Myanmar Now – ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်တယ် (အင်တာဗျူး)

March 10, 2016

ကြာသပတေးနေ့က နေပြည်တော် စည်ပင်ရိပ်သာတွင် တွေ့ရသော ဦးဟင်နရီဗန်ထီးယူ (ဓာတ်ပုံ – ဆွေဝင်း/Myanmar Now)

Myanmar Now – ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်တယ် (အင်တာဗျူး)

(မိုးမခ) မတ် ၁၀၊ ၂၀၁၆

ယခုတွေ့ဆုံမေးမြန်းခန်းအား Myanmar Now မှ ရယူသည်။

နေပြည်တော် (Myanmar Now) – ကြာသပတေးနေ့က အမျိုးသားလွှတ်တော်တွင် ဒုသမ္မတလောင်းတစ်ဦးအဖြစ် အမည်တင်သွင်းခြင်း ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူသည် တပ်မတော်တွင် နှစ်ပေါင်း ၂ဝ ကျော်  တာဝန်ထမ်းဆောင်ပြီးနောက် အရပ်ဘက် ဌာနဆိုင်ရာ အရာရှိတစ်ဦးဖြစ်လာသည်။

 

မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သူ  ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ဇာတိ ဦးဟင်နရီဗန်ထီးယူသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်  အမှတ် (၃) မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူဖြစ်သည်။

 

ဒုသမ္မတလောင်းအဖြစ် အဆိုပြုခံရပြီးနောက် ခရစ်ယာန်ဘာသာဝင်၊  ၅၇ နှစ်အရွယ်  ဦးဟင်နရီဗန်ထီးယူက သူတည်းခိုရာ နေပြည်တော်စည်ပင်ရိပ်သာတွင် Myanmar Now နှင့် အခြားသတင်းဌာနများမှ သတင်းထောက်များကို တွေ့ဆုံခဲ့သည်။ တွေ့ဆုံမေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

မေး – သမ္မတလောင်းအဖြစ် နာမည်တင်သွင်းခံရတော့  ပထမဆုံး ဘယ်လိုတုန့်ပြန်မိလဲ။

ဖြေ – လွန်ခဲ့တဲ့ လေး၊ ငါးရက်လောက်တည်းက ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော့်မှာ အဲဒီလောက်ထိ ရည်ရွယ်ထားတာတော့ မရှိပါဘူး။ ဒီလွှတ်တော်ကိုလာပြီး ကိုယ့်ဒေသအတွက် လိုအပ်ချက်တွေကို တင်ပြမယ်၊ သာမန်အနေထားလောက်နဲ့ပဲ လာခဲ့တာပါ။ အခုလို မထင်မှတ်ဘဲ ကမ်းလှမ်းခံရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားခဲ့ပါတယ်။ မိသားစုကလည်း ကိုယ်စားလှယ် စဖြစ်တဲ့ အချိန်ကစပြီး အများကြီး ဂုဏ်ယူပြီး အားပေးခဲ့တာပါ၊ ကျွန်တော်တို့ ချင်းပြည်နယ်က တခြားပြည်နယ်ထက် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ နောက်ကျပါတယ်၊ ချင်းပြည်နယ်အတွက် ကိုယ်တတ်စွမ်းသလောက် လုပ်ကိုင်နေတဲ့အတွက် မိသားစုကလည်း အားပေးပါတယ်။

 

မေး – ဒုသမ္မတလောင်းတစ်ယောက်အနေနဲ့ ရုပ်ပြသက်သက်ထက်ပိုပြီး ဘယ်လောက် အလုပ်လုပ်နိုင်မယ်ထင်လဲ။

ဖြေ – အန်တီစုက တိုင်းရင်းသားအားလုံးကို အလေးထားပြီး လက်တွဲခေါ်ဆောင်တယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားတစ်ယောက်အနေနဲ့  တိုင်းရင်းသား ဒေသတိုင်းမှာ ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်ပါတယ်။ ချင်းပြည်နယ်မှာ အဓိကလုပ်ဆောင်ရမှာက လမ်းပန်း ဆက်သွယ်ရေးပါပဲ၊ လမ်းတွေကို အဓိကထားလုပ်ရမှာပါ။ တကယ်လို့များ ဒုတိယ သမ္မတအဆင့်မှာ တကယ် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ဒါဟာ ချင်းတိုင်းရင်းသားတွေထဲမှာ ဘယ်သူမှ တာဝန်မထမ်းဆောင်ဖူးသေးပါဘူး၊ ဒါဟာပထမဆုံးပါပဲ၊ အခုက အတည်တော့ မပြုသေးပါဘူး။

 

မေး – ကိုယ်က စစ်မှုထမ်းအတွေ့အကြုံရှိတော့ စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းရေးတွေမှာ ထူးထူးခြားခြားအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားလား။

ဖြေ –  NLD ပါတီက လက်ရှိတိုင်းပြည်အနေအထားထက် ပိုဖွံ့ဖြိုးအောင် အန်တီ ဦးဆောင်တဲ့ NLD ပါတီက စွမ်းဆောင်နိုင်လိမ့်မယ်ထင်လို့  ဒီပါတီကနေ ရွေးချယ်ခံခဲ့တာပါ။ နိုင်ငံတော်ကို ကမ္ဘာ့အဆင့်မှီဖြစ်အောင် တည်ဆောက်တဲ့အခါမှာ တပ်မတော်ရော၊ NLD ပါတီရော အများပြည်သူရဲ့ တိုင်းပြည်လိုအပ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်စေချင်တဲ့ ဆန္ဒရှိပါတယ်။     ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အင်တာဗျူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်