မောင်မောင်စိုး ● တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ

June 1, 2016

မောင်မောင်စိုး ●  တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ

( ရှ မ်း တို င်း ရ င်း သား လ က် န က် ကို င် တပ် ဖွဲ့ များ )
(အပိုင်း ၃)
(မိုးမခ) ဇွန် ၁၊ ၂၀၁၆

● SSPP/SSA
SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်ဟု ဖွဲ့စည်းပြီးနောက် ရှမ်းပြည်မြောက်ပိုင်း၌ ပို၍အားကောင်းခဲ့ သည်။ ထိုသို့ အားကောင်းခဲ့သည်မှာ အကြောင်း ၂ ချက်ရှိသည်။ အကြောင်းတချက်မှာ ၁၉၆၄ ခုနှစ်တွင် SSA အားဖွဲ့ စည်းပြီးနောက် ရှမ်းပြည်တောင်ပိုင်းတွင်တာ ဝန်ယူသည့် မိုးဟိန်းနှင့်အဖွဲ့သည် ၁၉၆၉ ခုနှစ် ဇန္နဝါရီလတွင် SURA ရှမ်းပြည် တော်လှန်ရေးတပ်ပေါင်းစုအမည်ဖြင့် ပြန်လည်ခွဲထွက်သွားသောကြောင့် ရှမ်းပြည်တောင်ပိုင်းတွင် SSPP/SSA အားပျော့ သွားသည်။ ဒုတိယအချက်မှ မြောက်ပိုင်းရှိ SSPP/SSA တပ်များသည် ၁၉၇၀ နောက်ပိုင်းမှစ၍ အရှေ့မြောက် CPB နှင့်အဆက်အသွယ်ရကာ CPB ထံမှ လက်နက်ခဲယမ်းအကူအညီရ၍ အဆိုပါ CPB ထောက်ပံ့ရေးလမ်းကြောင်းနှင့်နီးသော ရှမ်းပြည်မြောက်ပိုင်းတွင် ပို၍အားကောင်းလာသည်ဟု ဆိုရပါမည်။

၁၉၆၈ မှစ၍ အရှေ့မြောက်ဒေသသို့ CPB တို့ဝင်ရောက်လာပြီး တစတစ အင်အားကြီးထွားလာခဲ့သည်။ ထိုစဉ် ရှမ်းပြည် အလယ်ပိုင်း ကျောက်ဂူ နောင်ဝိုးဒေသတွင် ၁၉၅၀ နောက်ပိုင်းကတည်းက လှုပ်ရှားနေသော CPB တပ်ဖွဲ့ဝင်များနှင့် ပြန် လည်ချိတ်ဆက်ကာ CPB ၁၀၈ စစ်ဒေသအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အဆိုပါ ၁၀၈ စစ်ဒေသနှင့် အရှေ့မြောက်စစ်ဒေသ ကြားတွင်လှုပ်ရှားနေသော SSPP/SSA တပ်ဖွဲ့ဝင်များအား CPB တို့ ထိုးဖောက်စည်းရုံးလာခဲ့တော့သည်။ ထိုကာလက CPB တို့၏ စည်းရုံးရေးတွင် မက်လုံးကောင်းကောင်းရှိသည်မှာ CPB သည် သူ၏တပ်ပေါင်းစုများကို လက်နက်ခဲယမ်းကောင်းစွာ ထောက်ပံ့နိုင်မှုဟု ဆိုရမည်။ သို့ဖြစ်ရာ CPB တို့ကြီးထွားလာသောအင်အားနှင့်တိုက်ခိုက်ရေးစွမ်းရည် ပြည့်စုံတောင့်တင်းသော လက်နက်ခဲယမ်းနှင့် စည်းရုံးရေးသြဇာများသည် ရှမ်းပြည်မြောက်ပိုင်းရှိ SSPP/SSA ပေါ်သို့ တက်ရောက်ခဲ့သည်။

SSPP/SSA နှင့် CPB တို့ဆက်ဆံရေးသည် ၁၉၇၃ တွင်စတင်ခဲ့သည်ဟု ဆိုရပါမည်။ SSPP တွဲဖက်အထွေထွေအတွင်းရေးမှူး စဝ်ဆေထင်နှင့် အင်အား ၂၀၀ ခန့်သည် ၁၉၇၃ အောက်တိုဘာလခန့်တွင် ပန်ဆန်းသို့ရောက်ရှိခဲ့သည်။ ပန်ဆန်းတွင် SSPP ခေါင်းဆောင်များနှင့် CPB ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် တပ်ပေါင်း စုဖွဲ့ရန် သဘောတူခဲ့ကြသည်။ ထို့နောက် စဝ်ဆေထင်ခေါင်းဆောင်သော SSPP တပ်ဖွဲ့ဝင်များသည် CPB ထံမှ လက်နက်ခဲယမ်းမီးကျောက်အထောက်အပံ့များရယူ၍ ၁၉၇၃ နိုဝင်ဝင်ဘာလကုန်တွင် ပန်ဆန်းမှ ပြန်လည်ထွက်ခွာခဲ့ရာ ၁၉၇၄ ဧပြီ လခန့်တွင် မိုင်းတုံသို့ပြန်လည်ရောက်ရှိခဲ့သည်။

SSPP မြောက်ပိုင်းမှ CPB နှင့်ဆက်သွယ်နေသည့် တချိန်တည်းတွင်တောင်ပိုင်းရှိ KNU ဦးစီးသည့် မဒတသို့လည်း ကိုယ်စား လှယ်စေလွှတ်၍ ပါဝင်ခဲ့သည်။ ထို့ကြောင့်လည်း SSPP အတွင်း CPB  လက်ဝဲယိမ်းအယူအဆနှင့်  လက်ယာယိမ်းအယူအဆများ အားပြိုင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် SSPP အနေနှင့် CPB နှင့်ပူးပေါင်းခြင်းသည် ဝါဒရေးရာအရ နှစ်သက်ခြင်းမနှစ် သက်ခြင်းပေါ်၌ မတည်မှီချေ။ လက်နက်ခဲယမ်းကျောက်ရရှိမှုနှင့် လက်တွေ့ စစ်အစိုးရအားတိုက်ခိုက်နေသည့် လက်နက် ကိုင်အင်အားစုခြင်း စစ်ရေးအရ မဟာမိတ်ဖွဲ့မှုပေါ်တွင် တည်မှီသည်။ သို့သော်လည်း SSPP တွင်းကွန်မြူနစ်ဆန့်ကျင်ရေး အင်အားစုများ ပေါ်လာသည်ကတော့ အမှန်ပင်ဖြစ်သည်။

SSPP သည် မိုင်းခေးဒေသ ပန်ဟုန်းတွင် ၁၉၇၅ ဇန္နဝါရီ ၁ ရက်မှ ဖေဖဝါရီ ၅ ရက် ဗဟိုကော်မတီအစည်းအဝေးတရပ်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ….

၁။ ခွန်ကြာနု ဥက္ကဌ
၂။ စဝ်ပင်တိုင်း ( ခ ) စိုင်းပန် ဒုဥက္ကဌ
၃။ ခွန်အုန်းပေါင် ဒုဥက္ကဌ
၎။ စဝ်ဆေထင် တွဲဖက်အတွင်းအရေးမှူးနှင့် ဗဟိုကော်မတီဝင် ၁၃ ယောက် တက်ရောက်ကြသည်ဟုဆိုသည်။

(မူလဖွဲစည်းစဉ်ကပါဝင်ခဲ့သော မဟာဒေဝီနှင့် သူ၏သားဖြစ်သူ စဝ်ဆေဝိုင်တို့ကား ၁၉၇၃ ခန့်ကစ၍ မပါဝင်တော့ဘဲ ထိုင်း နိုင်ငံသို့ ထွက်သွားသည်ဟုဆိုပါသည်။)

အဆိုပါ SSPP ဗဟိုကော်မတီအစည်းအဝေးတွင် လွှမ်းမိုးနေသောအကြောင်းအရာမှာ CPB နှင့်တပ်ပေါင်းစု ဖွဲ့ရေးမဖွဲ့ရေး ပြဿနာဖြစ်သည်ဟုဆိုပါသည်။ ခွန်အုံးပေါင် စဝ်ဆေလင်းခေါ် စိုင်းလှအောင်နှင့် စဝ်ဆေထင်တို့က CPB နှင့်တပ်ပေါင်းစု ဖွဲ့ရေးကို တက်ကြွစွာထောက်ခံခဲ့ကြပြီး ခွန်ကြာနုတို့မှ ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။

ဤသို့နှင့် ၁၉၇၅ မတ်လခန့်တွင် CPB နှင့်တပ်ပေါင်းစုဖွဲ့ရန် သဘောထားရှိသည့် ခွန်အုံးပေါင်နှင့် စဝ်ဆေထင်တို့ဦးစီးသည့် SSPP/SSA တပ်ဖွဲ့ဝင် ၇၀၀ ကျော်ခန့်သည် ဝ နယ် ပန်ဆန်းအခြေစိုက် CPB ခေါင်းဆောင်များနှင့် ဆွေးနွေးရန် သံလွင်မြစ် အရှေ့ဖက်သို့ ဖြတ်ကူးခဲ့ကြတော့သည်။

CPB နှင့် ပူးပေါင်းခြင်းကို လက်မခံသော ခွန်ကြာနုနှင့် စဝ်ပင်တိုင်းတို့ CPB နှင့်ပေါင်းခြင်းကို ဆန်ကျင်သည့် ကျေးရွာလူထုအား ရှင်းလင်းပွဲများ၊ ဆန့်ကျင်သည့်ရှုတ်ချပွဲများလုပ်၍ ၁၉၇၅ ဇွန်လခန့်တွင် ရှမ်းပြည်တောင်ပိုင်းသို့ဆင်းသွားခဲ့သည်။ SSPP ခေါင်းဆောင်ပိုင်း နှစ်ခြမ်းကွဲသည်ဟု ဆိုနိုင်ပါသည်။ သို့သော် တောင်ပိုင်းသို့ဆင်းသွားသောအဖွဲ့များမှာ SSPP/SSA အခန်း ကို တိုးမြှင့်အောင်မလုပ်ဆောင်နိုင်ကြဘဲ ပျောက်ကွယ်သွားသည်ဟု ဆိုနိုင်ပါသည်။

ယနေ့ ဆက်လက်ရှင်သန်နေသည်မှာ ထိုစဉ်အရှေ့မြောက်ပိုင်းတွင် စစ်အင်အားကြီးမားလာသော CPB နှင့် တပ်ပေါင်းစုဖွဲ့ရန် လက်တွေ့ကျကျဆုံးဖြတ်ခဲ့သည့် SSPP ခေါင်းဆောင်ပိုင်းမှ လက်တွေ့ဝါဒီများကြောင့်ဟု ဆိုရပေမည်။ ယနေ့ SSPP/SSA သည် ထိုအင်အားစုများမှ ဆက်လက်ရှင်သန်နေခြင်းဖြစ်ပေသည်။

● SSPP/SSA နှင့် CPB
SSPP အနေနှင့် လက်နက်ခဲယမ်းမီးကျောက်ရရန်အတွက်လည်းကောင်း၊ ထိုစဉ် စစ်အင်အားကြီးသော CPB တို့နှင့် စစ်ရေး မဟာ မိတ်ဖွဲ့ခြင်းသည်လည်းကောင်း၊ လက်တွေ့ကျကျ လိုအပ်နေသကဲ့သို့ CPB တို့အနေနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးအရတပ်ပေါင်းစုဖွဲ့ခြင်းကို အစဉ်တစိုက်ကြိုးစားခဲ့သည်။ ၁၉၆၆/၆၇ ကာလကတည်းက ပဲခူးရိုးမ CPB ဗဟိုမှ ဥက္ကဌ သခင်သန်းထွန်းသည် တောခို ရှမ်းကျောင်းသား စိုင်းအောင်ဝင်း (နောင် CPB ဗဟိုကော်မတီဝင် ကွယ် လွန်) အား ထိုစဉ် SSPP နာယက မဟာဒေဝီထံဆက်သားအဖြစ် စေလွှတ်ခဲ့ဘူးသည်။

၁၉၇၅ ခုနှစ် အရှေ့မြောက် CPB အဖို့ SSPP နှင့်တပ်ပေါင်းစုဖွဲ့ခြင်းသည် နိုင်ငံရေးအရအပြင် အနာဂါတ်စစ်ရေးခြေလှမ်းများအတွက်လည်းအရေးပါသည်။ ရှမ်းပြည်အလယ်ပိုင်း ရပ်စောက် ဗထူးအထက်ရှိ ကျောက်ဂူ နောင်ဝိုး နောင်လုံဒေသအခြေပြု ယခင် CPB အင်အားစုများစုစည်း၍ ၁၀၈ စစ်ဒေသအဖြစ်ဖွဲ့စည်းခြင်း အရှေ့မြောက်စစ်ဒေသမှ တပ်မဟာ ၆၈၃ အား စေ လွှတ်အားဖြည့်ခြင်း ၁၉၈၀ မှစ၍ အဆိုပါ ရှမ်းပြည်အလယ်ပိုင်း၌ CPB အလယ်ပိုင်းဗျူရို ဖွဲ့စည်းခြင်းနှင့် အရှေ့မြောက်မှ တပ်အင်အားများစေလွှတ်ခြင်းတို့နှင့်ပတ်သက်၍ သံလွင်မြစ်အနောက်ဖက်ကမ်းသို့ဖြတ်ကျော်သည်နှင့် SSPP/SSA ရှမ်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ အကူအညီ ရယူခဲ့သကဲ့သို့ ထိုရှမ်းပြည်အလယ်ပိုင်းရောက် CPB တပ်ဖွဲ့များသည် SSPP/SSA တပ်များနှင့် ပူးတွဲလှုပ်ရှားခဲ့သည်။

ထို့ပြင် ထိုစဉ်က CPB ၏အလယ်ဗျူရိုတပ်မှူးများအဖြစ်တာဝန်ယူကြသော ဝ တပ်မှူးများနှင့် SSPP/SSA ခေါင်းဆောင်များ ရင်းနှီးမှုရှိခဲ့ကြရာ၁၉၈၉ ခုနှစ် CPB မှ ဝ တို့ခွဲထွက်ပြီးနောက်တွင်လည်း UWSA နှင့် SSPP/SSA ခေါင်းဆောင်များ မိတ်မ ပျက်ကြ ဆက်ဆံရေးကောင်းမြဲဖြစ်သည်။ ၁၉၈၀ ခုနှစ်များအတွင် CPB အလယ်ဗျူရိုတွင် စစ်မြေပြင်တပ်မှူးများဖြစ်ကြသည့် ပေါက်ရိုချမ်း ကျောက်ကျုံးတန်းတို့မှာ ယခုအချိန်တွင် UWSA ၏ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသည်။

SSPP/SSA တပ်ဖွဲ့များအဖို့လည်း ၎င်းတို့တပ်ဖွဲ့လှုပ်ရှားရာ ရှမ်းပြည်အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသများသည် ပြောက် ကျားဒေသများဖြစ်နေရာ သူတို့နောက်တန်းဌာနချုပ်နှင့် အိမ်ထောင်သည်များကို တည်ငြိမ်သည့် ဝ နယ် ပန်ဆန်းသို့ စေ လွှတ်ထားနိုင်ခဲ့သည်။ လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ထားနိုင်ခဲ့သည်။ ထိုဆက်ဆံရေးသည် ယနေ့ထိအောင် တည်မြဲနိုင် ခဲ့သည်ဟု ဆိုရပါမည်။

၁၉၇၅ ခုနှစ် ပန်ဆန်းသို့ရောက်ရှိသွားသော ခွန်အုန်းပေါင်နှင့် စဝ်ဆေထင်ဦးစီးသော SSPP/SSA ခေါင်းဆောင်များနှင့် သခင်ဗသိန်းတင်ခေါင်းဆောင်သော အရှေ့မြောက် CPB ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ တပ်ပေါင်းစုဖွဲ့စည်းရန် သ ဘောတူညီခဲ့ကြသည်။ ၎င်းတပ်ပေါင်းစုအား CPB ကခေါင်းဆောင်ရေး တိုင်းရင်းသားပြဿနာအား ကိုယ်ပိုင်အုပ်ချု ပ်ရေး ပေး၍ ဖြေရှင်းမည့် CPB ၏မူဝါဒများက အကျယ်အကျယ် မငြင်းဖွယ်များဖြစ်ခဲ့သော်လည်း လက်တွေ့ကျသည့် စစ်ရေးတပ် ပေါင်းစုကို ရှေးရှုနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

ပန်ဆန်းရောက် SSPP/SSA တပ်ဖွဲ့ဝင်များသည် ပန်ဆန်း၌ နိုင်ငံရေးစစ်ရေးသင်တန်းများတက်ရောက်ပြီး ပြန်လည်စုဖွဲ့ခဲ့ကြ သည်။ အရှေ့မြောက် CPB မှ SSPP/SSA တပ်ဖွဲ့ဝင်များအား M 20/ M21/M22/ M23 / M14 လက်နက်ငယ်များ ၆၀ မမ မော်တာနှင့် ၄၀ မမ ဘဇူကာအပါ လက်နက်မျိုးစုံ ၇၀၀ ကျော်တပ်ဆင်ပေးခဲ့သည်။ SSPP/SSA တပ်ဖွဲ့သည် ဆက်သွယ် ရေးနှင့် အိမ်ထောင်သည်မိသားစုအချို့အား ပန်ဆန်းတွင်ထားခဲ့ပြီး ကျန်အင်အား ၇၀၀ ခန့်သည် ၁၉၇၅ နိုဝင်ဘာလတွင် သံလွင်အနောက်ခြမ်း ရှမ်းပြည်အလယ်ပိုင်းသို့ ပြန်လည်ကူးဝင်ခဲ့သည်။

SSPP/SSA နှင့်ပူးတွဲလှုပ်ရှားရန် CPB အရှေ့မြောက်မှ တပ်မဟာ ၆၈၃ နှင့် လက်အောက်ခံတပ်များဖြစ်သည့် ရင်း ၄၀၄၅ ၊ ရင်း ၄၀၄၆၊ ရင်း ၄၀၄၇ နှင့် ရင်း ၅၀၂ တို့လည်း လိုက်ပါခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုအား အရှေ့မြောက် CPB ၏ ၇၅၁၀ စစ်ဆင်ရေးဟု ခေါ်ပါသည်။ ထိုစဉ်က CPB ၆၈၃ တပ်မဟာ၏ ဒုတပ်မဟာမှူးမှာ လက်ရှိ UWSA ဝ ခေါင်းဆောင်ပေါက်ယိုချမ်းဖြစ်ပါသည်။ ထိုစဉ်မှစ၍ CPB တပ်များသည် SSPP/SSA တပ်များနှင့် တွဲ၍လှုပ်ရှားခဲ့ကြသည်။ ထို့နောက် ၁၉၈၀ ခုနှစ် တွင် CPB ဒုဥက္ကဌတဦး ဦးစီးပြီး CPB အလယ်ဗျူရိုအား ရှမ်းပြည်အလယ်ပိုင်းတွင်းဖွဲ့စည်းရန် CPB အင်အားစုများသည် SSPP နှင့်ပူးပေါင်း၍ ပန်ဆန်းဒေသမှသံလွင်မြစ်အနောက်ခြမ်းသို့ ထပ်မံ၍ဝင်ရောက်ခဲ့ကြသည်။

ထိုအချိန်မှစ၍ SSPP/SSA တပ်များသည် CPB ဌာနချုပ်ရှိရာ ဝ နယ် ပန်ဆန်းသို့ မကြာခဏသွားရောက်၍ လက်နက်ခဲယမ်းရ ယူခြင်း သင်တန်းတက်ခြင်းများပြုလုပ်ခဲ့သည်။ ၁၉၈၉ CPB ပြိုကွဲသည်အထိ SSPP နှင့် CPBတို့သည်တပ်ပေါင်းစုအဖြစ် ပူး တွဲလှုပ်ရှားခဲ့ကြသည်။ ထိုကာလအတွင်းSSPP/SSA သည် CPB ထံမှ လက်နက်မျိုးစုံ ၂၅၀၀ ခန့်ရရှိခဲ့သည်ဟု ဆိုပါသည်။

၁၉၇၅ ပန်ဆန်းမှ လက်နက်တပ်ဆင်ပြီးပြန်ရောက်လာသော SSPP /SSA တပ်ဖွဲ့များသည် နမ့်ခမ်း၊ လင်းခေး၊ သီပေါ ကျောက်မဲ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်၊ ကျေးသီး၊ လားရှိုးမြို့နယ်များ၌ လှုပ်ရှားခဲ့ကြသည်။ ၁၉၈၉ ငြိမ်းချမ်းရေးယူချိန်ထိ SSPP/SSA ၏တပ်ဖြန့်ခွဲမှုမှာ သီပေါအထက် အနောက်မြောက်ဖက်၌ SAA တပ်မဟာ ၃ မိုင်းရှူးဒေသ၌ တပ်မဟာ ၁ နှင့် ကာလိဒေသ၌ တပ်မဟာ ၇ ဟု ဖြန့်ခွဲဖွဲ့စည်းနိုင်ခဲ့သည်။

သို့နှင့် SSPP/SSA ၏ အင်အားမှာ ၅၀၀၀ ခန့်ထိ တိုးတက်လာသည်ဟု ဆိုရမည်။ သို့သော် SSPP/SSA တပ်ဖွဲ့ ပြောက်ကျား တိုက်ခိုက်လှုပ်ရှားခြင်းလူထုအားစည်းရုံးသိမ်းသွင်းခြင်းများ၌ အားသာသော်လည်း ချေမှုန်းရေးတိုက်ပွဲများ မြို့သိမ်း စခန်း သိမ်းတိုက်ပွဲများ၌ တိုက်စွမ်းရည်မှာ ထိုစဉ်က အားနည်းနေဆဲဟု ဆိုမည်။ ထို့ကြောင့် SSP/SSA ၏ အင်အားကြီးထွားလာမှု မှာ စိုးရိမ်စရာကောင်းသော်လည်း စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်းအားနည်းသည်ဟု မြန်မာစစ်ဖက်အရာရှိအချို့က သုံး သပ်ကြပါသည်။

● SSPP/SSA ခေါင်းဆောင်အပြောင်းအလဲ
CPB နှင့်ပေါင်းရေး မပေါင်းရေးနှင့်ပတ်သက်ပြီး SSPP ခေါင်းဆောင်များအတွင်း အကွဲအပြဲများဖြစ်ခဲ့သည်။ ၁၉၇၅ အထိ ဥက္ကဌ တာဝန်ယူခဲ့သော ခွန်ကြာနုနှင့် သူ့လူများသည် CPB နှင့်ပူးပေါင်းရေးကို လက်မခံဘဲ တောင်ပိုင်းသို့ဆင်းသွားခဲ့ရာ SSPP ဥက္ကဌနေရာ လစ်လပ်သွားခဲ့သည်။ သူ့နောက်ပိုင်း SSPP ၏ အဓိကခေါင်းဆောင်ဖြစ်လာသော ခွန်အုန်းပေါင်မှာ ပန် ဆန်းမှပြန်လာပြီး မကြာမီပင် တိုက်ပွဲ၌ကျဆုံးခဲ့သည်။

ထို့နောက် SSPP ကို SSPP ဥက္ကဌတာဝန်ကို စဝ်ဆေလင်းက တာဝန်ယူသည်။ သို့သော် စဝ်ဆေလင်းအား အောက်ခြေမှ မကြိုက်၍ SSA တပ်မဟာ ၇ မှူး ကောင်တိုင်းဦးစီး၍ဖြုတ်ချထားစဉ် ၁၉၈၁ ခုနှစ် မိုင်းရှူးရှိ အစိုးရတပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

ထို့နောက် ၁၉၈၁ တွင် SSPP ဥက္ကဌအဖြစ် စဝ်ဆေနွံက ဆောင်ရွက်သည်။ ၁၉၈၆ ခုနှစ် စဝ်ဆေနွံ ကွယ်လွန်သည့်အခါ စိုင်း လိတ် (ကုလား) က ဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်