ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့် သင်္ချာပညာရေးဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံများ – အပိုင်း ၁

January 3, 2016

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့် သင်္ချာပညာရေးဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံများ – အပိုင်း ၁

(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၆

(ဓာတ်ပုံ –  ရန်ကုန်တက္ကသိုလ် ၀ိဇ္ဖာခန်းမ)

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရှစ်ကြိမ်မြောက်သိပံနှင့် သင်္ချာပညာရေးဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာ ခမ်းမတွင်၊ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၄ရက်မှ ၆ ရက်အထိ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ကြားထဲတွင် လဘက်ရည်သောက်ချိန်၊ ထမင်းစားချိန်တို့ရှိပါသည်။

          ထိုဆွေးနွေးပွဲတွင် သင်္ချာစာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ဆွေးနွေးတင်သွင်းပါသည်။ တက်ရောက်သူများက မွေးခွန်းများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် မေးရပါသည်။ စာတမ်းများကို တင်သွင်းသူများမှာ ကမ္ဘောဒီယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလပိုင်၊ စင်္ကာပူ၊ ထိုင်း၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဆွီဒန်၊ တရုတ်၊ အီတလီ၊ ဗီယက်နမ်၊ ထိုင်ဝမ် နိုင်ငံမှ သချာင်္ပညာရှင်များဖြစ်ကြသည်။

ဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်းကို မြန်မာနိုင်ငံ ဝိဇ္ဇာ နှင့်သိပံ္ဗ ပညာရှင် အဖွဲ့၏ ဥက္ကဌ- ဒေါက်တာသိမ်းမြင့်က- မြန်မာနိုင်ငံတွင် သင်္ချာသင်ကြားရေးနှင့် သင်ယူရေး အခြေအနေဟူသော အမည်ဖြင့် မိန့်ခွန်းကိုပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ၁၉၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ်စတင်ဖွင့်လှစ်သည့်အချိန်မှ အစပြု၍ လွတ်လပ်ရေးရရှိသည့် အချိန် ၁၉၄၈ကို ဖြတ်သန်းခဲ့သည့် ပညာရေးဆိုင်ရာ သမိုင်း ကို ၁၉၆၂ အထိ သင်္ချာသင်ကြားရေး အခြေအနေတို့ကို ဆွေးနွေးတင်ပြခဲ့သည်။ နောက်ပိုင်း ၁၉၆၄ ခုနှစ် အဓိကဘာသာစနစ်တွင် သင်္ချာသင်ကြားရေးအခြေအနေ ပြောင်းလဲလာပုံ၊ နောက်ပိုင်း မဟာသိပံ္ဗ စနစ်၊ ပါရဂူစီမံကိန်းတို့အထိ တင်ပြဆွေးနွေးသွားလေသည်။

          ထို့နောက် ဖိလပိုင်နိုင်ငံမှ၊ သင်္ချာ တက္ကသိုလ်မှ ပါမောက္ခဖီဒယ် နီမင်ဇို (fided Nemenzo) က သင်္ချာ ပညာရေး (Mathematics Education) နှင့် သင်္ချာဘာသာတို့၏ ကွဲပြားပုံကို ဤသို့ရှင်းပြသွားသည်။ သင်္ချာဘာသာ ဟူသည်ကိုတော့ အထူးရှင်းပြစရာမလိုပါ။ သင်္ချာပညာရေးဟူသည်မှာ သင်္ချာသင်ကြာခြင်းနှင့် သင်ယူခြင်းတို့ အကြောင်းဖြစ်သည်။ သို့ရာတွင် သင်္ချာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ယေဘုယျကျကျ နားလည်သဘောပေါက်နိုင်ရန်အတွက် သီအိုရီ( theory) သဘောတရားတစ်ခုသည် မရှိမဖြစ် လိုအပ်ပါသည်။ သီအိုရီသာ မရှိခဲ့လည်း အရာရာသည် စနစ်မရှိ၊ ပြန့်ကြဲနေသော အဆိုအမိန့်များ၊ အတွေ့အကြုံများသာ ဖြစ်နေပါလိမ့်မည်။ ကောင်းမွန်သော သီအိုရီသည် လက်တွေ့ဖြစ်ရပ်များကို ယေဘုယျပြုနိုင်သည်။ ရှင်းပြနိုင်စွမ်းရှိသည်။ ပိုကောင်းသော နည်းလမ်းများကိုလည်း ရှာဖွေပေးရာတွင် အထောက်အကူဖြစ်စေသည်။ ထို့ကြောင့် သင်္ချာသင်ကြားသော ဆရာများသည် သင်ကြားသည့်နည်းလမ်းကောင်းများ၊ သင်ယူသည့် နည်းလမ်းကောင်းများကို လေ့လာသည့် သုတေသနပညာရှင်များလည်း ဖြစ်ရပေသည်။
          ပါမောက္ခသည် သင်္ချာတွင် အထောက်အကူဖြစ်စေအခြား အကြောင်းအရာများတွင် ကျားကစားခြင်း (chess) ၏အရေးပါပုံကို ထည့်သွင်း၍ပြောကြားသွားသည်။

          မေးခွန်းများမေးမြန်းသည့် အချိန်တွင်၊ ကျွန်တော်က -ကျွန်တော်ကိုယ်တိုင်သည် စစ်တုရင်ကစားရာတွင် တော်တောညံ့သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် သင်္ချာပညာရှင်ကောင်းတစ်ယောက်မဖြစ်နိုင်ဟု ဆိုလိုပါသလား၊ ကျွန်တော်သည် စစ်ဘုရင်ကစားရာတွင် ညံ့သောကြောင့် ကျွန်တော့အနေနှင့် သင်္ချာနယ်ပယ်တွင် ဘာတွေကိုဆုံးရှုံးသွားပါသနည်း? ဟူ၍ မေးမြန်းခဲ့ပါသည်။

          ပါမောက္ခ နိုမီဇိုက ဖြေကြားရာတွင် စစ်တုရင်ကစားခြင်းသည် ပေးထားသော စစ်တုရင်ဆိုင်ရာ အရုပ်များနှင့် ရွှေ့ပုံရွှေ့နည်း စည်းမျဉ်းများသည် သင်္ချာနှင့် အလွန်နီးစပ်ကြောင်း သင်္ချာပညာရှင် ဒေးဗစ်ဟင်းလ်ဘတ် (David Hilbert)သည် စစ်တုရင်ကစားရာတွင် အလွန်ကျွမ်းကျင်သူဖြစ်ကြောင်းတို့ကို ပြောကြားသွားလေသည်။

          ထို့နောက် ဂျပန်နိုင်ငံ၊ နာဂိုယာတက္ကသိုလ်နှင့် မီဂျိုတက္ကသိုလ်တို့မှ ဂုဏ်ထူးဆောင် ပါမောက္ခ တာကီယူကီဟီဒါ (Takayuki Hida) က Let us use White Noise (ဆူညံသံအဖြူရောင်ကို သုံးရအောင်) ဟူသော စာတမ်းကို ဖတ်ကြားပါသည်။ ထိုစာတမ်းတွင် အဖြူရောင် ဆူညံသံ (White noise) ဟူသောအဓိပါယ်  သတ်မှတ်ချက်ကို ဤကဲ့သို့ဖွင့်ဆိုခဲ့သည်။ -The White Noise is not a noisy noise around the house (အဖြူရောင်ဆူညံသံဟူသည်မှာ အိမ်ထဲတွင် ၊ အိမ်ဘေးတို့တွင် မခံနိုင်လောက်အောင် နားညီးသော ဆူညံသံမဟုတ်ပါ) ကျွန်ုပ်တို့လေ့လာနေသော အဖြူရောင်ဆူညံသံသည် သင်္ချာလောကကြီးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်လျှက်ရှိပါသည်။ အထူးသဖြင့် ကျပမ်းဖြစ်သည့် ဖြစ်ရပ်များ(randomness) ကို များစွာအကျိုးသက်ရောက်ပါသည်။ ခေတ်သစ်ဖြစ်နိုင်စွမ်း သီအိုရီ (modern probability theory) နှင့် စာအရင်းအင်းပညာ (statistics) တို့တွင် အဖြူရောင်ဆူညံသံသည် အလွန်အရေးပါလျှက်ရှိပါသည်။ အဖြူရောင်ဆူညံသံကို လက်တွေ့အသုံးပြုနိုင်သည့် နယ်ပယ်များစွာရှိပါသည်။ ဥပမာ တစ်ခုအနေဖြင့် ပြောရလျှင် အဖြူရောင်ဆူညံသံသည် သတင်းပို့ရာတွင် သုံးနိုင်သည့် အကောင်းဆုံးကရိယာဖြစ်သည်။ ထို့ကြောင့် အဖြူရောင်ဆူညံသံသည် သတင်းအချက်အလက် သီအိုရီ (Information Theory) တွင် များစွာအသုံးဝင်ပါသည်။

         ပါမောက္ခဟီဒါသည် အသံနှင့် ပတ်သက်၍ မြန်မာလူမျိုးများအနေဖြင့် လှည်းဝင်ရိုးသံတညံညံဟူသော အဆိုကို သတိရစေမည့် အဆိုအမိန့်တစ်ခုကို ပြောကြားသွားခဲ့ပါသည်။ ယင်းအဆိုမှာ လှည်းသွားသည့်အခါတွင် အသံမြည်သည်၊ အသံမမြည်ဘဲ လှည်းသွား၍လည်း မရနိုင်ပါ။ သို့သော် လည်း အသံသည် လှည်းအတွက်ဘာမှ အသုံးမဝင်ပါ။ ဤသည်ကား အသံနှင့် လှည်းဝင်ရိုးတို့၏ သဘာဝဖြစ်သည်။

          ကျွန်တော်သည် ရူပဗေဒသင်ယူစဉ်အခါက ‘အသံ’ ဟူသောအရာကို အကြားအာရုံဖြင့် ခံစားရသောခံစားချက်၊ နားဖြင့်ခံစားရသော အာရုံ- ဟူ၍ အဓိပါယ် သတ်မှတ်သည်ဟူ၍ သင်ကြားခဲ့ရသည်ကို မှတ်မိနေပါသည်။ ထိုအဓိပ္ဗါယ်သတ်မှတ်ချက်ကို စိတ်ထဲတွင် ကျေနပ်မှုမရှိခဲ့ပါ။ ဤကိစ္စနှင့် ပတ်သက်၍ စာတမ်းတင်သွင်းသူတွင်လည်း၊ ဤကဲ့သို့ တွေ့ကြုံခဲ့ခြင်းရှိ မရှိကို မေးလိုသော်လည်း စာတမ်းဖတ်သူမှ အချိန်ပြည့် ပြောသွားသဖြင့် မေးခွင့်မရခဲ့ပါ။

          ထို့နောက် နံနက်စာစားချိန်ရောက်လာခဲ့သည်။ နံနက်စာစားပြီး နေ့လည်တစ်နာရီတွင် အီတလီနိုင်ငံ၊ ရောမတက္ကသိုလ်မှ ပါမောက္ခဘို(လ) တဲရား (Volterra) က မိန့်ခွန်းပြောခဲ့သည်။ ကျွန်တော်သည် ဘို(လ)တဲရားဟူသောအမည်ကို အင်တီဂရယ်ညီမျှခြင်း (Integral Equation)များနှင့် ပတ်သက်၍ ဆက်စပ်မှုရှိ၊ မရှိကို သိလိုသော်လည်း၊ အချိန်မရှိသဖြင့် မေးခွင့်မရခဲ့ပါ။

          နောက်စာတမ်းတင်သူ ပုဂ္ဂိုလ်မှာ ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ လီယံ( Frederich Leung) ဖြစ်သည်။ သူ၏ ခေါင်းစဉ်မှ The Coming Age of Mathematics      Education as an Academic Discipline and the Role of Scolars from Developing Countries in the Process  သင်္ချာပညာရေးကို ပညာရပ်တစ်ခုအနေဖြင့် လေ့လာခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သင်္ချာပညာရှင်များ၏ အခန်းကဏ္ဍ ဖြစ်သည်။ စာတမ်းတွင် သင်္ချာဘာသာရပ်သည် သမိုင်းအားဖြင့် အလွန်အချိန်ကြာခဲ့ပြီဖြစ်သော်လည်း သင်္ချာပညာရေးသည် သိပ်မကြာသေးသော အရာဖြစ်သည်။ သင်္ချာပညာရေးဆိုရာ သီအိုရီများကို ရှာဖွေခြင်းသည် လွန်ခဲ့သော ရာစုနှစ်အလယ်လောက်ကမှ စတင်ခဲ့သည်။ သင်္ချာပညာရေးဆိုင်ရာ ဂျာနယ်ဖြစ်သော Education Studies in  Mathematics          ကို ၁၉၆၈ခုနှစ်က မှစတင်၍ ထုတ်ဝေခဲ့သည်။ ဤသင်္ချာဆွေးနွေးပွဲသည် သင်္ချာဘာသာရပ် သက်သက်ကို ဆွေးနွေးခြင်းမဟုတ်ဘဲ၊ သင်္ချာသင်ကြားရေးနှင့် သင်ယူခြင်းဆိုင်ရာ တို့ကို ဦးစားပေး၍ ပြုလုပ်ခြင်းဖြစ်သည်။

(ဆက်ရန်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ခေတ်ပြိုင်အတွေ့အကြုံ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

One Response to ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့် သင်္ချာပညာရေးဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံများ – အပိုင်း ၁

  1. Catwoman on January 3, 2016 at 6:13 pm

    Hopefully it s useful in daily life. I really don’t think chess is imp to become anything.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်