ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တန်ဖိုးနည်းအိမ်ရာနှင့်မြေကွက်များဖော်ဆောင်

December 22, 2015

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တန်ဖိုးနည်းအိမ်ရာနှင့်မြေကွက်များဖော်ဆောင်

ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၅

တန်ဖိုးနည်းအိမ်ရာများနှင့် တန်ဖိုးနည်းမြေကွက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှ ၂၂ရက်အထိ လုပ်ဆောင်ပေးလျှက်ရှိသည်။

          စစ်မှုထမ်းဟောင်းများ၊ အရပ်ဘက်မှပင်စင်စားများ၊ ဝန်ထမ်းများ မည်သူမဆို လျှောက်ထားခွင့် ရှိ ကြောင်း၊ စစ်မှုထမ်းဟောင်းများအတွက် တန်ဖိုးနည်းမြေကွက်များကိုလျှောက်ထားခွင့်ရှိပြီး၊ အရက်ဘက်မှ ပင်စင်စားများ၊စစ်ပင်စင်စားများ၊ ဝန်ထမ်းများ မည်သူမဆို တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများ ကို လျှောက်ထားခွင့်ရှိကြောင်း၊ တန်ဖိုးနည်းမြေကွက်အတွက်စစ်ဘက်မှလျှောက်လွှာတင်ရာတွင် လက်ရေးမူ၊ အထောက်အထားခိုင်လုံသောသက်သေစာရွက် စာတမ်းများ ဖြင့် လျှောက်ထားရကြောင်း၊ တန်ဖိုးနည်း တိုက်ခန်းအတွက် လျှောက်လွှာတင်ရာတွင် လျှောက်လွှာတစ်စောင်ကို ကျပ်တစ် ထောင်ဖြင့်ပေး ဝယ်လျှောက်ထားရကြောင်း၊ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို ရွှေပြည်သာမြို့တွင်ရရှိမည်ဖြစ်ကြောင်း   လျှောက်ထားသူများထံမှ သိရသည်။

          “အဖေကတော့ စစ်မှုထမ်းဟောင်းဆိုတော့ လက်ရေးမူနဲ့ လျှောက်လွှာထဲမှာရေးပြီး တင်ရတယ်၊ မြေကွက်ကတော့ ဘယ်နေရာစီစဉ်ပေးမယ် ဆိုတာလည်း မသိသေးဘူး၊ ဘယ်လောက်ကျမယ်ဆိုတာ လဲမသိသေးဘူး၊ တန်ဖိုးနည်း အိမ်ရာကတော့ ရွှေပြည်သာလို့ သိရတယ်၊ လျှောက်လွှာတင်ပြီး ပြန်ကျလာရင် တစ်ခန်းကို တန်ဖိုးငွေကျပ် သိန်း ၁၈၀ လက်ငင်းချေရမယ်လို့ကြားတယ်” ဟု လာရောက်လျှောက်ထား သူအမျိုးသမီးတစ်ဦးမှပြောသည်။

          လာရောက်လျှောက်ထားသူများမှာ စစ်မှုထမ်းဟောင်းနှင့် စစ်ပင်စင်စားများ၏သားသမီးများ များပြား ကြောင်းတွေ့ရသည်။

         


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments