ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

March 20, 2016

  ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီး
ကန်တော့ပွဲပေး
 
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ
မတ် ၂၀ – ၂၀၁၆
 
          Central Base Productions မှ စီစဉ်ထုတ်လုပ်သော  ` ဥပါယ်တံမျဉ် ´ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲကို
ယနေ့ နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့  ကျောက်တံတားမြို့နယ်ရှိ
စီးတီးစတားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
 
 
          အဆိုပါ
ဇာတ်ကားတွင် ဇဏ်ခီ၊ အကယ်ဒမီမင်းဦး၊အကယ်ဒမီသက်မွန်မြင့်၊ Kaew Korravee ၊ အောင်မြင့်မြတ်၊
ခြူးစစ်ဟန် တို့ ခေါင်းဆောင်ပါ ဝင် သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ ခရစ်စတီးနားခီ က
ရိုက်ကူးမည်ဖြစ်သည်။
 
 
          ဒါရိုက်တာ
ခရစ်စတီးနားခီ သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် Multimedia & Digital
Filmmaking major ဖြင့် ဘွဲ့ရခဲ့ပြီး ၂၀၁၃ တွင် မြန်မာ့ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။
၂၀၁၃ တွင် The Chat Room video ကို 5 Network TV  Channel အတွက် ရိုက်ကူးပေးခဲ့ပြီးနောက် ၂၀၁၄ တွင်
မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးအား ရိုက်ကူးခဲ့သည်။ ၂၀၁၅ ဧပြီလတွင် အာဆီယံ (၁၄)
နိုင်ငံ ရုပ်ရှင်ပွဲတော် ( AIFFA ) မှ မြန်မာနိုင်ငံ၏ ရုပ်ရှင်ဒါရိုက်တာအဖြစ် ဖိတ်ကြားခံခဲ့ရသည်။
မုဒြာရဲ့ ခေါ်သံ  ရုပ်ရှင်ဇာတ်ကားအား မလေးရှားနိုင်ငံ
(F. I. N. A. S) Film festival မှ ၂၀၁၅ ဩဂုတ်လတွင် ပြသရန် ဖိတ်ကြားခံခဲ့ရသည်။
          ဖျော်ဖြေမှုရသ
အကောင်းဆုံးပေးစွမ်းနိုင်ရန်အတွက် ယခုရိုက်ကူးမည့် ဥပါယ်တံမျဉ်ဇာတ်ကားကို ဇာတ်လမ်းအစမှအဆုံးထိ
လှည့်ကွက် မြှပ်ကွက် အမျိုးမျိုးဖြင့် ကြည့်ရှုသူများ မှန်းဆတွေးရခက်စေသည့် ပုံစံဖြင့်
ဇာတ်အိမ်တည်ဆောက်ကာ အလွန်ကောင်းမွန်သောရုပ်ထွက်၊ အသံဖန်တီးပြုလုပ်မှုများနှင့် သရုပ်ဆောင်ချက်များကို
ပေါင်းစပ်ပြုလုပ်၍ နိုင်ငံတကာအဆင့်ထိ တင်ဆက်ပြသနိုင်ရန် ရည်ရွယ်ထားကြောင်း  သိရှိရပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:News, Yan Naung (Bo Ta Htaung)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်