ဒေါက်ထက် (ယူကေ) – ကုမှာလားမောင်ရဲ့ကြောက်တယ်ခင့်


February 25, 2016

ဒေါက်ထက် (ယူကေ) –  ကုမှာလားမောင်ရဲ့ကြောက်တယ်ခင့်


(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆

ဒေါက်ထက်အနေနှင့် အမ(နုနုရည်-အင်းဝ) ကို ဒီနေရာကပဲ အဝေးကနေလှမ်းပြီး ဒီစာကတဆင့် ခွင့်တောင်းလိုက်ရပါသည်။ အမတို့နှင့်အတူ ၈၈ ခုနှစ် ကျောက်ပြဿာဒ် မိုးကုတ်ခရီးသွားစဉ်က ဆရာဦးကြည်အောင် ဆရာဦးကိုလေး (ကိုလေး အင်းဝဂုဏ်ရည်တို့အတူ ဒေါက်ထက်ပေါက်စတယောက် အမရဲ့ ”နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင့်” ဝတ္ထုခေါင်းစဉ်ကို ဟောပြောပွဲမှာ ငှားပြီးသုံးခဲ့ရသေးသည်။ အခုလည်း တခါငှားပြီး နည်းနည်းတော့ ပြင်ထားပါသည်။ ”ကုမှာလားမောင်ရဲ့ ကြောက်တယ်ခင့်” ဟု ဆိုချင်ပါသည်။ ဒေါက်ထက်သည်လည်း တကယ်တော့ အင်မတန်ကိုမှ ကြောက်တတ်ပါသည်။

ဒေါက်ထက်သည် ငယ်ငယ်ကတည်းက အသည်းငယ်၍ ကြောက်တတ်သူတဦး ဖြစ်ခဲ့ပါသည်။ ဤသို့ကြောက်တတ်မှုကပဲ မိမိ အသက်ကို ကယ်ခဲ့သလား ဒေါက်ထက် တွေးမိလိုက်သည်။ ငယ်ငယ်တုန်းက ဖျားနာ၍ အဖွားက ဆရာဝန်နှင့် ပြခိုင်းလျှင် ဒေါက်ထက်လောင်းလျာလေးကား တအိမ်လုံးကို ပတ်ကာ ပြေးတော့သည်။ အဖွားမလိုက်နိုင်သည့် မီးခံတိုက်၏ ခေါင်မိုးအ ပေါ်အထိ နေမကောင်းသည့်ကြားက ထွက်ပြေးပြီး အဖွားက ဆရာဝန်ဆီ မပို့ဘူးဟု ဂတိအတန်တန်ပေးမှ ပြန်ဆင်းလာ လေ့ရှိသည်။ ဆရာဝန်နှင့်ပြလျှင်ကား ဆေးထိုးခံရမည်မှာ မြေကြီးလက်ခတ်မလွဲဟု ဒေါက်ထက်လောင်းလေးက သိနေ သည်။ ဆေးထိုးမှကြိုက်သောလူများကို အလိုလိုက်ရာမှ ကိုယ်ပါလိုက်ကြိုက်သွားသော ဆရာဝန်များ ရှိသည်ကို မြင်ရသည်။ ဆေးထိုးခံရသော အမျိုးများပင် ဘီပိုး စီပိုး ဟိုပိုးများဖြင့် ကျွကုန်ကြရှာပြီ။ ဒေါက်ထက်တယောက်သာ ကြောက်တတ်သဖြင့် ပိုးမျိုးပေါင်းစုံဘေးက လွတ်ခဲ့ပြီး ရှင်ကျန်သလားတွေးမိသည်။ ယခုတော့လည်း ခေတ်ပြောင်း၍ တခါသုံးဆိုသည့် ဆေးထိုး အပ်သာ သုံးကြသည်ဟု ဆိုပေသည်။ ကောင်းလေစွ။

ဒေါက်ထက်ကလေး ၈ နှစ် ၉ နှစ်သားလောက်က နှုတ်ခမ်းကွဲ၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီးသို့ ညဘက်သွားသည်တွင် ဆရာဝန်က အစိမ်းချုပ်သည်ကြောင့် အာခေါင်ခြစ်ပြီး အော်သည်မှာ ဆေးရုံတခုလုံးလန့်နိုးသွားသည် ဟူသတတ်။ အခုအ ရွယ် မငယ်တော့သည်အထိ အစိမ်းချုပ်ခံရသော ထိုညကို မေ့မရသေး။ ဘာလို့ အစိမ်းချုပ်ရတာလည်းဟု ထိုဆရာဝန်ကို မေးလို့ရလျှင် ကိုယ်တိုင် မေးချင်ပါသေးသည်။ ထုံဆေးပေါ်တာ ထိုဆရာဝန်မမွေးခင်ကပင် ဖြစ်လောက်သည်။ အစိမ်းချုပ် လျှင် အနာအကျက်မြန်သည် ဆိုသော Concept “ကွမ်းဆက်ပ်” အမှားကြီးကို ဘယ်သကောင့်သား ဆရာဝန်က စလိုက် သည်မသိ။ “နောက်ဘဝကျရင်လည်း အဲဒီလူ မြန်မာပြည်မှာ လူနာပြန်ဖြစ်ပြီး အစိမ်းချုပ်ခံရပါစေ” ဟု မေတ္တာပို့သ မလို လုပ်ပြီးမှ စိတ်ရိုင်းကို ဘရိတ်အုပ်လိုက်ရသည်။

ဒေါက်ထက်ကား ငယ်ငယ်က အလွန်ပင်ဆော့ပေသည်။ ဒေါက်ထက်ဆယ်ကျော်သက်အရွယ် တရက်က ဘောလုံးကန်ရင်း ညာဘက်ခြေထောက် ဂျွတ်ကနဲ အသံကြားလိုက်သည်။ ညာခြေဖမိုးယောင်ပြီး ထော့နဲ့ထော့နဲ့ ဖြစ်နေသော ဒေါက်ထက် ကလေးကို အဖွားက အနှိပ်ဆရာဆီကို ပို့လိုက်သည်။ အကြောညှပ်သည်ဆိုပြီး အားရပါးရ အကြောဆွဲသဖြင့် အသားတ ဆတ်ဆတ်တုန်ပြီး ချွေးတွေပြန်သည့် နှိပ်ပွဲကို ပြန်ပြီး စဉ်းစားမိလျှင်တောင် ခုထိ ကျောချမ်းမိသည်။ အဖွားကို နောက်နေ့ တွေသက်သာပါပြီ အနှိပ်သည်ဆီ မပို့ပါနှင့်ဟု တောင်းပန်ရသည်။ ချိုင်းထောက်တဖက်နှင့် ဒေါက်ထက်ကလေး ထော့နဲ့ထော့ နဲ့ တလလောက်ကြာသွားသည်။ အဖွားရှေ့မှာကား ကောင်းကောင်း မထော့နဲ့ရဲ။ သက်သာဟန် ဆောင်ရသည်။ တော်ကြာ မသက်သာလို့ဆိုပြီး အနှိပ်ဆရာဆီ ထပ်ပို့လျှင်ကား ခက်ရချည်ရဲ့။ နောက်ပိုင်း ဒေါက်ထက်ဖြစ်လာမှ မိမိဖြစ်ခဲ့သည်မှာ ”မာခ်ျဖရက်ချာ” ခေါ် လမ်းလျှောက်ချီတက်သွားလာရင်း ဖြစ်တတ်သည့် အရိုးကျိုးခြင်း ဆိုသည်ကို သိရသည်။ အိုကွယ် အသိရနောက်ကျလေခြင်း။ အနှိပ်ဆရာ မြန်မာပြည်မှာလူပြန်ဖြစ်ပြီး အရိုးကျိုးပါစေ ဆိုသည်မှာ မကောင်းသည့် ဆုတောင်း ဖြစ်ကြောင်း မိမိကိုယ်ကို ဆုံးမရသည်။ ခွင့်လွှတ်ခြင်း ဆိုသည်မှာ ကောင်းမွန်လှပသည့် စကားလုံး ဖြစ်သော်လည်း လက် တွေ့မှာ လွယ်ကားမလွယ်ချေ။

ဒေါက်ထက် ၁၀ နှစ်သားခန့်အရွယ်က ဝက်သက်ပေါက်လေသည်။ အဖိုးက သြဋ္ဌာရိကသုခုမ တိုင်းရင်းဆေး လိုက်စားသူမို့ ဒေါက်ထက်ကို တိုင်းရင်းနည်းဖြင့် ကုသသည်။ ဒေါက်ထက်ကလေးကလည်း ဆေးမထိုးရလျှင်ပြီးရော ဘယ်လိုကုကု ခံပါသည်။ တိုင်းရင်းဆေးကုထုံးအရ ဒေါက်ထက်ကလေးကို ရေစည်ပိုင်းတလုံးကုန်အောက် ရေအဝချိုးခိုင်းသည်။ ဝက်သက် ပေါက်ရာဗလပွနှင့် ဒေါက်ထက်ကလေးလည်း အားရပါးရ ရေအဝချိုးရသည်။ ပြီးလျှင် တကိုယ်လုံးကို ဆေးသနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းပြီး ယပ်ခတ်တာ ခံရသေးသည်။ အမေတို့ခေတ်တုန်းက ဝက်သက်ပေါက်လှင် ဝက်ချေးရေသောက်ရ သည် ဆို၏။ ဤသို့သောခေတ်နှင့် မကြုံရသည်မှာကား ဒေါက်ထက်၏ ကြီးမားသော ကံပင်ဖြစ်သည်။ ဘုရားသိကြားမ၍ ဒေါက်ထက်ကလေး ဘေးမသီရန်မခ လူဆက်ဖြစ်ခွင့် ရခဲ့သည်။ ဘာပဲပြောပြော မိမိကို ဆေးအတင်းမထိုးခိုင်းသည့် အဖိုး အဖွားများကို ကျေးဇူးအတော်ပင် တင်မိရသည်။

ဒေါက်ထက်ကလေး မန္တလေးဆေးကျောင်းသားဘဝက အမေလည်ပင်းအကျိတ် ရှိသဖြင့် မန္တလေးရွှေမြို့တော်ကြီးသို့ အလည်လာရင်း ဆေးခန်းပြရသည်။ မြန်မာဆွေမျိုးသင်္ဂဟတို့၏ ထုံးစံအတိုင်း မသိသူက မတတ်သူကို အကြံပေး ခံရသည်။ တောင်မြို့ခေါ်အမရပူရတွင် ဆရာပိုဟူသော နာမည်ကြီး မြန်မာဆရာ တဦးရှိသည် သွားပြပါလား ဆိုသဖြင့် အမေနှင့် အဖော်လိုက်သွားခဲ့သည်။ ဆရာပိုကား အသက်က သိပ်မကြီးသေး ၃၀ ထက်မပိုဟု ဆိုရမည်။ ခပ်တည်တည်ဖြင့် အမေ့လည်ပင်းကို ဆေးထိုးအပ်ဖြင့် ဆွကာဆွကာ ထိုးတော့သည်။ ဒေါက်ထက်မှာကား ဆေးတက္ကသိုလ် တက်ကာစဖြစ်၍ ထိုသို့ဆေးထိုးခြင်းသည်မှာ ဆေးထိုးအပ်ဖြင့် လုပ်ပိုင်ခွင့်မရှိပဲ ရမ်းကုလုပ်ခြင်းဟု မသိခဲ့ပါချေ။ ဒေါက်ထက်ကို တော်တော် ကိုအသော ဆေးကျောင်းသားဟုပင် ခေါ်ထိုက်ပေသည်။ ယခုခေတ်တော့ ဒါမျိုး ရမ်းကုခြင်းတွေ ပျောက်ကင်း သွားလောက် ပြီဟု ဒေါက်ထက်တယောက် အကောင်းမြင်ကြည့်ပြီး တွေးမိသည်။ ၂၁ ရာစုထဲသို့ ရောက်နေပြီး ခေတ်မှီတိုးတက်သော နိုင်ငံတော်ကြီးကို တာဝန်ရှိသူများက အကောင်အထည် ဖော်နေကြသည် မဟုတ်ပါလား။ ဒေါက်ထက်၏ အတွေးကား တက်တက်စင်အောင်ပင် လွဲနေတော့သည်။ တလွဲကို လွဲရပြန်ပါပြီ။ အဆိုကျော် ထူးအိမ်သင်၏ ”လွဲလွဲလေးပဲ ကောင်းပါ တယ်” က ဒေါက်ထက်၏ အကြိုက်ဆုံးတေးတပုဒ် ဖြစ်ပေသည်။

မကြာသေးခင်က မန္တလေးမြို့တော်ကြီး၏ အထင်ကရ ကင်ဆာကု ဆေးရုံကြီးတခုအကြောင်း ကို ဖေ့စ်ဘုတ်ဖတ်ရပေသည်။ ကင်ဆာကို မြန်မာ့နည်းဖြင့် အမြစ်ပြတ်အောင် ကုသနိုင်သည်ဟု ဆိုထားသည်။ ရဲစခန်းအနီးတွင် ဖွင့်ထားသည်ဆိုသည်မှာ အံ့သြကုန်နိုင်ဘွယ်ပင်။ လုံခြုံရေးအတွက် များလား လူပြိန်းတယောက်လို တွေးမိသည်။ ရဲစခန်းနှင့် နီးလျှင် သူခိုးများ နည်းမည်လား။ ဟုတ်ဟန်မထင်။

ဒေါက်ထက်တယောက် ကြောက်တတ်ပါသည်ဆို မန်းတောင်ရိပ်ခို ကင်ဆာအထူးကုကြီး၏ ဗီဒီယိုကိုကြည့်ရသောကြောင့် ကျောချမ်းမိသည်။ ပါမောက္ခ ဒေါက်တာဟု ဆိုသော ဆရာဝန်မဟုတ်သည့် အနှီအထူးကု ဆိုသူ၏ အသည်းလှိုက်စရာ ခွဲစိတ်ဆေးထိုးခန်း ဓာတ်ရှင်ကားကို ယူတျုပေါ်တွင် တွေ့ရလေသည်။ ရွှေလက်စွပ်ကြီး အားရပါးရစွပ်ထားသော လက်ဖြင့် လက်အိတ်မစွပ်ပဲ ရမ်းဆေးထိုးခန်းကို ဆက်မကြည့်ရဲသဖြင့် ဒေါက်ထက် မျက်နှာလွှဲလိုက်ရသည်။ ငယ်ငယ်က ရုပ်ရှင်ကြည့်သောအခါ နှိပ်စက်သောအခန်း ပါလျှင် မကြည့်ရဲသဖြင့် မျက်စေ့မှိတ် နားပိတ်လေ့ရှိသော ဒေါက်ထက်လည်း မြန်မာအထူးကုကြီး၏ဗီဒီယိုကို ပိတ်လိုက်ရသည်။ ဒေါက်ထက်တယောက် ကလေးဘဝကဆိုလျှင် ရုပ်ရှင်ကားထဲတွင် ကယ်သူများ ရောက်လာချိန်လောက် နားပိတ်သောလက်ကို လျှော့ပြီး ဇာတ်ကောင်းသံကြားမှ မျက်စေ့ ဖွင့်လေ့ရှိသည်။ ယခုဗီဒီယိုကတော့ ကယ်မဲ့သူ လာဖို့လမ်း မမြင်သေးပါချေ။

ဤသို့သော ရိုက်စားချက် ကုချက်များကို မြန်မာနိုင်ငံကြီးတွင် ရှင်သန်ခွင့်ရထားသည်မှာ ကမ္ဘာ့အလယ်တွင် အံ့သြကုန်နိုင် ဘွယ်ပင် ဖြစ်ပေသည်။ နှာစေးနေသော ဿပူရိသ သူတော်စင်အပေါင်းတို့ကား အားကိုးအားထား ထားစရာမမြင်ရသေးချေ။ ”ခေတ်ပြောင်းလျှင်တော့” ဟူသော ကောက်ရိုးတစလေးသာ ဆွဲစရာ ကျန်တော့သည်။ ဒေါက်ထက်တယောက်မှာကား တကယ်ပင်ကြောက်တတ်သူမို့ ”ကုမှာလားမောင်ရဲ့ ကြောက်တယ်ခင့်” ဟူသော ဒီစာလေးဖြင့်သာ သက်ကယ်ချောင်း ခေါင် လောင်းထိုး၍ ကြောက်ကြောက်နှင့်ရေးပြီး မျက်စေ့ကိုမှိတ် နားကို ပိတ်မိပါတော့သည်။  ။

ဒေါက်ထက် (ယူကေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

4 Responses to ဒေါက်ထက် (ယူကေ) – ကုမှာလားမောင်ရဲ့ကြောက်တယ်ခင့်


  1. Catwoman on February 25, 2016 at 8:20 am

    You should write more. There re many things to write. I came here to the us when I was 17 and I m now a partner in a group practice. I see many bad things back home. There is no preventative medicine.
    You should definitely write abt people who called themselves specialist. We need fellowships here to become specialists.

    • ဒေါက်ထက်(ယူကေ) on February 28, 2016 at 12:22 am

      Thanks for your comments. There are good and bad things back home like anywhere in the world. Bad things are good to write in deed although I find it difficult to write without upsetting some as they may regard those as personal. You might have heard that some writers have been attacked for their articles.

      ပြည်တွင်းကလူတွေက အခြေအနေမှန်တွေကို သိကြပါတယ်
      သူတို့က ရေးရင် ပိုကောင်းပါမယ်
      အားနာကြလို့ မရေးတာနေမှာပါ
      ပြည်တွင်းကလူတွေဆီက အတွေ့အကြုံတွေ ရပါတယ်

  2. Star Wraith on February 26, 2016 at 1:24 pm

    အနော်ကတော့ ပညာရေးနဲ့ဆိုင်တယ်ထင်တာပဲ။

    • ဒေါက်ထက်(ယူကေ) on February 28, 2016 at 12:24 am

      မှန်ပါတယ်

      ပညာရေးကတော့ လူတိုင်းကို ပေးရမှာပါ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်