မိုးမခ မဂ္ဂဇင်း ၂၀၁၆ ဖေဖော်ဝါရီ ဆိုင်တွေပေါ် ရောက်နေပါပြီ

January 23, 2016

 

မိုးမခ မဂ္ဂဇင်း ၂၀၁၆ ဖေဖော်ဝါရီ ဆိုင်တွေပေါ် ရောက်နေပါပြီ

(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၆

ပန်းချီ သန်းဌေးမောင်၏ Nude Art လက်ရာမျက်နှာဖုံးဖြင့် မိုးမခလစဉ်မဂ္ဂဇင်း အတွဲ-၃၊ အမှတ်-၂၊ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလထုတ်ကို ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့ကြီးများရှိ စာအုပ်အရောင်းဆိုင်ကြီးများမှာ ဝယ်ယူနိုင်ပါပြီ။

ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် လေ့လာသုံးသပ်ချက်၊ ၂၀၁၆ အစိုးရသစ် NLD ပါတီ ခေါင်းဆောင်မှုအပေါ် ဆွေးနွေးချက်၊ မြန်မာ့ပညာရေး၊ အထွေထွေ လူမှုရေး၊ စီးပွားရေး သုံးသပ်ချက်၊ အမေရိကန်နိုင်ငံရေးသမိုင်း၊ ရွေးကောက်ပွဲ အကြို ပါတီတွင်းမဲဆွယ်မှု မျက်မှောက်အခြေအနေ ဆွေးနွေးချက် စသည့် သုတ ဆောင်းပါးများ၊ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ရသလူမှုရှုခင်းဆောင်းပါးများ၊ မှတ်စုမှတ်တမ်း၊ စာစုတို၊ ကာတွန်းနှင့် မိုးမခပင်တိုင် သရော်ဆရာများဖြစ်သည့် ရန်လိုကျွဲ၏ အစိုးရသစ် ခေတ်စနစ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ရှိသင့်သည့် သရော်စာ ဆောင်းပါး၊ ဂျော်ဒီး ၏ ခွေးသေကောက်ပုပ် အခြေခံဥပဒေ၊ ခရိုနီ အမှိုက်များ အရင် ရှင်းရမလား၊ အမှိုက်အရင် ကောက်မလား မေးခွန်းထုတ် သရော်ချက် ဆောင်းပါးများ အစရှိသည့် ရသ၊ သုတ စာပဒေသာ စုံလင်စွာဖွဲ့စည်း တင်ဆက်ထားပါသည်။

နှင်းဆီဖြူစာပေတိုက်က ဖြန့်ချိသည့် မိုးမခ မဂ္ဂဇင်းများကို တအုပ် ၁၅၀၀ ကျပ် ဖြင့် နီးစပ်ရာ စာအုပ်ဆိုင်များမှာ ဝယ်ယူအားပေးဖတ်ရှုနိုင်ပါသည်။ ရန်ကုန်မြို့က မိုးမခပရိသတ်များအနေဖြင့်လည်း အိမ်တိုင်ရာရောက် ၆ လစာ၊ ၁ နှစ်စာ မှာယူနိုင်ပါသည်။ မိုးမခ ရန်ကုန်ဖုန်း ၀၉ ၉၆၃၀၈၉၈၂၂ နှင့် အယ်ဒီတာ Email editors@moemaka.net ; nyeinchanaye81@gmail.com များထံ တိုက်ရိုက် ဆက်သွယ်မှာယူနိုင်ပါသည်။

မိုးမခ မဂ္ဂဇင်းများကို Wun Zin Mobile App များတွင်လည်း တအုပ် ၈၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်။

Wun Zin Android App:
http://bit.ly/wzfbpage

Wun Zin iOS App:
http://bit.ly/wziosfbpage

နှင်းဆီဖြူ စာပေ
ဆက်သွယ်ရန် – အမှတ် ၇၊ ၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉ – ၂၅၂၂၁၀၁၉၇ ၊ ၀၉ – ၄၂၁၁၇၅၅၃၅ ၊ ၀၁ – ၈၅၅၁၃၄၇ ၊ ၀၉ – ၄၂၁၁၇၅၅၃၅

မိုးမခ မဂ္ဂဇင်း
ဆက်သွယ်ရန် – မိုးမခ ရုံးစားပွဲ Home ရုံးခန်း၊ အမှတ် (၅၈/၆၀)၊ ဗိုလ်အောင်ကျော်လမ်း (အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉ ၉၆၃၀၈၉၈၂၂ ။ လျှပ်စစ်စာပို့ လိပ်စာ – editors@moemaka.net


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်