ဟေမန်သဇင် – ကောင်းတာလေးတွေ ရှယ်ကြမယ် – ၁

February 6, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဟေမန်သဇင် – ကောင်းတာလေးတွေ ရှယ်ကြမယ် – ၁

(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၆

ကောင်းတာလေးတွေ ရှယ်ကြမယ် လို့  စိတ်ကူးမိတာ ရယ်.. ကောင်းတာလေးတွေ ကို လည်း မေ့ပျောက် မသွားခင် လေး မှာ မှတ်တမ်းလေး တွေ ရေးထား ချင် တဲ့ အတွေး လေး ပေါ် လာလို့ ရယ် ကောင်းတာလေး တွေ ရှယ်ကြမယ် ဆိုတဲ့  ခေါင်းစီး အောက်မှာ အပိုင်းလေးတွေနဲ့  ရေးဖို့ စိတ်ကူးမိတယ်။

ပထမ ဆုံး ဝေမျှ ချင်တာ က ဆန်ဟိုဆေး ပြည်နယ် တက္ကသိုလ်မှာ ၅နှစ်တာ ကာလ အတွင်း အချိန်ပိုင်း ဆရာမ လုပ်ခဲ့ တုန်း သင်ခဲ့ ရတဲ့ ဘာသာတ ချို့ ကိုပါ။ တချို့ ဘာသာရပ်တွေဟာ သက်ဆိုင်တဲ့ ကျောင်းသား တွေ အတွက်သာ မဟုတ်ပဲ စိတ်ဝင်စားတဲ့ တခြားသူတွေ အတွက်လည်း ဗဟုသုတရစေပါတယ်။ ဒါကြောင့် ပညာရှင်ဆိုင်ရာ မျိုး မဟုတ်ပဲ ပေါ့ပေါ့ ပါးပါး နဲ့  သိသင့် တဲ့ ဟာလေးတွေ ကို အပိုင်းလေး တွေ ခွဲ ပြီး မျှဝေ ချင်ပါတယ်။

ပထမဆုံး ဝေမျှ ချင်တဲ့ ဘာသာရပ်က တော့ Principle of Environmental Engineering ပါပဲ။
ဒီဘာသာရပ် ကတော့ အင်ဂျင်နီယာ ကျောင်းသားတွေ အတွက် မယူမနေရ ဘာသာရပ်ပါ။ သင်ရတဲ့  ဌာန က Civil Engineering ဆိုတော့  Civil ကျောင်းသားတွေ က အများစုလာ တက်ကြ ပါတယ်။ ရည်ရွယ် ချက်ကတော့ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဆိုင်ရာ နဲ့  ပတ်သက်တဲ့ အခြေခံ သဘောတရားတွေကို ကျောင်း သားတွေ သိနားလည်စေဖို့  ပါပဲ။ အဲ လို ဆိုရင် အင်ဂျင်နီယာ တယောက် အနေနဲ့  တဖက် က လူ ဘောင်ကောင်း ကျိုး တွေလုပ်ရင်း တဖက်ကလည်း သဘာဝ တရား ရဲ့  မျှ ခြေ တွေ ဟန်ချက် မပျက်အောင် ထိန်းညှိ ဖို့ လိုတယ်ဆိုတဲ့ အသိ လေး ရှိသွားစေဖို့  ရည်ရွယ်ထားတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်နီယာ ကျောင်းသားတိုင်း မယူမဖြစ် ယူရတဲ့  ဘာသာအဖြစ်သတ်မှတ်ထားတာပါ။

အဲဒီဘာသာရပ်ထဲမှာ ပါတဲ့  အကြောင်းတွေ က..
ဆိုးဆိုးရွားရွား ဖြစ်ခဲ့ တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု့  တွေ အကြောင်း နဲ့  ဒါကို ဖြစ်စေတဲ့  အကြောင်းရင်း နောက်ခံတွေ ၊

လေထုညစ်ညမ်းမှု့  ရေညစ်ညမ်းမှု့  မြေ ညစ်ညမ်းမှု့  တွေ အကြောင်း၊

ပြီးရင်တော့ အမေရိကန် ပြည်ထောင်စုရဲ့  ပတ်ဝန်းကျင် ထိမ်းသိန်း မှု့  နဲ့ ဆိုင်တဲ့  ဥပဒေ နည်းဥပဒေ တွေ

အဲ ဒါ နဲ့ တဆက်တည်း အင်ဂျင်နီယာ တဦး ရဲ့ ရှိသင့် တဲ့ အခြေခံကျင့်ဝတ်၊

ဒါတွေ ပြီးရင်တော့  လူ့ သားတွေ အတွက် အရေးပါတဲ့  သန့် ရှင်းတဲ့ ရေ အကြောင်း နဲ့ 

သန့် ရှင်းတယ်ဆိုနိုင်ဖို့  ဘယ်လို အချ က်တွေနဲ့ စံထားသလဲ။

သန့်ရှင်းအောင်ဘယ်လို ပြုပြင်သလဲ။

သန့် ရှင်းတဲ့  ရေ ကို ဘယ်လို ဖြန့် ဝေသလဲ။

သန့် ရှင်းတဲ့ ရေ တွေ သုံး ပြီး ပြန်ထွက်လာတဲ့ ရေ တွေ ကို ဘယ်လို ပြန်သိမ်းမလဲ။

မသန့်တဲ့  ရေ တွေ ကို ပြန် မစွန့် ပစ်ခင် ဘယ်လို ပြန် ပြုပြင် သေးလဲ ။

အဲဒီ ကနေ ပြီး ရင် လေထုညစ်ညမ်းစေတဲ့  အကြောင်းရင်းတွေ။

လေထုကိုညစ်ညမ်းစေတဲ့  အန္တရာယ်အရှိဆုံးဓါတ်ငွေ့  တွေ နဲ့  လက်ခံ နိုင်တဲ့ ပမာဏ တွေ

အားလုံး ပြီးရင် တော့ ညစ်ညမ်းမှု့ တွေကို ဘယ်လို ထိန်း ချုပ်မလဲ။

အဲဒီက တဆင့် တက်ပြီး ဖြစ်ပြီးမှ ထိန်း ချုပ် ဖို့ ထက် မဖြစ်အောင် ကာကွယ်ဖို ။

ဒါတွေ အားလုံး နဲ့  ရင်းနှီး ကျွမ်းဝင်သွားပြီ ဆိုရင်တော့  သဘာဝတရား ရဲ့ မျှ ခြေ တွေ ရှိနိုင်ဖို့  သဘာဝ အရင်းအမြစ်တွေကို ဘယ်လိုသုံးစွဲ မလဲ ဆိုတဲ့ အကြောင်းအရာ ။

နောက်ဆုံး မှာ တော့ Civil ကျောင်းသား အများ စု အတွက်Green Construction ကို မိတ်ဆက်ရင်း ဒီဘာသာရပ် ကို အဆုံးသတ်ထားပါတယ်။

အခုအချိန်မှာ တော့ ကျမ တို့  ဆီမှာ Green ..Green နဲ့  နေရာတိုင်းမှာ Green Concept ကို လှိုင်လှိုင်သုံး နေကြပါပြီ။

နောက်တခေါက်မှာတော့ ကျောင်းဖွင့်ရက် ရဲ့  ပထမဆုံး နေ့  အကြောင်းကို ဝေမျှချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Hay Man Thazin, ခေတ်ပြိုင်အတွေ့အကြုံ, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်