လှကျော်ဇော – ငယ်ကအချစ်

December 17, 2015

မေမေ အပျိုဘ၀က

 

လှကျော်ဇော – ငယ်ကအချစ်

(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅


ပဲခူးစံပြတပ်ရင်းမှာ ဖေဖေတပ်ရင်းမှူးအဖြစ်ရော၊ စံပြလေ့ကျင့်ရေးကျောင်းရဲ‹ ကျောင်းအုပ်ကြီးအဖြစ်ရော တာဝန်ယူ လုပ်ဆောင်ခဲ့တဲ့ ၁၉၄၃-၄၄ ကာလအတွင်းမှာ ဖေဖေ့ဘဝအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

    ပထမအပြောင်းအလဲကတော့ နိုင်ငံရေးအရ၊ အတွေးအခေါ်အရ အပြောင်းအလဲပါ။

    ၁၉၄၄ ခုနှစ်၊ နှစ်လယ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဖေဖေကိုခေါ်ပြီး ဂျပန်တော်လှန်ဖို‹၊ ဆွေးနွေးတိုင်ပင် ညှိနှိုင်းဖို့ ဒေးဒရဲမှာ ဂျပန်တော်လှန်ရေးအတွက် လျှို‹ဝှက်လှုပ်ရှားပြီး နိုင်ငံရေးသင်တန်းတွေပေးနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုးကို လျှို့ဝှက် သွားရောက်ခေါ်ဆောင်ဖို့ တာဝန်ပေးပါတယ်။ အဲဒီကိစ္စ အသေးစိတ်တွေကိုတော့ ဖေဖေက သူ့ စာအုပ်မှာ ရေးထားပြီးပါပြီ။ သခင်စိုးက သူ့ လာခေါ်တဲ့ ဖေဖေနဲ့  သူ့ ရဲဘော်တွေကို ဆီးပြီး နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ ဖေဖေက ဂျပန်မှာနေတုန်းကတည်းက ဗိုလ်ရန်အောင်က  “ခင်ဗျား ဗမာပြည်ပြန်ရောက်ရင် နိုင်ငံရေးသင်တန်းတက်ပါဗျာ”လို့  တိုက်တွန်းဖူးတယ်တဲ့။ ဖေဖေတို့ က ကျောင်းသားဘဝက လိုက်လာရတာဖြစ်လေတော့ ဗမာပြည်ပြန်ရောက်လို့  ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးရင် ကျောင်းပြန်နေမယ်လို့ ပဲ စိတ်ကူးထားတာကြောင့် နိုင်ငံရေး သင်တန်းတက်ရေးဆိုတာလည်း သိပ်နား မလည် သဘောမပေါက်မိဘူးဆိုပဲ။ သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတွေ တက်ရတော့မှပဲ ဘာကြောင့် နိုင်ငံရေးသင်တန်း လိုအပ်တယ်ဆိုတာ သဘောပေါက်မိတယ်တဲ့။


အဲဒီသင်တန်းက ဖေဖေ့ကို သာမန်မျိုးချစ်စစ်သားလေးဘဝကနေပြီး ရာသက်ပန် လူတန်းစား လွတ်မြောက်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား နိုင်ငံရေးသမားဘဝကို ပြောင်းလဲပေးလိုက်ပါတော့တယ်။ အဲဒီနိုင်ငံရေးသင်တန်းတွေ အပြီးမှာ ဖေဖေနဲ့ သူ့ ရဲဘော်တသိုက် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ ဖြစ်သွားပါတော့တယ်။ ဒါကြောင့်ဖေဖေက သခင်စိုးကို “ကျွန်တော့်ကို ခိုင်မာတဲ့ ကွန်မြူနစ်တယောက်ဖြစ်အောင် ကူညီခဲ့သူ ပထမပုဂ္ဂိုလ်”လို့  သူ့ စာအုပ်ထဲမှာ ရေးသားခဲ့တာပါ။

    အဲဒီသင်တန်းတွေမှာ ဆိုဗီယက်ယူနီယံ အစိုးရအကြောင်းတွေ ကြားရတော့ ဒီလောက်ကောင်းတဲ့ အစိုးရမျိုး ကမ္ဘာပေါ်မှာ ရှိရဲ့လားလို့  တအံ့တသြဖြစ်ကြပြီး ပြည်သူတွေ တနေ့ တော့ လွတ်မြောက်မှာ၊ ဒီလိုလွတ်မြောက်ဖို့ လည်း အများကြီးကြိုးစားရဦးမယ်။ ရေရှည် ဇွဲနပဲနဲ့ လုပ်ရမှာဆိုတာ သဘောပေါက်မိလာတယ်လို့ ဆိုပါတယ်။

    ဖေဖေက အဲဒီသင်တန်းတက်စဉ်က အကြောင်းတွေပြောရင်းနဲ့  အဲဒီမှာ သူတွေ့ ခဲ့တဲ့ သခင်စိုးရဲ့ ညာလက်ရုံး သခင်တင်မြအကြောင်းလည်း ပြောပြပါတယ်။ သခင်တင်မြဟာ အလွန်လုပ်ရည်ကိုင်ရည်ရှိပြီး သခင်စိုးရဲ့ လက်က သုံးတောင်ဝှေးဖြစ်တဲ့အကြောင်း၊ အလွန် အန္တရာယ်ကြီးလှတဲ့ ဂျပန်တွေရဲ့ မျက်ခုံးပေါ်လျှောက် မြေအောက်လုပ်ခဲ့ သူဖြစ် ကြောင်း၊ သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတက်ဖို့ အနယ်နယ်အရပ်ရပ်က နိုင်ငံရေးသမားတွေကို သူပဲ စုဆောင်းပေးခဲ့ကြောင်း စတာတွေ ပြောပြဖူးပါတယ်။ သခင်တင်မြကလည်း ဒါတွေကို “ဘုံဘဝမှာဖြင့်”စာအုပ်မှာ အတော်ပြည့်ပြည့်စုံစုံ ရေးထားပြီးပါပြီ။

    ဖေဖေဆက်ပြောပြတာကတော့ ဒီလူဒီလောက် လုပ်ကိုင်နေပေမယ့် သူ့ မှာ အားနည်းချက်တခု ရှိတယ်တဲ့။ သူက ကွန်မြူနစ်ဝါဒကို (သခင်စိုးရဲ့ တပည့်ရင်းပီပီ) စောစောထိတွေ့ ခဲ့ရလေတော့ နောက်မှ သင်တန်းတက်ရသူတွေ၊ ကွန်မြူနစ်ဝါဒနဲ့  စိမ်းနေသူတွေ၊ နိုင်ငံရေးအရ မရင့်ကျက်သေးသူများအပေါ် အထင်သေးတတ်ပြီး လှောင်သလို၊ ပြောင်သလို၊ ရယ်သလို၊ မောသလို လုပ်တတ်တယ်တဲ့။ ဒါတွေကို လူတွေက မုန်းပြီး သူ့ ကို ၁၉၄၅ ဇူလိုင်မှာကျင်းပတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ဗဟိုကော်မတီအဖြစ် မရွေးချယ်ခဲ့ကြတာပဲတဲ့။ (ကွန်ဂရက်အပြီး သခင်တင်မြကို လုပ်ငန်းလို အပ်ချက်အရဆိုပြီး သခင်သန်းထွန်းက ဗဟိုစည်းရုံးရေးကော်မတီပဲ ခန့် အပ်ခဲ့ရပါတယ်။)

    အဲဒီ ဒေးဒရဲ ဂွကလေးရွာမှာ သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတက်ရင်း ဖေဖေတွေ့ ခဲ့ရတဲ့ နောက်တဦးကတော့ ဖေဖေတို့ တည်းခိုသင်တန်းတက်ခဲ့တဲ့ အိမ်ပိုင်ရှင် ဦးမောင်တင်ရဲ့ဇနီး ဒေါ်ငွေစံပါ။ ဖေဖေတို့ က သူတို့ အိမ်က ထပ်ခိုးလေးပေါ်မှာ သင်တန်းတက်ရတာပါ။ အဲသလို သင်တန်းတက်နေတုန်း ဂျပန်အဖွဲ့ တဖွဲ့ က စက်လှေတစီးနဲ့  ရွာကို ရောက်လာပြီး ရွာမှ ရွာသားတွေစု ဟောပြော၊ အဲဒီအိမ်မှာပဲ ထမင်းစားနဲ့  တနေ့ လယ်နေသွားပါတယ်။

    ဒေါ်ငွေစံဟာ အဲဒီဂျပန်တွေကို အိနြေ္ဒမပျက် ဧည့်ခံစကားပြော၊ ထမင်းကျွေးမွေးပြီး မှင်မောင်းသေသေနဲ့  နေသွားလိုက်တာ၊ ထပ်ခိုးလေးထဲမှာ ပုန်းခိုပြီးနေရတဲ့ ဖေဖေတို့ တတွေက သူ့ ရဲ့ တည်ငြိမ်မှုနဲ့  ရဲရင့်မှုကိုတွေ့ ရပြီး လေးစားမဆုံး၊ ပြောမဆုံး ဖြစ်ခဲ့ရတယ်ဆိုပဲ။ ဒါ့အပြင် မတော်တဆ ဂျပန်တွေက ဖေဖေတို့ ရှိတာ ရိပ်မိသိရှိသွားပြီး ဖမ်းဆီးဖို့ လုပ်လာရင် ပစ်ခတ် တိုက်ခိုက်ဖို့ လည်း ပြင်ဆင်ထားရလေတော့ ကြားထဲမှာ ဒေါ်ငွေစံတော့ ထိခိုက်မိတော့မှာပဲဆိုပြီး ဖေဖေတို့ တတွေ အတော်စိုးရိမ်ပူပန်ခဲ့ကြရတယ်လို့  ပြောပြဖူးပါတယ်။

    ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးဖို့  တောတွင်းအဖွဲ့ တွေ မြို့တက်လာတော့ အလံနီအဖွဲ့ မှာ ဒေါ်ငွေစံကို သခင်စိုးဇနီးအဖြစ် ပါလာတာ တွေ့ ရပါတယ်။ သခင်စိုးက ဒေါ်ငွေစံကို ယူလိုက်တာကို ဖေဖေက “တော်တော်စည်းကမ်း မရှိတဲ့လူကြီး”လို့  ဆိုခဲ့ဖူးပါတယ်။ နောက်ပိုင်း သခင်စိုးရဲ့ မြေပေါ်လက်နက်ချရောက်လာပြီး လုပ်ဆောင်ချက် အရပ်ရပ်တွေကို သိရကြားရပြီးတဲ့အခါမှာတော့ ဖေဖေက “သခင်စိုးဟာ ကွန်မြူနစ်သရုပ်ကို ရက်ရက်စက်စက် ဖျက်ဆီးပစ်တဲ့လူပဲ”လို့  မှတ်ချက်ချပြောခဲ့ဖူးပါတယ်။

    ဒါကတော့ ဖေဖေရဲ့ နိုင်ငံရေးအရ အပြောင်းအလဲဖြစ်တဲ့အကြောင်းနဲ့  အဲဒီကာလက အဖြစ်အပျက်တချို့ပါ။

    ဒုတိယအပြောင်းအလဲကတော့ ပုဂ္ဂိုလ်ရေးကိစ္စပါ။ ဖေဖေတို့   ဂျပန်ပြန် တပ်မှူးအုပ်ဟာ ဗမာ့လွတ်လပ်ရေးရမှ အိမ်ထောင်ပြု ကြမယ်လို့  သန္နိဋ္ဌာန်ချထားတာပါ။ ဒါပေမဲ့ ဖေဖေက သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတက်ပြီးနောက် ပြည်သူတွေ တကယ်လွတ်မြောက်ဖို့ ဆိုရင် လွတ်လပ်ရေးရရုံနဲ့  မပြီးသေးဘူး။ ဆက်လုပ်ဆောင်စရာတွေ ရှိသေးတယ်ဆိုတာ သဘောပေါက်သွားပြီးတော့ အိမ်ထောင်ပြုရေးကို စ စဉ်းစားမိတယ်တဲ့။ ဒီကြားထဲ သခင်စိုးက ဗိုလ်ချုပ်နဲ့  ဆွေးနွေးဖို့  ဖေဖေ့ပဲခူးကအိမ်မှာနေရင်း ဖေဖေနဲ့အာလာပသလ္လာပပြောဆိုရင်း အိမ်ထောင်ပြုဖို့ တိုက်တွန်းတယ်လို့ ဆိုပဲ။ ဒါနဲ့  ဖေဖေက အိမ်ထောင်ပြုတော့မယ်လို့  ဆုံးဖြတ်ပြီး သူ့ ငယ်ရည်စားမေမေကို လှမ်းဆက်သွယ်ပြီး မေးမြန်းစုံစမ်းတာတွေ လုပ်ရပါတော့ တယ်။

    စစ်ကြီးအတွင်း စစ်သားတယောက်နဲ့ ပေးစားရမှာကို သဘောမတူနိုင်တဲ့ မေမေ့မိဘများကြောင့် ဖေဖေနဲ့ မေမေ အိမ်ထောင်ပြုရေးဟာ အခက်အခဲနဲ့ ကြုံတွေ့ ရပေမယ့် နောက်ဆုံးမှာတော့ ဖေဖေနဲ့ မေမေ ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မှာ လက်ထပ်နိုင်ခဲ့ကြပါတော့တယ်။

    အဲဒီနေ့ ကစလို့  မေမေကွယ်လွန်တဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ အထိ၊ ဖေဖေတို့  မေမေတို့  နှစ်ပေါင်း ၅၄ နှစ်ကျော် ပေါင်းသင်းခဲ့ကြရာမှာ ကျွန်မတို့ သားအဖတတွေ ၁၉၇၆ ခု တောထဲထွက်လာပြီး မေမေနောက်က လိုက်ခဲ့တဲ့ ၁၉၈ဝ ခုနှစ်ကာလအထိ ၄ နှစ်ကြာကာလမှာပဲ ကွဲကွာနေထိုင်ခဲ့ကြတာပါ။ မေမေဟာ ဖေဖေနဲ့  အေးအတူပူအမျှ ပြောင်းရွှေ့လေရာ ဒေသအရပ်ရပ်ကို နောက်က တကောက်ကောက်ပါအောင် လိုက်ပါခဲ့သူဖြစ်ပြီး မှတ်ဉာဏ်ကလည်း အလွန်ကောင်းလေတော့ အိမ်ထောင်သက် ဘဝတလျှောက် ကြုံတွေ‹ခဲ့ရတဲ့ အကြောင်းအရာအမျိုးမျိုး လူပုဂ္ဂိုလ်အမျိုးမျိုးကို မှတ်မိသတိရနေ တတ်ပါတယ်။ ဖေဖေက တချို့မေ့နေတာတွေကို မေမေ့ကို မေးရတတ်ပါတယ်။

    မေမေကွယ်လွန်ပြီးမှ ကိုယ်ကိုယ်တိုင်လည်း အသက် ၈ဝ ကျော်မှ ဖေဖေက သူ့အတ္ထုပ္ပတ္တိ စာအုပ်ကို စရေးလေတော့၊ တချို့အဖြစ်အပျက်တွေကို အတိအကျ မမှတ်မိတော့တာတွေ ကြုံရပါတော့တယ်။ အကြောင်းအရာတချို့ကို ချန်ထားခဲ့ရပါ တော့တယ်။ ဖေဖေစာအုပ်ထွက်လာတော့ ဖေဖေအရင်က ပါးစပ်နဲ့ပြောဖူးထားတဲ့ အကြောင်းအရာ တော်တော်များများကို ကြားဖူးထားတဲ့ သူအများက မေးမြန်းလာပါတော့တယ်။

    ဖေဖေလည်း သူ့ စာအုပ်ကို အားမလိုအားမရဖြစ်ပြီး သြော် – သူရှိတုန်းကသာ ရေးဖြစ်ရင် သိပ်ကောင်းမှာပဲလို့  ညည်း တွားပြီး မေမေ့ကို တမ်းတတတ်ပါတယ်။

    ဖေဖေရဲ့ ဒီအပြောင်းအလဲကြီးနှစ်ခု (နိုင်ငံရေးနဲ့  ပုဂ္ဂိုလ်ရေး)ဟာ သူ့ အတွက် ရာသက်ပန် စွဲမြဲခဲ့တဲ့ အကြောင်းအရာကြီးနှစ်ရပ်ဖြစ်လာခဲ့ပါတော့တယ်။

    “ငယ်ကအချစ် အနှစ်တရာမမေ့သာ” လို့ ဆိုရိုးရှိမဟုတ်လား။

၁၂- ဧပြီ -၂ဝ၁ဝ။
မှတ်ချက် –
၁။ ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ။ ဆောင်းပါးပေါင်းချုပ် အတွဲ(၁)။ ဖြိုးမောက်သာ စာပေ။
ဆောင်းပါးအမှတ် (၁၃) ကို ပြန်လည်ဖေါ်ပြပါတယ်။
၂။ ၁၅- ဒီဇင်ဘာ – ၂၀၁၅ မှာကျရောက်တဲ့ (ကွယ်လွန်သူ) မေမေရဲ့အသက်(၉၄) နှစ်ပြည့်မွေးနေ့
အထိမ်းအမှတ်အဖြစ် တင်တာပါ။

လှကျော်ဇော။(၁၅-၁၂-၂၀၁၅)။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်