သွန်းခ – တစ်ရာတန်အစုတ်ရဲ့စကားပြောများ

March 20, 2016

– တစ်ရာတန်အစုတ်ရဲ့စကားပြောများ
(မိုးမခ) မတ် ၂ဝ၊ ၂ဝ၁၆

အင်းစိန်၊ ဖော့ကန်ကနေ အပြန်မှာစီးနေကျ လိုင်းကားကိုပဲစီးဖြစ်ပါတယ်။ ယာဉ်စီးခပေးအပြီး ရင်တမမနဲ့ မျှော်ရတာက ပိုက်ဆံအကြွေပြန်အမ်းဖို့ပါ။ ဒီဘက်ခေတ်မှာက တစ်ထောင်တန်တစ်ရွက်ရဲ့သက်တမ်းဘာကြာတာမှတ်လို့။လက်ထဲကထွက်သွားတဲ့ တစ်ထောင်တန်ငွေစက္ကူဟာ အဟောင်းအမြင်း၊ အနွမ်းလေးတွေနဲ့ ငွေအကြွေအဖြစ် ကိုယ့်ဆီပြန်ရောက်လာ တတ်တာကိုး။ အစုတ်ပြန်လာမှာတော့ဘယ်သူမှမလိုလားပါဘူး။

ယာဉ်နောက်လိုက်ရဲ့လက်ထဲမှာလုံးထွေး၊ ခေါက်တွန့်၊ ကြေမွ၊ ဟောင်းနွမ်း၊ စုတ်ပြတ်နေတဲ့ ငွေစက္ကူတွေထဲက အစုတ်ဆုံး ငွေစက္ကူကိုယ့်ဆီ ကံစမ်းမဲအဖြစ်နဲ့ရောက်လာမှာစိုးကြတာ လူတိုင်းစိုးရိမ်ကြမှာ အမှန်ဖြစ်မှာပါ။

ထင်ထားတဲ့အတိုင်းပါပဲ။ ၅ဝဝ တန်စက္ကူ ခပ်နွမ်းနွမ်းရယ်၊ ဗဟိုဘဏ်ကနေ ငွေစက္ကူလုံခြုံရေးအတွက်စီမံထားတဲ့ ငွေရောင် ကြိုးစလေး ဆွဲနှုတ်ခံထားရပြီး အဲဒီနေရာကပဲ စုတ်စ၊ ပြဲစပြုနေတဲ့ ၂ဝဝ တန်တစ်ရွက်ရယ်၊ ငွေစက္ကူကို အရှည်လိုက် ကြိမ် ဖန်များစွာ ခေါက်ချိုးခံထားရရုံမက လက်ထဲလုံးထွေးထားလို့ ခပ်နွမ်းနွမ်းနဲ့ အရှည်လိုက်အနေအထားအတိုင်း လုံးလုံးလျား လျား (နှစ်လက်မလောက်) ပြဲနေတဲ့ တစ်ရာတန်ငွေစက္ကူရယ် လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့တာပါ။

၅ဝဝ တန်အတွက် သင်လည်းတစ်နေ့ စုတ်ပြဲဦးမည်၊ ၂ဝဝ တန်အတွက် သင်လည်းမနေနိုင်မထိုင်နိုင်လက်ဆော့၊ ခြေဆော့ နိုင်လွန်းသူနှင့် ငွေစက္ကူတန်ဖိုးမထားတတ်သူတို့ကြောင့် အနေအထားပျက်ရဦးမည်လို့ စိတ်ထဲတွေးပြောပြောရင်း တစ်ရာ တန်အတွက် အိမ်ကတိပ်ခွေနဲ့ ကပ်ကြေးအကူအညီ ယူပြီးပြုပြင်ပေးရပေဦးမည် လို့ပါတစ်ဆက်တည်း အတွေးပုံရိပ်ဖော်မိပါ တော့တယ်။

ငွေစက္ကူအစုတ်ဖာထေးခြင်းအတတ်ပညာကို မြန်မာပြည်သူပြည်သားတွေ သင်ကြားရေးအတတ်ပညာအဖြစ် မသင်ခဲ့ရ ပေမယ့် လူကြီးသူမတွေဆီကနေ အမြင်နဲ့တတ်ခဲ့၊ သိခဲ့ကြပြီးသားပါ။ ဘယ်လိုပြဲရင်တိပ်နဲ့ဘယ်လိုကပ်၊ ဘယ်လိုစုတ်ရင် တိပ်နဲ့ဘယ်လိုဖာ၊ ဘယ်လိုပြတ်ထွက်နေရင် အစားထိုးစက္ကူနဲ့ ပိုးပြီးဘယ်လိုပြန်ဖြည့်သုံးရမယ်ဆိုတာ အနုပညာ တစ်ရပ် အနေနဲ့ကို မြန်မာပြည်သူ၊ပြည်သားတွေတတ်နေကြ၊ နပ်နေကြတာပါ။

လက်ထဲရောက်လာတဲ့ ငွေစက္ကူလေးတွေကိုတယုတယကိုင်တွယ်ကြည့်နေတုန်း

မော်တော်ယာဉ်မောင်းတဲ့သူဆီက အာမေ ဍိတ်ပြုသံနဲ့ နောက်ဆက်တွဲ ဖရုသဝါစာ ဆဲရေးတိုင်းထွာခြင်းတွေ ကြောင့် ယောင်ယမ်းပြီးလက်ထဲဆုပ်ထားလိုက်မိပါတယ်။ ထီးဆောင်းပြီးကားရှေ့ကဖြတ်ပြေးသွားတဲ့ မိန်းကလေးတစ်ယောက်ကြောင့်ယာဉ်မောင်းသူဆီက အမျိုးအမည်စုံလှစွာသော ဖရုသဝါစာများထွက်ကျလာခြင်းပါ။ တစ်ဆက်တည်း လက်ထဲက ငွေစက္ကူလေးတွေရဲ့ အော်ဟစ်ညည်းတွားသံတွေကိုပါအာရုံပြုမိပါရဲ့။ အဲဒီအထဲမှာ တစ်ရာတန်လေးအသံက အကျယ်လောင်ဆုံးပါ။

သူ့ကိုယာဉ်နောက်လိုက်ဆီပြန်လဲခိုင်းရကောင်းမလား၊ အိမ်ကျမှအချိန်ပေးပြီး တိပ်နဲ့ကျကျနနပြန်ကပ်ပေးရမလား၊ ကိုယ် က ပြန်ပြုပြင်ဖာထေးထားပေမယ့် ပြန်သုံးရင် အဲဒီရာတန်လေးပြန်လဲပေးပါ အပြောခံရပြီး တစ်ရာတန်လေးမျက်နှာငယ်ရှာဦးမလား၊ ကိုယ့်မှာ သူ့အတွက် တစ်ရာတန်လစ်ဟာမှုကို လျစ်လျူရှုနိုင်လို့လား ဆိုတာတွေတွေးနေတုန်း လှည်းတန်းအထိ တစ်ရာပဲ၊ကျော်ရင် နှစ်ရာ၊ မြို့ထဲအထိသွားရင် သုံးရာဆိုတဲ့ ယာဉ်နောက်လိုက်ရဲ့သူ့တစ်ယောက်ထဲ ကန့်သတ်ဈေးနှုန်း သတ်မှတ်ပြီး ဆက်တိုက်ခရီးသည် ခေါ်သံ တွေကြောင့် တစ်ရာတန်လေးလည်းလှည်းတန်းအထိတော့စီးလို့ရသေးတဲ့တန်ဖိုးရှိနေတယ်ဆိုတဲ့အတွေး က အာရုံထဲဝင်လာပြန်ပါတယ်။

ဘာလို့ငွေစက္ကူလေးတွေကိုစုတ်အောင်၊ ပြဲအောင်၊ ဟောင်းအောင်၊ နွမ်းအောင်ကိုင်ကြတာပါလဲ။ လူတွေဟာ ငွေစက္ကူ တွေကိုဘာလို့ တယုတယ တန်ဖိုးမထားကြတာလဲ၊ ငွေစက္ကူတွေကပဲတန်ဖိုးမဲ့နေကြလို့လား၊ အရည်အသွေးမကောင်းတဲ့ စက္ကူသားတွေသုံးထားလို့များလားဆိုတဲ့ အတွေးတွေနဲ့ ရာတန်လေးကို အလိုလိုရွေးထုတ်ကိုင်ပြီး တွေးနေမိတာ တမေ့ တမောပါပဲ။

တစ်ရာတန်လေးကတော့လက်ထဲမှာ ဒဏ်ရာရထားတဲ့ ဌက်နာလေးတစ်ကောင်လို ခေါင်းလေးငုံ့ပြီးမှေးလျက်ပါလာနေဆဲပါ။ သူ့ကြည့်ပြီး ယာဉ်နောက်လိုက်ဆီပြန်လဲဖို့ကို ချီတုံချတုံ ဖြစ်ရပြန်ပါတယ်။

အမေရိကန်ဒေါ်လာရွက်တွေကိုကျတော့ စန့်စန့်ရန့်ရန့်၊ အချပ်လိုက်အတိုင်း သိမ်းထားတတ်ကြပါရဲ့။အရွက်အတိုင်းသိမ်းထားတတ်ကြပြီး ခေါက်တောင်မခေါက်ရက်ကြ။

ငွေလဲတဲ့နေရာကျစကားပြောရတတ်တာကိုး။ ဈေးလည်းအနှိမ်ခံရတတ် တာကိုး။ ဒီမှာပဲ၊ ဟောဒီမြန်မာပြည်မှာပဲ ဖြစ်နေတာလို့ထင်ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံကိုသွားကြည့်၊ စင်္ကာပူကိုသွားကြည့်သူတို့ငွေစက္ကူတွေက သူတို့လူနေမှုအဆင့်အတန်းကိုပြနေသလိုကို ခံစားရတတ်ပါတယ်။ ငွေစက္ကူတင်ပဲလား။ ဆင့် (ပြားစွန်းလည်းသုံးလို့ရအောင်) အလိုက်အဆင့်ရှိနေတုန်း။ သူတို့ငွေ ဈေးများတယ်မာတာကိုး။ စက္ကူသားလည်းကောင်းတာကိုး။ ကြည့်လိုက်၊ ခပ်သစ်သစ်လေးတွေကများတယ်လေ။

မဖြစ်မနေ၊ တိုတိုထွာထွာ၊ ချက်ချင်း၊ လက်ငင်း ပေးကြချေကြရတဲ့ ဈေးရောင်းဈေးဝယ်လိုနေရာတွေမှာသာ ငွေစက္ကူတွေ နဲ့ ကြားခံသုံးကြတယ်။ သပ်သပ်ရပ်ရပ် လည်းထားကြတယ်။ ပိုက်ဆံအိတ်ထဲ၊ ဘော်လီထဲ၊ ချွေးခံအကျီင်္ထဲထိုးသိပ်ထည့်တာမတွေ့ရသလောက်ပါပဲ။

ဟော၊ မြန်မာပြည်က ငွေစက္ကူများ နေရာစုံအောင်ရောက်တတ်တာကိုး။ လိပ်မလား၊ သိပ်မလား၊ ကျစ်မလား၊ ခေါက်မလား ကြိုက်သလိုအလုပ်ခံကြရတာကိုး။

ကုန်စိမ်းတန်း၊ သားငါးတန်း သွားကြည့်လေ။ အသားရောင်းတဲ့သူဆီမှာ ငွေစက္ကူက ဆီတရွှဲရွှဲ၊ ရေတစိုစို။ဟင်းရွက်သည်ဆီမှာ ငွေစက္ကူတွေဘဝလုံးလုံးလျားလျား စုတ်ချာနေချက်။ သုံးလို့ မရရင် ဖုန်းဘီလ်၊ မီတာဘီလ်ဆောင်တော့ထည့်သုံးလိုက် (နိုင်ငံတော်ကသုံးလိမ့်မယ်၊မထင်လိုက်ပါနဲ့) မရပါဘူး။ ပြန်လဲခိုင်းတတ်နေပါပြီ။

အိမ်နီးချင်းနိုင်ငံတွေလို ငွေကဒ်သုံးဖို့ကျတော့ ဒီနိုင်ငံမှာ အဆင်မပြေကြသေးပါဘူး။ စိမ်းနေပါသေးတယ်။စိတ်သိပ်မချကြတာလည်းပါတာပေါ့။ ဖုန်းဘီလ်၊ မီတာဘီလ် ဆောင်ဖို့လိုင်းတွေ ဖော်တဲ့လူကဖော်နေကြပါပြီ။ဒါပေမယ့် လိုင်းကိစ္စ၊ လျှပ် စစ်မီးကိစ္စ ဘယ်သူကမှ တာဝန်မယူရဲသေးဘူးကိုး။ တော်ကြာစက်ထဲကကဒ်ပြန်မထွက်လာလို့၊ လိုင်းကျသွားလို့၊ Error တက်နေလို့တွေနဲ့ ဆိုတော့လည်း လူတွေ အင် ကုန်တာမဆန်းပါဘူး။

လက်ထဲကတစ်ရာတန်လေးကလှည်းတန်းဈေးကျော်တော့လူးလွန့်စပြုလာပါရဲ့။ သူလည်းမွန်းမှာပေါ့။ ယာဉ်နောက်လိုက် လက်ထဲလည်း ပြန်မထည့်ရက်တော့ပါဘူး။ ဒါပေမယ့် ယာဉ်နောက်လိုက်လက်ထဲမှာ တစ်ရာတန်ခပ်လတ် လတ်ကလေးတွေ ဖျတ်ခနဲ တွေ့လိုက်လို့ လဲဖို့ စိတ်ကူးပေါက်လာပါသေးတယ်။ နောက်ကား၊ ရှေ့ ကား၊ ဘေးကားကြည့်ပေးသလိုလို၊ ဘာလိုလိုနဲ့ ဘသားချောယာဉ်နောက်လိုက်က အထာနပ်နေပုံပါပဲ။ အလုပ်များနေတဲ့ ပုံစံ ဖမ်းနေတာပါ။ ခရီးသည်ခေါ် လားခေါ်ရဲ့၊ လက်ထဲကငွေစက္ကူခပ်လတ်လက်ကလေးတွေကို ဖဲချပ်စီသလို ကျွမ်းကျွမ်းကျင်ကျင်စီကာရီကာနဲ့ သူ့အကျီင်္ အိတ်ကပ်ထဲ ထည့်နေပါပြီ။

မဖြစ်မနေလဲတော့ကြည့်ဦးမှလို့စိတ်ကူးပြီး တစ်ရာတန်လေးကို ထောင့်ကကိုင်ပြီး မြှောက်ပြတော့ တစ်ရာတန်လေးကမချိမဆံ့ အော်ရှာပါတယ်။ မတတ်နိုင်ဘူး။ တောင်းလဲရမှာပဲ။ ဟိုမှာငွေစက္ကူ ခပ်လတ်လတ် တွေရှိနေတဲ့ဥစ္စာ။ ယာဉ်နောက်လိုက်က ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ပုံပါ။ တစ်ရာတန်လေးထက်နွမ်းပြီး ထောင့်နေရာတွေမှာ တံမြက်စည်း လောက်နီးနီး ဖွာလန်စုတ်ပြတ်နေတဲ့ သူ့ဆီကတစ်ရာတန်ကိုထုတ်ပြပါတယ်။ စောစောက ခပ်လတ်လတ်ငွေစက္ကူ တစ်ရာ တန်လေးတွေကိုတော့ သူသိမ်းထားလိုက်ပြီကိုး။

လက်ထဲက ငွေစက္ကူတစ်ရာတန်ကလေးကညည်းညည်းညူညူ ပြောရှာပါတယ်။ လူတွေအကြောင်းကိုလူတွေပဲအသိဆုံးနေမှာပါ။  ငွေစက္ကူလေးတွေရဲ့ဘဝဟာ လူတွေရဲ့စိတ်ဓါတ်တွေနဲ့ လုပ်ရပ်တွေကို တစ်ဆင့်ခံဖော်ထုတ်ပြ၊ သက်သေပြ ခံကြရရုံသက်သက်ပါပဲ။ စိတ်ကိုတင်းပြီးသုံးနေပါဦး။ မကောင်းတာတွေပယ်ပြီးကောင်းတာတွေသုံးကြဖို့ကိုအစိုးရသစ်က အကောင်အထည်ဖော်ကြမှာတော့မှန်ပါတယ်။ ချက်ချင်းကြီးဘယ်လိုမှမဖြစ်နိုင်သေးခင် ဒီငွေစက္ကူတွေနဲ့ပဲ စခန်းသွားနေကြရဦးမှာပါ။
သနားစရာငွေစက္ကူတစ်ရာတန်ကိုအိမ်အပါခေါ်လာခဲ့ဖြစ်ပါတယ်။ အိမ်ကသူ့အဖော် ငွေစက္ကူစုတ်တွေခမျာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိုက်ကြတာများ မှိုတွေတောင်တက်လို့။ တစ်ရာတန်လေးလည်း မောမောနဲ့သူတို့ကြားထဲဝင်အိပ်သွားပါလေရော။ တိပ်နဲ့ကပ်ပေးတာတောင်မစောင့်နိုင်တော့ပါလား။

photo credit : getty Images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်