ေ အာ င္ ေ ၀ း – မ စ် ရှီ ဂ န် မှ သ တ င်း ပို့  ချ က်

February 20, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
ေ အာ င်ေ ၀း – မ စ် ရှီ ဂ န် မှ သ တ င်း ပို့  ချ က်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆

ဟဲလို-
ကဗျာဆရာစောဒေဝေါ
ကြားလား။

မ ဆ လ ခေတ်ဆိုးကြီးထဲ
ငါတို့ အတူ နွံနစ်ခဲ့ကြ။

မညစ်ပေမဲ့
နစ်နေတော့
နွံစော် နံသပေါ့ ။

န ၀ တ ခေတ်ပျက်ကြီးထဲ
မင်း ငါတို့ ကိုခွဲသွားခဲ့။

ပထမတော့ ရှင်ကွဲ
နောက်တော့ သေကွဲ။

န အ ဖ ခေတ်ကြမ်းကြီးထဲ
မင်းကိုငါတို့ လွမ်းတုန်း။

ကြားလား
ကဗျာဆရာစောဒေဝေါ
ဟဲလို-

အခု ပြောင်းလဲသွားပြီ
အရင်တုန်းက
ဗိုလ်အောင်ကျော်နာမည်
ငါတို့ ကျယ်ကျယ် မခေါ်ရဲခဲ့။

အခု ပြောင်းလဲသွားပြီ
အရင်တုန်းက
ဗိုလ်အောင်ကျော်အကြောင်း
ငါတို့ ကောင်းကောင်း မပြောရဲခဲ့။

အခု ပြောင်းလဲနေပြီ
ဗိုလ်အောင်ကျော်ဓာတ်ပုံထောင်ပြီး
ကျောင်းသားတွေ
ခရီးရှည်ချီတက်ပွဲ ဆင်နွှဲကြ။

အခု ပြောင်းလဲနေပြီ
မောင်လေးအောင်ရဲ့ 
ဒီဇင်ဘာ(၂၀)ဗိုလ်အောင်ကျော်တမ်းချင်းကဗျာ
ရင်ပြင်နီမှာ ရွတ်ဆိုကြ။

စစ်ညောင်းတာလား
ခေတ်ပြောင်းမှာလား။

ဟိုတုန်းက တစ်ပါတီစစ်အာဏာရှင်စနစ်
မနေ့ တစ်နေ့ က ပါတီစုံစစ်အာဏာရှင်စနစ်
ဒီကနေ့ 
အစိုးရဖက်ဆစ် ခွေးလုံးလုံးဖြစ်ပြီ။

ဒေါ်အောင်ဆန်းစုကြည်က
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်ဆောက်ပေးမယ်
ဗိုလ်အောင်ကျော်ကျောက်တိုင်ကို
ပြည်သူတွေ ရွှေချလိမ့်မယ်။

ကြားလား
ကဗျာဆရာစောဒေဝေါ-

လောလောဆယ်တော့
ဒီမိုကရေစီပညာရေးတောင်းဆိုတဲ့ ကျောင်းသားတွေ
ထောင်ထဲမှာပဲ ရှိနေသေးတယ်။

စစ်ညောင်းတာလား
ခေတ်ပြောင်းမှာလား။

စောဒေဝေါ-
မယ်ဇလီကုန်းဆိုတဲ့
ရွာငယ်ဇနပုဒ်မှာ
အချင်းမြှုပ်တာချင်းအတူအတူ။

အောင်ကျော် မသေရင်
မင်း မသေဘူး။

အောင်ကျော် မသေ
ကဗျာဆရာ မသေ။

သူငယ်ချင်းစောဒေဝေါ-
လှောင်ချိုင့်စံငှက်ကို လွှတ်နိုင်သော
နရသိန်တံခါးကို ဖွင့်နိုင်သော
အခွင့်အလမ်း ရစေစော။     ။
(ဗိုလ်အောင်ကျော်ရာပြည့်မှာ
သူငယ်ချင်းကိုလွမ်းမိလို့ ရေးတဲ့ကဗျာ)

ေ အ ာ င္ ေ ၀ း
(ဇန် ၆ – ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, အောင်ဝေး

One Response toေ အာ င်ေ ၀း – မ စ် ရှီ ဂ န် မှ သ တ င်း ပို့  ချ က်

  1. Myo Sint on February 20, 2016 at 10:56 am

    စောဒေဝေါ က ကွယ်လွန်သွားပြီလား။ ထီးတန်း ဈေးကလေး ကြည့်မြင်တိုင် က ကျောက်မီးသွေးဝင်းမှာ မြမြင့်မိုရ်( ကိုလှမြင့်) နဲ့ အလုပ် လုပ်ခဲ့တယ်။ ကျနော်လည်း သတိရနေပါတယ်။ မှ မောင်စိုးဆင့် +၁ ၅၁၀ ၂၉၉ ၈၉၄၃းး naymin@aol.com or geraldmkhoo@gmail.com

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်