အမေရိကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲ အိုင်အိုဝါပြည်နယ်က စတင်

February 2, 2016

 
အမေရိကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲ အိုင်အိုဝါပြည်နယ်က စတင်
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆
ဖေဖော်ဝါရီ ၁ က အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်မှာ နို်င်ငံရေးပါတီကြီး ၂ရပ်အတွက် သမတလောင်းတွေ အကြိုရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ Primary election လို့ ခေါ်ပါတယ်။ အိုင်အိုဝါ အကြိုရွေးကောက်ပွဲကို Iowa Caucuses လို့ ခေါ်ပါတယ်။ ဖေဖော်ဝါရီက စတင်ပြီးနောက် နောက်လတွေမှာလည်း ပါတီအသီးသီးအတွက် အကြိုရွေးကောက်ပွဲတွေကနေ ပါတီကိုယ်စားပြု သမတလောင်းကို ပြည်သူတွေက ဆန္ဒပေးကြမှာပါ။ သမတလောင်း အကြိုရွေးကောက်ပွဲ မဲစာရင်းကနေ ပါတီကြီးတွေက နောက်ဆုံးပါတီကိုယ်စားပြု သမတလောင်းကို ၂၀၁၆ နို၉ င်ဘာ သမတရွေးကောက်ပွဲအတွက် အတည်ပြု ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဖြစ်ချင်သူတွေက ဒေါ်နယ်ထရန့်၊ မာကိုရူဘီယိုနဲ့ တက်ဒ်ခရုဇ် တို့ ဖြစ်ကြပြီး ဒီမိုကရက်ပါတီအတွက် ဟီလရီကလင်တန် နဲ့ ဘာနီဆင်ဒါး တို့ ဖြစ်ပါတယ်။ လူထုက သမ္မတလောင်းအသီးသီးကို ပါတီစွဲအလိုက် အကြိုမဲဆန္ဒပေးကြရာမှာ – ရီပတ်ဘလစ်ကန်က နံပါတ်တစ် တက်ဒ်ခရုဇ်၊ နံပါတ် ၂ နဲ့ ၃ က ဒေါ်နယ်ထရန့် နဲ့ မာကိုရူဘီယို တို့ ဖြစ်ကြပါတယ်။ ဒီမိုကရက်အတွက် ဟီလရီကလင်တန်နဲ့ ဘာနီဆင်းဒါးတို့က မဲအရေအတွက်ချင်း တူညီနေကြပါတယ်။ အခြားပြည်နယ်တွေက အကြိုရွေးကောက်ပွဲတွေကနေ ဘယ်သူက မဲအများဆုံး ရမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:နိုင်ငံတကာရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်