မောင်ကြီးငြိမ်းချမ်း – သူတောင်းစားတောင် အရှုံးပေးရတဲ့ သူနှစ်ယောက်

April 23, 2016

မောင်ကြီးငြိမ်းချမ်း – သူတောင်းစားတောင် အရှုံးပေးရတဲ့ သူနှစ်ယောက်
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၆

သင်္ကြန်ပြီးတဲ့နောက်မှာ ကျနော် ဖေဖေကို ပိုပြီးသတိရမိသည်။ တကယ်တန်းကျတော့ ဘ၀မှာ အဖေဆိုတာ အမေပြောလို့ ရှိတယ်၊ သူငယ်ချင်းမှာ အဖေရှိလို့ သြော် အဖေဆိုတာ အမေနဲ့အတူအိပ်တဲ့ ယောက်ျားကြီးမှန်း ကျနော်သိတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ စစ်အာဏာရှင်အုပ်စိုးမှု တလျှောက်မှာ တခါတရံ အဖေနှင့်ကျနော် လမ်းတူလို့ ဆုံခဲ့သည် ဆိုတဲ့အခြေ အနေမျိုးကြုံခဲ့ရသည့် အဖေနဲ့သား ဆက်ဆံရေး၊ တစိမ်းတရံတွေမဟုတ်ပေမဲ့ အနေဝေးခဲ့တာတော့ ကျိန်းသေခဲ့သည်။

အသက် ၁၂၀ ကျော် ရှည်စေသောဝ်ဆိုပြီး အသက်ရှည် အနာမဲ့ အေးအေးချမ်းချမ်း နေစေချင်လို့၊ မြန်မာပြည်ကို ချစ်တတ် အောင်လို့ ကဗျာဆရာအဖေက မောင်ကြီးငြိမ်းချမ်းလို့ နာမည်ပေးခဲ့ကြောင်း တခါတရံရှင်းပြတတ်တော့ ကျနော့်ဘ၀မှာ ၁၈ နှစ်မပြည့်ပေမဲ့ ၀ရမ်းပြေးဖြစ်ခဲ့ဖူးကြောင်း ဟိုင်းကြီးကျွန်းကို သက်သေတည်ရမလို ဖြစ်ခဲ့သည်။ အစ်ကိုဖြစ်တဲ့ ထောက်လှမ်း ရေးက အဖေ့ကို ဖမ်း၊ ညီမဖြစ်တဲ့ ဆရာမက ကျနော့်ကိုစာသင်ပေးခဲ့တာ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်မှာ တာဝန်တွေပဲ ပြော မလား၊ စနစ်ကိုပဲ အပြစ်တင်မလား ကျနော်တို့ လူ့အသိုင်းအ၀န်းကြားမှာ အမုန်းတရားတွေမရှိ လမ်းတွေ့ရင်တော့ မင်္ဂလာ ပါလို့ နှုတ်ကမပြောရင်တောင် ပြုံးပြတဲ့ ယဉ်ကျေးမှု အခုထိရှိတုန်း။

တွေ ကြားမှာ ရှေးနှစ်ပေါင်းများစွာ တည်ထားကိုးကွယ်တဲ့ မတ်တပ်ရပ်၊ တင်ပလ္လင်ခွေ ထိုင်ဘုရားကြီးတွေပါ သေနတ်ထိ၊ အမြှောက်ထိလို့ ပျောက်ဆုံးသွားတဲ့နိုင်ငံမှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မိသားစုတွေ၊ မိတ်ဆွေကြားမှာ ပျောက် ဆုံးပျက်စီးမှုတွေက မရေမတွက်နိုင်။ ဟိုဘက်အသိုင်းအ၀န်း၊ ဒီဘက်အသိုင်းအ၀န်းတွေနဲ့ တဖက်နဲ့တဖက် အကာအကွယ် ပေးရင်းနဲ့ မြန်မာပြည်မှာ သွေးစည်းညီညွတ်ရေးတွေကို အမျိုးသားရင်ကြားစေ့ရေးတွေ တသွင်သွင် တရစပ်ပြောရင်းနဲ့ သားနဲ့ အဖေဝေး၊ သမီးနဲ့ အမေဝေး၊ သေကွဲ ရှင်ကွဲ မျှော်လင့်ချက်တွေ အလွဲလွဲ အချော်ချော်ဖြစ်ခဲ့တာတော့ သမိုင်းဆိုတဲ့မှတ် ကျောက်တခုမှာ ခင်ဗျားလည်း ပါခဲ့တယ်၊ ကျနော်ပါခဲ့တယ်၊ ပြည်သူတွေလည်း ရှေ့ဆုံးကပေါ့။

ထိုနေ့ကို ကျနော် မေ့မရ။ တဲထဲမှာ ကျနော်က တယောက်တည်း မနက်က ငှက်ဖျားတက်ပြီးတော့ ညနေအလှည့်ကို စောင့် နေရသည်။ ထိုအချိန်မှာ KNU ကတဆင့် စက်ဝင်လာသည်။ ဧည့်သည်ရောက်နေတယ် ငြိမ်းချမ်းကိုပြောလိုက်တဲ့၊ လာနိုင်ရင် လာခဲ့ပါတဲ့။ ဘယ်သူလာမှန်းလည်း ကျနော်မသိ၊ သို့သော် တပ်ရင်းမှူး ကိုသိုက်ထွန်းဦးက ဘယ်သူပဲဖြစ်ဖြစ် နေမကောင်း တဲ့အချိန် ရင်းနှီးတဲ့သူနဲ့တွေ့ရင်တော့ စိတ်အားတက်မှာပဲဆိုပြီး စခန်းကနေ မဲဆောက်တက်ဖို့ စီစဉ်သည်။ အမှန်ကတော့ သူ ကျနော့်ကို သနားတာလည်း ပါလိမ့်မည်။ စခန်းမှာက ထမင်းနဲ့ ဆား၊ ငရုတ်သီးပဲ ရှိတဲ့အချိန်၊ ရှေ့တန်းက ရဲဘော်တွေ ကလည်း စစ်ပူနေချိန်။ ထောက်ပို့တာဝန်ခံ ကိုချင်း (ကိုလှမြင့်) ကလည်း ရိက္ခာနဲ့ ဆေးဝါးအတွက် ချင်းမိုင်တက်ပြီး ရှာဖွေနေ ချိန်။ မဲဆောက်ရောက်ရင်တော့ ကြက်ရိုးစွပ်ပြုတ်တော့ သောက်ရလိမ့်မည်။ ဆရာမ စင်သီယာဆေးခန်းမှာတော့ ခုတင်လေး နဲ့ အိပ်ရမည်ဆိုတဲ့ ကိုယ်ချင်းစာတရား၊ ရဲဘော်တယောက်၊ ညီတယောက်ကိုချစ်သော အချစ်ဖြင့် မဲဆောက်ကိုတက်ဖို့ စီစဉ် ခြင်းဖြစ်သည်။

တကယ်တန်း မဲဆောက်တက်ဖို့ဆိုတာက လွယ်တာမဟုတ်၊ KNU က ထောက်ခံစာတောင်းရသည်။ လှေစောင့်ရသည်။ ကားစောင့်ရသည်။ ပိုက်ဆံမရှိတဲ့ ကျောင်းသားရဲဘော်တွေအတွက် တခါတရံ လှေစောင့်၊ ကားစောင့်ရင်းနဲ့ စားစရာမရှိ၊ လမ်းဘေးတွေ့တဲ့ရေသောက်၊ ပေါက်တဲ့အရွက်စားပြီး စခန်းကိုပြန်ရောက်တဲ့ အခြေအနေတွေက ဖြစ်ရိုးဖြစ်စဉ်တွေ များခဲ့ပြီ။

တကယ်တန်း မဲဆောက်တက်မယ်ဆိုတော့ လှေပေါ်ရောက်အောင်တောင် ကျနော် လမ်းမလျှောက်နိုင်၊ ကိုသိုက်ကိုယ်တိုင် လည်း နလံထစ။ ဒါပေမဲ့ ကျနော့်ကို သူထမ်းပိုးခဲ့သည်။ လှေမောင်းတဲ့ ရဲဘော်တွေက ကူသည်။ ဒီလိုနဲ့ ထိုင်းဘက်ကမ်းက လှေဆိပ်ရောက်တော့ ဘဲကလော့ ဒုက္ခသည်စခန်းရောက်အောင် ကျနော်တို့ လမ်းလျှောက်ရသည်။ ပုံမှန် ၂ နာရီလောက် လမ်းလျှောက် ရတဲ့ခရီးမှာ တပ်ရင်းမှူးနဲ့ ကျနော် ၆ နာရီလောက်ကြာအောင် ထူရင်း၊ တွဲရင်း၊ နားရင်းနဲ့ လျှောက်ခဲ့ရ သည်။ ထိုခေတ် ထိုအခါက ကျနော်တို့ဘ၀တွေက မလုံခြုံ။ စစ်တပ်ကိုသာ ကြောက်ရရုံမက၊ ဘယ် အချိန် KNU က ခွဲထွက်ထားသည့် နယ်မြေကျွမ်းကျင်သောအဖွဲ့များနဲ့ ရင်ဆိုင်ရမလဲဆိုသည့် စိုးရိမ်နေရသည့်အချိန် ဖြစ်သည်။

ဒီလိုနဲ့ ဘဲကလော့ စခန်းထဲ ချောချောမောမောရောက်တော့ ငါးပိရည်နဲ့ ထမင်း၊ ဆားနဲ့ ငရုတ်သီး ထက်စာရင်တော့ လူမမာ အတွက် အာဟာရမဖြစ်တောင်မှ အာခေါင်ထဲ အ၀င်ချောခဲ့တာတော့ ကျိန်းသေခဲ့သည်။ ဒီလိုနဲ့ ညကိုကျော် မနက်ကိုစောင့်၊ မဲဆောက်ကို ဈေးဝယ်ထွက်မဲ့ ဒုက္ခသည်စခန်းက ကားတစီးနဲ့ မဲဆောက်ရောက်။ မဲဆောက်ဈေးကနေတဆင့် လူမမာရုပ်၊ အ၀တ်အစား စုတ်ပြတ် ကျောင်းသားရုံးကို လမ်းလျှောက်ပြန်ပေါ့။ လမ်းဘေးမှာ တောင်းစားတဲ့ လူထက်စာရင် ကျနော်တို့က ပိုသာတယ်လို့များ အခုအချိန်မှာ ဂုဏ်ယူပြောရတော့မှာပေါ့။

ပုန်းရှိုးကွယ်ရှိုး သူ့အလုပ်နဲ့ သူလာတဲ့ အဖေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံးမှာစောင့်နေကြောင်း သိရတော့၊ ခဏစောင့်အုံး ဒီမှာ ငှက်ဖျားတက်လိုက်အုံးမယ်ပြောပြီး သံမံတလင်းမှာ လှဲအိပ်နေတော့ ကိုသိုက်က ဂုံနီအိတ် တလုံး လာခြုံပေးတယ်။ ကျနော်တို့ ချစ်ချင်းတွေ၊ ညီအစ်ကိုစိတ်ဓာတ်တွေ၊ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေနဲ့ တကယ်ပဲ နွေး ထွေးခဲ့ပါတယ်။ နောက်တော့ ဦးသန်းထွဋ်လွှတ်လိုက်တဲ့ ကိုမောင်နိုင်က လာခေါ်၊ အဖေနဲ့တွေ့။ တယောက်ကို တယောက် ကြည့် ဒီလောက်ဆိုရင် အဖေနဲ့သား မေတ္တာတရားကို သိလိုက်ပါပြီ။

ဘ၀ဆိုတာ ငယ်ဘ၀က စိတ်ကူးယဉ်မှုတွေကို ကိုယ်ရွေးချယ်ချင်ပေမဲ့၊ တခါတရံ ခေတ်ကြီးရဲ့အရှိန် အဟုန်ပြင်းပြင်းနဲ့ စီး ဆင်းလာတဲ့ အတိုက်အခိုက်တွေကြားမှာ ကျနော်တို့ဟာ နီးရာလူ၊ ယုံကြည်ချက် တူသူတွေနဲ့ ကူးခတ်ခဲ့ရပါတယ်။ စနစ်ဆိုး တခုကို ပပျောက်ဖို့ ပြည်သူတွေနဲ့ အတူ တိုက်ခဲ့တယ်။ လူထုပျော်နေရင် ကျနော်တို့ရဲ့ အမာရွတ်တွေ အလိုလိုပျောက် သွား ပါလိမ့်မယ်။

မောင်ကြီးငြိမ်းချမ်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်