ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့်သင်္ချာ ပညာရေး ဆိုင်ရာဆွေးနွေးပွဲ အတွေ့အကြုံများ – အပိုင်း ၂

January 7, 2016

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့်သင်္ချာ ပညာရေး ဆိုင်ရာဆွေးနွေးပွဲ အတွေ့အကြုံများ – အပိုင်း ၂

(မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၆

သင်္ချာပညာရေးဆိုင်ရာပထမဦးဆုံးဆွေးနွေးပွဲကို ၁၉၆၉ ခုနှစ်ကပြုလုပ်ခဲ့ပြီး သင်္ချာပညာရေးဆိုင်ရာ သီအိုရီသဘောတရားတစ်ခု လိုအပ်ကြောင်းကို ဖေါ်ထုတ်ပြသခဲ့သည်။ သို့ရာတွင် သင်္ချာပညာရေးကို လေ့လာရာတွင် သင်္ချာဘာသာတစ်မျိုးတည်းကိုလေ့လာခြင်းဖြင့် မလုံလောက်တော့ဘဲ၊ သင်္ချာနှင့် ဆက်စပ်နေသော အခြားဘာသာများကိုလည်း လေ့လာရန် လိုအပ်ပါသည်ဟူ၍ တင်ပြခဲ့သည်။

မေးခွန်းများမေးချိန်နှင့် ဆွေးနွေးချိန်တွင် ကျွန်တော်က သင်္ချာသင်ရိုးများတွင် သင်္ချာသမိုင်း (History of Mathematics) သည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သင့်ကြောင်းကို တင်ပြခဲ့သည်။ သို့ရာတွင် သင်္ချာသမိုင်းဘာသာကိုလည်း ဦးစားပေးသင့်ကြောင်းကို တင်ပြခဲ့ပါသည်။ လက်တွေ့နယ်ပယ်များတွင် သင်္ချာအပြင် အခြားသော ဘာသာရပ်များဖြစ်ကြသော ဒဿန (Philosophys )၊ စိတ်ပညာ (Psychology)၊ ဇီဝဗေဒ( biology)၊ Evolution Theory (အဆင့်ဆင့်ပြောင်းလဲခြင်းသီအိုရီ) နိုင်ငံရေးသိပ္ပ္ပ္ပံ (poliyical science) တို့ကိုပါ လေ့လာသင့်ကြောင်းကို ဆွေးနွေးတင်ပြပါသည်။

မေးခွန်းမေးရန်ပေးထားသော အချိန်သာရှိခဲ့လျှင် သင်္ချာသင်ကြားပို့ချသည့်အခါတွင် သီအိုရီတစ်ခုကို ဖေါ်ထုတ်ပြသသော ဥပမာများကို မည်မျှအလေးပေး သင့်သည် ဟူသည်ကို မေးမြန်းချင်ပါသည်။ အကယ်၍ အချိန်သာရှိခဲ့လျှင်ဤကိစ္စနှင့်ပတ်သက်၍ ဆရာဦးကိုကိုလေး၏ ပြောကြားချက်တစ်ခုကို အသိပေးဆွေးနွေးလိုပါသည်။

ဆရာဦးကိုကိုလေးက ဆိုခဲ့သည်မှာ သီအိုရီတစ်ခုကို ဖေါ်ထုတ်ပြသသော ဥပမာများစွာကို ဦးစားပေး၍ သင်ခြင်းတွင် အန္တရယ်တစ်ခုရှိသည်။ ၄င်းမှာ ဤဥပမာများသည် ထိုသီအိုရီ၏ သက်သေပြချက်ဖြစ်သည်ဟု လွဲမှားစွာ မှတ်ယူသွားနိုင်သည်။

ဤနေရာတွင် သင်္ချာပညာရှင် ပွိုင်ကါရေး( Poincare) ၏ အဆိုတစ်ခုမှာမှတ်သားစရာဖြစ်ပါသည်။ ပွိုင်ကါရေးက ဆိုသည်မှာ ဥပမာများ သန်းချီ၍ ပေးနိုင်ရုံဖြင့် သီအိုရီတစ်ခု၏ မှန်ကန်ကြောင်းကို မပြောနိုင်သော်လည်း ဥပမာတစ်ခုကြောင့် သီအိုရီတစ်ခုမှားကြောင်းကို ထင်ထင်ရှားရှား ဖေါ်ထုတ်နိုင်သည်။

ထို့နောက် ဒေါက်တာဒေါ်စီစီက အဖြူရောင် ဆူညံသံ( white noise) နှင့် ဆိုင်သော သင်္ချာသဘောတရားများကို White Noise Analysis and Levy’s Functional Analysis (အဖြူရောင်ဆူညံသံနှင့် လီဘီ၏ ဖန်ရှင်နယ် သရုပ်ခွဲခြင်း) အမည်ရှိစာတမ်းတွင်၊ တင်ပြခဲ့ပါသည်။ ထိုစာတမ်းတွင် ကျပမ်းဖြစ်ရပ်တစ်ခုကို မှီ၍ ဖြစ်လာသောအဖြူရောင်ဆူညံသံကို တည်ဆောက်ခြင်းအကြောင်းကို တင်ပြသည်။ ဤစာတမ်းတွင် အဖြူရောင်ဆူညံသံကို သင်္ချာသဘောတရား သက်သက်ဖြင့် ဖေါ်ပြရာတွင် ဖြစ်ရပ်တစ်ခုနှင့် တူညီသော အခြေခံကျပမ်းကိန်းရှင်များ အစုအဝေးဟူ၍ အဓိပ္ပ္ပါယ်ဖော်ခဲ့သည်။ ထို့ကြောင့် ဖြေရှင်းရမည့် သင်္ချာညီမျှခြင်းပုံစံကိုဖေါ်ပြပြီး၊ ကဲကုလ်နည်းကိုသုံး၍ ဖြေရှင်းပုံကိုဖေါ်ပြခဲ့သည်။ ထိုစာတမ်းသည် ‘ဆူညံသံ’ ဟူသော ဝေါဟာရမှအပ၊ သင်္ချာဝေါဟာရများနှင့် ညီမျှခြင်းများ ပြည့်နေသဖြင့် သင်္ချာပညာရှင်များပင်လျှင် နားလည်ရန် အတော်ကြိုးစားရပါသည်။

ဒုတိယနေ့ဖြစ်သော ဒီဇင်ဘာလ ၅ရက် အစီအစဉ်ကို စင်င်္ကာပူအမျိုးသားတက္ကသိုလ်၏ သင်္ချာဌာနမှ ပါမောက္ခ လူဝိချန်း( စတိုင်းစ် တွက်နည်း) အမည်ရှိစာတမ်းဖြင့် စတင်ခဲ့ပါသည်။ ထိုစာတမ်းသည် သင်္ချာနယ်ပယ်တွင် Approximation (ခန့်မှန်းခြေအဖြေရှာခြင်း) ဟူသောအကြောင်းထဲမှ နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိုစာတမ်းတွင် ပါဝင်သောအမည်ဖြစ်သည့် စတိုင်း (Stein)သည် အမေရိကန်နိုင်ငံ၊ စတင်းဖို့တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပါသည်။ သူဖေါ်ထုတ်ခဲ့သော ခန့်မှန်းအဖြေရှာနည်းသည် လက်တွေ့နယ်ပယ်များဖြစ်ကြသော တွက်ချက်ခြင်းဇီဝဗေဒ (computational biology) ကွန်ပျူတာသိပ္ပ္ပံ (computer science) စိတ်ချရခြင်းဆိုင်ရာသီအိုရီ (reliability theory စသည်တို့တွင် အသုံးဝင်ပါသည်။ ထို့ကြောင့် ဤတွက်နည်းသည် ယခုအခါတွင် ကြီးထွားလျှက်ရှိပြီး အလွန်လူသိများသော သုတေသနနယ်ပယ်တစ်ခုဖြစ်နေပါသည်။

ဒုတိယနေ့ (ဒီဇင်ဘာလ ၅ရက်) ၏ ဒုတိယစာတမ်းမှာ ဒေါက်တာအောင်သူ၏ History of Mathematics and the Exploitation of that for the Development of the Future ( သင်္ချာ၏သမိုင်းနှင့် အနာဂတ်၏ ဖွံ့ဖြိုးရေးအတွက် ၄င်းကိုအသုံးချခြင်း) အမည်ရှိ စာတမ်းကိုတင်သွင်းခဲ့ပါသည်။ ထိုစာတမ်းတွင် ဖေါ်ပြထားသည်မှာ ကျွန်ုပ်တို့သည် သင်္ချာအကြောင်းကို ပြောမည်ဆိုလျှင် ၄င်းတွင် အလွန်ရှေးကျသော သမိုင်းအစဉ်အလာရှိသည်ကို တွေ့ရပါမည်။ သင်္ချာ၏သမိုင်းသည် ခရစ်တော်မပေါ်မှီကပင် စတင်ခဲ့ပါသည်။ ဤစာတမ်းတွင် ခေတ်အဆက်ဆက်က သင်္ချာပညာရှင်များအကြောင်းကို တင်ပြပါမည်။ သူတို့၏ သင်္ချာကြိုးပမ်းချက်များကိုလည်း တင်ပြသွားပါမည်။ အချို့သော သင်္ချာပညာရှင်များပေါ်ပေါက်ခဲ့သော ခေတ်ကာလသည် ရှေးကသမိုင်းတွင် နစ်မြုပ်နေသဖြင့် သူတို့အကြောင်းကို တိတိကျကျဖေါ်ထုတ်၍ပင် မရပါ။ သူတို့၏ သင်္ချာဆိုင်ရာ တွေ့ရှိချက်များသည် သင်္ချာ၏ အနာဂတ်ဖွံ့ဖြိုးမှုအတွေက် များစွာအထောက်အကူဖြစ်ခဲ့ပါသည်။ ထိုသင်္ချာပညာရှင်ကြီးများ၏ အချို့သောတွေ့ရှိချက်များမှာ ၊ အပေါ်ယံကြည့်လိုက်လျှင် ဘာမှမဖြစ်လောက်ဟု ထင်ရသော်လည်း၊ သူတို့၏ တွေ့ရှိချက်များနှင့် လူသားများအတွက် များစွာ အထောက်အကူဖြစ်ခဲ့ပါသည်။

ရှေးကသမိုင်းမှတ်တမ်းများအရ၊ ရှေးကအီဂျစ်လူမျိုးများသည် သင်္ချာကိုအသုံးပြု၍ ပီးရမစ်များကို တည်ဆောက်ခဲ့ကြသည်။ ရောမလူမျိုးများသည် အီဂျစ်နှင့် ဂရိနိုင်ငံများကို စစ်အားဖြင့် အနိုင်ရရှိခဲ့သော်လည်း သင်္ချာအပါအဝင် သိပ္ပံဘာသာရပ်များ၏ တိုးတက်မှုအတွက် ဘာမှ လုပ်ဆောင်နိုင်ခြင်းမရှိပါ။ သင်္ချာ အတွေးအခေါ်များကို စတင်၍ အုတ်မြစ် ချပေးသူများမှာ ရှေးဂရိသင်္ချာပညာရှင်များ ဖြစ်ကြသည်။

ထင်ရှားသော ပညာရှင်များမှာ ပလေတို ၊ သေးလိ ၊ ပိုက်သာဂိုရ၊ အာကီမီးတီ တို့ဖြစ်ကြသည်။

ဂျော်မက်ထရီပညာ၏ အရေးပါပုံကိုသိ၍ သူ၏ကျောင်းအပေါက်အဝတွင် “ဂျော်မက်ထရီပညာကို မသိသောသူ ဒီကို မဝင်ရ” ဟူသော စာတမ်းကို ထိုးထားခဲ့သည်။

ခရစ်နှစ် ၂၁၂ တွင် ရောမမျိုးများသည် ဥရောပတိုက်တစ်ခုလုံးကို အုပ်စိုးခဲ့ပြီး၊ အာကီးမီးတီး ကွယ်လွန်ပြီးနောက်၊ ဥရောပတစ်တိုက်လုံးတွင် အမှောင်လွှမ်းသော ခေတ်ကြီး ကျရောက်ခဲ့သည်။ ထိုအချိန်တွင် သချာင်္နှင့် ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ ပျောက်ကွယ်ခဲ့ရသည်။ အမှောင်လွှမ်းသောခေတ်ကြီးသည် နှစ်ပေါင်း ၁၇၀၀ လောက်ကြာရှည်ခဲ့သည်။

ဥရောပတိုက်တွင် အမှောင်လွှမ်းသောခေတ်ကြီး ကြုံနေသော်လည်း အရှေ့နိုင်ငံများဖြစ်ကြသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် သင်္ချာနှင့် ဝိဇ္ဇာ၊ သိပံ္ပပညာရပ်များည် များစွာ တိုးတက်ခဲ့ပါသည်။

တရုတ်လူမျိုးများသည် အက္ခရာသချာင်္ဆိုင်ရာ ညီမျှခြင်းများကို ထိုကဲ့သို့ အက္ခရာများ မသုံးဘဲ စာဖြင့် ရေးသားဖေါ်ပြ လေ့လာကြသည်။ ၄င်းအပြင် အံ့ဖွယ်စတုရန်း (magic square) များကို ဖေါ်ထုတ်ခဲ့သည်။ အံ့ဖွယ်စတုရန်း ဟူသည်မှာ အလျားလိုက်၊ ထာင်လိုက်၊ ထောင့်ဖြတ်အလိုက် ပေါင်းလျှင် အဖြေတူအောင် စီထားသော စတုရန်းပုံ ဂဏန်းများဖြစ်သည်။

ဥပမာ

4 9 2

3 5 7

8 1 6

ဤကဲ့သို့ဖြစ်သည်။ ထိုအခါက 1,2,3, … ဟူသော ဂဏန်းများ မရှိသေးသောကြောင့် တရုတ်လူမျိုးများ ဖေါ်ထုတ်ခဲ့သော အံ့ဖွယ်စတုရန်းမှာကါး ဤသို့ဖြစ်သည်။

စက်ဝိုင်းလေးများအရေအတွက်သည် ဂဏန်းများကို ပြသည်။ စက်ဝိုင်းအဖြူ လေးများ အရေအတွက်သည် မဂဏန်းများ ဖြစ်သည်။ စက်ဝိုင်းအနက်ကလေးများ အရေအတွက်သည် စုံ ဂဏန်းဖြစ်သည်။ ငါးရာစုလောက်တွင် သားအဖဖြစ်သူ စူချန်ချိုင်း(Tsu Chung Chih) နှင့် စူကင်ချိုင်း (Tsu Keng Chih ) တို့က ပိုင်( )၏ တန်ဖိုးသည် 3.1415926 နှင့် 3.1415927့ ကြားတွင် ရှိကြောင်း ဖေါ်ထုတ်ပြသခဲ့သည်။ အနောက်နိုင်ငံများတွင် ပိုင် တန်ဖိုးကို နောင်နှစ်ပေါင်း 1200 လောက်ကြတော့မှ တွေ့ရှိခဲ့သည်။

အလယ်ခေတ်တွင် အန္ဒိယနိုင်ငံတွင်လည်း သင်္ချာပညာရှင်များစွာ ပေါ်ပေါက်ခဲ့သည်။ ( ) pi ၏တန်ဖိုးကို ဒသမလေးနေရာအထိ မှန်အောင် တွက်ချက်ခဲ့သည်။

အက္ခရာသင်္ချာ ညီမျှခြင်းများကိုလည်း သုံးထပ်ညီမျှခြင်းအထိ ဖြေရှင်းနည်းများကို ဖေါ်ထုတ်ခဲ့သည်။ နက္ခတဗေဒ (Astronomy ) ဘာသာရပ်ကိုလည်း ကေါင်းစွာတတ်မြောက်ပြီး၊ ဂြိုဟ်များ သွားနှုန်းနှင့် ပတ်လမ်းများကိုပါ တွက်ချက်နိုင်ခဲ့သည်။ သင်္ချာပညာရှင် အိုမာခရမ် (Omar Khayyam )သည် ကဗျာရှည်ကြီးတစ်ပုဒ်ကြောင့် ကြော်ကြားခဲ့သော သင်္ချာပညာရှင်အဖြစ် လူသိများသည်။ သူ၏ ရူးဘီယက် (Rubaiyat) အမည်ရှိ ကဗျာရှည်ကြီးသည် ကမ္ဘာတွင် ဂန္ထဝင် စာပေထဲတွင် ပါဝင်ခဲ့သည်။

သင်္ချာသမိုင်းတွင် အလွန်အရေးပါသော တည်ထွင်မှုတစ်ခုမျာ သုည (zero ) ဖြစ်သည်။ အချိန်မှာ ခရစ်နှစ် 600 လောက်က ဖြစ်ပြီး ဘယ်သူတည်ထွင်သည်ဟူသည်ကို အတိအကျ မသိပါ။ အိန္ဒိယနိုင်ငံက တည်ထွင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။

၁၇ ရာစုတွင် ထင်ရှားသော သင်္ချာပညာရှင်တစ်ဦးမှာ ပြင်သစ်နိုင်ငံမှ ဖါးဖက်(Fermat ) ဖြစ်သည်။ သူ က

Fn = + 1

သည် သုဒ ကိန်း( prime number ) ဖြစ်သလားဟု မေးခဲ့သည်။ ဆိုလိုသည်မှာ ၄င်းကို စား() ပြတ်သော ဂဏန်းသည် 1နှင့် သူကိုယ်တိုင်မှ အပ အခြား ရှိမရှိ ဟူ၍ ဖြစ်သည်။ (n=1,2,3,4, ) အထိ မှန်ကန်ကြောင်းတွေ့ရသည်။

နောင်နှစ်ပေါင်းတစ်ရာကျော်ကြာမှ သင်္ချာပညာရှင အွိုင်လာ(Euler) က F(5) သည် prime number မဟုတ်ကြောင်းကို ပြသခဲ့သည်။ ထို့နောက် ဒေါက်တာအောင်သူသည် ယနေ့မျက်မှောက်ခေတ်အထိ ထင်ရှားသော သင်္ချာပညာရှင်များနှင့် ၄င်းတို့၏လုပ်ဆောင်ချက်များကို တင်ပြသွားသည်။

ဒေါက်တာအောင်သူ၏ စာတမ်းကို နားထောင်ရင်း ၁၉၆၄ခုနှစ်က ပထမဦးဆုံး သင်္ချာအသင်းကို ထူထောင်စဉ်က အကြောင်းတစ်ခုကို သတိရမိပါသည်။ ထိုအချိန်က သင်္ချာအသင်း ပထမဆုံးဥက္ကဌမှာ ကျွန်တော်၏ဆရာဖြစ်သူ ဦးကိုကိုလေးဖြစ်သည်။ သူက သင်္ချာအသင်း၏ ပထမဆုံးဟောပြောပွဲတွင် သင်္ချာ၏သမိုင်းကို ဟောပြောသွားခဲ့ဖူးပါသည်။ ထိုအချိန်က ဖါးမက်မေးခဲ့သော မးခွန်းကို အွိုင်လာကဖြေသွားပုံကို ဝတ္ထုဇာတ်လမ်း ဆန်ဆန်လေး ဤသို့ပြောသွားခဲ့ပါသည်။

အဲဒီနေ့မှာ အွိုင်လာက သင်္ချာမှာအရေးပါတဲ့ အကြောင်းအရာတစ်ခုကို ဟောပြောမယ်ဆိုတာကို ကြိုတင်ပြီး ပြောထားခဲ့ပါတယ်။ အဲဒီနေ့မှာ သင်္ချာပညာရှင်တွေများစွာ တက်ရောက်ကြပါသည်။ သင်္ချာကျောင်းသားများကလည်း မှတ်စုစာအုပ်တွေကိုယ်စီနဲ့ မျှော်လင့်တကြီး စောင့်နေကြပါတယ်။ အွိုင်လာ ရောက်လာပါတယ်။ သူကလက်ထဲမှာ စာရွက်ကလေးတစ်ရွက်ပဲ ပါလာပါတယ်။

အွိုင်လာက ကျောက်သင်ပုန်းပေါ်တွင် 2×2=4, 4×2=8, 8×2=16 , ဟု စရေးလိုက်သည်။ ဆက်လက်၍ … 256×2=512 , 512×2=1024,…… တက်ရောက်သူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ဘာတွေလဲ ? ဟု မေးကြသည်။ ကျောင်းသားများကလည်း သူတို့၏ မှတ်စုစာအုပ်များထဲတွင် ကူးရေး ရမလို၊ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။ ဖါးမယ်သည် 2 ကို 32 ကြိမ် မြှောက်ပြီးသွားသောအခါ

2(32) + 1 = 4294967297

ဟု ကျောက်သင်ပုန်းထောင့်တစ်ခုတွင် ရေးလိုက်သည်။ ထိုအဖြေကို ဘောင်ခတ် ထားလိုက်သည်။ ပြီးလျှင် ကျောက်သင်ပုန်း၏ ကျန်အပိုင်းကို ဖျက်၍ ၆၇၀၀၄၁၇ ကို ၆၄၁ ဖြင့် မြှောက်သည်။ ထိုဂဏန်းနှစ်လုံးမြှောက် () ၍ ရရှိသောအဖြေကို

6700417 x 641 = 4294967297

ဟု ရေးချလိုက်ပြီး၊ ထိုအဖြေကို ဘောင်ခတ် ထားလိုက်သည်။ ပြီးတော့မှ ဘောင်ခတ်ထားသော အဖြေနှစ်ခုကို မြှားနှစ်ဖက်ဖြင့် ထိုးပြလိုက်သည်။ ပြီးတော့ အွိုင်လာသည် စကားတစ်ခွန်းမှ မဖြေဘဲ၊ ပြန်ထိုင်နေလိုက်သည်။

ပရိသတ်တို့သည် ခေတ္တမျှ အွိုင်လာရေးပြထားသောအဖြေနှစ်ခုကို ကြည့်နေသည်။ ပြီးတော့မှ ဘာဆိုလိုသည်ကို သဘောပေါက်၍ လက်ခုပ်များတီး သြဘာပေးကြလေသည်။ သင်္ချာဆိုင်ရာဆွေးနွေးပွဲများတွင် ဤမျှလောက် ရှင်းလင်း ပြတ်သားသော ဆွေးနွေးပွဲမျိုး မရှိကြောင်း ပြောကြသည်။

(ဆက်ရန်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ဒေါက်တာခင်မောင်ဝင်း (သချာင်္), လောကဓာတ်ခန်း

2 Responses to ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့်သင်္ချာ ပညာရေး ဆိုင်ရာဆွေးနွေးပွဲ အတွေ့အကြုံများ – အပိုင်း ၂

  1. Catwoman on January 8, 2016 at 9:59 am

    I don’t understand it. I guess that s why I m not a math professor but a physician. I didn’t get it.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်