ဖိုးထက် – ငါးယောက်မြောက် အိပ်မက်

February 14, 2016

ဖိုးထက် – ငါးယောက်မြောက် အိပ်မက်
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆

“သင်္ဘောစီးဖြစ်အောင် စီးခဲ့။ ဒီအချိန် အဲဒီမှာ သဘောင်္စီးရတာ တကယ့် အတွေ့အကြုံ အသစ်ဘဲ”ဟု အဆောင်က မထွက် ခင်ကတည်းက သူငယ်ချင်းများက သေသေချာချာ တိုက်တွန်းလိုက်ကြသည်။ တကယ်ဆို သူက မြန်မာပြည်ထဲမှာဘဲ ခရီးသွားရတာ ချစ်နှစ်သက်သောသူ ဖြစ်သည်။ သူများ တိုင်းပြည်တွေမှာ တကူးတက ခရီးတွေ သွားဖို့ သိပ်စိတ်ပါလှတာ မဟုတ်။ ဒါပေမယ့် အခုတော့ သူငယ်ချင်း ဖြစ်သူ တစ်ဦး၏ ကျန်းမာရေး ကိစ္စ အတွက် ဆေးရုံလိုက်ပို့ဖို့ အကူအညီပေးမည်လို့ ကတိပေးထားခဲ့သည်မို့ မဖြစ်မနေသာ ထွက်ခဲ့ရသည်။ အချိန်ရတော့လည်း သူတို့ ပြောတဲ့ သဘောင်္စီးဖြစ်အောင် သွားစီး တာပေါ့ဟုသာ ပေါ့ပေါ့တွေးခဲ့သည်။

သူငယ်ချင်း ဖြစ်သူကို ဆေးရုံလိုက်ပို့တာ ထင်ထားတာထက် မြန်မြန်ပြီးပြတ်သွားသည်။ သူတို့ ထင်ထားတာက ဆေးရုံပေါ်မှာ ရက်သတ္တပါတ် တစ်ခုတော့ အချိန်ဖြုန်းရမယ်လို့ ထင်ထားခဲ့သည်။ သို့သော် ဆေးရုံက စစ်ဆေးစရာ ရှိသည်များကို စစ်ဆေးပြီး သောက်ဆေး၊ စားဆေးများ ပေးကာ နောက်တစ်လလောက်နေမှ ပြန်လာခဲ့ဟု ချိန်းလိုက်သဖြင့် သူ့မှာ အချိန်အပိုတွေ အများကြီး ရှိလာခဲ့သည်။ သူငယ်ချင်း ဖြစ်သူကို နှုတ်ဆက်ပြီး သူတို့ညွှန်းလှသည့် သဘောင်္ဆိပ်ကို ဆင်းခဲ့သည်။ သူ့အိမ်အပြန်လမ်း သုံးပုံတစ်ပုံလောက်ကို သဘောင်္စီးပြီး ပြန်တော့မည်။

သူစီးရမည့် သဘောင်္ကြီးကို စိတ်ဝင်စားသွားသည်။ သူ့ စိတ်အာရုံထဲမှာ အစွဲဆုံးက သဘောင်္ဦး။ ဓားရှည်တစ်ခု၏ ဦးချွန်လို ချွန်မြနေသည့် သဘောင်္ဦး။ ကြီးမားလှသည့် သဘောင်္ကြီးမှာ လူတစ်ဦး ရပ်ဖို့ဘဲ နေရာရှိသည့် သဘောင်္ဦး။ သုံးနာရီ ခရီးခန့် စီးရမည့် ဒီသေဘာၤခရီးမွာ အဲဒီ သေဘာၤဦးဆီမွာ တစ်နာရီလောက် အချိန်ဖြုန်းလိုက်မည်ဟု စိတ်ပိုင်း ဖြတ်လိုက်သည်။

ရာသီသဘောင်္ဦးပိုင်းမှာ သူမတ်တပ်ရပ်နေသည်။ ရာသီဥတုက ရဲခဲမှတ်အောင် မရောက်သေး သော်လည်း လွန်စွာမှ အေးစိမ့်နေသော လေအေး ကြမ်းကြမ်းကြီးက သူ့ကို အညှာအတာမဲ့ ထိုးခွဲ တိုက်ခတ်နေသည်။ မျက်နှာလေးသာ ပေါ်စေသည့် အ၀တ်အစားများ ၀တ်ထားသော်လည်း အေးတာက ခိုက်ခိုက်တုန်။ အောက်ခံ အသားကပ် ၀တ်ခဲ့ရမှာ ဟု နောင်တရရင်း သူ့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ အခန်းဆီသို့ ပြန်ဖို့ စိတ်ကူးမိသော်လည်း သူ့ဗီဇက အစွဲအလမ်းကြီးသူပီပီ အအေးဓာဏ်ကို အံတုရင်း ပေပြီး ရပ်နေမိသည်။

သဘောင်္ရှေ့ အဦးဆုံးက လက်ရမ်းကို ကိုင်ထားရင်း ဘေး၊ ဘယ်၊ ညာကို ကြည့်နေရာမှ သဘောင်္ဦး ထိပ်ချွန်ချွန်ကြီး ထိုးခွဲနေသည့် ရေပြင်ကို ဖြတ်ခနဲ့ ငုံ့ကြည့်မိသည်။ လေထန်သလို လှိုင်းထန်နေပါရော။ အမြုပ်တွေ ထလောက်အောင် ဒေါသမာန်ထနေသည့် လှိုင်းတွေကို ချွန်မြသည့် သဘောင်္ဦးက အရှိန်အဟုန်ဖြင့် ထိုးခွဲနေသလော၊ ဒေါသကြီးသည့် မြွေတွေလို ပါးပြင်းထောင်ထနေသည့် လှိုင်းခေါင်း ဖြူဖြူတွေက သဘောင်္ဦးကိုဘဲ အားပါးတရထိုးခွဲ ချေမွဖို့ ကြိုးစားနေ သလော။ လှိုင်းထိပ်များပေါ်ကနေ သဘောင်္ဦး နိမ့်ကျသွားသည်ကို မြင်နေရရာ အသဲယားဖွယ်ရာ။ တစ်ခါတစ်ရံ သူနင်းထား သည့် သဘောင်္ကြီးကို လှိုင်းများက တစ်စစီ နင်းခြေသွားတော့မည်ကဲ့သို့ ဒေါသကြီးစွာ တ၀ုန်းဝုန်း တိုက်ခတ်သော အသံကို ကြားနေရသည်။

အင့်ဟင်း…ဒီသဘောင်္ မြုပ်သွားလို့ မဖြစ်ဘူး။ ဒီသဘောင်္ မတော်တဆ ဖြစ်လို့ မဖြစ်ဘူး။ သူအသက်ရှင်ချင်သေးသည်။ သူက ရေကူး ကျင်လည်သော်လည်း ရေခဲရေတွေလို အေးနေမည့် ရေထဲမှာ၊ လှိုင်းထန်နေသည့် ရေထဲမှာ ဘယ်လောက် ကြာ အောင် ကူးခတ်နိုင်မှာလဲ။ ဒီအချိန် ငါ့ကို တစ်ယောက်ယောက်ကများ နောက်ကနေ တွန်းချလိုက်ရင် ဘာလုပ်လို့ ရမှာလဲဟု နောက်ကျောမလုံစွာဖြင့် သူ့ကျောဘက်သို့ ထိတ်လန့် တကြား လှည့်ကြည့်လိုက်သည်။ သူ့နောက်မှာ လူတစ် ယောက်။

ပြုံးရိပ်သမ်းနေသော မျက်နှာလေးဖြင့် အမျိုးသမီး တစ်ယောက်။ သူ့ကျောနောက် လက်တကမ်းမှာ။ သူနဲ့ဆို ဘာမှ မဝေး။ လေထန်နေသော်လည်း သူ့ကိုယ်သင်းနံ့တောင် ရနေသလိုလို။ ဘာလုပ်ချင်လို့ ငါ့အနားကို ဒီလောက် ကပ်အောင် လာရပ် နေတာလဲလို့ တွေးမိလိုက်သေးသည်။ ထို့နောက် စိတ်မသက်မသာ ဖြစ်လွန်းသောအခါ ထွက်ပေါက်ရအောင် သူအ မြဲ ပြုံးတတ်သည့် အပြုံးဖြင့် ပြုံးပြရင်း..

“အေးတယ်နော်။ ပင်လယ်ကြီးကလဲ ကြောက်စရာကြီး”

“ဟုတ်တယ်။ ရှင်က ဒီမှာ ဘာလုပ်နေတာလဲ။ ရှင့်ကို ခုန်ချတော့မယ် ထင်လို့ ဆွဲရအောင် ကျွန်မ စောင့်ကြည့်နေတာ”

“ဟာဗျာ…မဟုတ်ရပါဘူး။ ကျွန်တော်က ကိတ်ဝင်းစလက်လည်း မဟုတ်ဘူးလေ..ဟား..ဟား”

သူ့ဟာသက အမျိုးသမီးကို ပြုံးရိပ်ပင် မသမ်းစေသော်လည်း သူကတော့ သူ့ဘာသာ သဘောတွေ ကျပြီး ရယ်နေသည်။

“မသိဘူးလေ။ ရှင့်ကြည့်ရတာ ဂဏှာမငြိမ်ဘူး။ တစ်ကိုယ်လုံးလည်း တုန်နေတာ။ ပြီးတော့ အောက်ကို ငုံ့ကြည့်လိုက်။ ဘေးကို ကြည့်လိုက်နဲ့ ဆိုတော့ တစ်ခုခုကို ဆုံးဖြတ်ချက် ချတော့မယ် ထင်လို့။ သတ်များ သေတော့မလားလို့လေ”

သူ့တစ်သက်နဲ့ တကိုး ကိုယ့် ကိုယ် ကိုယ် သတ်သေဖို့ မပြောနှင့် စိတ်ညစ်စရာတွေတောင် အရှည်အကြာကြီး တွေးသူ မဟုတ်ခဲ့တာ။ ဒီမိန်းမက ဘယ်ကလဲ မသိဘူး။ ငါ ဘာမှန်း၊ ဘယ်သူမှန်း မသိဘဲနဲ့ အသားလွတ်ကြီး ဆရာလာလုပ်နေပါလားဟု စိတ်ခုသွားသည်။

“ဒါနဲ့ နေစမ်းပါအုံး။ ကျွန်တော် ဘယ်သူဆိုတာလဲ မသိဘဲနဲ့ ခင်ဗျားက ဘာဖြစ်လို့ ခုန်ချ သတ်သေတော့မယ်လို့ တွေးတာလဲ”

“ကိုယ့်ကိုယ် ကိုယ် သတ်သေကြတဲ့ လူတွေကို လေ့လာကြတဲ့ အခါ နောက်ဆုံး အချိန်ခဏလေးမှာဘဲ စွတ်ရွတ်လုပ်သွား တတ်ကြတယ်လို့ ကျွန်မ စာဖတ်ဘူးတယ်။ ဆိုလိုတာက သူ့စိတ်ထဲမှာ ဒဏ်ရာတွေ၊ အနာတရတွေ၊ ဒေါသတွေ၊ မခံချင် စိတ်တွေ၊ အရှက်တွေ၊ အကြောက်တွေက အရှည်အကြာကြီး ဖြစ်ခဲ့ပြီးသား။ ဒါပေမယ့် ဘယ်သူမှ ချက်ချင်း လက်ငင်းကြီး Sucide မလုပ်ဘူး။ ခက်တာက သူ့မှာ အဲဒီ စိတ်ခံစားမှုတွေကို ထွက်ပေါက် မရှိတော့ဘူးလို့ ခံစားရရင် သူ့ဘ၀ကို အဆုံးသတ်ဖို့ စစဉ်းစားလာတယ်။ အင်း…အခုလိုမျိုး ရာသီဥတု၊ ရှင်ရပ်နေတဲ့ နေရာ ပါတ်ဝန်းကျင် အခြေအနေနဲ့ဆိုရင် ဖြတ်ခနဲ့ ပေါ်လာတဲ့ စိတ်နဲ့ Sucide လုပ်သွားတတ်ကြတယ်။ ဒါကြောင့် ရှင့်ကို ကျွန်မက အကူအညီပေးဖို့ စောင့်ကြည့်တာ”

ရော..ခက်တော့ နေပြီ။ ဒီမိန်းမ ဘယ်လိုမိန်းမလဲ။ သူနဲ့လဲ မသိတဲ့ ယောက်င်္ကျား တစ်ယောက်ကို ဘာလို့ သတ်သေမယ့် လူလို့တွေးနေသလဲ။

“ဟာဗျာ..မဟုတ်ရပါဘူး။ ကျွန်တော့်မှာ စိတ်ညစ်စရာ၊ ဒေါသထွက်စရာ၊ မကျေနပ်စရာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီလောက်အထိတော့ ကျွန်တော် မမိုက်မဲပါဘူး။ နောက်ပြီး ကိုယ့်ကိုယ် ကိုယ် သတ်သေတယ် ဆိုတာ အားလုံးကို အရှုံးပေးလိုက်တာ။ မရင်ဆိုင်ချင်တော့တာ။ သူရဲဘောင် ကြောင်တာ။ ရင်ဆိုင်ဖို့ အားမရှိကြတော့လို့ လုပ်ကြတယ်ဆိုတာ ထည့်ပြောအုံးလေ။ ကျွန်တော်က အဲဒီလောက် သတ္တိ မကြောင်သေးပါဘူး။ ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ လူ့သက်တမ်း ကို အပြည့်နေသွားမှာပါ”

“သြော်..ရှင်က ခရစ်ယာန်လား။”

သူ စိတ်ရှုပ်သွားသည်။ တကယ်ဆို သဘောင်္ဦးပိုင်းမှာ သူ့ဘာသာ တစ်ယောက်တည်း လာရပ်နေတာ တစ်ယောက်တည်း အေးအေးလူလူ တွေးချင်တာ တစ်ခုတည်း။ အခုတော့ မထင်မှတ်ဘဲ စကားတွေ အများကြီး ပြောနေရပြီ။ ဘာ ဘာသာတရား ကိုးကွယ်တယ်က အစ ပြောပြရမလို ဖြစ်နေသည်။ စိတ်ရှုပ်သွားသည့် သူ့ကို အမျိုးသမီးက သတိထားမိဟန် တူသည်။

“မဖြေချင်ရင်လဲ မဖြေပါနဲ့။ ကျွန်မက စေတနာနဲ့ပါ။ စပ်စုသလို ဖြစ်သွားရင် ဆောရီးနော်။ သွားပါအုံးမယ်”

ပြောလဲ ပြော။ ချက်ချင်း လှည့်ထွက်သွားသော အမျိုးသမီးကို သူ့ပါးစပ်က “မအ၀ှာ”ဟု လှမ်းခေါ်မိမလို ဖြစ်သွားပြီးမှ အေးအေးဆေးဆေးနေချင်သည့် သူ့အတ္တက သတိပေးသောကြောင့် အသာအယာပင် ငြိမ်နေလိုက်သည်။ လူ့ယဉ်ကျေးမှု မရှိသလို ဖြစ်များ သွားသလား။ ထားပါ။ ရှုပ်တယ်။ မစဉ်းစားချင်တော့သောကြောင့် သဘောင်္ဦးထိပ်က လှိုင်းခေါင်းဖြူ တွေကိုဘဲ ထပ်ငုံ့ကြည့်နေလိုက်သည်။ လက်ရမ်း သံလုံးများက သူ့မြင်ကွင်းကို ကွယ်နေသောကြောင့် လက်ရမ်းများကို ကိုင်ပြီး ကိုယ်တစ်ပိုင်းခန့် သဘောင်္ဦး အရှေ့သို့ ထိုးထွက်ကာ လှိုင်းနဲ့ သဘောင်္စစ်ပွဲကို ကြည့်နေမိသည်။

ရွှီ…ရွှီ…ရွှီ…

အဆက်မပြတ် ခရာမှုတ်သံများ ကြားရသဖြင့် သူ့အနောက်ဘက်သို့ လှည့်ကြည့်မိပြန်သည်။ သဘောင်္အမှုထမ်း ၀တ်စုံများ ၀တ်ဆင်ထားသော လူနှစ်ယောက် သူ့ဆီသို့ မောကြီး ပန်းကြီး ပြေးလာကြသည်။

“ဟေ့လူ…အဲဒီမှာ ဘာလုပ်နေသလဲ။ အဲဒီနေရာကို ခရီးသည်တွေ မသွားရဘူးဆိုတာ မသိဘူးလား”

“ဗျာ..ခင်ဗျားတို့ စာကပ်ထားလို့လား။ ဒီနေရာကို ခရီးသည် မလာရလို့ ဘယ်သူမှလဲ မပြောဘူး။ ဘယ်သူမှလဲ မတားဘဲနဲ့ ကျွန်တော့်ဘာသာ လာတာ ဘာဖြစ်လို့လဲ”

သူ စိတ်တိုမိနေပြီ။ စိတ်ရှုပ်ပါတယ်ဆိုမှ သပွတ်အူ ဇာတ်တွေဘဲ တိုးနေပါလားဟု တွေးမိလိုက်သဖြင့် ရန်လုပ်သည့် စကားများဖြင့် ဘုတောလိုက်သည်။

“မလိုချင်ဘူး။ ဘယ်သူ တားတား မတားတား။ ခင်ဗျား အဲဒီနေရာမှာ နေလို့မရဘူး။ ခင်ဗျား အဲဒီနေရာကနေ ချက်ချင်း နောက်ကို နှစ်လှမ်း ပြန်ဆုတ်ပါ။”

စိတ်ရှုပ်ဒေါသထွက်စွာဖြင့် အပြင်ထွက်နေသည့် သူ့ကိုယ်ခန္ဓာကြီးကို ပြန်ရုပ်သိမ်းလိုက်သည်။ နောက်သို့ နှစ်လှမ်းဆုတ်ပြီးမှ

“ကဲ..It’s OK now?” ဟု မခန့်လေးစား။ မထီတရီ မျက်နှာပေးဖြင့် သူသာ နောက်မဆုတ်လျှင် ၀င်ဆွဲကြတော့မည့် ပုံစံဖြင့် ရပ်နေကြသည့် သဘောင်္သား နှစ်ဦးကို မေးလိုက်သည်။

“OK..ကိုင်း ခင်ဗျား နေရာ ခင်ဗျား ပြန်တော့။ နောက် တစ်နာရီလောက် နေရင် ဒီသင်္ဘောက ဘူဆန် သဘောင်္ဆိပ်ကို ရောက်တော့မှာ။ နောက်ထပ် ဒီနေရာကို ဘယ်တော့မှ ပြန်မလာနဲ့။ သိပ်အန္တာရာယ်များတဲ့ နေရာ။ ခင်ဗျား သိသလား။ အဲဒီနေရာကနေ ခုန်ချပြီး သတ်သေသွားတဲ့ လူတွေ လေးယောက်လောက် ရှိနေပြီဗျ။ အထူးသဖြင့် ဒီလို အချိန် ဒီလိုလ တွေမှာ ဖြစ်ခဲ့တာ ချည်းဘဲ။”

သူ စိတ်ညစ်သွားသဖြင့် ဘာမှ ခွန်းတုံ့ပြန်ချင်စိတ် မရှိတော့။ သူတို့ နှစ်ယောက်ကို ဘုကြည့် ကြည့်ရင်း လှည့်ထွက်လာခဲ့သည်။ သဘောင်္ဝမ်းဗိုက်ထဲကို ဆင်းမည့် လှေခါးထိပ်ရောက်တော့ ထိုနေရာကို ပြန်လှည့်ကြည့်မိသည်။ လေးယောက်တောင် ခုန်ချသတ်သေသွားကြတဲ့ နေရာတဲ့လား။ ဘယ်လောက် ရေကူးကျွမ်းကျင်တဲ့သူ ဖြစ်စေအုံးတော့ သဘောင်္အရှိန်နှင့် ၀မ်းဗိုက်အောက် ရောက်သွားလျှင် သေချာပေါက် သေသွားနိုင်သည့် နေရာ။
Xxxxxxxxxxx        xxxxxxxxxxxxx        xxxxxxxxxxxxxxxxxx

အဆိုပါ အဖြစ်အပျက်များ ဖြစ်အပြီး နောက်ထပ် ဆယ်နှစ်ခန့် ကြာသောအခါ သူ မိန်းမရသည်။ နောက် သုံးနှစ်ခန့် ထပ်ကြာတော့ သမီးလေး တစ်ယောက်၊ သား တစ်ယောက် ရှိနေပြီ။ သူ့ဘ၀မှာ အပူအပင် မရှိ။ ပြည့်စုံသော ဘ၀။ သူ့မိန်းမကလည်း သူ့ကို ကြင်နာသည်။ စာနာသည်။ ကလေး နှစ်ယောက်ကလည်း သူ့ကို သိပ်ချစ်သလို သူကလည်း ကလေး နှစ်ဦးကို မျက်စိ အောက်က အပျောက် မခံနိုင်လောက်အောင် ချစ်သည်။ သူ့ဘ၀မှာ စိတ်ညစ်စရာတွေ ရှိသော်လည်း ပျော်ရွှင်ကြည်နူးစရာတွေလည်း မရှား။ ပြောပလောက်အောင် ဘာမှ ကြီးကြီးမားမား စိတ်ညစ်စရာ မရှိ။ သို့သော် တစ်ခုတော့ ရှိသည်။ အခုတလော မကြာခဏ မက်တတ်သည့် အိပ်မက်ကြောင့် သူ့မှာ စိတ်ညစ်ရသည်။

အစကတော့ သူ့အိပ်မက်က ၀ိုးတိုး ၀ါးတား။ အိပ်ရာက နိုးတာနှင့် တစ်ပိုင်း တစ်စစီ ပြန့်ကြဲနေသော အိပ်မက်ထဲက အကြောင်းအရာတွေကို ဆက်စပ် ပုံဖော်လို့မရ။ ကြောက်စရာ ကောင်းသော အိပ်မက်။ ၀မ်းနည်းဖို့ ကောင်းသော အိပ်မက်မှန်းတော့ သူသိပေမယ့် ဘာမှ အစပြန်ဖော်လို့မရ။

သို့သော် ဒီ အိပ်မက်ကိုဘဲ ထပ်ပြန် တလဲလဲ ပြန်မက်နေတော့ ကြိုက်လွန်းသဖြင့် ခဏ ခဏ ပြန် ပြန်ကြည့်မိသော ရုပ်ရှင် ဇာတ်ကား တစ်ခုလို ဇာတ်ကောင်တွေ၏ စကားပြောခန်း၊ မျက်နှာ အမူအရာ၊ လေယူလေသိမ်း၊ နောက်ခံ ရှုခင်း တို့ကို အသေးစိတ် တစ်ကွက်ခြင်း၊ တစ်ခန်းခြင်း မှတ်မိလာသလိုမျိုး သူ မှတ်မိလာသည်။ သူ့အိပ်မက်က…

အိပ်မက်ထဲမှာ သူက လွန်ခဲ့သော ဆယ်နှစ်က သဘောင်္ဦးမှာ ရောက်နေသည်။ သူ့နောက်မှာ လူတွေ အများကြီး သူ့ကို ၀မ်းနည်း စိုးရိမ်သော မျက်နှာများဖြင့် အော်ခေါ်နေကြသည်။ သို့သော် သူဂရုမစိုက် လှည့်မကြည့်ဘဲ သဘောင်္လက်ရမ်း သံတန်းတွေပေါ်သို့ တက်လိုက်သည်။ ထို့နောက် အနောက်က လူများကို အားရပါးရ ပြန်ပြုံးပြရင်း လက်ရမ်းပြကာ သဘောင်္ဦးထိပ်က တ၀ုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းခေါင်းဖြူဖြူကြီးများ ထိပ်သို့ ခုန်ချလိုက်သည်။

အဲဒီအချိန်ဆိုရင် အိပ်ရာကနေ ကယောင်ကတမ်းဖြင့် အမြဲတမ်း လန့်နိုးသည်။ သူ့ဘေးက သူ့မိန်းမကတော့ အိပ်ပျော်နေတာ များ ဟောက်များပင် နေသည်။ သူ့အိပ်မက်ကို စမက်ပြီး လန့် လန့်နိုးစဉ်က သူ့မိန်းမက ရေခပ်တိုက်သည်။ သူ့ရင်ခွင်ထဲသို့ ဆွဲခေါ်သွင်းကာ သူ့ခေါင်းကို ဖက်ကာ ပြန်ပြီး အိပ်ပျော်စေသည်။ မကြာခဏ အိပ်မက်ပြီး ကယောင်ကတမ်း ဖြစ်ပြန်များတော့ သူ့မိန်းမလည်း မကြင်နာနိုင်တော့။ မယုယနိုင်တော့။ ဂရုမစိုက်နိုင်တော့။ သူ့မှာလည်း ကလေးတွေ ကျောင်းကိစ္စ၊ အိမ်မှု ကိစ္စတွေနှင့် အိပ်ပြီဆိုလျှင် သစ်တုံးကြီး ချထားသလို ပင်ပင်ပန်းပန်း အိပ်ပျော်တတ်သည်။ ထို့ကြောင့် အစပိုင်းမှာ သူ့အိပ်မက် အကြောင်းကို နားလည်မှုများစွာဖြင့် စာနာစွာ နားထောင်ပေးသော်လည်း နောက်တော့ ရိုးသွားဟန် တူသည်။ အင်း…အဲလောက်ပင် မလုပ်တော့။

သူ့မိန်းမက ရိုးအီသွားသော်လည်း သူနဲ့ သူ့အိမ်မက်ဆိုးကြီးက မရိုးနိုင်စွာ မက်နေဆဲ။

သူကလဲ လန့်လန့်နိုးဆဲ။

လန့်နိုးတိုင်း ထထိုင်။ သူ့ဘာသာ ရေတစ်ခွက် ခပ်သောက်ပြီး ပြန်အိပ်ပျော်ဖို့ ကြိုးစားသော်လည်း လွန်ခဲ့သော ဆယ်နှစ်က သူ့ကို ခုန်ချ သတ်သေမည်ဟု စွပ်စွဲခဲ့သော အမျိုးသမီးနှင့် ဒေါသထွက်နေသော သဘောင်္သား နှစ်ယောက် မျက်နှာကို ပြန်မြင်ယောင်မိပြီး အခဲမကြေဖြစ်နေမိသည်။ ငါးယောက်မြောက် ဖြစ်သွားနိုင်တယ်လို့ သူတို့က ထင်ခဲ့ကြဟန်တူသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်

2 Responses to ဖိုးထက် – ငါးယောက်မြောက် အိပ်မက်

  1. သူဇာမြင့် on February 14, 2016 at 9:39 pm

    ဒီစာကို ဖတ်ရတော့ ဟဲလ်မင်းဝေးရေးတဲ့ A Day’s Wait ကိုဖတ်တော့ ခံစားရတဲ့ ရသနဲ့ အတူတူရတယ်။ ကိုဖိုးထက်ဖတ်ပြီးလားမပြီးလားတော့မသိဘူး။သေခြင်းတရားကိုရသတစ်ခုအနေနဲ့ရေးသွားတာတူတယ်။ဟဲမင်းဝေးကသေခြင်းတရားကိုဒီလိုဘဲအကြောက်တရား၊လန့်စရာအဖြစ်သူ့စာတွေမှာရေးသလို ကိုဖိုးထက်လဲ ဒီလိုဘဲ ရေးတယ်လို့ထင်တယ်။ ဟဲမင်းဝေးကအဲဒီလိုတွေ မြင်ပြီးသတ်သေသွားတာ။ကိုဖိုးထက်မှာလဲ စိတ်ညစ်စရာတွေရှိပေမယ့် ဘ၀ကို အရှုံးမပေးဘဲ ဖြတ်ပါလို့စေတနာနဲ့ဝေဖန်ချင်တယ်။

  2. ကိုကျော် on February 15, 2016 at 10:08 am

    သေခြင်းတရားကို မသိစိတ်ကလဲ လန့်တယ်။ သိစိတ်ကလဲ လန့်တယ်။ ရသအပြည့်ပါဘဲ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်