အောင်ဝေး – ယုဇန မခင်ပျို

January 27, 2016

 
အောင်ဝေး – ယုဇန မခင်ပျို
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆

ယု ဇ န မ ခ င် ပျို ရ ယ် …

ဒီနေ့ (ဇန်န၀ါရီ- ၂၆၊ ၂၀၁၆) မစ်ရှီဂန်က Lansing Community College မှာ ကျနော့် တစ်ကိုယ်တော်ကဗျာရွတ်ဆိုပွဲ ရှိတာဗျ။ ပွဲက ညနေခင်းမှ။

မနက် အိမ်မှာ ပွဲအတွက်ပြင်ဆင်နေတုန်း မောနေယျ(Pဆာမိ)ဆီကနေ –

“ဆရာဇော်ဇော်အောင်ဆုံးပြီလို့ ၊ ဇော်လူစိမ်းဆီကကြားတယ်” ဆိုတဲ့ သတင်းရောက်လာတယ်။

ကျနော်စိတ်ထဲမှာထင့်သွားတယ်။ ချက်ချင်းပဲ လိုင်းပေါ်မှာတွေ့ ရတဲ့ ကိုစောဝေကို ဆရာဆုံးတာ ဟုတ်- မဟုတ် လှမ်းမေးရပါတယ်။ သားလပြည့်ဝေးဆီလည်း၊ ဆရာဇော်ဇော်အောင်ဆုံးပြီကြားတယ်၊ မင်းသတင်းမေးကြည့်ပါဦးသားရေ- လို့ လှမ်းပြောရတယ်။
ကိုစောဝေထံက၊ ဟုတ်တယ်၊ ည(၉)နာရီကျော်ကဆုံးတာလို့ အကြောင်းပြန်တဲ့အချိန်မှာ ကျနော့်စိတ်က အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲတွေဆီ ပြန်ရောက်သွားပါတယ် မခင်ပျို။
အဲဒီတုန်းက “စောဝေတို့ ၊ ဇော်သက်ထွေးတို့ ၊ အောင်ဝေးတို့  အဖြူရောင်သက်တံဆိုပြီး လူထုရှေ့ မှောက်မှာ ကဗျာတွေရွတ်နေကြတာ။ ဒါ သူတို့ MICRO POLITICS (အနုနိုင်ငံရေး) လုပ်နေကြတာပဲ” လို့  ဆရာ ကျနော်တို့ ကို ထောက်ခံအားပေးခဲ့တာပါ မခင်ပျိုရယ်။

အခု ကျနော့်တစ်ကိုယ်တော်ကဗျာရွတ်ဆိုပွဲရှိတဲ့နေ့ မှာ ဆရာဆုံးခဲ့တယ်။

ကျနော်တို့ ကဗျာရွတ်ရင် အမြဲရပ်တည်အားပေးခဲ့တဲ့ဆရာ့ ကို ဒီရေခြားမြေခြားက ကျနော့် ရဲ့ ကဗျာရွတ်ဆိုပွဲနဲ့  ဦးညွှတ် ဂုဏ်ပြု နှုတ်ဆက်လိုက်ပါတယ်။
ယုဇနမခင်ပျိုရယ် ပြောလိုက်ပါတော့။
လေးစားစွာဖြင့်-

ေ အ ာ င္ ေ ၀ း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, အောင်ဝေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)