ဟေမန်သဇင် – ကောင်းတာလေးတွေ ရှယ်ကြမယ် – ၂ (GreenSheet)

February 13, 2016

 

ဟေမန်သဇင် – ကောင်းတာလေးတွေ ရှယ်ကြမယ် – ၂  (GreenSheet)

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆

တကျောင်းတဂါထာ တရွာ တပုဒ်ဆန်း ဆိုသလိုပဲ.. တက္ကသိုလ်တွေ တခုနဲ့ တခု စီမံ ပုံ ကွဲပြားကြတယ်။ ကျမ လုပ်ခဲ့ တဲ့ ပြည်နယ် တက္ကသိုလ် (CSU = California State University) ဆို ရင်တနှစ်မှာ ၂ ကြိမ်စာသင်နှစ် ကို သတ်မှတ်တယ်။ အခု သမီးတို့ တက်နေ တဲ့  (UC = University of California) ဆို တနှစ်မှာ ၃ကြိမ် စာသင်နှစ်ကို သတ်မှတ်ထားတယ်။

ကျောင်းသားတွေ ဟာ စာသင်နှစ်မကုန်ခင်မှာ နောက်စာသင်နှစ် အတွက် ဘယ်ဘာသာတွေ ယူရမလဲ ဆိုတာ ကို သက်ဆိုင်တဲ့ Consellor နဲ့  တွေ့ ပြီး ဆုံးဖြတ်ကြတယ်။ ပြီးတာ နဲ့  Online Registering လုပ်ပေ တော့ ပေါ့။ တချို့ Core Subject လို့ ခေါ်တဲ့  မယူမနေရ ဘာသာရပ်တွေ ဆို ကျောင်းသားတွေဟာ အမြန် Register လုပ်ရတယ်။ မဟုတ်ရင် လူပြည့် သွားလို့ ဝင်ခွင့် မရရင် နောက်စာသင်နှစ်ကို စောင့်ရတာမျိုးနဲ့  ကြုံ ရတတ်တယ်။

ကျောင်းဖွင့် တဲ့ ပထမဆုံးရက် မှာ Green Sheet လို့ ခေါ်တဲ့  Syllabus နဲ့ ပတ်သက်တဲ့  အချက် အလက်တွေ ကို ကျောင်းသားတွေ ဆီ ဝေရတယ်။ Green Sheet လို့  ခေါ် တဲ့ အတိုင်း အစိမ်းရောင် A – 4 စာရွက် တွေ နဲ့  ကို မိတ္တူ ကူးထားတာမို့ ပါ။ ဘယ်အချိန် ကတည်း က စခဲ့တဲ့ အစဉ်အလာ လဲ မသိပါဘူး။ ကျမ MSc တက် ခဲ့ တဲ့  ၂၀၀၅ တုန်းက ကလည်း ဒီလိုပဲ.. ပထမဆုံး နေ့ မှာ Green Sheet တွေ ရခဲ့ တာပဲ။ အဲဒီအစဉ်အလာ ကို အခုထိ ထိမ်းသိမ်းထားဆဲပါပဲ။

အတန်း ကို မသွားခင်ကတည်း က ကိုယ့်အတန်းမှာ တက်မဲ့ ကျောင်းသားတွေ ရဲ့ စာရင်း ကို လည်း တပါတည်း ယူသွားရသေးတယ်။ အတန်းတတန်း မှာ ကျောင်းသား အရေအတွက် ကန့်သတ်ထား တယ်။ စာရင်း မသွင်းထားတဲ့ ကျောင်းသားတွေ က လည်း နေရာ လွတ်နိုင်မလား ဆို ပြီး လာတက်ကြတယ်။ သူတို့ တွေ ကို စာရင်းယူထားပြီး တက်ခွင့် ရထားတဲ့  ကျောင်းသားတွေ ထဲ က အကြောင်းတခုခု ကြောင့် မတက်ဖြစ်ခဲ့ ရင် သူတို့ တွေထဲ က အသင့်တော် ဆုံး ကျောင်းသား ကို အစားထိုးရတယ်။ အသင့်တော်ဆုံး ဆိုတာ ဟာ ကိုယ့်ရဲ့ ဆုံးဖြတ် ချက်နဲ့  မရဘူး။ ဌာန ဆိုင်ရာ က နေ အသေးစိတ် ညွှန်ကြားထားကို လိုက်နာ ရတယ်။

ကျောင်းသားတွေ ကလည်း ပထမဆုံး ရက်ရဲ့ အတန်းတွေ ကို မတက်မဖြစ်တက်ရတယ်။ အရေးတကြီး အကြောင်းချင်းရာ တွေ ရှိရင် သက်ဆိုင်တဲ့ ဆရာတွေ ဆီ ကြိုပြီး အီးမေး ပို့ အကြောင်းကြားထားရတယ်။ အကြောင်းလည်း ကြားမထားပဲ ပျက်ကွက်ရင် သူတို့ ကို ဌာန က Drop လုပ်နိုင်တယ်။ ပြီးတော့ တချို့  ဘာသာတွေမှာ ဒီဘာသာ ကို တက်ချင်ရင် ကြို ပြီး ပြီးထားရမဲ့ ဘာသာတွေ (Pre-requesties) ကို ပြဌာန်း ထားတယ်။ အဲ ဒါ ပြီးထားလား မပြီးထား လား ဆိုတာ ကို စီစစ်ဖို့  သူတို့ ရဲ့  Unofficial Transcrip ကိုပါ ယူလာရတယ်။ ဒါတွေ အားလုံး မဟုတ်ရင်တော့ သူတို့  ကို ဌာန က Drop လုပ်နိုင်ပြန်တယ်။ အဲဒီ အချက် အလက်တွေ အားလုံးဟာ Online Registration လုပ်ချိန်မှာ အသေးစိတ် အသိ ပေးပြီး သား ဖြစ်တယ်။

ဆရာတွေ လည်း ကိုယ့် စတိုင်နဲ့  ကိုယ် သင်ကြတာပဲ။ တချို့ ဆရာတွေ ဆို ပထမ ဆုံးနေ့  မှာ စာစသင်ကြေေ ပေမဲ့ ကျမ ကတော့ ပထမဆုံး နေ့  မှာ စာစမသင်ပါဘူး။ ကျမရဲ့  အလုပ်က ပထမဆုံး နေ့ မှာ ကိုယ့်အတန်းလာတက်မဲ့ ကျောင်းသားတွေ အကြောင်း သိအောင် ရင်းနှီးအောင် သူတို့ ကို မိတ်ဆက် ခိုင်းတယ်။ သူတို့ မေဂျာ က ဘာလဲ.. ဘာကြောင့် ကျမ အတန်းကို တက် ချင်တာလဲ.. ဆိုတာ ကို မေးတယ်။ ကျောင်းသား အများစု က တော့  ရိုးရိုး ပဲ ဖြေကြတယ်။ မယူမနေရလို့  လာတက်တာတဲ့ . . တချို့ က လည်း စိတ်ဝင်စားလို့  လာတက်တာ လို့ ပြောပါတယ်။

သူတို့ တွေ မိတ်ဆက်ပြီးပြီ ဆိုရင် တော့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါတယ်။ ကျမရဲ့ Background နဲ့  လုပ်ငန်း အတွေ့ အကြုံ စတာတွေ ကို မိတ်ဆက် ပေးပါတယ်။ ပြီးရင်တော့ ကျမ ဝေထားတဲ့  Green sheet ကို အသေးစိတ် ရှင်းပြ လေ့ ရှိပါတယ်။ ကျမ အမြဲ ပြောလေ့ ရှိတာ က Green Sheet ဟာ ကျောင်းသားနဲ့  ဆရာ ကြား ကွန်ထရက် စာချုပ်လိုပဲ လို့ ။ ကျောင်းသားတွေက စာသင်နှစ်တခု အတွက် တက် ဖို့  သဘော တူထားတယ်။ ဆရာ တွေ ဖက် က လဲ ဒီစာသင်နှစ်မှာ သူတို့ ဘာတွေ လုပ်မယ် ဆိုတာ အသေးစိတ် ပြောပြထားတယ်။ ပထမ ဆုံး ရက်မှာ ဒီ Green Sheet ကို ပေးလိုက်မယ်။ သေချာ လေ့လာ ပြီး ကြိုက်ရင် သဘောတူရင်ဆက်တက်.. မကြိုက်ရင် စာရင်းပေးထားတာ ကို ဖျက်လိုက်ရုံပဲ။ ကြိုက်လို့  တက်ပြီ ဆိုရင် တော့ ဒီ Green Sheet မှာ ပြောထားတဲ့  အတိုင်း လိုက်နာရုံပေါ့။

Green Sheet ထဲမှာ …သင်မဲ့ဆရာ နဲ့ သူ့ ရဲ့  ရုံးခန်း ..အီးမေး.. စာမေးနိုင်မဲ့ အချိန်.. text book တွေ အပြင်..နေ့  အလိုက် သင်မဲ့ သခီန်းစာ တွေ ကို အသေးစိတ် ပြောထားသလို စာမေးပွဲ ဘယ်နှစ်ခါ စစ်မလဲ.. အမှတ်ခွဲဝေ ပုံ က ဘယ်လို စတဲ့ အချက်အလက် တွေ အသေးစိတ် ထည့် ပေးထားပါတယ်။ ဒါ့ အပြင် ဒီဘာသာ ကို ယူလိုက် လို့ ဘယ်လို အကျိုးတွေ ရမလဲ ဆိုတာ လဲ ပြောထားသေးတယ်။ ပြီးတော့  ကျောင်းသားတွေ လိုက်နာ ရမဲ့  တက္ကသိုလ် ရဲ့ စည်းမျဉ်း တွေ။ ပင်မဌာန ရဲ့  စည်းမျဉ်း တွေ ကို လည်း ထည့် သွင်း ဖော်ပြထားသေးတယ်။

ဒါ့ အပြင် ကျောင်း သား တယောက် ဟာ မသန်မစွမ်း (ရုပ်ပိုင်း /စိတ်ပိုင်း) ဖြစ်ခဲ့ ရင် သူတို့ အတွက် ပေးနိုင်တဲ့ အထောက်အကူ အထောက်အပံ့  စတာတွေ ကို ပါ အသေးစိတ် ထည့် ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ မစွမ်းသူ တွေ ဆို ရင် သူတို့ ကို စစ်ဆေး တဲ့  ဌာန ရဲ့  ညွှန်ကြား ချက်အတိုင်း စာမေးပွဲ ကို စိစဉ် ပေးရပါတယ်။ သူတို့ အတွက် သတ်မှတ် ထားတဲ့  စာဖြေခန်းမှာ ဖြေ ချင် ရင်တော့  မေးခွန်း ကို အဲ ဒီ ဌာန ဆီ အီးမေး နဲ့  ပို့ ပေး ရပါတယ်။ သူရဲ့  အဖြေလွှာ ကို လည်း အီးမေး နဲ့  Scan လုပ်ပြီး ပြန်ပို့ ပေးပါတယ်။ စာဖြေချိန် ဟာ လည်း ပုံမှန် ထက် တဆခွဲ ကနေ နှစ်ဆ ထိ ပိုပေးရပါတယ်။ ဒါတွေ အားလုံး ဟာ လျို့ ဝှက် ပါပဲ။ အဲဒီ ကျောင်းသား နဲ့  ဆရာ ကြားပဲ သိပါတယ်။ ကျောင်းသား အားလုံး ရဲ့  စာမေးပွဲ ရဲ့  ရလာဒ်တွေ ဟာလည်း လျို့ ဝှက်ပါပဲ။ ကျောင်းသားအချင်းချင်း တောင် သူတို့ ချင်းသာ မပြောရင် မသိနိုင်ကြပါဘူး။

အမှတ်ခွဲဝေ ပုံဟာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမှတ်တွေ အားလုံး ဟာ စာမေးပွဲ တခု တည်း အပေါ်မှာ ပုံ မထားပါဘူး။

1. Homework 15%

2. Laboratory 15%

3. Quiz 5%

3. Project 15%

4. Exam 1 15%

5. Exam 2 15%

7. Final Exam 20%

စာမေးပွဲ က နေ ရ နိုင်တဲ့ အမှတ် ဟာ ၅၀% ပဲရှိပါတယ် ။ နောက်ထပ် ၅၀% အတွက် ကတော့ ကျန် တဲ့  အပိုင်းတွေ ကို မှန်မှန် လုပ်ရ ပါလိမ့် မယ်။ ဘာသာရပ်တော်တော် များများမှာ Project ပါလေ့ရှိပြီး အများ အားဖြင့် တော့ အုပ်စုလိုက် လုပ်ရတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ ရဲ့  ရမှတ် ဟာ တူတူ ဖြစ်မှာ မို့  အလုပ်သိပ်မလုပ်တဲ့ ကျောင်းသား ပါလာရင် တဖွဲ့ လုံး အမှတ် လျော့ နိုင်ပါတယ်။ ဒါပေမဲ့  ကျောင်းပြီး သွားလို့  လုပ်ငန်း ခွင် ၀င်ရင် လည်း အများနဲ့ တွဲပြီး လုပ်ရ မှာ မို့  အခုကတည်း က ညှို နှိုင်း ပြီး အတူတူ လုပ်နိုင်တဲ့ အတွေအကြုံ ရစေဖို့  အုပ်စုလိုက် Project ပဲ ပေးလေ့ရှိပါတယ်။

ကျောင်းသားတွေရဲ့  final exam အဖြေတွေ ကို တော့ ဆရာတွေ ဖက် က နေ ၁နှစ် ကြာထိ သိမ်းဆည်းပေးထားရပါတယ်။ တကယ်လို့  ကျောင်းသားတယောက်ဟာ သူရဲ့ အောင်စာရင်း ကို မကျေနပ်ခဲ့ ရင် သူ့ အဖြေလွှာ ကို တောင်းကြည့် နိုင်ခွင့် ရှိပါတယ်။

ကျောင်းသားတွေ ဖက် က လိုက်နာ ရမဲ့  အချက်တွေ ကို University Policies နဲ့  Department Policy တွေ အောက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။ University Policies အောက် က Plagiarism ကိုတော့ ပထမဆုံး ကျောင်းဖွင့်ရက်မှာ ကျောင်းသား တွေ ကို သေသေချာချာ သတိပေးလေ့ရှိပါတယ်။ တခြားသူတွေ ရေးထားတဲ့ စာတွေေ..တွ့ ရှိချက်တွေ.. ကို လေ့လာ အသုံးချ နိုင်ပေမဲ့  မူရင်း ရေးသားလေ့လာသူကို မညွှန်း ပဲ ကိုယ်တိုင်ရေးသလိုလို နဲ့  စာအပိုဒ်လိုက် ဖြစ်ဖြစ် တစိတ်တပိုင်းပဲ ဖြစ်ဖြစ် တိုက်ရိုက်ကူးယူ တာမျိုးကို ပြင်းပြင်းထန်ထန် အရေးယူမဲ့ အကြောင်းကိုပါ။

ဒါကြောင့် GreenSheet ဟာ ဆရာ နဲ့  ကျောင်းသား အကြား ပွင့် လင်း မြင်သာမှု့  ကိုပေးရုံသာမက နှစ်ဦး နှစ်ဖက် ယူရမဲ့  တာဝန် တွေကို လဲ တိတိကျ ကျ ပြဌာန်း ထားတာမို့  တကယ့် ကို အရေးပါတဲ့  အသက်သွေးကြော သဖွယ်ပါပဲ။

နောက်တခေါက်မှာတော့  ပတ်ဝန်းကျင် ညစ်ညမ်းမှု့  တခု နဲ့  ဘာသာရပ် အကြောင်း စ ပြီး ပြောပြ ပါ့မယ်။

———————————————————–

Green Sheet မှာ ပါတဲ့  အချက်များ

Instructor:

Office:

Telephone:

Email:

Office Hours:

Faculty Coordinator:

Class Days/ Time:

Classroom:

Laboratory:

Prerequisites:

Course Description:

Required Texts/ Readings Textbook:

Reference Text:

Course Goals and Student Learning Objectives:

Relation of Course to Program Objectives:

The outcomes that this course contributes to include:

Dropping and Adding:

Assignments and Grading Policy:

Course Policies:

Grading:

Grade distribution:

University Policies:

a) Academic integrity statement (from office of Judicial Affairs):

b) Campus policy in compliance with the American with Disabilities Act:

c) Plagiarism:

d) Add/Drops, Academic Renewal, Withdrawal,

CEE Policy Information:

LECTURE TOPICS AND SCHEDULE:

LABORATORY TOPICS AND SCHEDULE:

Laboratory Reports:

Project:


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Hay Man Thazin, ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

One Response to ဟေမန်သဇင် – ကောင်းတာလေးတွေ ရှယ်ကြမယ် – ၂ (GreenSheet)

  1. Catwoman on February 13, 2016 at 9:01 am

    It s normal here. Nothing new. There re many many colleges and universities here. The sad part is many Burmese re not a part of it yet and they re still amazed by the education system here.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်