လှကျော်ဇော ● မင်္ဂလာဒုံ

May 9, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

၁၉၅၂ ခုနှစ် မင်္ဂလာဒုံမှာတွေ့ရတဲ့ ကျွန်မတို့မိသားစု (တွတ်တွတ် မမွေးသေး)

လှကျော်ဇော ● မင်္ဂလာဒုံ

(မိုးမခ) မေ ၉၊ ၂၀၁၆

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးစမှာ ဗမာပြည်ကို စစ်တိုင်းကြီးနှစ်တိုင်း၊ မြောက် ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်းဆိုပြီး ခွဲခြားထားပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မေမြို့ (ယခုအခေါ် ပြင်ဦးလွင်)နဲ့ တောင်ပိုင်းတိုင်းကိုတော့ မင်္ဂလာဒုံမှာ အခြေစိုက်ပါတယ်။ ရန်ကုန်မှာတော့ စစ်ရုံးချုပ် (War Office) ရှိပါတယ်။ ဖေဖေဟာ မြောက်ပိုင်းတိုင်းမှူးတလှည့် တောင်ပိုင်းတိုင်းမှူးတလှည့် တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်လို့ ကျွန်မတို့ မောင်နှစ်မတတွေ အဲဒီမြို့နှစ်မြို့မှာ ငယ်စဉ်ဘဝ ဖြတ်သန်းခဲ့ရပါတယ်။

၁၉၄၈ ခုနှစ်အကုန်မှာ ဖေဖေဟာ မြောက်ပိုင်းတိုင်းမှူးဖြစ်ပြီး မေမြို့ကို ပြောင်းရပေမယ့် အဲဒီမှာ ကြာရှည်မနေလိုက်ရဘဲ ကေအင်ဒီအိုပုန်ကန်မှု ပေါ်လာတဲ့ ၁၉၄၉ ခုနှစ်ဆန်းပိုင်းမှာ တောင်ပိုင်းတိုင်းမှူးအဖြစ် မင်္ဂလာဒုံကို ပြန်ပြောင်းရွှေ့ပြီး နာ မည်ကျော် အင်းစိန်တိုက်ပွဲကို တိုက်ရပါတော့တယ်။

အဲဒီ ၁၉၄၉ ခုနှစ်ကစလို့ ဖေဖေ တရုတ်ဖြူတိုက်ဖို့ မေမြို့ကို မြောက်ပိုင်းတိုင်းမှူးအဖြစ် ပြန်ပြောင်းရတဲ့ ၁၉၅၃ ခုနှစ် မေ လပိုင်းအထိ မင်္ဂလာဒုံမှာ ၅ နှစ်နီးပါး ကျွန်မတို့မိသားစု နေခဲ့ရပါတယ်။ ဒီကြားထဲမှာ ၆ လလောက် မိတ္ထီလာကို ဆေးခွင့်နဲ့ သွားပြီး ဖေဖေ အနားယူရပါတယ်။ ဒါကတော့ အင်းစိန်တိုက်ပွဲအပြီး (၁၉၅၀ ခုနှစ်အကုန်လောက်မှာ) ဖေဖေ သိပ်ပင်ပန်းနွမ်း နယ်လာလို့ တီဘီရောဂါ ပြန်ထလာမှာစိုးလို့ ဆရာဝန်တွေက အတင်းအနားယူခိုင်းလို့ သွားအနားယူရတာပါ။

မင်္ဂလာဒုံဟာ အရင်အင်္ဂလိပ်ခေတ်ကတည်းက အင်္ဂလိပ်အရာရှိတွေရဲ့ စစ်ဌာနချုပ်အဖြစ်ရှိခဲ့တာကြောင့် အဆောက် အအုံ ကောင်းတွေ အခိုင်အမာရှိပါတယ်။ ရုံးဌာနကြီးတွေလည်း အများကြီး ဆောက်ထားပါတယ်။ စစ်တပ်မြို့အဖြစ် တည်ဆောက် ထားတာဖြစ်လို့ အဲဒီတုန်းက အရပ်သားမရှိသလောက်ပါပဲ။ ရွာနီးချုပ်စပ်ရွာတွေက စစ်တပ်တွေထဲမှလာ နေ့စားအလုပ် လုပ်ကြတဲ့ ရွာသူရွာသားများ အရပ်သား အနည်းအကျဉ်းပဲ ရှိပါတယ်။

လေယာဉ်ကွင်းလည်းရှိပြီး ဗမာ့တပ်မတော် လေတပ်ကလည်း မင်္ဂလာဒုံမှာပဲဖွင့်လှစ်ပြီး အခြေစိုက်ပါတယ်။ အစောပိုင်းက အင်္ဂလိပ် လေယာဉ်မှူးတွေနဲ့ပဲ လေယာဉ်တွေ ပျံသန်းနေတာပါ။ နောက်ပိုင်း ဗမာပိုင်းလော့တွေပေါ်လာမှ အင်္ဂလိပ်တွေ ပြည်တော်ပြန်ကြပါတယ်။

မင်္ဂလာဒုံမှာ အင်္ဂလိပ်အရာရှိ ထိပ်ပိုင်းတပ်မှူးကြီးများအတွက် ပြောစမတ်ပြုလောက်အောင် အလွန်ကောင်းမွန်ခိုင်ခံ့ပြီး အပျံစားဖြစ်တဲ့ ဆောက်လုပ်ပေးထားတဲ့ နေအိမ်များရှိပါတယ်။ အုတ်အနီနဲ့ ဆောက်ထားတဲ့ နှစ်ထပ်တိုက်ကြီးများဖြစ်ပါတယ်။ အိမ်တွင်းဖွဲ့စည်းမှု (အခန်းဖွဲ့စည်းပုံ၊ လှေကားအထားအသို) အနည်းအကျဉ်းကွဲပြားပေမယ့် ယေဘုယျတော့ အတော် တူ ညီစွာ တည်ဆောက်ထားပါတယ်။ အဲဒီခေတ်က လေအေးစက်ပေါ်တဲ့ခေတ် မဟုတ်ပေမယ့် အဲဒီတိုက်ကြီးများ တည် ဆောက်ထားမှုဟာ နွေအခါမှာအေးပြီး ဆောင်းအခါမှာ နွေးနေတဲ့အတွက် လေအေးစက်နဲ့ နေရသလိုပါပဲ။ အိမ်တွေရဲ့ ဆင် ဝင်တွေနဲ့ မျက်နှာစာအချို့မှာလည်း နွယ်တက်နေတဲ့ နံရံကပ် ရွက်လှပင်တွေလည်း ရှိပါတယ်။ အိမ်နောက်ဘက်မှာလည်း အိမ်ဝန်ထမ်းတွေအတွက် အိမ်ထောင်တွေ (ကိုယ်ရံများ၊ အလုပ်သမားများ၊ ကားမောင်းသမားများ) နေဖို့အတွက် တန်းလျား ဆောင်လည်း ရှိပါတယ်။ အိမ်ပေါက်ဝမှာ ကင်းတွေရှိပါတယ်။

အထူးသဖြင့် တောင်ပိုင်းတိုင်းမှူးများ အစဉ်အဆက်နေထိုင်ခဲ့တဲ့ မင်္ဂလာဒုံခရေပင်လမ်းထိပ်က တိုက်ကြီးဟာ အလွန်ကျယ် ပြန့်တဲ့ ဥယျာဉ်ကြီးနဲ့အတူ အလွန့်ကို ခံ့ညားကြီးမားပါတယ်။ ခြံထဲမှာကို တင်းနစ်ကွင်းရှိပြီး အိမ်ဘေးက မြေကွက်မှာလည်း ကလေးများ ကစားကွင်း။ (ဒန်း၊ ဆီးဆော၊ လျှောစင် စသဖြင့်) ရှိပါတယ်။ ခြံထဲမှာ ပိတောက်ပင်ကြီးအချို့လည်း ရှိပါတယ်။ သင်္ကြန်မိုးလေး တဖြိုက်နှစ်ဖြိုက်ကျရင် တပင်လုံး ရွှေရောင်သန်းလာအောင် ဝေနေအောင်ပွင့်တဲ့ ပိတောက်ပန်းများကို ကျွန် မတို့ ငယ်ဘဝကတည်းက မြတ်နိုးခဲ့ကြရပါတယ်။ ကျွန်မတို့ အဘွားတွေက ဖေဖေ့ကိုယ်ရံရဲဘော်လေးတွေကို အပင်ပေါ် တက်ပြီး ဦးဦးဖျားဖျား ဘုရားတင်ဖို့ ပန်းခူးခိုင်းတတ်တာတွေ သတိရမိပါတယ်။ ခရေပင်တွေလည်း အများကြီးပါ။

ကျွန်မက အဘွားတွေနဲ့အတူ မနက်စောစောထပြီး ခရေပန်းတွေကောက်၊ သီကုံးပြီး ဘုရားတင်ရပါတယ်။ အဘွားတွေက ဒီလို ကိုယ့်အိမ်ကိုယ့်ရာက ပန်းတွေ ကိုယ်တိုင်ကောက်ပြီး၊ ကိုယ်တိုင်သီပြီး ဘုရားတင်ရင် ပိုကုသိုလ်ရတယ်လို့ ပြောတတ်ပါ တယ်။ အဲဒီကာလက ကျွန်မတို့ဇာတိ သာယာဝတီ၊ သုံးဆယ်ကို ပါတီတပ်များနဲ့ ပြည်သူ့ရဲဘော်တပ်များက သိမ်းထားတဲ့ အတွက် ကျွန်မအဘိုး အဘွားများနဲ့ ဆွေမျိုးအတော်များများ မင်္ဂလာဒုံအိမ်မှာ လာပြီး လအချို့ စစ်ပြေးနေကြရပါတယ်။ ကျွန်မတို့နယ် အေးချမ်းသွားတော့မှ အဘိုးတို့တတွေ ပြန်ကုန်ပါတယ်။ ဒီတခေါက်မှာတော့ ကျွန်မအဘိုးနဲ့ ပြန်မလိုက်ရ တော့ဘဲ ဖေဖေတို့နဲ့ ပြန်နေခဲ့ရပြီး ကျောင်းစနေရပါတော့တယ်။

ဒီအိမ်ကြီးရှေ့မှာ ၁၉၅၂ ခုနှစ် အစောပိုင်းမှာ ကျွန်မတို့မိသားစု (အငယ်ဆုံး တွတ်တွတ်မမွေးသေးပါ) ရိုက်ထားတဲ့ ဓာတ်ပုံ တပုံရှိပါတယ်။ အဲဒီဓာတ်ပုံအကြောင်းလည်း ပြောပြချင်ပါတယ်။ အဲဒီဓာတ်ပုံရိုက်တုန်းက ဖေဖေက အရပ်ဝတ်နဲ့ ရိုက်ထားတာပါ။ အဲဒီကာလက ဖေဖေ့ကို အရပ်ဝတ်နဲ့ အင်မတန် တွေ့ရခဲပါတယ်။ ယူနီဖောင်း စစ်ဝတ်ကိုပဲ တောက်လျှောက် မြတ်မြတ်နိုးနိုး ဝတ်ဆင်သူဖြစ်လို‹ သူ့ဓာတ်ပုံအားလုံးဟာလည်း (အဲဒီကာလအထိ) ယူနီဖောင်းနဲ့ချည်းပါပဲ။ ဒါကြောင့်ပဲ ၁၉၅၇ ခုနှစ် ဖေဖေ ပင်စင်ပေးခံရပြီးနောက် ကျွန်မတို့ အရပ်ထဲ ပြောင်းလာရတဲ့အချိန် ကျွန်မတို့ ဆီဆုံလမ်းအိမ်ကလေးထဲက ဧည့်ခန်းမှာထားဖို့ ဓာတ်ပုံရှာတဲ့အခါ အရပ်ဝတ်နဲ့ ရှားရှားပါးပါး အဲဒီတပုံသာ ရှိပါတယ်။ ဖေဖေက အရပ်ထဲမှာ နေကြပြီဖြစ်လို့ အရပ်ဝတ်နဲ့သာ ထားချင်ပါတယ်။ ဒါကြောင့် ဒီမိသားစုပုံပဲ ကယားတပ်က လက်ဆောင်ပေးထားတဲ့ ဖားစည်ကြီးပေါ်မှာ တင်ထားပါတယ်။

အဲဒီဓာတ်ပုံထဲ မပါရတဲ့ ကျွန်မတို့မောင်အငယ်ဆုံးလေး တွတ်တွတ်က ဒါကို စိတ်ကောက်ပါတယ်။ သူ့မွေးပြီးမှ မေမြို့မှာရိုက် ထားတဲ့ပုံက ဖေဖေက စစ်ဝတ်စစ်စား အပြည့်အစုံနဲ့မို့ ဖေဖေက အဲဒီပုံကို မထားတာပါ။ ကျွန်မတို့ စမ်းချောင်းရောက်မှ တွတ်တွတ်က ကျောင်းစတက်တာပါ။ သူက ကျောင်းဆင်းလာရင် သူ့ဘွတ်ဖိနပ်လေးကို ခြေစွပ်ကိုချွတ်ပြီး ကျန်လူတွေလို အိမ်ရှေ့ကပြင်က ဖိနပ်စင်မှာ မတင်ဘဲ အဲဒီဓာတ်ပုံရှေ့ ဖားစည်ပေါ်မှာ သွားတင်တတ်ပါတယ်။ အစပိုင်းမှာ တော့ သူ့ရဲ့ဒီသပိတ်မှောက်လုပ်ရပ်ကလေးကို ဘယ်သူမှ သတိမပြုမိပါဘူး။ မနက်ကျောင်းသွားခါနီးရင် သူ့ဟာ သူ့ဖိနပ်လေး သွားယူပြီး စီးပါတယ်။ နောက်မှ မေမေက စသတိပြုမိပြီး သူ့ကို သားက သားပုံမပါလို့ ဒီပုံကို စိတ်ဆိုးနေတာလား။ သားလည်း ဒီပုံထဲပါ ပါတယ်။ သားက အဲဒီတုန်းက မေမေ့ဗိုက်ထဲမှာလေလို့ သူ့ကို ချော့မော့ ဖျောင်းဖျတော့မှ တွတ်တွတ် သူ့ဖိနပ်ကို အဲဒီဓာတ်ပုံ ရှေ့ မတင်တော့တာပါ။

တွတ်တွတ်ကို ၁၉၅၂ ခုနှစ် နိုဝင်ဘာလမှာ မင်္ဂလာဒုံမှာ မွေးတာပါ။ မင်္ဂလာဒုံမှာ စစ်ဆေးရုံကြီးရှိပါတယ်။ အစောပိုင်းက အမျိုးသားများ၊ စစ်သားများအတွက်သာ ဖြစ်ပေမယ့် နောက်ပိုင်း အမျိုးသမီးဆောင်ကို တိုးချဲ့ဖွင့်လှစ်ပါတယ်။ အဲဒီစစ် ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ဟာ ဒုဗိုလ်မှူးကြီးချိုင်းပါ။ ဗမာပြည်ပေါက် တရုတ်အမျိုးသားဖြစ်ပြီး သူ့ဇနီး ဒေါ်ရိုစီချိုင်း ကတော့ တရုတ်ကရင်ကပြားပါ။ သူလည်း ဆရာဝန်ပါပဲ။ ဇနီးမောင်နှံနှစ်ယောက်လုံး ဒေါက်တာဘသန်းရဲ့ တပည့်များဖြစ်ကြပြီး ဒေါ်ကစ်တီဘသန်း (ဒေါ်ခင်မေသန်း နောင် ဗိုလ်ချုပ်နေဝင်းရဲ့ဇနီး)နဲ့လည်း ရင်းနှီးခင်မင်ကြပါတယ်။ အဲသလို ပုဂ္ဂိုလ်ရေး ခင်မင်မှုများအပြင် ဒုဗိုလ်မှူးကြီးချိုင်းတို့ ဇနီးမောင်နှံရဲ့ လူနာစစ်သည်များအပေါ် ထားရှိတဲ့ စေတနာကောင်းမွန်မှုတို့ကြောင့် ဒုဗိုလ်မှူးကြီးချိုင်းဟာ ဆေးရုံအုပ်ကြီးအဖြစ် တောက်လျှောက်မြဲခဲ့ပါတယ်။ သူ အဲဒီကပဲ ပင်စင်ယူပါတယ်။

မေမေက အဲဒီတုန်းက တောင်ပိုင်းတိုင်း တိုင်းမှူးကတော်ဘဝနဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အသင်းတို့၊ တပ်မတော် အမျိုးသမီးအသင်းတို့မှာ တောင်ပိုင်းတိုင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ အဲဒီကာလမှ အဲဒီဆေးရုံအုပ် ဆရာဝန် ဇနီးမောင်နှံနှစ်ယောက် ဦးဆောင်မှုနဲ့ မေမေဟာ တောင်ပိုင်းတိုင်း လက်အောက်ခံတပ်များက အရာရှိကတော်များနဲ့ ပူးပေါင်းပြီး အမျိုးသမီးဆောင် (သားဖွားဆောင်)ကို ထူထောင်ခဲ့တာပါ။

မေမေက အောက်ခြေရဲဘော်လေးများရဲ့ ဇနီးမယားများဟာ သိပ်သနားဖို့ကောင်းတာ၊ ယောကျာ်းတွေ ရှေ့တန်းထွက် သွား ရင် လခက အဲဒီစစ်သားနဲ့ ပါသွားတာ၊ ကျန်အိမ်သူအိမ်သားများက တပ်ကထုတ်ပေးတဲ့ ရာရှင်(ရိက္ခာ)နဲ့ပဲ စားရတာတဲ့။ (ဒါတောင် အဲဒီကာလက ထုတ်ပေးတဲ့ ရိက္ခများဟာ အတော်ကောင်းမွန်ပါတယ်။ ကုလားပဲတို့၊ အမဲသားတို့၊ နို့ဆီဘူးတို့၊ ဘဲဥ စတာတွေပါတာ ကျွန်မမှတ်မိပါတယ်)။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ မီးနေသည်တွေ နောက်တန်းကျန်ခဲ့ရင် ပိုဒုက္ခရောက်ရှာတာ၊ ဒါကြောင့် သားဖွားဆောင်ကို မေမေတို့ စဖွင့်ကြတာပါလို့ ကျွန်မကို ပြောပြဖူးပါတယ်။ မေမေတို့ကို ဆေးရုံအုပ်ကြီး ဇနီးမောင်နှံက ဆေးသင်တန်းတွေ၊ ရှေးဦးသူနာပြုနည်းတွေကို သင်ပေးပါတယ်။ ဒါ့အပြင် မေမေက ကျန် ဗိုလ်ကတော်များနဲ့ အလှည့်ကျ အဲဒီသားဖွားဆောင်မှာ ကျွေးမွေးရေး တာဝန်ယူပါတယ်။ သိမ်ကြီးဈေးအထိသွားပြီး မီးနေ သည်တွေ အားရှိဖို့ နို့ကောင်းကောင်းထွက်ဖို့၊ အနာကျက်ဖို့ လိုအပ်တဲ့အာဟာရ စတာတွေကိုဝယ်ပြီး စနစ်တကျ ချက်ပြုတ် ကျွေးမွေးပါတယ်။ တကိုယ်ရေ သန့်ရှင်းရေးတွေ နားလည်အောင်လည်း သင်ကြားပေးပါတယ်။

(၁၉၇၀ ခုနှစ်များက ဆေးတက္ကသိုလ် (၂) မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းက အလည်ခေါ်လို့ မင်္ဂလာဒုံစစ်ဆေးရုံကြီးကို ရောက်သွားတုန်းက ဆေးရုံဧည့်ခန်းမမှာ မေမေအပါ တောင်ပိုင်းတိုင်း မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းရဲ့ ဓာတ်ပုံကြီး ချိတ်ထားပြီး မင်္ဂလာဒုံ စစ်ဆေးရုံကြီးရဲ့ အမျိုးသမီးအဆောင်ကို စတင်ထူထောင်သူများလို့ ဓာတ်ပုံအောက်မှာ ရေးထားတာ တွေ့ဖူးပါတယ်။)

အဲဒီသားဖွားဆောင်မှာတက်ပြီး မေမေက တွတ်တွတ်ကို မွေးတာပါ။ မွေးခါစ တွတ်တွတ်က အသားလေးတွေ နီရဲနေလို့ ကျွန်မတို့အဘွားက ‘နီတွတ်ကလေး’လို့ စခေါ်ရာက တွတ်တွတ်ဆိုတဲ့ နာမည် တွင်သွားတာပါ။ သူ့နာမည်အပြည့်အစုံက ‘ထွန်းအေးကျော်ဇော’ပါ။ မေမေက အဲဒီကာလက စစ်ဗိုလ်ကတော်တသိုက်နဲ့ နေခဲ့ရတဲ့ဘဝတွေကို တမ်းတမ်းတတ လွမ်း လွမ်းဆွေးဆွေး ပြန်ပြောပြတတ်ပါတယ်။ အဲဒီစစ်ဗိုလ်ကတော် အုပ်စုထဲမှာ ရန်ကုန်အပါအဝင် မြို့ကြီးသူတွေ၊ တက္ကသိုလ် ကျောင်းထွက် ပညာတတ်တွေလည်း ပါခဲ့ကြပေမယ့် အားလုံး ရင်းရင်းနှီးနှီး တန်းတူညီမျှစွာနဲ့ ဆက်ဆံကြတယ်။ မေမေ့ကို လည်း လေးလေးစားစား ဆက်ဆံကြတယ်။ ဘာအပြိုင်အဆိုင်မှ မရှိဘူး။ ဘာစီးပွားရေးလုပ်ငန်းမှ လုပ်တာလည်း မရှိဘူးတဲ့။ ရတဲ့လခလေးတွေနဲ့ပဲ လောက်အောင်သုံးကြတယ်။ အောက်ခြေရဲဘော်တွေ အကြပ်တပ်သားတွေနဲ့ သူတို့အိမ်ထောင်တွေ အပေါ်မှာလည်း ညှာညှာတာတာ ဆက်ဆံခဲ့ကြတယ်တဲ့။

သြော် အဲဒီတုန်းကတော့ တော်လှန်ရေးက ပေါက်ဖွားလာတဲ့ ဗမာ့တပ်မတော်ကြီးက စစ်ဗိုလ်တွေဖြစ်ကြတော့ တော်လှန် ရေးအခြေခံစိတ်ကလေးတွေ အနည်းအကျဉ်း ကျန်နေသေးဟန် တူပါတယ်။

နောက်ပိုင်း (မေမေကတော့ နာမည်နဲ့တကွ အတိအကျပြောပါတယ်။) စစ်ဗိုလ်ကတော်အချို့ ရောက်လာပြီးနောက် မေမေ တို့ စစ်ဗိုလ်ကတော်အုပ်တွေထဲ စိတ်ဝမ်းတွေကွဲပြီး အပြိုင်အဆိုင်တွေ ဖြစ်လာပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း တဖက်တလမ်းက ရှာဖွေလုပ်ကိုင်လာကြတယ်။ မိန်းမတွေကစခဲ့တဲ့မီးဟာ ယောကျာ်းတွေဆီလည်း ကူးစက်သွားပါတယ်။ (ဒါကလည်း လူတင်ပါလို့ နွားကျားကိုက်ခံရတာပါ။) တချို့စစ်ဗိုလ်ကတော်တွေဟာ တပ်ကရာရှင်ကိုပဲ မလောက်မချင်း ပိုတောင်းပြီး ရတဲ့လခကို စုကာ အောက်ခြေရဲဘော်တွေနဲ့ အိမ်ထောင်သည်တွေကို ငွေတိုးချေးစားတာတွေ လုပ်ပါတယ်။ အဲလို အသေးအဖွဲလုပ်ငန်းလေးတွေ မရဲတရဲလုပ်ရင်းက လောဘဇောတွေ တဖြည်းဖြည်းတက်လာပြီးနောက် အခိုင်အမာ လုပ်ငန်း တွေအဖြစ်ီ၏ှ၏၍၏ B၏န၏ီ၏ဃ တို့ စတဲ့ လုပ်ငန်းတွေ ဖြစ်ပေါ်လာပြီး နောက်ဆုံး အခုခေတ်ပေါ် ဦးပိုင်ကုမ္ပဏီ လီမိတက်ဘဝသို့ ရောက်လာတော့တာပါပဲ။ ဒီလိုနည်းနဲ့ စစ်ဗျူရိုကရေစီယန္တရားကြီး ပေါ်ပေါက်ခဲ့ရတာပါပဲ။

ဒါကြောင့်ပဲ အရေအတွက်တွေ စုစည်းများပြားလာရင် အရည်အချင်းတရပ်ကို ပြောင်းလဲသွားတယ်လို့ ဆိုကြတာကိုး။ ဒီလို နည်းနဲ့ ဗမာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေး၊ လွတ်လပ်ရေးတွင်းက ပေါ်ထွက်လာတဲ့ ဗမာ့တပ် မတော်ကြီး ဟာ ဗိုလ်နေဝင်းစိတ်ကြိုက် လက်ကိုင်တုတ်ကြေးစားတပ်ကြီး ဖြစ်သွားရတာပါပဲ။ အခုထိ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ကိုကြည့် ရင် ဒီစက်ယန္တရားကြီးကို အကာအကွယ်ပေးထားတုန်းဆိုတာ ထင်ရှားပါတယ်။ ဒီစက်ယန္တရားကြီးကို မဖျက်နိုင်မချင်း ဗမာ ပြည်အရေးကတော့ ရင်အေးဖွယ် မမြင်ပါဘူး။

လှကျော်ဇော (၁၈-၁၂-၂၀၁၂)

မှတ်ချက်၊

ကျွန်မဆက်၍ရေးခြင်သော ဖေဖေ့အကြောင်းများ၊ အတွဲ(၁)၊ (ဖြိုးမောက်သာစာပေ) မှ ဆောင်းပါးအမှတ် (၂၉) ကို တင် လိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်