ရန်နောင် (ဗိုလ်တထောင်) – Colgate – Palmolive မှ ငွေကျပ် ၅၄ သန်းတန်ဖိုးရှိ ပညာသင်ဆု အစီစဉ်စတင်

January 6, 2016

 

ရန်နောင် (ဗိုလ်တထောင်) – Colgate – Palmolive မှ ငွေကျပ် ၅၄ သန်းတန်ဖိုးရှိ ပညာသင်ဆု အစီစဉ်စတင်
(မိုးမခ) ဇန်နဝါရီလ ၆၊ ၂၀၁၆

Colgate – Palmolive သည် မြန်မာနိုင်ငံရှိ မိသားစုများနှင့် ကလေးငယ်များ၏ ပညာရေးမျှော်မှန်းချက်များကို အထောက် အကူပြုနိုင်စေရန် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်ထိ ကြာမြင့်မည့် ငွေကျပ် ၅၄ သန်းတန်ဖိုးရှိသည့် Colgate ပညာသင်ဆုအစီစဉ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စတင်လိုက်ကြောင်း ဇန်န၀ါရီ ၅ ရက်နေ့တွင် စတင်ကြေညာ လိုက်သည်။

Colgate ၏ ၇၀ ဂရမ်၊ ၁၄၀ ဂရမ် အရောင်းမြှင့်တင်ရေး သွားတိုက်ဆေးဘူးများကို ဝယ်ယူသုံးစွဲရုံဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှ ပြည်သူများအားလုံးသည် ၎င်းတို့၏ကလေးငယ်များအတွက် အဆိုပါပညာသင်ဆုကို ရရှိနိုင်မည်ဖြစ်သည်။ သွားတိုက်ဆေး တစ်ဘူးလျှင် ခဲခြစ်ကတ်ပြားတစ်ခုပါမည်ဖြစ်ပြီး အဆိုပါခဲခြစ်ကတ်ပြားကိုခြစ်၍ ပညာသင်ဆုများကို ရရိှနိုင်မည်ဖြစ်သည်။ ခဲခြစ်ကတ်ပြားကိုခြစ်၍ ပညာသင်ဆုကိုရရှိပါက ဖုန်းနံပါတ် ၀၉ ၂၆ ၂၆ ၁၉၀၉၅ သို့ ဆက်သွယ်အကြောင်းကြား၍ ပညာ သင်ဆုကို ထုတ်ယူနိုင်မည်ဖြစ်သည်။

“Colgate  အနေနဲ့ မြန်မာနိုင်ငံမှာ ပညာရေးဆိုင်ရာအခွင့်အလမ်းတွေ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ဖို့ စိတ်အား ထက်သန်တဲ့အပြင် ကလေးငယ်တွေရဲ့ ပညာရေးကိုအကောင်းဆုံးထောက်ပံ့ပေးချင်တဲ့ မိခင်တွေကို တတ်နိုင်သမျှ အကူ အညီပေးသွားဖို့လည်း တစိုက်မတ်မတ်လုပ်ဆောင်နေပါတယ်။ သွားနဲ့ခံတွင်းကျန်းမာရေး အထောက်အကူပြု ပစ္စည်းဈေး ကွက်မှာ ထိပ်တန်းက ဦးဆောင်နေတဲ့အမှတ်တံဆိပ်တစ်ခုဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ရောက် နိုင်အောင် လက်ခံကြိုဆိုခဲ့ကြတဲ့ မြန်မာပြည်သူတွေအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ဟာ ကျနော်တို့ တာဝန်လို့ မှတ်ယူထားပါတယ်။ အခုလို ပညာသင်ဆုအစီစဉ်ကို မြန်မာနိုင်ငံမှာ စတင်နိုင်တာကိုလည်း ဂုဏ်ယူမိပါတယ်။ ဒီပညာသင်ဆုတွေဟာ မြန်မာနိုင်ငံက ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေဆီ ရောက်ရှိအောင် ကြိုးစားခဲ့တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်သလို အားလုံးပဲ ပညာသင်ဆုကံစမ်းမဲတွေ ဆွတ်ခူးနိုင် ကြပါစေလို့ ကျနော်တို့ ဆုတောင်းပေးပါတယ်” ဟု ကိုးလ်ဂိတ် အင်ဒိုချိုင်းနား၏ အထွေထွေမန်နေဂျာဖြစ်သူ Mr Kunal Chandha က ပြောပြခဲ့သည်။

  

ကလေးများအတွက် ပညာရေးဆိုင်ရာလိုအပ်ချက်များအား ကူညီထောက်ပံ့ပေးခြင်းသည် ကိုးလ်ဂိတ်၏ အဓိကကျသည့် လူမှုအကျိုးပြုဆိုင်ရာ သန္နိဌာန်တခုဖြစ်ပြီး ကိုးလ်ဂိတ်မှ ကမ္ဘာတဝှမ်းရှိ အမှန်တကယ် လိုအပ်လျက်ရှိသည့် ကလေးငယ် များအတွက် လုပ်ဆောင်ပေးခြင်း အစီအစဉ်များ၏ တစိတ်တဒေသလည်း ဖြစ်သည်။ ကလေးများအတွက် နှစ်စဉ် လုပ်ဆောင်ပေးလျက်ရှိသည့် သွားနှင့်ခံတွင်းကျန်းမာရေးလနှင့် `တောင်ပသောအပြုံး တောက်ပသောအနာဂတ်များ´ အစီ စဉ်များမှတဆင့် ယနေ့အချိန်ထိ ကလေးငယ်ပေါင်းသန်း ၈၀၀ ကျော်ကို အကူအညီပေးနိုင်မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Yan Naung (Bo Ta Htaung), သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments