ဗိုလ်ထက်မင်း ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် – (၃)

February 2, 2016

 

ဗိုလ်ထက်မင်း ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် – (၃)
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆

၂၈။ ပီတာဇီမန်းဟာ သဘာဝသိပံ္ပဖြင့် ဘွဲ့ရခဲ့ကာ ၁၉၆၀ ပြည့်လွန်နှစ်များ အဆုံးပိုင်းတွင် ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး ၁၉၇၀ နှင့် ၁၉၈၀ လွန်နှစ်များအတွင်း သူ့ကို သဘာဝသိပံ္ပပညာဖြင့် အလုပ်လုပ်ခွင့် မပြုသဖြင့် ကာယလုပ်သားအဖြစ် နောက်ပိုင်း နည်းပညာရှင်အဖြစ် အသက်မွေးခဲ့ရပါတယ်။ သူဟာ ၁၉၉၀ မှ ၁၉၉၈ ခုနှစ်အထိ အရပ်ဘက် တန်ပြန် ထောက်လှမ်းရေးမှာ အမှုထမ်းခဲ့ပြီး ၁၉၉၈ နှင့် ၂၀၀၁ ခုနှစ်အတွင်း အရပ်ဘက် ပြည်ပထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။ သူရဲ့အတွေ့အကြုံကို အောက်ပါအတိုင်း ရှင်းလင်းခဲ့ပါတယ်။

၂၉။ နိုင်ငံအသီးသီး၊ အစိုးရအမျိုးမျိုး၊ သမိုင်းကာလအထွေထွေရှိ ထောက်လှမ်းရေး၊ လုံခြုံရေးဌာနတို့ အသုံးပြုတဲ့ အရာတွေဟာ သဘောတရားအနေနဲ့ သိပ်မခြားနားလှတာတွေ့ရတယ်လို့သူက ဆိုပါတယ်။ လျှို့ဝှက်သတင်းပေးတွေကို သတင်းရရာရကြောင်း အခြေခံအရင်းအမြစ်တစ်ခုအနေနဲ့ အားလုံးက သုံးကြပါတယ်။ ထောက်လှမ်းဖို့၊ စောင့်ကြည့်ဖို့၊ သက်သေအထောက်အထားရဖို့ ပစ္စည်းကိရိယာတွေကို အားလုံးက သုံးကြပါတယ်။ နည်းပညာအဆင့်မှာပဲ ကွာကြတာပါ။ လျှို့ဝှက်မှု၊ လုံခြုံမှု၊ သတင်း ကွာခြားလိုမှုတွေကို အားလုံးက လိုက်နာ စောင့်ထိန်းကြတယ်။ အထူး အခွင့်အာဏာကို အားလုံးကကျင့်သုံးကြတယ်လို့ သူက ဆိုပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိတဲ့ ထောက်လှမ်းရေး ဌာနတွေက တိုင်းပြည်နဲ့ လူမျိုးကို ပြည်တွင်းပြည်ပ အန္တရာယ်က ကာကွယ်ပေးထားတယ်။ အာဏာရှင် နိုင်ငံတွေမှာ ရှိတဲ့ ထောက်လှမ်းရေးတွေကတော့ သူတို့အစိုးရအဖွဲ့နဲ့ အခွင့်ထူးခံ လူတစ်စုကိုသာ ကာကွယ်ပေးတယ်လို့သူကပြောပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ ထောက်လှမ်းရေး၊ လုံခြုံရေး ဌာနတို့ဟာ လျှို့ဝှက်ရဲအဖွဲ့ ဖြစ်လာ ကြတယ်။ သူတို့ရဲ့တာဝန်ဟာ အတိုက်အခံအဖွဲ့နဲ့ အဖွဲ့ဝင်တွေကို နှိပ်ကွပ်ဖို့ ပြည်သူတို့ကို ထိန်းချုပ်ဖို့ ဖြစ်တယ်။ ဥပဒေရဲ့အထက်မှာ နေလေ့ရှိကြတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်း တစ်ခုမှာ ဖွဲ့စည်းပုံအရ ကွဲပြားတဲ့ အဖွဲ့အစည်း လေးခုက အများဆုံးဆောင်ရွက်တဲ့ အဓိက ကဏ္ဍ လေးရပ် ရှိတယ်။ အဲဒါတွေက ပြည်ပ စစ်ဘက် ထောက်လှမ်းရေး၊ ပြည်ပထောက်လှမ်းရေး (အရပ်ဘက် ထောက်လှမ်းရေး လို့လည်း သိကြတယ်)၊ စစ်ဘက် တန်ပြန်ထောက်လှမ်းရေးနဲ့  ပြည်တွင်း လုံခြုံရေးဌာန (အရပ်ဘက် တန်ပြန်ထောက်လှမ်းရေးလို့လည်း သိကြတယ်) တို့ဖြစ်ကြတယ်။

၃၀။ မြန်မာနိုင်ငံမှာ ထောက်လှမ်းရေး တပ်ဖွဲ့တွေကတော့ အမည်အမျိုးမျိုးနဲ့ရှိရာ ယခင်ကနံမည်ကြီး တပ်မတော်ထောက်လှမ်းရေး Military Intelligence (ယခု စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)၊ ရဲသတင်း အထူးတပ်ဖွဲ့၊ အထူးစုံးစမ်းစစ်ဆေးရေး ဦးစီးဌာန(စီးပွါးရေးသောင်းကျန်းမှု၊ အဂတိလိုက်စားမှု)၊ (မိုဖာ) လို့ခေါ်တဲ့ သံတမန်အရေခြုံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ (M.I)တို့မှ စေလွှတ်ထားတဲ့ စစ်သံအဖွဲ့များ၊ လူသတ်မှုကြီး ဆိုင်ရာ ဆေးစစ်ချက်အပါအဝင် သဲလွန်စ ခက်ခဲတဲ့အမှုတွေမှာ တာဝန်ယူရတဲ့ ရဲ မှုခင်းတပ်ဖွဲ့၊ မူးယစ်ဆေးဝါးက နိုင်ငံတကာက ဖိအားရှိတာကြောင့် ရဲ မူးယစ် အထူးတပ်ဖွဲ့၊ ယခုအခါ အကြမ်းဖက်များကိုနှိမ်နှင်းဖို့ (တပ်/ရဲ) အထူး အကြမ်းဖက် တပ်ဖွဲ့နဲ့ (အဓိက အရေးကြီး) ပုဂ္ဂိုလ်လုံခြုံရေး (ထောက်လှမ်းရေးတဖြစ်လဲ) တို့အတွက် ထောက်လှမ်းရေး ပညာများအပါအဝင် အထူးလေ့ကျင့်ထားတဲ့ လျှို့ဝှက်ကွန်မန်ဒို ခေါ် Special Force၊ ပါတ်ပို့စ်၊ လေဆိပ်၊ သင်္ဘောဆိပ် အပါအဝင် ကုန်းတွင်း နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စတွေမှာ အထောက်အကူအဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပစ္စည်းစစ်ရေး အဓိကဖြစ်တဲ့ အကောက်ခွန်ဦးစီးဌာနလည်း ရံဖန်ရံခါ တာဝန်ပေးလာပါတယ်။ ဌာနတွေများသော်လည်း တပ်မတော်ထောက်လှမ်းရေးကသာ ချုပ်ကိုင်ခဲ့ပြီး ထောက်လှမ်းရေးတပ်မှူးအချို့ကိုလည်း ရဲနဲ့အဆိုပါ ဦးစီးဌာနများကို အသွင်ပြောင်းကာ သွပ်သွင်း အုပ်ချုပ်ထားတာကြောင့် လူထုကို နှိပ်ကွပ်တဲ့အပြင် နောက်ဆုံးတပ်ကိုပါ ပြန်နင်းတဲ့ စစ်ထောက်လှမ်းရေးအဖြစ် နံမည်ဆိုး ကျော်ကြားခဲ့ပါတယ်။

၃၁။ ပီတာဇီမန်းက ဆက်ပြောရာမှာ အာဏာရှင်တွေ ဆုံးရှုံး ပြိုပျက်ပြီးနောက် အသစ်ပေါ်ပေါက်လာတဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ပဓာနတာဝန်ဟာ လက်ရှိလျှို့ဝှက်ရဲအဖွဲ့ကို ဖျက်ပစ်ဖို့ ဖြစ်ပြီး အဲဒါဟာ ခေတ်ပြောင်းတော်လှန်ရေး အောင်မြင်ဖို့ သူရဲ့အဓိကကျတဲ့ တာဝန်ဖြစ်တယ်လို့ပြောပါတယ်။ ဒီအတွက် သူ့မှာ အနည်းဆုံး အကြောင်း နှစ်ချက် ရှိပါတယ်။ လျှို့ဝှက်ရဲအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ရုတ်သိမ်းလိုက်ခြင်းအားဖြင့် အရင်လမ်းစဉ်ကို ပြန်ဦးမလှည့်တော့ဘူးဆိုတာ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းက စိတ်ချစေနိုင်တယ်။ လမ်းစဉ်ဟောင်းနဲ့ ပြတ်စဲကြောင်း ထင်ထင်ရှားရှား လက္ခဏာပြပြီး ပြည်သူနဲ့ ကမ္ဘာကို ယုံကြည်သွားစေတယ်။ နိုင်ငံရေးအထက်စီးရသူတို့ – လူသစ်တစ်စုဟာ ထောက်လှမ်းရေးနဲ့ လုံခြုံရေး ဌာနသစ် တည်ထောင်မလား၊ အာဏာရှင်အစိုးရ ကျဆုံးပြီးနောက်၊ ရှိနေတဲ့ ဌာနဟောင်းကို ချက်ချင်း ဆိုသလို ပြုပြင်ဖွဲ့စည်းမလား ဆိုတဲ့ စိန်ခေါ်မှုတွနဲ့ ပီတာဇီမန်း ရင်ဆိုင်ခဲ့ရပါတယ်။

၃၂။ အာဏာရှင် နိုင်ငံတွေမှာ ထောက်လှမ်းရေး အဖွဲ့အစည်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှု အတိုင်းအတာဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြတော့ရှိပါတယ်။ ချိုးဖောက်မှု အဆင့်ဟာ အထက်စာရင်းအရ ပထမအဖွဲ့မှ နောက်ဆုံးအဖွဲ့ကို တိုးများသွားသလိုနောက်ဆုံး အဖွဲ့ဟာ သဘောသဘာဝအရ ထောက်လှမ်းရေးအဖွဲ့တောင် မဟုတ်တော့ဘဲ တကယ်တော့ ဖိနှိပ်တဲ့ လျှို့ဝှက်ပုလိပ် အဖွဲ့သာ ဖြစ်တယ်လို့သူကဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံများမှာတောင် ပြည်သူတွေက ထောက်လှမ်းရေးအဖွဲ့ မတော်တရော်လုပ်မှာကို သံသယနဲ့ သတိထား ကြည့်တတ်ကြတယ်။ သူတို့ရဲ့ကြောင့်ကြမှုဟာ ပြည်တွင်းတန်ပြန်ထောက်လှမ်းရေးဌာနနဲ့ အများဆုံး ပတ်သက်တယ်လို့ပြောပါတယ်။

၃၃။ အစိုးရအပြောင်းအလဲ ဖြစ်ပြီး နှစ်လအကြာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဌာနစိတ် (၂) (နိုင်ငံတော်
လုံခြုံရေး ဌာန StB) ကို ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်နဲ့ သူက ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီကာလကစလို့ ဌာနစိတ် (၂) အဖွဲ့ဝင်တွေဟာ ပြည်သူ့ကော်မတီနဲ့ ရွေးချယ်စီစစ်ရေးကော်မတီမှာ  စိစစ်ခံပုဂ္ဂိုလ်တွေ ချက်ချင်း ဖြစ်လာကြတယ်။ ပြည်သူ့ ကော်မတီများကို ပြည်သူ့ဟစ်တိုင်နဲ့ တခြား ပါတီများရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါတွေက တော်လှန်ရေး အဖွဲ့အစည်းစစ်စစ် ဖြစ်တယ်။ ပြည်သူ့ကော်မတီရဲ့လမ်းစဉ်ကို လက်တွေ့အကောင်အထည်ဖေါ်တဲ့ အဖွဲ့ဖြစ်တဲ့ ရွေးထုတ်စီစစ်ရေးကော်မတီမှာ ထောက်လှမ်းရေးတဖြစ်လဲတို့ကိုယ်တိုင် တက်ကြွစွာ ပါဝင်လာကြပါတယ်။ သူရဲ့စီမံချက်က ရွေးထုတ်စိစစ်ရေးရဲ့ ရည်ရွယ်က အဖွဲ့ဝင်များကို အုပ်စု (၃) ခု ခွဲထုတ်ဖို့ ဖြစ်ဟန်တူပါတယ်။ ဒီသုံးခုကတော့ ဌာနသစ်မှာ ထမ်းဆောင်ခွင့်ပြုတဲ့သူတွေ၊ ရဲတပ်ဖွဲ့သို့ ပြောင်းရွေ့ရမဲ့ လူတွေနဲ့ လုံးဝနှုတ်ထွက်ခိုင်းခံရမဲ့လူတွေဆိုပြီး သုံးအုပ်စု ဖြစ်ကြတယ်။ ရလာဒ်က ထူးထူးခြားခြားကွဲပြားနေပြီး စာရင်းအားလုံးက လုံးဝ စိတ်မချရတာတွေ့ရပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိကအကြောင်းက စီစစ်ရေးကော်မတီတစ်ခုစီဟာ စနစ်တကျ ပြင်ဆင်မှုမရှိဘဲ ဗဟိုကွပ်ကဲမှု မရှိဘဲ လွတ်လပ်စွာ လုပ်ပိုင်ခွင့်နဲ့ လုပ်ကြတာကြောင့် ဖြစ်တယ်။ ဒီလို ဖြစ်ပေမဲ့ အဲဒီအချိန်က အဲဒါ တစ်ခုတည်း ရှိတဲ့ ရွေးစရာလမ်း ဖြစ်ပြီး အရေးကြီးတဲ့ ခြေလှမ်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီ့အပြင် နောက်ပိုင်း အရမ်း ဝေဖန်ခံခဲ့ရတဲ့ ထောက်လှမ်းရေးဟောင်းများကို အသုံးပြုတာကို မလုပ်ရင် လုံးဝ မဖြစ်နိုင်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်လို့သူကသုံးသပ်ပါတယ်။

၃၄။ ပီတာဇီမန်းချမှတ်ခဲ့တဲ့ မဟာဗျူဟာမူဝါဒတွေအပေါ် ပြည်တွင်းလူထုရဲ့ တုံ့ပြန်လာချက်ကို ဖေါ်ပြပေးလိုက်ပါတယ်။ ၁၉၉၃ နဲ့ ၁၉၉၄ ခုနှစ်အတွင်းမှာ ချက်သမ္မတနိုင်ငံမှာ အရေးကြီးတဲ့ ခြေလှမ်းတွေကို လူ့အဖွဲ့အစည်းလိုက် ပြုပြင်ပြောင်းလဲရေးအတိုင်းအတာနဲ့ လှမ်းနေကြတယ်။ ပိုင်ဆိုင်မှုပုံစံသစ်ကို စတင်တယ်။  နိုင်ငံရေး ပါတီတွေကို ထောင်တယ်။ ဥရောပမှာ အမြန်ဆုံး တတ်သိလာသူများအဖြစ် သဘောထားခံရလို့  ချက်လူထုဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရလာကြတယ်။ ဒီအချိန်အထိ ကျင့်သုံးလာတဲ့ စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲရေး မူဝါဒအပေါ် အမြင်သစ်တွေ စာနယ်ဇင်းတွေ ထဲမှာ ပါလာတယ်။ ဒီအမြင်သစ်ဟာ  ဆိုဗီယက် အာဏာရှင် စနစ်ကျဆုံးတာကို အခြေခံပြီး ဖြစ်တယ်ဆိုတာ ထွက်ပေါ်လာတာ ရှင်းနေပါတယ်။ လက်ယာစိတ်ဓာတ်လှိုင်း ဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေး ထပ်ဆောင်းထားတယ်။ တော်လှန်ရေးပြီးနောက် လူထုကလည်း ရွှင်လန်းဝမ်းမြောက်တဲ့အရှိန်၊ အတိတ်ကိုသင်ပုန်းချေဖို့ ငြင်းခုံဆွေးနွေးတဲ့ အရှိန်လျော့ကျလာတယ်။

၃၅။ နိုဝင်ဘာ တော်လှန်ရေး မတိုင်ခင် StB ဟာ ထောက်လှမ်းရေး အဖွဲ့သစ် တွေလိုဘဲ မကောင်းဆိုးဝါး လက်သည်တစ်ကောင်အဖြစ် တစ်ကြိမ် လက်ညိုးထိုးခံရပြန်တယ်။ အရင် StB အရာရှိတွေ ပါနေသေးမှတော ဘယ်လိုလို့  ကောင်းတော့မှာလဲတဲ့ ဆိုပြီး ဖိအားပေးခံရဟန် တူပါတယ်။ ဒါနဲ့ပဲ သူက ဖြေရှင်းပုံ ထပ်ပြောပါတယ်။ အဆက်မပြတ်ပြောင်းလဲနည်းကို လက်ခံ ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တာကို တစ်ကြိမ်ပြန် စီစစ် ခံရပြန်တယ်။ ခဏခဏ ဆွေးနွေးခဲ့ကြတဲ့ သုည ဖြေရှင်းနည်း ကို ရွေးခဲ့ရင် မကောင်းလားလို့သူစဉ်းစားပါတယ်။ သုညဖြေရှင်းနည်းဆိုတာ အရင် အရာရှိတွေကို တစ်ယောက်မကျန်ကို ထုတ်ပစ်ပြီး လူသစ်တွေနဲ့ချည်း အဖွဲ့သစ်ဖွဲ့တဲ့နည်းပါ။  သုညဖြေရှင်းနည်းကို ဆန့်ကျင်သူတွေရဲ့ အကြောင်းပြချက်တွေထဲမှာ ထောက်လှမ်းရေးတစ်ယောက် ကျွမ်းကျင်ပြည့်ဝလာဖို့ ဆိုတာ ခုနှစ်နှစ်ကနေ ဆယ်နှစ်ထိ ကြာတတ်တယ်။ ဒီအတောအတွင်း ထောက်လှမ်းရေး အဖွဲ့သစ်ဟာ အားနည်းပြီး တိုင်းပြည်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတိပေးချက်တွေ ပါဝင်တယ်။ ဒါဟာ ခိုင်မာတဲ့ အကြောင်းပြချက်လို့သူကဆိုပါတယ်။ တဖန် နိုင်ငံတော်လုံခြုံရေး StB ကို ဖျက်သိမ်းပြီး ရွေးထုတ်စီစစ်ရေး စတင်တဲ့အခါ ပထမဆုံးဆက်ခံတဲ့ဌာနကို သူက တည်ထောင်ပေးကာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေးရုံး (UOUD) လို့ခေါ်တွင်စေပါတယ်။

၃၆။ တန်ပြန်ထောက်လှမ်းရေးကို ဘယ်လိုစီမံချက်ချပြီး ပြန်လည်ဖွဲ့စည်းခဲ့ရသလဲဆိုတာ ပီတာဇီမန်က ဆက်ပြောပါတယ်။ ပြန်လည်ဖွဲ့စည်းရေး ပထမအဆင့်မှာ အရင် StB အဖွဲ့ဝင်တွေက ရာနဲ့ချီ ရှိတယ်။ နောက်ဆက်တွဲအဆင့် ဖွဲ့စည်းရေးနဲ့ သန့်စင်ရေးတွေမှာ သူတို့ရဲ့ အရေအတွက်ကို ဆယ်ဂဏာန်းအထိ လျှော့ချပစ် လိုက်တယ်။ နေရာဌာနတိုင်း လိုလိုမှာ သူတို့က ဦးစီးဦးကိုင်ရာထူး မှာတော့ မရှိကြပေမဲံ့ သူတို့ဟာ လုပ်ငန်းရဲ့ပရိယာယ်ကို နောကျေနေ သူတွေ၊ အခြေအနေသစ်မှာ တက်တက်ကြွကြွ အလုပ်လုပ်သူတွေ၊ စည်းကမ်းရှိပြီး အကြီးအကဲသစ်တွေ အပေါ်မှာ သစ္စာရှိသူတွေ ဖြစ်လာကြတယ်။ ဒုတိယအုပ်စုမှာ တစ်ဖြစ်လဲထောက်လှမ်းရေးတွေ ပါလာတယ်။ သူတို့ထဲက အများစုဟာ နောက်နှစ်နှစ်အတွင်း အငြိမ်းစား ယူသွားကြပါတယ်။ သူတို့ရဲ့ပြဿနာကတော့ ထောက်လှမ်းရေး လုပ်ငန်းရဲ့ အခန်းကဏ္ဍကို ၁၉၆၀ လွန် နှစ်တွေတုန်းက သူတို့ လုပ်ခဲ့သလိုမျိုး ရှုမြင်နေကြပြီး ကမ္ဘာကြီး လုံးဝ ပြောင်းသွားပြီဆိုတာကို နားမလည်ကြတာပဲ ဖြစ်တယ်လို့ဆိုပါတယ်။  ဒါပေမဲ့ (လူဟောင်း)သူတို့ရဲ့ အတွေ့အကြုံ တစ်ပုံတစ်ခေါင်းကြီးကတော့ ထောက်လှမ်းရေးသစ်ပေါက်စတွေအတွက် တစ်ခါတစ်ခါ အကျိုးအများကြီး ရှိပါတယ်။

၃၇။ ဌာနထဲ ပထမဝင်လာတဲ့ လူသစ်တွေဟာ အရင်အစိုးရ ဆန့်ကျင်သူတွေ၊ အတိုက်အခံတွေ (သူတို့က ဦးစီးဦးကိုင် ရာထူးတွေကို ယူထားကြတယ်) နဲ့ စုပြုံဝင်လာကြတဲ့ သူတို့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ဖြစ်ကြပါတယ်။ အစကတော့ လူတွေ့စစ်တဲ့ လုပ်ထုံးလုပ်နည်းတွေဟာ သဘောအားဖြင့် အများကြီး တော်လှန်ရေးဆန်ပြီး သမရိုးကျမဟုတ်သလို လုပ်ရည်ကိုင်ရည်ကိုလည်း မစစ်တာမို့အရည်အသွေးမရှိတဲ့ လူတွေတော်တော်များများဟာ အမျိုးသား လုံခြုံရေးဌာနရဲ့ ရာထူးအသီးသီးမှာ အချိန်အတန်ကြာ ဝင်ပါလာကြတယ်။ ဒီတတိယအုပ်စု တစ်ခုလုံးဟာ အစပိုင်းမှာ စည်းကမ်းမရှိတဲ့ လူပြိန်းတွေသာဖြစ်တယ်လို့ပီတာဇီမန်းက သုံးသပ်ပါတယ်။ ထောက်လှမ်းရေး လုပ်ငန်းဆိုတာ ဘာလဲ။ ဘယ်လိုလုပ်ရလဲ ဆိုတဲ့ မေးခွန်းမျိုး ဘယ်တော့မှ မပေါ်ဘူး။ ကောင်းကောင်း မဆွေးနွေးကြဘူး။ စုပေါင်းကာကွယ်ရေး ဆိုတဲ့ ယောင်တိယောင်ဝါး သဘောထားကို တစ်ခါတစ်လေ ကိုးကားပြောကြတယ်လို့သူကဆိုပါတယ်။ ထောက်လှမ်းရေးဌာန အပါအဝင် လုံခြုံရေး ကဏ္ဍ တစ်ခုလုံးဟာ တဖြေးဖြေး ဆက်လက်တိုးတက် ပြောင်းလဲလာလိမ့်မယ်။ အရင် ထောက်လှမ်းရေး၊ တန်ပြန်ထောက်လှမ်းရေးအဖွဲ့တွေကို လုံးဝဥဿုံ      မဖျက်ပစ်လိုက်ရဘဲ ဝန်ထမ်းတွေကို တဖြေးဖြေး ပြောင်းလဲရလိမ့်မယ်လို့ ချက်ကိုစလိုက လူထုအများက နားလည် ထားကြတယ်။ သူတို့ရဲ့ အိမ်နီးနားချင်း ကွန်မြူနစ် နိုင်ငံဟောင်း တွေကလည်း  ဒီမဟာဗျူဟာကိုဘဲ ရွေးချယ်ထားကြတယ်။ ဝန်ထမ်းဟောင်းတွေကို ဘယ်နှစ်ယောက်အထိ ဖယ်ရှားမယ်။  ဘယ်လောက်ကြာကြာ ထားဦးမယ်ဆိုတဲ့ ဝိဝါဒ ကွဲတာလောက်ပဲ ရှိပါတယ်လို့ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဗိုလ်ထက်မင်း, ရသဆောင်းပါးစုံ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်