်(ယူကေ) – အပျိုကြီးမမရယ် ဂွကျလှတယ်

December 15, 2015


ဒေါက်ထက်(ယူကေ) – အပျိုကြီးမမရယ် ဂွကျလှတယ်

(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၅

၁၉၈၉ ခု ဧပြီလ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကျနော့ရဲ့ အလုပ်သင် ဆရာဝန်တာဝန်ထမ်းဆောင်မှု ပြီးဆုံးပါတယ်။ အရေးအခင်း ကောင်းမှုနဲ့ ပညာလည်းစုံ ကြင်ယာလည်း စုံ ဖြစ်ခဲ့ပါပြီ။ ဒါက အပျိုကြီး ဇာတ်လမ်း အစပါ။

အလုပ်သင် ဆရာဝန်ဘဝအစ မန္တလေးပြည်သူ့ဆေးရုံကြီး ကလေးရုံမှာက အလုပ်သင်ဘဝ ပထမဆုံးစတဲ့အချိန် ထူးခြားမှု မရှိလှပါဘူး။ ဆေးထိုးချိန်ရောက်ရင် ဂျူတီမဟုတ်လည်း စက်ဘီးကိုယ်စီနဲ့ ဆေးထိုးပွဲကို လာရောက် ကူညီကြတဲ့ သူငယ်ချင်းတွေကို ထာဝရ အမှတ်ရမိနေပါတယ်။ လူနာက ဆေးထိုးဖို့ ၃၀-၄၀လာက်မှာ ဆေးထိုးအပ်က ၄-၅-၁၀ချောင်းသာသာမို့ အပ်ပြုတ်တဲ့ အိုးထဲ ပြန်ထည့်ပြုတ်ပြီး သုံးခဲ့ကြရတာပါ။ တကမ္ဘာလုံးလိုလို တခါသုံးအပ်တွေ သုံးနေချိန်မှာ “တံခါးပိတ် ဂျိတ်” ပေါ်လီစီနဲ့မို့ ဘယ်သူကမှ“ တခါသုံးအပ်သုံးရေး တို့အရေး“ လို့ ဆိုရကောင်မှန်းလည်း ကိုယ်တိုင်တောင် မသိခဲ့ပါ။“ ကျေးကျေးပါ မဆလပေါ်လစီမိတ်ကာများခင်ဗျား”။ ဘယ်ပညာရှင်ကမှ လေသံဟဟတွက်ခဲ့တာ မကြားခဲ့ရပါဘူး။ ပြောလည်း ဘာမှ မထူးလို့ထင်ပါတယ်။ ဒီလိုနဲ့ပဲ ရွှေပြည်ကြီးမှာ ပေါ်လစီတွေမကောင်းခဲ့လို့ “ဘီပိုး စီပိုးတွေ၊ လေးလုံးတွေ ဖြန့်ချီရေးကြီး”မှာ ကိုယ်ပါ ရောယောင်ပြီး ပါခဲ့တာလား စိတ်မကောင်းစွားနဲ့ တွေးမိပါတယ်။

အရေအခင်းကာလ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဆရာဝန်အငယ်ဘဝ အတွေ့အကြုံတွေကို ကြီးလာတဲ့အခါမှ တန်ဘိုးသိရတာပါ။ ဖျားနာဆောင်မှာ တာဝန်ကျချိန်က အရေးအခင်းရဲ့ အရှိန်အမြင့်ဆုံးအချိန် အာဏာသိမ်းကာလ ဆိုတော့ ဆေးရုံမှာ ညပိုင်းဆိုရင် ကိုယ်တိုင်ပဲတယောက်တည်း ဗော်လန်တီယာလုပ်ခဲ့ပါတယ်။ အမှန်တော့ နိုင်ငံရေးအခြေအနေအရ ဆေးရုံမှာသွာပြီး နေတာဟာ မိမိအတွက် လုံခြုံတယ်လို့ ခံစားရလို့ပါ။ ကျိုးစားလုပ်လှချေလား ဘာမှတော့ ချီးကြူးစရာ မရှိပါဘူး။ အမှောင်ထဲ လူမသိသူမသိ လာဆွဲခံရမှာ ကြောက်တဲ့ စိတ်ကလေးနဲ့ လှုပ်ရှားရတာပေါ့။

သတိလစ်နေတဲ့ ငှက်ဖျားရောဂါရှင်တွေ၊ အသည်းရောင် အသားဝါထိန်နေတဲ့လူနာတွေ၊ နှလုံးရောဂါရှင်တွေစသည်ဖြင့် အနာမျိုး ကိုးဆယ့်ခြောက်ပါးနဲ့ နပန်းလုံးခွင့်ပေးခဲ့တဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီး ဖျားနာဆောင် အမှတ်(၂) ကို လည်း ကျေးဇူးတင်လို့ နှုတ်ဆက်ရပါတယ်။

ကာဖြူးအချိန် ခွဲစိပ်ဆောင် (၂) မှာလည်း မျက်နှာမှာ ဒါးခုတ်ခံရလို့ အသားဟက်တက်ကွဲတဲ့ လူနာကိုလည်း ကိုယ်တိုင်ချုပ်ပေးခွင့်ရခဲ့ပါတယ်။ အမှန်ကတော့ သေနတ်သံတွေကြားထဲက ဆေးရုံရောက်အောင် လာနိုင်တဲ့ သူ့ကိုသာ ချီးကြူးရမှာ။ သူ့မျက်နှာက အမာရွတ်က သိပ်မထင်တာမို့လို့ ကိုယ့်ကိုယ်ကို “ငါ ဟုတ်လှချေလား”လို့ “ငါ ဆရာဝန်ဖြစ်ပြီ”ဆိုတဲ့ ကြုံးဝါးချက်နဲ့ သွေးနားထင်ရောက်ချင်စရာ။ ကိုယ်ကိုယ်ကို တော်တော်တတ်ထင် အောက်ခြေလွတ်ပြီး အဟုတ်ကိုပဲဗျ။ မသိသေးတာ တပုံတပင်ရှိတာ ဘယ်သိပါ့မလည်း။ငယ် သေးတာကိုးဗျ။ အဲဒါထက်ကို ကြီးတဲ့အထိ မသိတဲ့“ ကြီးမိုက်”မဖြစ်အောင် ကိုယ်တိုင် ကျိုးစားနေရဆဲပါ။

သားဖွားဆရာမ သင်တန်းတွေလည်း အရေးအခင်းကြေင့် ပိတ်တဲ့အချိန်မို့ မွေးရုံရောက်တဲ့အခါ အသေအလဲ မရပ်တမ်း ဂိုးဖမ်းရတော့တာပါပဲ။ ဂျူတီဝင်ချိန်အစက အဆုံးအထိ မနားစတမ်း ဂိုးဖမ်းသလို မွေးခဲ့ရလို့ ရှင်မွေးလွန်းတို့ကိုလည်း ကျေးဇူးကမ္ဘာပေါ့။

သူငယ်ချင်းတွေ မွေးလူနာများလို့ မနိုင်ရင် တာဝန်ဂျူတီမကျတဲ့လူပါ လာကူခဲ့ကြပါတယ်။ လက်ဆေးစင် ဘေစင်ပေါ်မှာ အထပ်ထပ်အခါခါ ဆပ်ပြာနဲ့ဆေးပြီး ပြန်သုံးကြရတဲ့ အခါခါသုံး လက်အိပ်တွေလည်း ပြန်မြင်ယောင်နေပါသေးတယ်။ အခုခေတ်တော့ တခါသုံးလေးတွေပဲ သုံးမယ် ထင်ပါတယ်။ အပျိုကြီးဆိုလို့ အိုဂျီအပျိုကြီးတွေအကြောင်း မဟုတ်ပါ။ မမညိုတို့လို ခင်ခင်မင်မင်နဲ့ မျက်နှာမလိုက်တတ်သူ အကြီးတွေကြောင့်လည်း တသက်လုံး အမှတ်ရနေပါတယ်။ အလုပ်လုပ်ရတာပျော်စရာကောင်းတဲ့ ဌာနမို့ သားဖွားမှုဟာ ကိုယ်လိုသမားတော်နဲ့ မဆိုင်ပေမဲ့ အမြဲ သတိရပါတယ်။ အဲဒီမှာ ပျော်သလောက် ဒပ်ဖရင်ရောက်တော့ စိတ်ကုန်ပြီး အလုပ်ထွက်တဲ့ဆီ ရောက်တာပါပဲ။ ဒပ်ဖရင်မှာ ပျော်သူတွေလည်း ရှိမှာပါ။ ဘယ်သူတွေလည်းတော့ မသိပါ။ ကံကောင်းကြပါစေ။

အလုပ်သင်ဘဝလည်းပြီးရာ ဆံတုံးနောက်ယောင်ပါပြီး ဇနီးသည်ရှိတဲ့ ရန်ကုန်မြို့ကြီးကို မျက်လုံးလေး ကလယ်ကလယ်နဲ့ ရောက်သွားပါလေရော။ အရေးအခင်းကြောင့် ကျနော်တို့နောက်အတန်းက ကျောင်းတွေပိတ်ထားလို့ အလုပ်လုပ်မယ့် အလုပ်သင်ဆရာဝန်တွေ မရှိပါဘူး။ ဆူတဲ့ကျောင်းလား ပိတ်ပစ်လိုက်ဆိုတဲ့ ဦးဏှောက်တွေကို ရွှေချထားလိုက်ချင်ပါတယ်။ အဲဒါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် “ ဗော်လန်တီယာ အလုပ်သင်ဆရာဝန်တွေ”ကို ခေါ်ပါတယ်။ အလုပ်လိုချင်နေတဲ့ ကျနော်လည်း ဘိုးကျိုင်းတုတ်ပေါ့။ အပြေးအလွှားလျောက်လိုက်မိပါတယ်။ ပထမဆုံးက ဖျားနာဆောင်မှာ လုပ်ရမယ်။ ဘုမသိဘမသိတောသားလေးမို့ ဂျိုက်ကာဖျားနာဆောင် ကို ရွေးမိလိုက်တယ်။ ရန်ကုန်သား ကိုကိုတို့ ဂျိုက်ကာမှာလုပ်မယ်လို့ ဗော်လန်တီယာလုပ်တဲ့ ကျနော့ကို ပြုံးပြီးကြည့်နေခဲ့ကြတာ ဘာကြောင့်မှန်း အစက မသိဘူး။ နောက်မှ သူတို့ ဘာလို့ပြုံတာလည်း သဘောပေါက်သွားတယ်။ အော် ဒါကြောင့် ဘာအလုပ်လျောက်လျောက် “အတွင်းစကား အင်ဆိုက်အင်ဖော်မေးရှင်း”ဆိုတာကြီးက အရေးကြီးသဗျ။ မေးပါများ စကားရသတဲ့ ဘာအလုပ် လုပ်လုပ် မလုပ်ခင်လေး သေချာ မေးကြဦး။

ဂျိုက်ကာမှာ အလုပ်သင်ဆရာဝန်က ၄ ယောက်ပဲရှိပါတယ်။ တယောက်က အရေးပေါ်ဖျားနာ အီးအာစီသွားဆင်းရင် သေရော။ လုပ်ရတာက ၃ ရက်တခါ ၂၄ နာရီ ဝမ်းအင်သရီး လောက်။ “ဆေးထိုး၊ သွေးဖောက်၊ အီးစီဂျီဆွဲ အောက်ခြေသိမ်း အကုန်လုပ်ရတယ်။

ဂျိုက်ကာမှာက အမှတ်ရစရာတွေများပါတယ်။ ၃ လလုံး နေ့စဉ် အလုပ်သွားတိုင်း ဆေးရုံပေါက် ဂိတ်စောင့်က ဘယ်သွားမလည်း မေးပါတယ်။ သွားတိုင်းလည်း လူကြီးကား မဟုတ်တဲ့ အိမ်ကပတ်ဘလစ်ကာ အပြာရောင်တပါတ်နွမ်းလေးနဲ့ပါ။ လူများ ပါဝါလေး နည်းနည်းရလိုက်ရင်တော့ ဂိတ်စောင့်က ဆရာဝန်ပါမောက္ခတယောက် ဆေးရုံတက်နေတာတောင် သူငေါက်တာခံရသတဲ့။

တနေ့တော့ “ဘယ်သွားမလည်း” မေးတဲ့ ဂိတ်စောင့်ကို စိတ်မရှည်တော့လို့ “မင်းဦးဏှောက်မကောင်းဘူးလား“ မေးလိုက်ပါတယ်။ ဂိတ်စောင့်က မကျေမချမ်းနဲ့ ဂိတ်တံခါးဖွင့်ပေးပြီး နောက်တော့ ဆေးရုံပေါက်ဝကို လိုက်ပြီး “ခင်ဗျား ဘာပြောသွားတာလည်း”လို့မေးပါတယ်။

ကျနော်လည်း ပြန်ပြောလိုက်ပါတယ်။

“ငါ ဒီဆေးရုံကို နေ့တိုင်းလိုလာနေတာ ၃ လလောက်ရှိပြီ၊ မင်းကငါ့ကို ဘယ်သွားမလား နေ့တိုင်းမေးတယ်၊ မင်းမှာ မှတ်ဥာဏ်နည်းနေသလား”လို့ မေးတာပေါ့လို့ ပြောလိုက်ပါတယ်။

သူလည်း ဘာပြောရမှန်းမသိ ဖြစ်သွားပုံပါပဲ။ နောက်တော့ ကိုယ်တာဝန်ကျတဲ့အချိန် သူ့အဖေ ဆေးရုံလာတက်တော့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်ပါတယ်။ “ကိုယ့်ဂွင်ထဲရောက်လာလို့ကတော့ ဆော်လိုက်မယ်” ဆိုတာမျိုးက မရှိသင့်တဲ့ စိတ်မျိုးလို့ပဲခံယူထားတာကိုး။ ဒါမျိုးတွေကများတော့ ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့ကွယ်။

အဲဒီခေတ်မှာ ဂျိုက်ကာက အလုပ်သင်တွေကို ဆက်ဆံရာမှာ နာမည်ကြီး ဆိုပဲ။ မသိခဲ့တာကိုက ကိုယ့်အမှားပါကွယ်၊ အချိန်နှောင်းမှ သိတယ်။ အလုပ်သင်ဆရာဝန်ဆိုတာ ဓာတ်လှေကားဆိုနဲ့ လားလားမှ မထိုက်တန်သလို ဓာတ်လှေကားစီးရင် တောင်မကြိုက်ချင်ဘူး။ တနေ့တော့ ဓာတ်လှေကားစီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဆေးရုံအုပ်နဲ့အတူ ဓာတ်လှေကားထဲရောက်နေရော။ ဓာတ်လှေခါးစောင့် (မိမိအနေနှင့် မြန်မာနိုင်ငံတွင်သာတွေ့ဘူးသော ဓာတ်လှေကားအစောင့်)က မေးပါတယ်။ “ခင်ဗျား ဘယ်သွားမလို့လဲ”တဲ့။ “ဓာတ်လှေကားထဲ ဝင်ပါတယ်ဆို အပေါ်သွားမလို့ပေါ့ ” လို့ပဲ ခပ်တည်တည်နဲ့ လက်ညှိုးထိုးပြီး ပြောလိုက်ပါတယ်။ သူက ဘာရည်ရွယ်ချက်နဲ့မေးသလည်းဆိုတာ သိပါတယ်။ ဘယ်သကောင့်သားကများ အလုပ်သင်ဆရာဝန်ဆိုရင် ဓာတ်လှေခါးမစီးရဆိုတဲ့ ဒီလို အူကြောင်ကြား အတွေးတွေနဲ့ ထုတ်ထားတာလည်းပေါ့ စဉ်းစားမိတယ်။ လက်ထဲမှာ သွေးပုလင်းလိုမျိုးပါရင်တော့ တမျိုးပေါ့ နော့။

တော့ပ်တူဘော့တွန်ပေါ့ အပေါ်က လူကြီးတွေရဲ့ဆက်ဆံရေးက အောက်မှာ လာပြီး ထင်ဟပ်တာပါပဲ။ အလုပ်လုပ်ရင် တချို့ကလည်း မာဇဒါ ၃၂၃ လား ၉၂၉ လား ကြည့်ပြီး အဖေကြည့်ပြီး လူကို ဆက်ဆံကြတာပါ။ အားလုံးကို မဆိုလိုပါဘူး။ အများသုံးလားတော့ ကျနော်လည်း မသိဘူးလို့ ပြောရမှာပေါ့။ ကြောက်တတ်တယ်လေ။ မမေးပါနဲ့။

ကျနော်က သူနာပြုတွေကိုလည်း လုပ်ဖော်ကိုင်ဘက်လိုပဲ သဘောထားပါတယ်။ ထီးဆိုင်ရဲ့  ”ခွဲစိတ်ခန်းက ဆရာမ” သီချင်းနဲ့ ကြီးလာခဲ့ရတာ မဟုတ်လား။ ဂျိုက်ကာမှာ လူနာတွေကို ဆေးထိုးဖို့စာရင်းက အဖြူရောင် ဝှိုက်ဘုတ်ပေါ်မှာ ရေးထားလေ့ရှိပါတယ်။ တနေ့မှာ သူနာပြုဆရာမလေးတယောက်က လူကို “စာရင်းပေါ်က လူနာတွေ ဆေးထိုးပြီးပြီလား”တဲ့။

လူတယောက်ကို မေးခွန်းမေးရင် လေသံ အင်တိုနေးရှင်းကို ကြည့်ပြီး ဘယ်လို သဘောနဲ့မေးတာလည်းဆိုတာ သိသာပါတယ်။ ကျနော်က မျိုးနဲ့ရိုးနဲ့ မဟုတ်မခံဆိုတာ သူမ သိမယ်မထင်ပါဘူး။ ကျနော့ဦးလေးဆိုရင် အရပ်ထဲ လင်မယားရန်ဖြစ်လို့ မိန်းမကရိုက်နှက်ခံနေရပြီဆိုရင် ဘာမှ မဆိုင်ပဲ ဝင်ပြီးစွက်တတ်လို့ ရုံးခဏခဏ ရောက်ရပါတယ်။ ပြောသာပြောရတယ် က်ုယ်ကသူ့လောက် သတ္တိဗျတ္တိ မရှိပါဘူး။

”ဘာ… လုပ်ဖို့ မေးတာလဲ” ဆိုတဲ့ ပြန်မေးလိုက်တဲ့ ကျနော့အသံက နည်းနည်းမာသွားတယ်ထင်ရဲ့။ သူကတော့ ကိုယ့်ပြန်မရိုက်လောက်ဘူးဆိုတော့ ပြောရဲ တယ်လေ။ နောက်နေ့တွေကစပြီး ဘယ်သူမှ ကိုယ့်ကို လာမမေးတော့ပါဘူး။ သူရို့ ဘလက်လစ်ထဲ ပါသွား နေမှာပေါ့။ အတင်းလည်း ပြောကြပါစေ။ ကိစ္စမရှိပါဘူး၊ အသက်ရှည်တာပေါ့။ သူ့စည်းကိုယ့်စည်း လာမကျော်၊ ဆရာ လာမလုပ် ပြီးတာပဲလို့ သဘောထားလိုက်ပါတယ်။ အေးဆေးပါ။

တခြားအကြောင်းတွေ ပြောနေတာနဲ့ အပျိုကြီးမမအကြောင်းကို မရောက်နိုင်တော့ဘူး။ ဂျိုက်ကာမှာက အပျိုကြီးမမ ဆရာဝန်တယောက် ရှိပါတယ်။

စာလည်းတော်တယ် နာမည်ကြီးပါတယ်။ တခြားနာမည်ကြီးတာတွေလည်း ရှိပါသေးတယ် မပြောတော့ပါဘူး။ တနေ့တော့ ဖျားနာဆောင် အမျိုးသားလူနာတွေဘက်ကို နောက်တော်ပါ သူမတပည့် ဆေးကျောင်းသားတွေနဲ့ ဝဒ်ရောင်းလှည့်ရင်း ရောက်လာပါတယ်။ ယောက်ျားဆောင်တံခါးနား ညာဘက်ခြမ်းက ပထမဆုံးကုတင်က လူနာပါ။ လူကလည်း စာတွေကျ မမှတ်မိချင်ဘူး ဒါမျိုးအဖြစ်ဆိုရင် အားမစိုက်ရပဲ မှတ်မိတတ်တာ အများစု ကိုယ်နဲ့ အတူတူပဲ ထင်ပါရဲ့ ။ အဲဒီလူနာက စတီဗင်ဂျွန်ဆင်ဆင်ဒရုန်းဆိုတဲ့ ဆာလဖာမတည့်တဲ့လူနာပါ။ ဝဒ်ရောင်းလုပ်လာတဲ့ သူမက သူ့တပည့်ကျော်လူအများရှေ့မှာ ကိုယ့်ကို မေးပါတယ်။

“ အီးစီဂျီ ဆွဲပြီးပြီလား” တဲ့။

ကျနော့ကိုလည်း ဘယ်သူမှမပြောထား လုပ်လည်းမလုပ်ထားတော့

“ကျနော် မလုပ်ထားပါဘူး” ပေါ့။

အဲဒါ အီးစီဂျီ မလုပ်ထားရကောင်းလားဆိုပြီးလူကို မုန့်ဟင်းခါးကျွေးပါလေရော။

”ယောက္ခမနဲ့ တိုင်မယ်”တဲ့ဗျာ။

ကျနော့ ယောက္ခမက သူ့ဆရာ တော်ဘူးတယ်လေ။

ဒါပေမဲ့ တီးခံလိုက်ရတယ်ဆိုတော့ တော့ လူက နည်းနည်းတော့ ဒေါဖောင်းသွားတယ်။

ကျနော် ဘာပြန်ပြောလိုက်တယ် ထင်ပါသလဲ။ လူက နဂိုကမှ ပေါက်ကွဲချင်နေတာ။

”ရတယ်၊ ပြောလိုက်လေ” ဆိုပြီး သူ့ဝဒ်ရောင်းကနေ ချာကနဲ လှည့်ထွက်လာခဲ့တယ်။ သူ ပါးစပ်အဟောင်းသားနဲ့ပဲ ကျန်ခဲ့တာပေါ့။

သူက ယောက္ခမကို ပြောမပြောတော့ မသိပါဘူး။ ယောက္ခမနဲ့ ကိုင်ပေါက်လို့ စိတ်ဆိုးမိတာ ကျနော့အမှားပါ၊ သူမကအပျိုကြီးပဲလေ၊ ဘယ်သိမလည်း ကိုယ်က သည်းခံရမှာပေါ့။

အခုတော့ဖြင့် ကျနော်ကတော့ နှလုံးရောဂါကုဆရာဝန်တယောက် ဖြစ်နေပါပြီ။ ကျနော် အီးစီဂျီမြင်တိုင်း အပျိုကြီးမမကို သတိရမိပါတယ်။

တနေ့က ဖေ့စ်ဘုခ်ပေါ်မှာ လူအများရှယ်တဲ့ ဓာတ်ပုံတပုံထဲ တွေ့လိုက်ပါတယ်။ တယောက်ယောက်ကို အီးစီဂျီ သွားဆွဲရမလို စိတ်ကရုတ်တရက် ဖြစ်သွားတယ်။ အပျိုကြီးမမလည်း အခုတော့ အပျိုကြီး မဟုတ်တော့ပြီမို့ ဂွကျတော့မည် မထင်ပါ။ အရင်တုန်းကတော့ “အပျိုကြီးမမရယ် ဂွကျလှတယ်”ပေါ့           ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

2 Responses to ဒေါက်ထက်(ယူကေ) – အပျိုကြီးမမရယ် ဂွကျလှတယ်

  1. Catwoman on December 16, 2015 at 9:12 am

    I have worked 32 hrs straight in residency training in the US but I never had to draw blood or do EKG or give shots. Working 24 hrs is nothing.

    • ဒေါက်ထက်(ယူကေ) on December 16, 2015 at 2:07 pm

      မှန်ပါတယ် UK မှာလည်း ၅၆ နာရီ လုပ်ဘူးပါတယ်။ တူတော့မတူဘူးပေါ့။ But work intensity and supports are different. စာရေးသူ အနေဖြင့် အဲဒီခေတ်အခါက လုပ်ခဲ့ကြသည်ကို ပြန်လည်ပြောပြခြင်းသာ ဖြစ်ပါတယ်။ လူတချို့အကြောင်း စံနစ်အကြောင်း တစေ့တစောင်း တင်ပြထားခြင်းသာ ဖြစ်ပါတယ်။ စာရေးသူရဲ့ လိုအပ်ချက်လည်း ရှိမှာပါ။ ကြိုးစားပါဦးမယ်။ တချို့အရာတွေကတော့ ရှည်သွားမှာစိုးလို့ မထည့်တော့ပါဘူး။ ခွဲစိတ်ဆောင် ၁၃-၁၄ မှာကျတော့ ပျော်စရာကောင်းပါတယ်။ Support လည်းကောင်းတယ်။ ပါမောက္ခဦးထွန်းဇံမောင်ခေတ်ပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်