တူမောင်ညို – ဂါမဏိရဲ့ “သာကူးသမိုင်းအမြင်” အပေါ် ဝေဖန်ချက်

March 27, 2016

တူမောင်ညို – ဂါမဏိရဲ့ “သာကူးသမိုင်းအမြင်” အပေါ် ဝေဖန်ချက်
(မိုးမခ) မတ်လ ၂၇၊ ၂၀၁၆

သမိုင်းဆိုင်ရာကိစ္စတွေမှာ ကျနော်တို့အငြင်းပွားကြရတာဟာ  သမိုင်းအချက်အလက်ကိစ္စထက် သမိုင်းအမြင်ကိစ္စက အဓိ က ဖြစ်ပါတယ်။ ဘယ်လိုသမိုင်းအမြင်ကို ကိုင်စွဲထားသလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။

သမိုင်းဖြစ်ရပ်/သမိုင်းအချက်အလက်ကို ဘယ်လိုရပ်တည်ချက်အမြင်နဲ့ကြည့်မြင်သလဲဆိုတဲ့ အချက်ကို ငြင်းခုံကြရတာပါ။
ဒါကြောင့် သမိုင်းကျမ်း (သို့) သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ် (သို့) သမိုင်းစာတမ်းတစ်စောင် (သို့) သမိုင်းဆိုင်ရာ ဆောင်းပါး တစ်ပုဒ်ကို ဖတ်တဲ့အခါမှာ အကြင်သမိုင်းကို ရေးသားတင်ပြသူရဲ့ ရပ်တည်ချက်နဲ့အမြင် ဘာလဲဆိုတာကို အဓိကရှာဖွေကြည့် ရှုရမှာဖြစ် ပါတယ်။ ပြီးတော့မှ သူဟာ ဘယ်လိုသမိုင်းခေတ်၊ သမိုင်းဖြစ်ရပ်၊ သမိုင်းအချက်အလက်တွေကိုပြောနေတာလဲဆိုတာ ကို ကြည့်ရမှာပါ။ ဒါမှသာ သူတင်ပြတဲ့ သမိုင်းအကြောင်းအရာ/သမိုင်းဖြစ်ရပ်/သမိုင်းအချက်အလက်ကို ကျနော်တို့ ချက်ကျလက်ကျ သိမြင်နားလည်နိုင်မှာ ဖြစ်ပါတယ်။ သူဟာ သူရပ်တည်ကိုင်စွဲထားတဲ့ ရပ်တည်ချက်၊ အမြင်နဲ့သာ သမိုင်း ခေတ်၊ သမိုင်းဖြစ်ရပ်နဲ့သမိုင်း အချက်လက်တွေကို ကြည့်မြင်တာ၊ သုံးသပ်တာ၊ အကဲဖြတ်တာပါ။ ဒါတွေနဲ့ကင်းလွတ်ပြီး သမိုင်းကို ကြည့်မြင်သုံးသပ်အကဲဖြတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။ “သမာသမတ်ကျတဲ့သမိုင်းအမြင်” ဆိုတာ “ဒေါက်တာ ရေ ချမ်း” လို ပုဂ္ဂိုလ်တွေမှာသာ ရှိပါလိမ့်မယ်။

ဒါကြောင့် သမိုင်းထက် သမိုင်းရေးသူရဲ့ရပ်တည်ချက်နဲ့အမြင်က အဓိကကျပါတယ်၊ အခရာကျပါတယ်။

သမိုင်းရေးသူရဲ့ရပ်တည်ချက်နဲ့အမြင်ကိုသိပြီဆိုရင် သူရပ်တည်ကိုင်စွဲထားတဲ့ အမြင်က “အုပ်စိုးသူလူတန်းစားကိုဆန့်ကျင် တော်လှန်တဲ့ သမိုင်းအမြင်လား /ခယဝပ်တွား အလုပ်အကျွေးပြုတဲ့သမိုင်းအမြင်လား”  ဆိုတာကို တဆင့်တိုးပြီး ကောက် ချက်ချကြရမှာပါ။ ပြည်သူ့လှုပ်ရှားမှုကို အမွှမ်းတင်တဲ့ သမိုင်းအမြင်လား – လှောင်ပြောင်ရှုံ့ချ သရုပ်ဖျက်တဲ့သမိုင်းအမြင်လား ဆိုတာ ဆန်းစစ်ပေးကြရမှာပါ။

သူဟာ သူကိုင်တွယ်သွားတဲ့သမိုင်းခေတ်၊ သမိုင်းဖြစ်ရပ်၊ သမိုင်းအချက်အလက်တွေထဲက ဘယ်အချက်အလက်ကို သူဟာ ထောက်ခံချီးမွန်းသလဲ၊ ကန့်ကွက်သလဲ ရှုံ့ချသလဲ ဆိုတာတွေကို သူ့သမိုင်းရပ်တည်ချက်သမိုင်းအမြင်က အဆုံးအဖြတ်ပေး သွားတာပါ။

ဒီတော့ ကျနော်တို့အနေနဲ့ သမိုင်းကိုဖတ်တဲ့အခါ၊ လေ့လာတဲ့အခါ သမိုင်းဆရာရဲ့ရပ်တည်ချက်နဲ့အမြင်ကို ကျနော်တို့ ပထမ ဆုံးသိထားဖို့လိုပါတယ်။  ဆုပ်ကိုင်ထားနိုင်ဖို့လိုပါတယ်။

သမိုင်းရေးတဲ့သူရဲ့ ရပ်တည်ချက်နဲ့အမြင်ကို ကျနော်သိပြီဆုပ်ကိုင်မိပြီဆိုရင် သူတင်ပြထားတဲ့ သမိုင်းခေတ်၊ သမိုင်းဖြစ်ရပ်၊ သမိုင်းအချက်အလက်တွေကို ကျနော်တို့လေ့လာစူးစမ်းကြရမှာပါ။

သမိုင်းအချက်အလက်ကိစ္စဆိုတာက သမိုင်းအမြင်ကိစ္စလောက် အရေးမကြီးဘူး။

အထောက်အထားတိကျမှန်ကန်တဲ့အချက်အလက်တွေဟုတ်/မဟုတ်တိုက်ဆိုင်စစ်ဆေးတတ်ဖို့ပဲလိုပါတယ်။ဒါတွေကလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေနဲ့စာကြည့်တိုက်တွေ၊ မော်ကွန်းတိုက်တွေကို အားကိုးရုံနဲ့ဖြစ်ပါတယ်။  ဆိုလိုတာ က မှန်ကန်တဲ့အချက်အလက်တွေ ရွေးချယ်စီစဉ်တတ်ဖို့ဆိုတဲ့ ရိုးရိုးစဉ်းစဉ်း အတတ်ပညာသာလိုပါတယ်။

ပရိဘောဂလုပ်တဲ့လက်သမား ဆရာလိုပါပဲ။ သူဟာသူ့ဖောက်သည်မှာတဲ့ သစ်အမျိုးအစားရွေးချယ်ဖို့ဆိုတာ သူ့အဖို့ ခက် ခဲတဲ့ အလုပ်မှမဟုတ်တာ။ သစ်ရောင်းတဲ့ဆိုင်ကိုသွားပြီး စိတ်ကြိုက်ကြည့်ဝယ်နိုင်တာပဲ။ အရေးကြီးတာက သူဝယ်လာ တဲ့သစ်နဲ့လှပပြီး လက်ရာမြောက်တဲ့ပရိဘောဂအထည်ကို ထုတ်လုပ်ပေးဖို့ကအဓိကမဟုတ်လား။ သမိုင်းဆရာနဲ့ သမိုင်းအ ချက်အလက်ဆိုတာ လက်သမားနဲ့ သစ်အမျိုးအစားလိုပါပဲ။ လက်သမားအဖို့၊ ကျွန်းပဲဖြစ်ဖြစ်၊ ပိတောက်ပဲဖြစ်ဖြစ်၊ တမလန်းပဲဖြစ်ဖြစ် ရွေးချယ်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်မှ မဟုတ်ဘဲ။ လက်သမားကိုသွားပြီး သူ့ လက်ရာကို မချီးမွမ်းဘဲ ခင်ဗျားရွေးတဲ့သစ်က ကောင်းလိုက်တာဗျာလို့ ပြောရင် ဒါဟာသူ့ကို တမင်စော်ကားသလိုတောင်ဖြစ်နေအုံးမယ်။

ယနေ့ပြောဆိုဝေဖန်နေကြတဲ့ “ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့လား” – “ တပ်မတော်နေ့လား”  ဆိုတာဟာ သမိုင်းအချက် အလက်မှား/မှန်ကိစ္စ မဟုတ်ပါဘူး။ သမိုင်းအမြင်ဆိုင်ရာကိစ္စဖြစ်တယ်။  အုပ်စိုးသူအစိုးရအဆက်ဆက်က တနပ်စားဉာဏ် နဲ့သမိုင်းကို ဖျောက်ဖျက်ဖုံးကွယ်ဖို့ ကြိုးစားမှုရဲ့အထွက်ရလဒ်တစ်ခုသာဖြစ်တယ်။ ၁၉၄၅ မတ်လ ၂၇ ရက် ဖက်ဆစ်ဂျပန် တွေကို တော်လှန်ခဲ့တယ်ဆိုတဲ့သမိုင်းအချက်အလက်ကို ဘယ်သူမှဖျောက်ဖျက်လို့မရဘူး။ ဘယ်လိုသမိုင်းရပ်တည်ချက် အမြင် ရှိတဲ့သူကပဲဖြစ်ဖြစ် ဒီအချက်အလက်ကို ပစ်ပယ်လို့မရဘူး။

ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာ့တပ်မတော်တို့ ဒီတော်လှန်မှုကို ဦးဆောင်ခဲ့ကြတယ် ဆိုတဲ့ သမိုင်းအချက် အလက်ကိုလည်း ဘယ်လိုမှဖျောက်ဖျက်ပစ်လို့မရဘူး။ သမိုင်းရေးတဲ့သူရဲ့ ရပ်တည်ချက်အမြင် အပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းနာမည်တွေကို ရှေ့ကထား မလား/ နောက်ကထားမလား။ မှိန်ထားမလား၊ (သမိုင်းစာအုပ် ထဲမှာ) ဖျောက်ထားမလား ဆိုတော့ လုပ်ချင်လုပ်နိုင်တာ ပေါ့။ ဒီလိုလုပ်တာ ကိုယ်၌က သူ့သမိုင်းအမြင်နဲ့သူ့သဘောထားကို ဖော်ပြနေတာဖြစ်တယ်။

“သဘောထားဖော်ပြပုံ”နဲ့ပတ်သက်ပြီး ဒဂုန်တာရာရဲ့ “ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ” ဆိုတဲ့ စာအုပ်ထဲက “ဗ ညားမော်” – သခင်အစည်းအရုံးဝင်တဲ့အခန်းမှာ ဝင်ကြေးတမတ်ပေးရတာကို  တမတ်စေ့အသစ်စက်စက်ကလေးပေးလိုက်တာနဲ့ သူ့ အလေးထားမှု၊ တန်ဖိုးထားမှု သဘောထားကိုဖော်ပြခဲ့ပါတယ်။ အဲဒါလေးကိုအမှတ်ရမိပါတယ်။ သဘောထား ဆိုတာအဲလိုပါပဲ။ လေးစား မြတ်နိုး တန်ဖိုးထားမှာလား-မုန်းတီးရွံရှာဆန့်ကျင်မှာလား ဒါကို စကားလုံးအရ – အပြုအမူအရ ကွဲပြားခြားနားပေါ်လွင်အောင်ဖော်ပြကြရမှာပဲ မဟုတ်ပါလား။

ဂါမဏိရဲ့ “သာကူး၏ မူလအစ (ဗမာ့တပ်မတော်နှင့်ဂျပန်တော်လှန်ရေး)”  ဆိုတဲ့ သမိုင်းအချက်အလက်ဆောင်းပါးဟာ ဂါမဏိ ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးသမိုင်းအချက်အလက်အပေါ်သူဘယ်လိုမြင်တယ်၊ ဘယ်လိုသဘောထားတယ် ဆိုတာကို အထင်အရှားဖော်ပြတဲ့ ဆောင်းပါးဖြစ်ပါတယ်။ “ဖက်ဆစ်ဂျပန်တော်လှန်ရေးဆိုတဲ့သမိုင်းဖြစ်ရပ်” ကို သိမ်းကြုံး သရော် စော်ကားတဲ့ အမြင်ဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်ကို ရွံရှာမုန်းတီးမှုဆိုတဲ့ ဆန္ဒစွဲနဲ့ကြည့်တာပါ။

အင်အားသာတဲ့ဘက်/အနိုင်ရမယ့်ဘက်/အရေးသာတဲ့ဘက် ကူးလာ၊ ပြောင်းလာတာနဲ့ပတ်သက်ပြီးတော့ သဘောထားပုံ နှစ် မျိုးရှိပါတယ်။ “သာကူး” နဲ့ “မှန်ပြောင်း”ဆိုပြီးဖြစ်ပါတယ်။  ဒါဟာဖြစ်ရပ်တစ်ခုထဲအပေါ်သဘောထားပုံနှစ်မျိုးနဲ့ ဖော်ပြပုံ နှစ်မျိုးဖြစ်ပါ တယ်။ “သာကူး” တွေပဲဆိုပြီး သိမ်းကြုံးပစ်ပယ်လို့လည်း မသင့်သလို၊ “မှန်ပြောင်း”တွေဖြစ်တယ်ဆိုပြီး အားလုံး လက်ခံရမယ်လို့ လည်း မဟုတ်ပါဘူး။ အခြေအနေနဲ့ဖြစ်ရပ်မှန်သမျှအပေါ် ဆန်းစစ်ဝေဖန်ခွဲခြားမှုရှိရမယ်မဟုတ်ပါလား။

အပြန်အလှန်အားဖြင့် သူ့အမြင်သူ့သဘောထားကနေ သူ့သမိုင်းရပ်တည်ချက်ကိုပါ ကျနော်တို့ သိရပါတယ်။ သမိုင်းအစဉ်ကို ကျနော်တို့ပစ်ပယ်လို့မရပါဘူး။ ဒါလူတိုင်းသိပါတယ်။ ရှေးဘုံစနစ်၊ ကျေးပိုင်ကျွန်ပိုင်စနစ်၊ ပဒေသရာဇ်စနစ်၊အရင်းရှင်စနစ် ၊ ဆိုရှယ်လစ်စနစ် စသဖြင့် သမိုင်းအစဉ်ကိုဆန္ဒစွဲနဲ့ပစ်ပယ်လျစ်လျူရှုလို့ မရပါဘူး။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ရပ်ကို မလိုလားမနှစ်သက်ရုံနဲ့ သမိုင်း အချက်အလက်ကို ထင်သလို ပစ်ပယ်လို့မရနိုင်ပါဘူး။ သမိုင်းရေးသူတစ်ဦးဟာ ဗိုလ်နေ ဝင်းကို ရွံမုန်းတာကြောင့်ဆိုပြီး ဗိုလ်နေဝင်းကို ရဲဘော်သုံးကျိပ်စာရင်းကနေ ပယ်ဖျက်ခွင့်မရှိပါဘူး။ ထို့အတူပါပဲ၊ သခင်စိုးကို မကြည်ညိုတာကြောင့်ဆိုပြီး “အင်းစိန်စစ်တမ်း” ကို အသိအမှတ်မပြုလို့မရနိုင်ပါဘူး။ သမိုင်းမှာသူတို့ပါဝင်ကပြခဲ့တဲ့ အတိုင်း အတာကိုတော့ ကျနော်တို့ဖော်ပြရမှာပါ။ သူတို့အပေါ်သမိုင်းအကဲ ဖြတ်ချက်နဲ့စီရင်ချက်ကိုတော့သမိုင်းပြုစုသူကသူစိတ်ကြိုက်(လွတ်လပ်စွာ)စီရင်ချက်ချနိုင်ပါတယ်။ ဒီလိုချတာဟာသူ့သမိုင်းရပ်တည်ချက် အမြင်သဘောထားနဲ့အညီပဲချတာပဲဖြစ်ပါလိမ့်မယ်။

အခုလည်း ဂါမဏိက သူ့ကိုင်စွဲထားတဲ့သမိုင်းအမြင် (သာကူးအမြင်) နဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စီရင်ချက်ချတာပါ။  ဒီစီရင်ချက်ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးအပေါ် အပြီးသတ်စီရင်ချက်တော့လည်း မဟုတ်ပါဘူး။ အပြီးသတ်စီရင်ချက်လည်း ချလို့မရ နိုင်ပါဘူး။ ဂါမဏိရဲ့သမိုင်းအမြင် (သာကူးအမြင်) နဲ့ချတဲ့ စီရင်ချက်ပဲဖြစ်ပါလိမ့်မယ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကို (ဖတပလ) အဖွဲ့ကြီးနဲ့ လူမျိုးပေါင်းစုံပြည်သူတွေက တခဲနက်တော်လှန်ခဲ့ကြတာဖြစ်တယ်ဆိုတဲ့ အချက်အလက်နဲ့ဖက်ဆစ်ဂျပန်ကိုပြည်တွင်းပြည်သူတွေရဲ့အင်အား၊ ကမ္ဘာ့ပြည်သူတွေရဲ့အင်အားနဲ့တွန်းလှန် အောင် မြင်ခဲ့ရတာဖြစ်တယ်ဆိုတဲ့ သမိုင်းအမြင်ကတော့ အလုံးအရပ်ရောအရည်သွေးပါ ကျဆင်းသွားစရာလုံးဝအကြောင်းမရှိဘဲ ဗမာပြည်ပြည်သူလူထုရဲ့ဖက်ဆစ် ဂျပန်တော်လှန်ရေးသမိုင်းပန်းချီကားချပ်ကြီးထဲမှာ ပတ္တမြားတပွင့်လို နီးမြန်းရွှန်းစိုတောက်ပမြဲတောက်ပနေပါလိမ့်မယ်။

သမိုင်းဖြစ်ရပ်ကို ရွံရှာမုန်းတီးမှုဆိုတဲ့ ဆန္ဒစွဲအမြင်သက်သက်နဲ့ကြည့်မယ်ဆိုရင် သမိုင်းကို သရုပ်ဖျက်တာပဲဖြစ်ပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

4 Responses to တူမောင်ညို – ဂါမဏိရဲ့ “သာကူးသမိုင်းအမြင်” အပေါ် ဝေဖန်ချက်

  1. banyar lin on March 28, 2016 at 1:28 pm

    I am a grandson of Thakin Soe and Daw Hinn May
    Ni Ni Soe is my mother
    We can talk about it openly and friendly

  2. Aung Aung Myint on March 28, 2016 at 3:10 pm

    Garmani highlighted that ethnic minorities fought against Japanese forces in Burma. The role they played in anti-fascist revolt in Burma during the World War II is marginalized in history textbooks.

  3. Catwoman on March 29, 2016 at 9:14 am

    I think everyone is entitled to their own opinions. That should be allowed.

  4. Dr. Zhivaka(Kambawza) on March 29, 2016 at 9:50 pm

    I disagree with Tu Maung Nyo’s theory of historical outlook by historian is more important than true facts & figures of events. If historian ( as you mentioned – like carpenter) make beautiful furniture of “Htan Ma Lan ” wood with his skills, then compare & compete with furniture of Teak or cheated, that historian is a liar to hide the Truth. Almost all but not 100% historians’ outlooks on historical events & facts reveal their stances which depend on their own Ego and interests. Optimistic and right views are very rare to find like searching huge gold nuggets on earth or small chunks from outer space.
    I think Garmani’s article is not from dishonourable ,disgraceful, disgusted outlook & view on historical events/ facts & figures. He vividly highlighted the Truth & also ethnic struggles and involvement in history of revolution.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်