ခက်ဦး – နာရီဆိုင်

January 5, 2016

ခက်ဦး – နာရီဆိုင် 

(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆

မိုးမလင်းသေးဘူး
စက္ကန့်တွေက ဂုတ်ခွစီးထားပြီ

ရေးကြီးသုတ်ပျာ မနက်စာတွေ
ပျာရီးပျာယာ နေ့လည်စာတွေနဲ့
ရေနဲ့ မျှောမျှောချနေရ
ညစာတွေ ကြား

အသပြာနဲ့ အချိန်နဲ့ လုပ်အားနဲ့
လုပ်အားနဲ့ အချိန်နဲ့ အသပြာနဲ့
မွှန်ထူ မူးမိုက်နေအောင်
တဝဲဝဲရယ်မှ တချာချာ
သွက်သွက်ကို လည်တော့တယ်

တနေ့တနေ့
မတွေးဖြစ်ဆုံးက ကိုယ့်နာမည်
အရွတ်ဆိုဖြစ်ဆုံးက ကိုယ့်အကြောင်း
အဲ့လိုနဲ့ပါပဲ …
အချိန်တန်လာပြန်တော့
ငါးသေတ္တာ ဝပ်ကျင်းလေးထဲ
အံဝင်ခွင်ကျ
ကိုယ့်ကိုယ်ကိုနေရာချ

မသိရသေးတဲ့
အဓိပ္ပါယ်မှာ အခါခါ
နာရီ ချင့်တွက်
မျက်စိအကြိမ်ကြိမ်
ပြန်ပြန် မှိတ်ရ
တော့တာပဲ ။

(ခက်ဦး)
၂ . ၁ . ၂၀၁၆

www.dalipaintings.net Melting Watch, 1954 by Salvador Dali

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, အောင်ဝေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်