ရန်ကုန်မြစ်အတွင်း ရှုခင်းကြည့်၍ အပျော်စီးသင်္ဘော စီးနိုင်ပြီ

January 13, 2016

 

ရန်ကုန်မြစ်အတွင်း ရှုခင်းကြည့်၍ အပျော်စီးသင်္ဘော စီးနိုင်ပြီ
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဇန်နဝါရီလ ၆ – ၂၀၁၆

ရန်ကုန်မြစ်အတွင်း ရှုခင်းများ ကြည့်ရှုရင်း အပျော်စီးနိုင်သည့် သင်္ဘောကို အများပြည်သူများ အလွယ်တကူ စီးနင်းနိုင်ပြီဖြစ်သည်။  Yangon Rhythm Cruise မှ စီစဉ်သော အဆိုပါ အပျော်စီးသင်္ဘောသည် ပြည်တွင်းမှ စီးနင်းသူများအတွက် မြန်မာငွေ ခြောက်ထောင်ကျပ် ၊ ပြည်ပမှစီးနင်းသူများအတွက် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး ငါးနှစ်အောက် ကလေးငယ်များအား အခမဲ့စီးနင်းခွင့်ပြုထားသည်။

ရန်ကုန် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၅) မှ နေ့စဉ် နံနက် ၈နာရီတွင် စတင်ထွက်ခွါပြီး နံနက် (၉) နာရီတွင် လည်းကောင်း၊ ညနေ (၄)နာရီ တွင် စတင်ထွက်ခွါပြီး ညနေ (၅) နာရီတွင်လည်းကောင်း ပြန်လည်ဆိုက်ကပ်မည်ဖြစ်သည်။

သင်္ဘောပေါ် လိုက်ပါစီးနင်းသောခရီးသည်များအတွက် အချိုရည် နှင့် မုန့်များ သုံးဆောင်ခွင့်လည်းရရှိမည်ဖြစ်သည်။

လက်မှတ်များကို ခရီးသွားအေဂျင်စီများ၊ ဟိုတယ်များ၊ သင်္ဘောပေါ်ရှိ လက်မှတ်အရောင်းကောင်တာတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

လိုက်ပါစီးနင်းမည့်သူများသည် သင်္ဘောမထွက်မှီ ၁၅ မိနစ်ကြိုတင်၍ သင်္ဘောပေါ်သို့ ရောက်ရှိနေရမည်ဖြစ်သည်။

YRC (Yangon Rhythm Cruise ) မှ ဒေါ်စန်းစန်းယုမှ ယခုကဲ့သို့ ပြောပြခဲ့သည်။

`ကျမ ဒီခရီးစဉ်ကို စီစဉ်ဖြစ်တာက ကျမ ဗီယက်နမ်သွားတုန်းက ပေါ်လာတဲ့ စိတ်ကူးလေးပါ။ ရန်ကုန်မြစ်ထဲမှာ ဒီလို ဈေးသက်သက်သာသာနဲ့ သင်္ဘောပြေးဆွဲခွင့်ရရင် ကောင်းမှာဆိုတဲ့ စိတ်ကူးလေးနဲ့ စီစဉ်ဖြစ်တာပါ။ ကျမတို့ သင်္ဘောပေါ်မှာ မိတ်ဆက်ပွဲတွေ၊ ပါတီပွဲတွေ၊ တွေ့ဆုံပွဲတွေ လုပ်လို့ရပါတယ်။ လူဦးရေကတော့ တစ်ရာကျော် တင်နိုင်ပါတယ်။ ဒါပေမဲ့ ကျမတို့ လုံခြုံမှုအရ တစ်ရာလောက်ပဲ တင်မှာပါ။ တနာရီ စီးပြီးသွားလို့ ကမ်းပြန်ကပ်ရင် လည်း သင်္ဘောပေါ် ကာရာအိုကေခန်းထဲမှာ သီချင်းတွေဆိုလို့လည်း ရပါသေးတယ်။ နေ့ဘက်ဆိုရင် သီလဝါဘက်ကို သွားမယ်၊ ညဘက်ကျတော့ ကြည့်မြင်တိုင်ဘက်ကို သွားပါမယ် ´ဟု ပြောပြခဲ့သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးမှလည်း ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။

` ကျနော်တို့ ဒီသဘောင်္တွေက မြစ်ဝကျွန်းပေါ်သွား သင်္ဘောတွေပါ။ အခုတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတော့ သင်္ဘောစီးတဲ့သူ နည်းတဲ့အခါမှာ ဒီလိုမျိုး လုပ်ဖို့ စီစဉ်ဖြစ်တာပါ ´ ဟု ပြောကြားခဲ့သည်။

သင်္ဘောပေါ် လိုက်ပါစီးနင်းရန် လိုက်ချင်သူများ 01- 206266 ၊09 73035867၊095163880 သို့ဆက်သွယ်နိုင်ကြောင်းလည်း ထပ်မံသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Business Directory, Yan Naung (Bo Ta Htaung), ဓာတ်ပုံသတင်း

One Response to ရန်ကုန်မြစ်အတွင်း ရှုခင်းကြည့်၍ အပျော်စီးသင်္ဘော စီးနိုင်ပြီ

  1. ပုသိမ်သား on January 13, 2016 at 9:21 am

    ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က ရန်ကုန်မြို့နဲ့ တစ်ပုံစံထဲပါပဲ။ မြစ်တဖက်ကမ်း ဘာအဆောက်ဦမှမရှိတဲ့ ဒလ လိုပါပဲ။မြစ်ကူးတံတားတွေနဲ့ ဟိုက်ဝေးလမ်းတွေတော့ ရန်ကုန်ထက်များပါတယ်။
    ညနေဆိုရင် မြစ်ကမ်းဘေးက သင်္ဘောကြီး ၅စီးလောက်ကိုတက်ပြီး ညစာ ဈေးချိုချိုနဲ့ စားသောက်နိုင်တယ်။ သင်္ဘော၃ထပ် ဆိုရင် အထပ်တိုင်း တီးဝိုင်းရှိပါတယ်။ စားသောက်စားရိတ်က လူတစ်ယောက်ကို ကျပ်၅ထောင်လောက်ဆို ကောင်းကောင်း စားနိုင်ပါပြီ။ ပိုက်ဆံပိုပေးသူများကတော့ ညပိုင်းသင်္ဘောထွက်ချိန် လိုက်စီးကြပါတယ်။
    မြန်မာပြည်မှာလဲ အလားတူဖြစ်လာမှာပါ။
    .
    အမေရိကန် USA Today သတင်းစာမှာ မြန်မာနိုင်ငံဧရာဝတီ သင်္ဘောခရီးစဉ်က ကမ္ဘာ့ အကောင်းဆုံးခရီးသွားခြင်းလို့ ရွေးချယ်ခံလိုက်ရပါတယ်။ တခါက ပုသိမ်-ရန်ကုန် ဘုရင့်နောင်၊ ဗန္ဓက၊ ဗန္ဓုလ ၂၄နာရီစီးရတဲ့ ခရီးသွားသင်္ဘောတွေ ဇိမ်ခံစီးခဲ့ရတာ သတိရမိပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments