တူမောင်ညို – သခင်ခင်အောင်အတ္တုပ္ပတ္တိ နဲ့ ကျနော်တို့လူငယ်တွေ

January 31, 2016

 

တူမောင်ညို – သခင်ခင်အောင်အတ္တုပ္ပတ္တိ နဲ့ ကျနော်တို့လူငယ်တွေ
မိုးမခ၊ ဇန်နဝါရီ ၃၁၊ ၂၀၁၆

ဒီနေ့ခေတ်ပြိုင်နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ကိုယ်တိုင်ပါဝင်ဖြတ်သန်းနေတဲ့ လူငယ်ကျောင်းသားတစ်ယောက်နဲ့ ခင်မင်ရင်းနှီး နေပါတယ်။ သူဟာဝရမ်းပြေးနေရသူတစ်ဦးပါ။ ဒီလိုအချိန်မျိုးမှာ သူ့ဖခင်မကျန်းမမာဖြစ်နေတယ်။ ဒီလိုအခြေအနေမှာ သားတစ်ယောက် အနေနဲ့ သူဘာမှလုပ်ကိုင်မပေးနိုင်တဲ့အပေါ် သူခံစားနေရတယ်။ အိမ်ရဲ့စီးပွားရေးကို ဦးစီးနေတဲ့ အမေပါ ထပ်ပြီး လဲသွားမှဖြင့် ဆိုတဲ့ သောကအတွေးကလည်း သူ့ကိုထပ်မံဖိစီးလို့နေပြန်ပါတယ်။

သူ့ရဲ့ မာတာပိတုသောကတွေ အတွက် ကျနော်ကရော ဘာတွေဖြေသိမ့်ပေးနိုင်မှာမို့လဲ။ လူငယ်တွေဟာ ခေတ်သမိုင်း တာဝန်ကိုလည်း အဆက်မပြတ်သလို မိဘအတွက်လည်းငှဲ့ညှာစဉ်းစားတတ်တာကို ကျနော်သဘောကျ ကျေနပ်နေမိတယ်။ ဝရမ်းပြေး ရင်းရရာ အလုပ်က လုပ်ခလေးနဲ့ မကျန်းမာတဲ့မိဘကို ကြည့်ရှုမယ်လို့ သူကဆိုလေတော့ ဆရာဇော်ဂျီရဲ့ကဗျာတစ်ပုဒ်ထဲက စာပိုဒ် တချို့ကျနော့် ခေါင်းထဲ သူ့အလိုလို ပေါ်လာပါတော့တယ်။ “မွေးဖဂုဏာ တုန့်ပြန်ပါသည် မေတ္တာရနံ့ကြူသည်ကို”
ယနေ့လူငယ်တွေဟာ ဘူဒိုဇာနဲ့ နေအိမ်တွေကို ထိုးဖြိုဖျက်ဆီးနေတာကို မြင်ရ တွေ့ရတော့ ထိထိရှရှ ခံစားကြရတယ်။ လက်ပံ တောင်းမှာ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ အပစ်ခံရတာ၊ တောင်သူမကြီးဒေါ်ခင်ဝင်း သေနတ်နဲ့ပစ်သတ်ခံရတာ၊ စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမလေးနှစ်ဦး အဓမ္မကျင့်ခံရပြီး အသတ်ခံရတာ စတာ၊ စတာတွေဟာ ယနေ့လူငယ်တွေရဲ့နှလုံးသားကို ထိခိုက်စေ တဲ့ ခေတ်ပြိုင်ခံစားမှုတွေဖြစ်ပါတယ်။

လူငယ်တို့ရဲ့မူလသဘာဝအတိုင်း ထိလွယ်ရှလွယ်တယ်။ မတရားမှုကိုရင်ဆိုင်ကြုံတွေ့ရရင် တရားတဲ့ဘက်က ရပ်တည်မယ်၊ ဒီအဓမ္မမှုတွေ၊ ဖိနှိပ်မှုတွေ၊ အနိုင်ကျင့်မှုတွေကို မလိုလားဘူး။ တရားတဲ့ဘက်၊ အဖိနှိပ်ခံနေရတဲ့ဘက်က ရပ်တည်ပြီး ဒါတွေကို သည်းမခံ နိုင်ဘူး။ ထိုးဖောက်ရမယ်၊ ဆန့်ကျင်ရမယ်၊ တွန်းလှန်ရမယ်ဆိုတာ ယနေ့ခေတ်လူငယ်တွေနေ့စဉ် ရှုရှိုက်နေကြရတဲ့ ဝင်သက်ထွက်သက် ဖြစ်တယ်။

ဒီလိုရုပ်ဘဝပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ရဲ့တွန်းပို့မှုအောက်မှာ မနေသာတဲ့ လူငယ်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်လာခဲ့ကြရတာပါ။ အရေးတော်ပုံတပ်သားကြီးဦးဝင်းတင်စကားနဲ့ဆိုရင် ခေတ်ဝန်ကိုထမ်းပြီးခေတ်လမ်းကို လျှောက်လာကြရတာပါ။

ဒါဟာ ခေတ်ရဲ့လှုပ်ရှားမှုတွေက ခေတ်ပြိုင်လူငယ်တွေရဲ့နှလုံးသားကို အဆက်မပြတ်ရိုက်ခတ်ပြီး၊ လူငယ်တွေက ခေတ်ကို တဖန် ပြန်လည်တုန့်ပြန်ပြုမူတဲ့ အချင်းအရာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့လူငယ်တွေဟာ သူတို့မျက်မှောက်ပြုနေရတဲ့ ခေတ်ကို တုန့်ပြန်ရင်း စွန့်စားမှုနဲ့စွန့်လွှတ်မှုတွေကို ဘယ်လိုမှ မရှောင်နိုင်၊ မလွှဲနိုင်ဘဲ မျက်နှာချင်းဆိုင်ခဲ့ကြရပါတယ်။ တချို့ဆိုရင် မိဘအသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်းကိုပင် ခံခဲ့ကြရပါတယ်။

ဒီလိုအတွေ့အကြုံတွေကို လွတ်လပ်ရေးကြိုးပမ်းမှုခေတ်ကနေကနေ့ခေတ်အထိ လူငယ်တွေကြုံခဲ့ရ/ ကြုံနေရတာပါ။

သခင်ခင်အောင်ဟာ ကိုလိုနီခေတ်စက်ရှင်မင်းကြီးရဲ့သားပါ။ ဖခင်ဖြစ်သူက သားကို ကောလိပ်ပညာသင်ပြီး၊ ဘွဲ့ရရင် သူလို အင်္ဂလိပ်အစိုးရဝန်ထမ်းအရာရှိကြီးဖြစ်စေချင်တာပါ။

ဒါပေမယ့် အင်္ဂလိပ်ကိုလိုနီအစိုးရက ဂဠုန်သူပုန်တွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချ၊သတ်ဖြတ်၊ ရွာတွေမီးရှို့တဲ့ ပကတိဖြစ်ရပ် တွေက မောင်ခင်အောင်ဆိုတဲ့လူငယ်လေးရဲ့ နှလုံးသားကို ထိခိုက်စေခဲ့ပြီး အင်္ဂလိပ်မုန်းတီးရေး၊ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓါတ်တွေ လျှမ်းလျှမ်းတောက်နိုးကြားတက်ကြွလာစေခဲ့ကာ ဒို့ဗမာအစည်းအရုံးဝင်သခင်လူငယ်တစ်ဦး ဖြစ်လာစေခဲ့ပါတော့တယ်။

ဒီမှာတင် လူငယ်မောင်ခင်အောင်နဲ့ သူ့ဖခင်စက်ရှင်မင်းကြီးအကြားမှာ သဘောထားနှစ်ရပ်ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ဘက် ဖြစ်လာပါတော့ တယ်။ နောက်ဆုံးမှာ နိုင်ငံရေးမလုပ်ဖို့ ဆုံးမတဲ့ ဖခင်နဲ့ ဖခင်စကားကို မနာခံနိုင်တဲ့သားရဲ့ပဋိပက္ခဟာ “သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း” ဆိုတဲ့ အနေအထားသို့ တက်လှမ်းပေါက်ကွဲသွားပါတော့တယ်။

သခင်ခင်အောင်ရဲ့ “ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ (၁၉၁၃ – ၂၀၀၁)”ဖတ်ရတဲ့အခါ အထင်မှာတင်ပြခဲ့တဲ့သဘောကို အထင်အရှား တွေ့လာရပါတယ်။ “ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ” က စာမျက်နှာ ၄၇ ကနေ ၁၁၁ ထိ သာပါဝင်ပေမယ့် လေ့လာမှီငြမ်းစရာတွေ၊ သင်ခန်းစာ ယူ မှတ်သားစရာတွေကတော့ ပြည့်နှက်နေတာပါ။

လယ်သမားလှုပ်ရှားမှုတွေ၊ အလုပ်သမားလှုပ်ရှားမှုတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ပေါ်လာအောင် ဘယ်လိုစည်းရုံး ပြင်ဆင် ခဲ့ကြရသလဲ၊ ဒီလှုပ်ရှားမှုတွေကို ကို ပေါင်းကူးစပ်ပြီး “၁၃၀၀ ပြည့်အရေးတော်ပုံကြီး”ပေါ်ပေါက်အောင် ထိုခေတ်လူငယ်တွေ ဘယ်လို ကြိုးပမ်းခဲ့ကြသလဲဆိုတာတွေဟာ လေ့လာစရာနဲ့ မှီးငြမ်းနည်းယူစရာပါ။

ဒီနေ့ခေတ်ကာလမှာလည်း ဟိုတခေတ်ကလို လယ်သမားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသား၊ ပြည်သူတွေရဲ့အခွင့်အရေး တွေနစ်နာနေရတုန်းပဲ မဟုတ်လား။ လယ်ယာမြေအဓမ္မသိမ်းပိုက်ခံရတဲ့လယ်သမားတွေ၊ လုပ်ခလစာချိုးနှိမ်ခံထားရတဲ့ အလုပ်သမား တွေ၊ ပညာရေးအခွင့်အလန်းနိမ့်ကျနေရတဲ့ ကျောင်းသားလူငယ်တွေ စတဲ့၊ စတဲ့ ဖိနှိပ်မှုမျိုးစုံနဲ့ ပြည်သူတွေ ရင်ဆိုင်နေရတာပဲ မဟုတ် ပါလား။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်တွေနဲ့ပြည်သူတွေရဲ့ အဲဒီနစ်နာချက်တွေ၊ ဒီခံစားချက်တွေကို စည်းရုံးစုစည်း နိုင်မယ်ဆိုရင် ခေတ်ကိုပြောင်းလဲနိုင်တဲ့ ရုပ်ဝတ္တုစွမ်းအားဖြစ်လာမယ် မဟုတ်ပါလား။

ဖက်ဆစ်ဂျပန်တော်လှန်ဖို့ ထိုခေတ်လူငယ်တွေ ဘယ်လိုလျို့ဝှက်စည်းရုံးပြင်ဆင်ခဲ့ကြသလဲ၊ ဘယ်လိုညီညွတ်ခဲ့ကြသလဲ ဆို တာ သခင်ခင်အောင်ရဲ့အထ္တုပ္ပတ္တိထဲမှာတွေ့နိုင်ပါတယ်။ ၁၉၄၄ ဇွန်လအကုန်-ဇူလိုင်လဆန်းလောက်မှာရောက်လာတဲ့ သခင်သိန်းဖေ (မြင့်) ဆီက မိုက္ကရိုဖလင် နှစ်ချပ်ကိုဖတ်ပြီးတဲ့နောက် ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တွေ “ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့(ဖတဖ- AFO)” ကို ဘယ်လိုဖွဲ့စည်းခဲ့ကြသလဲ။ တပ်မတော်မှ ၂ ဦး၊ ကွန်မြူနစ်ပါတီမှ ၂ ဦး၊ ပြည်သူ့အရေးတော်ပုံပါတီမှ ၂ ဦး၊ ပေါင်း ၆ ဦး ပါဝင်တဲ့ (ပတဖ)ဗဟိုကလပ်စီးကို ဘယ်သူတွေနဲ့စတင်ဖွဲ့စည်းခဲ့သလဲဆိုတာတွေဟာ လေ့လာသိမှတ်ထားစရာ သမိုင်းအချက်အလက်အထောက် အထားတွေပါ။

ဒါတွေအပြင် “၁၉၆၂ တော်လှန်ရေးကောင်စီ” အာဏာသိမ်းမှုကို အမျိုးသားတိုးတက်ရေးပါတီနဲ့ (ပမညတ) အတွင်းမှာ “ ထောက်ခံမှာလား/ကန့်ကွက်မှာလား”ဆိုတဲ့ ပြဿနာပေါ်ပေါက်လာပါတယ်။

ဒီပြဿနာအပေါ် ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို)၊ သခင်ချစ်မောင်(ဝိဓူရ)တို့နဲ့ ဦးခင်မောင်မြင့် (ကွယ်လွန်- ဥက္ကဋ္ဌ PPP) ၊ သခင်ခင်အောင်တို့ သဘောထားကြပုံတွေနဲ့သုံးသပ်ပုံတွေမှာ ဘယ်သူတွေရဲ့ရပ်တည် ချက်နဲ့သဘောထားဟာ ပြတ်သားရဲရင့်မှန်ကန် ပြီး၊ နိုင်ငံရေးအမြော်အမြင် ပိုရှိသလဲဆိုတဲ့အချက်ကို ယခုအချိန်မှာ ပီပီပြင်ပြင် အကဲဖြတ်နိုင်ကြပါပြီ။

သခင်ခင်အောင်ရဲ့အထ္တုပ္ပတ္တိကို “ဦးနုစင်ပြိုင်အစိုးရ” ကိစ္စကို အကြောင်းပြုပြီး ပုဒ်မ (၁၀ – က) နဲ့ (နဝတ) စစ်အစိုးရက ဖမ်းဆီးချုပ်နှောင်ခံရတာနဲ့အဆုံးသတ်ထားပါတယ်။ စင်ပြိုင်အစိုးရကိစ္စအပေါ်မှာထားတဲ့ ဦးနုရဲ့သဘောထားကလည်းစိတ်ဝင်စားစရာပါ။

ဘာသာရေးနဲ့ နိုင်ငံရေးအကြားမှာ ဦးနု ဗျာများပုံ၊ စဉ်းစားပုံ၊ ဆုံးဖြတ်ပုံနဲ့ စင်ပြိုင်အစိုးရရုပ်သိမ်းပေးဖို့ (နဝတ)စစ်အစိုးရရဲ့ ဖိအားပေးမှုကို တုန့်ပြန်ခဲ့ကြပုံတွေဟာ ထူးခြားပါတယ်။

“သခင်ခင်အောင်ရဲ့အထ္တုပ္ပတ္တိ ” မှာ အမှာစာ (ဆောင်းပါး) ၄ ပုဒ်ပါရှိပါတယ်။ စာမျက်နှာ (၁ မှ ၄၅) ထိဖြစ်ပါတယ်။ စာအုပ်ရဲ့ တစ်ဝက်နီးပါးကို အမှာစာတွေက သိမ်းပိုက်ရယူထားတာပါ။

သခင်ခင်အောင်အပေါ် အမှာစာရေးတဲ့ပုဂ္ဂိုလ်တွေရဲ့ (ကိုကိုးကျွန်းပြန် ရဲဘော်ကြီး ၄ ဦးရဲ့)သဘောထားအမြင်တွေဖြစ် ပါတယ်။“အကွေ့အကောက်မဲ့နိုင်ငံရေးသမား”မှာ ဖော်ပြထားချက်ထဲမှာသခင်ခင်အောင်ရဲ့ရပ်တည်ချက်သဘောထားက တောက်ပြောင် ကြွရွနေပါတယ်။

ဒီစာအုပ်မှာ သခင်ခင်အောင်ရဲ့ ဖခင်အမည်ကို ထက်မြက် အမှာမှာ ဦးနု (စာမျက်နှာ ၂) ဖြစ်နေပြီး၊ (စာမျက်နှာ ၄၇ ) မှာ ဦး အိ ဖြစ်နေပါတယ်။ ဘယ်ဟာကို အမှန်ယူကြမလဲ။ (၁၉၃၄ ကို ၁၉၄၃ ဆိုပြီး၊ ခုနှစ် သက္ကရာဇ်မှားနေ တာလည်း တွေ့ရပါတယ်။ ဒါမျိုးတွေ မမှားသင့်ပါ။ အကြံပြုချင်သည်မှာ ယခု “အထ္တုပ္ပတ္တိ” နဲ့အတူ (၂၀၁၅ ဖေဖေါ်ဝါရီ- မတ်) ပြည်သူ့အရေးဂျာနယ် (အတွဲ ၁ အမှတ် ၂၁ မှ ၂၃ ထိ )မှာ သုံးပတ် ဆက်တိုက်ဖော်ပြခဲ့တဲ့ ထွန်းဝင်းငြိမ်း – “ထွန်းဝင်းငြိမ်း -သခင်ခင်အောင်ပြောပြတဲ့ အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ) ၏ ရည်မှန်းချက် ပန်းတိုင်” ဆိုတဲ့ မှတ်တမ်းမျိုး တွေပါ အတူတကွပုံနှိပ်ဖော်ပြနိုင်မယ်ဆိုရင် သမိုင်း၊ နိုင်ငံရေးနဲ့ ပြည်သူလူထု လှုပ်ရှားမှုတွေကို စိတ်ဝင်စား လေ့လာလိုကြတဲ့ ကျနော်တို့ လူငယ်တွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ အလေးအနက်ယုံကြည်ပါကြောင်း။

သခင်ခင်အောင် ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိ (၁၉၁၃ -၂၀၀၁ )
ပထမအကြိမ်၊ ၂၀၁၅ ဒီဇင်ဘာ
ဆန်းစသော်တာစာအုပ်ထုတ်ဝေရေး
တန်ဖိုး ၂၀၀၀ ကျပ်
အုပ်ရေ ၁၀၀၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, တူမောင်ညို, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်