မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၂)

March 7, 2016

 မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၂)
(မိုးမခ) မတ် ၇၊ ၂၀၁၆

 

● ဝ နယ်သို့ CPB ဝင်ရောက်လာခြင်း
၁၉၆၈ ဇန္နဝါရီ ၁ ရက်မှစ၍ CPB တို့သည် မုန်းကိုးဒေသ ကိုးကန့်ဒေသတို့မှတဆင့်စ၍ ဝင်ရောက်လာခဲ့သည်။ ထိုသို့ဝင် ရောက်လာသည့် CPB အရှေ့မြောက်အင်အားစုများသည် ၁၉၆၉တွင် စစ်ဆင်ရေးမှူးရဲဘော်ကျော်ဒင်ဦးစီး အဖွဲ့ငယ်တဖွဲ့ အား ဝ နယ်မြောက်ပိုင်းသို့ စိမ့်ဝင်စည်းရုံးခဲ့သည်။ မူလကတည်းက ကူမင်တန်ဆန့်ကျင်ရေးသင်တန်းတက်ပြီး တရုတ်နှင့် ဆက်ဆံမှုရှိသောဝ သူပုန်ပြောက်ကျားအဖွဲ့များကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

ဝ နယ်မြောက်ပိုင်း ခွင်းမားနယ်၌ ပေါက်ယိုချမ်း ပန်ဝိုင်နယ်၌ ကျောက်ညီလိုင် အိုက်ချင်းနယ်၌ တာ့ပရောင်း/ အိုက်လွန်း တို့ ၏ ပြောက်ကျားတပ်များ မုန်တိန်းမှ လူရှင်းကော့ ကာကွယ်ရေးတပ်စသည်တို့ကို စည်းရုံးသိမ်းသွင်း၍ ဝ နယ်မှ အစောဆုံး CPB တပ်ရင်းများဖြစ်သည့် ရင်း ၅၀၁ ရင်း ၅၀၂ ရင်း ၅၀၃ တို့ စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

ဤသို့စည်းရုံးဖွဲ့စည်းခြင်းများကို လျင်မြန်စွာလုပ်ဆောင်နိုင်ခြင်းမှာ CPB တို့၏ စည်းရုံးလှုပ်ရှားမှု တရုတ်တို့၏ ကြိုတင်လေ့ ကျင့်ထားမှုတို့အပြင် တပ်ဖွဲ့စည်းရေးလိုအပ်သော ယူနီဖေါင်း ရိက္ခာလက်နက်ခဲယမ်းတို့ကို အလုံအလောက်ထောက်ပံ့ပေးနိုင်ခြင်းတို့ကြောင့်လည်း မြန်ဆန်ခဲ့သည်ဟု ဆိုရမည်။

ဤသို့ဖြင့် မွေးရာပါစစ်သည်များဖြစ်ကြသည့် ဝ တပ်သားအများအပြားကို CPB တို့ စည်းရုံးသိမ်း သွင်းနိုင်ခဲ့သည်။ ဝ နယ် အတွင်း ရိက္ခာရှားပါးမှု အသက်မွေးဝမ်းကြောင်းလုပ်ငန်းရှားပါးမှုတို့ကြောင့် ဝ လူငယ်များအတွက် စစ်သားလုပ်ခြင်းသည် သူတို့အတွက် professional အဖြစ် ရွေးချယ်စရာ ထွက်ပေါက်တခုဖြစ်ခဲ့သည်ဟု အချို့ကဆိုကြသည်။ ဤ အချင်းအရာသည် အချက်အလက်တခုဖြစ်နိုင်ကောင်းသော်လည်း ဝ တို့၏တော်လှန်ပုန်ကန်မှုနှင့် CPB ၏စည်းရုံးသိမ်းသွင်းမှုကိုတော့ ပစ်ပယ် ၍ မရနိုင်ပေ။

၎င်းပြင် ထိုစဉ်အုပ်စုတိုက်ပွဲများ၏ ဒဏ်ရာ ဒဏ်ချက်အနေနှင့်ကျန်ရစ်သော မိဘမဲ့ကလေးများစားနပ်ရိက္ခာရှားပါးမှုကြောင့် မိဘများကွယ်လွန်၍ ကျန်ခဲ့သော မိဘမဲ့ကလေးများစွာရှိသည်။ ထိုကလေးများကို CPB တို့ စုစည်းကျွေးမွေး ပညာသင်လေ့ ကျင့်ပေးခဲ့ပြီး အရွယ်ရောက်သည်နှင့် CPB၏ စစ်သားများဖြစ်လာကြတော့သည်။ အချို့မှာ အရွယ်မရောက်မှီကထဲက တပ် တွင်း ထမင်းချက်ဆက်သားလုပ်ကာ တပ်ဖွဲ့ဝင်များအနေနှင့်ကြီးပြင်းလာခဲ့သည်။ ဝ နယ်သည် CPB တို့အတွက် အကောင်းဆုံးစစ်သားရေသောက်မြစ်ဖြစ်ခဲ့သည်။ ဤသို့ဖြင့် မွေးရာပါစစ်သည်များဖြစ်ကြသော တောင်တန်းဒေသများတွင် အဆင်းရဲ အပင်ပမ်းခံနိုင်သော အကြမ်းပတမ်းခံနိုင်သော ဝ စစ်သည်များသည် CPB ၏အဓိကအင်အားများ ဖြစ်လာတော့သည်။ ထို့ပြင် ဝ စစ်သည်များသည် CPB ၏အဓိကစစ်အင်အားအဖြစ်ပါဝင်လာပြီးနောက် တိုက်ပွဲကြီးငယ်များစွာဆင်နွှဲခဲ့ကြပြီး စစ် ရည်ဝသော တိုက်ပွဲအတွေ့အကြုံများပြားသော စစ်သည်တော်များဖြစ်လာကြတော့သည်။

၁၉၇၂ ခုနှစ် ကွန်လုံ ဟိုက်ကဘား တိုက်ပွဲအပြီး CPB အရှေ့မြောက်စစ်ဒေသသည် ဝ နယ်သို့ထိုးဖောက်ဝင်ရောက်ရန်ဆုံး ဖြတ်ခဲ့ကြသည်။ သံလွင်မြစ်အနောက်ဖက်ကမ်း မုန်းကိုး စီစီဝမ်တာပန်ဒေသတွင် နိုင်ငံရေးမှူး အင်ဖန်းဂမ်နှင့် တပ်မဟာမှူး စောထွန်းတင်ဦးစီး တပ်မဟာ ၂ နှင့် လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ရင်း ၃၀၃၁ (အထူးတပ်ရင်း) ရင်း ၃၀၃၃ (ရင်း ၁) ရင်း ၃၀၃၇ (ရင်း ၃) ရင်း ၁၀၇ စသည့် တပ်ရင်း၎ ရင်းပါ တပ်မဟာတစ်ခုထားခဲ့သည်။

နိုင်ငံရေးမှူးလီကျုံးချန်း ဦးစီးသည့် တပ်မဟာ ၅ နှင့် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ရင်း ၅၀၂ ရင်း ၄၀၄၅ ရင်း ၄၀၄၆ ရင်း ၄၀၄၇ တို့သည်လည်းကောင်း၊ တပ်မဟာမှူး ဖုန်ကြားဖူးဦးစီးသည့် တပ်မဟာ ၈ နှင့် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ရင်း ၅၀၁ ရင်း ၅၀၃ ရင်း ၃၀၃၅ ရင်း ၄၀၄၈ တို့သည်လည်းကောင်း၊ ဝ နယ်သို့ ၁၉၇၃ နှစ်ဆန်းတွင်ချီတက် တိုက်ခိုက် သိမ်းပိုက်ကြသည်။ တပ်မဟာမှူးအဖြစ် တာဝန်ယူကြသူများဖြစ်သည့် အင်ဖန်းဂမ်နှင့် စောထွန်းတင်မှာ ယခင် လဖိုင်နော် ဆိုင်းတပ်မှဖြစ်သည်။ ဖုန်ကျားဖူးမှာ ဖုန်ကျားစင်း၏ညီဖြစ်သည်။ လီကျုံးချန်းမှာလည်း ကိုးကန့်တစ်ဦးဖြစ်ပြီး ကိုးကန့်အဖွဲ့ ၁၉၈၉ ခွဲထွက်စဉ်ပါဝင်ခဲ့ပြီးနောင် ဖုန်ကျားစင်း ညီအကို ၂ ဦးကို ပြန်လည်ပုန်ကန်သည့် ယန်မူလျံ ယန်ပုံအန်း ညီအကို ၂ ဦးနှင့် ပူးပေါင်းခဲ့သည်။ ၎င်းတို့ပုန်ကန်မှုအရေးနိမ့်သွားပြီးနောက် အစိုးရဒေသတွင်း လာရောက်အနားယူသွားပါသည်။

ဤသို့ဖြင့် ဝနယ်မြောက်ပိုင်း မိုင်းမောမှ မန်ရှန် အထိတိုက်ခိုက်သိမ်းပိုက်သည်။မိုင်းမောမှ နယ်စပ် အတိုင်း ခွင်းမား အိုက်ချင်း တာမန်ဟိုင်း ယင်းဖန် တလျှောက် တရုတ်ဖြူတပ်ကြွင်းတပ်ကျန်များနှင့် ကာကွယ်ရေးများကို ရှင်းလင်းတိုက်ခိုက်သည်။ နားကော် ပန်ဆန်း ပန်ယန်းတို့ကို တိုက်ခိုက်သိမ်း ပိုက်သည်။အစိုးရစခန်းများသာမက နန့်ယားရုံရှိ တိုင်ဝမ်ထောက်လှမ်း ရေးစခန်းအားလည်း တိုက်ခိုက်သိမ်းပိုက်သည်။ မော်ဖာကာကွယ်ရေးတပ်က တပ်မဟာ ၅ ထံ လက်နက်ချသည်။ ထို့နောက် နမ့်ခချောင်းအားဖြတ်၍ ကျိုင်းတုံမြောက်ဖက် ဟိုတောင်း မိုင်းပေါက်ဒေသသို့ ဝင်ရောက်သည်။

ဤသို့ဖြင့် ၁၉၇၃ နှစ်လည်ခန့်တွင် မူလဝနယ်၏မြောက်ပိုင်းရော တောင်ပိုင်းပါသိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၇၄ တွင် CPB အ ရှေ့မြောက်စစ်ဒေသဌာနချုပ် ပန်ဆန်းသို့ပြောင်းရွှေ့အခြေစိုက်သည်။

ထိုနောက် တိုက်ပွဲကြီးငယ်များ စည်းရုံးသိမ်းသွင်းမှုများကြောင့် ၁၉၇၆ တွင် အရှေ့မြောက် CPB တို့ တပ်မဟာအသစ်များတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။ မူလ တပ်မဟာ ၅ မှာ တပ်သားသစ်တိုးပွားလာ၍ တပ်မဟာ ၆၈၃ နှင့် တပ်မဟာ ၆၈၅ ဟု ၂ ခုခွဲ ၍ဖွဲ့စည်းလိုက်သည်။ တပ်မဟာ ၁၂ အားတိုးချဲ့ဖွဲ့စည်းခဲ့သည်။ မိုင်းပေါက်နှင့် မိုင်လားကြားရှိ ဆီလူးဒေသတွင် လှုပ်ရှားနေ သော စိုင်းအိုက်မြင့်ခေါ် ကျောက်ခွင်းမင်၏ရှမ်းတပ်အား စည်းရုံးသိမ်းသွင်းပြီး တပ်ရင်း ၃ ရင်းပါ တပ်မဟာ ၇၆၈ အဖြစ်ဖွဲ့ စည်းခဲ့သည်။ အဆိုပါ ၇၆၈ တပ်မဟာ မှလွဲ၍ ကျန်တပ်မဟာများသည် ဝ စစ်သည်များနှင့် ဖွဲ့စည်းထားသောတပ်များ ဖြစ်ကြသည်။

ထို့နောက် ၁၉၇၇ /၇၈/၇၉ တို့တွင် CPB ဗဟိုဌာနချုပ်သည်လည်း ဝ နယ်သို့ပြောင်းရွှ့အခြေစိုက်သည်။ ဤသို့ဖြင့် ဝ နယ် သည် CPB  တို့၏ထိမ်းချုပ်မှုအောက်တွင် စုစုစည်းစည်းဖြစ်သွားခဲ့ပြီး ခွင်းမားနယ်ဘက်အား ဝ မြောက်ခရိုင်ဟူ၍လည်းကောင်း၊ ပန်ဆန်းဒေသဘက်အား ဝ တောင်ခရိုင်ဟူ၍လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ ၎င်းဒေသထဲမှ ၁၉၇၉ /၈၀ မင်းရန် အောင် ထိုးစစ်အတွင်း မော်ဖာဒေသအား အစိုးရတပ်များက ပြန်လည်ထိမ်းချုပ်နိုင်ခဲ့သည်

ထိုသို့ ဝဒေသအများစုအား CPB တို့သိမ်းပိုက်လိုက်နိုင်ခြင်းသည် ဝ တို့အတွက်လည်း အပြောင်းလဲကြီးတခုဖြစ်သွားခဲ့ သည်။ မူလက တကွဲတပြားမျိုးနွယ်အုပ်စုအလိုက်ရပ်တည်နေသော ဝ မျိုးနွယ်စုများသည် ပထမဆုံးအကြိမ် စုစုစည်းစည်းဖြစ် သွားသည်။ မပြည့်စုံသေးသောလေ့လာမှုများအရ ဝ မျိုးနွယ်စုအုပ်စု ၃၄ ခုရှိရာမှ အုပ်စု ၂၇ စုသည် CPB နှင့် ပူးပေါင်း သွားခဲ့ကြသည်။ အုပ်စု ၄ စုခန့်က အစိုးရနှင့်ပူးပေါင်းသွားပြီး အုပ်စု ၃ စုခန့်က တရုတ်ဖြူ ကူမင်တန်နှင့် ပူးပေါင်းသွားခဲ့ကြသည် ဟုဆိုပါသည်။

● ဝ နှင့် CPB
အထက်တွင်ဖော်ပြထားသည့်အတိုင်း CPB တို့ ဝ နယ်ဝင်လာသည့်အတွက် ဝ လူမျိုးတို့အတွက် ဝ လူမျိုးအများစုအား တစု တစည်းတည်းဖြစ်သွားစေခဲ့သည်။ ထို့အပြင် ထို ဝ လူမျိုးတို့နေထိုင်ရာဒေသသည်လည်း ပြည်မအစိုးရအုပ်ချုပ်မှုအောက်မှ လုံးဝကင်းလွတ်သည့် ဝ စစ်သည်အများစုပါဝင်သည့် CPB တပ်များထိမ်းချုပ်သည့် နယ်မြေများအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် CPB တို့စိုးမိုးသည့် အနှစ် ၂၀ ခန့်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲကြီးငယ်များအတွင်း ဝ စစ်သည်တို့အနေနှင့် များ စွာသော စစ်ရေး နိုင်ငံရေးအတွေ့အကြုံများရရှိသကဲ့သို့ စစ်ရေးနိုင်ငံရေးအတွေ့အကြုံရှိသည့် ဝ နယ်တခုလုံးတွင် သြဇာရှိ သည့် ခေါင်းဆောင်များလည်းပေါ်လာတော့သည်။ ထိုအထဲတွင် တပ်မဟာ ၁၂ မှ ကျောက်ညီလိုင် တပ်မဟာ ၆၈၃ မှ ပေါက်ယိုချမ်း ကျောက်ကျုံးတန်းတပ်မဟာ ၆၈၅ မှရှောက်မီလျံ တပ်မဟာ ၈ မှ အိုက်လွန်း ဆမ်ပရူး အိုက်ငင်းတို့သည် အခြားသူများထက် ခေါင်းတစ်လုံးပိုမြင့်ခဲ့ကြသည်ဟု ဆိုရမည်။ ဤသို့ဖြင့် ဝ ခေါင်းဆောင်များသည် စစ်ဘက်တွင် တပ်မ ဟာအဆင့် အုပ်ချုပ်ရေးဖက်တွင် ခရိုင်အဆင့်သာမက ၁၉၈၅ CPB တတိယကွန်ဂရက်တွင် ကျောက်ညီလိုင်နှင့် ပေါက်ယို ချမ်းတို့သည် CPB အရန်ဗဟိုကော်မတီအဖြစ် တက်လှမ်းနိုင်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် တရုတ်နယ်စပ်တလျောက်တွင်ရှိနေသော ဝ တို့သည် CPB ခေတ်ကာ အစိုးရစစ်တပ်နှင့် အပြင်းအထန် တိုက်ခိုက် နေစဉ်ကာလအတွင်းဝဒေသတွင်း ဝ လူထုသည် တရုတ်နှင့်ကူးလူဆက်ဆံမှု ကုန်သွယ်ရောင်းဝယ်မှုများစတင်လာသည်။
၁၉၈၀ ခုနှစ် တရုတ်တို့တံခါးဖွင့်ဝါဒ စတင်ကျင့်သုံးလာချိန်မှစ၍ ပို၍တိုးတက်လာသည်ဟုဆိုရမည်။ ထို့ပြင် နယ်စပ်တ လျောက် တရုတ်ပြည်တွင်း၌လည်း ဝ လူမျိုးစုများနေထိုင်ကြရာ ပို၍ ဆက်ဆံရေးအားကောင်းလာသည်ဟု ဆိုရပေမည်။

မြန်မာပြည် ဝ နယ်နှင့်ကပ်ရက် တရုတ်ပြည်တွင်း၌လည်း ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတခုရှိသည်။ သို့ဖြစ်ရာဝ မျိုးနွယ်ချင်း ရင်းနှီးသောဆက်ဆံမှုရှိသည်။ မြန်မာပြည်တွင်းမှ ဝ ကလေးငယ်များ တရုတ်ပြည် ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့သွား ရောက်ကျောင်းတက်ကြသည်။ လက်ရှိ အတည်ပြုဆဲကိန်းဂဏန်းများအရ မြန်မာပြည်တွင်း၌ ဝ လူမျိုး ၆ သိန်းခန့်ရှိပြီး တရုတ်ပြည်တွင်း၌ ၃ သိန်းခန့်ရှိသည်ဟုဆိုပါသည်။

ဤသို့ဖြင့် CPB အနှစ် ၂၀ နီးပါးခန့် အခြေချလာခဲ့ပြီးနောက် ဝ မျိုးနွယ်စုများ တစုတစည်းတည်းဖြစ်သွားခြင်း တိုက်ပွဲကြီး ငယ်များစွာဆင်နွှဲပြီး ခေတ်မှီ လက်နက်များသုံးသည့်ခေတ်မှီစစ်ပွဲဆိုင်ရာ အတွေ့အကြုံများပြည့်ဝလာခြင်း ဝမျိုးနွယ်စုအား လုံးကို စုစည်းခေါင်းဆောင်နိုင်သည့် ဝ အမျိုးသားခေါင်းဆောင်များပေါ်ထွက်လာခြင်း၊ ထို့ပြင် ဝ တို့သည့် အစိုးရ၏ အာဏာ စက်အောက်မှကင်းလွတ်သည့် ဝ စစ်သည်များကာကွယ်ထားသည့် ဒေသတခုရှိနေခြင်း စသည့်အကျိုးအမြတ်များရရှိခဲ့ သည်ဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyun


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်