ခွန်းမတ်ရ်ကိုဘန် – ၁၉၄၇-ခုနှစ် ပင်လုံညီလာခံ မှ ၂၁-ရာစုပင်လုံညီလာခံဆီသို့ (အပိုင်း ၂)

June 4, 2016

ခွန်းမတ်ရ်ကိုဘန် –  ၁၉၄၇-ခုနှစ် ပင်လုံညီလာခံ မှ ၂၁-ရာစုပင်လုံညီလာခံဆီသို့ (အပိုင်း ၂)

(မိုးမခ) ဇွန် ၄၊ ၂၀၁၆

အပိုင်း (၂ ) အမျိုးသားများတန်းတူရည်တူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားများတန်းတူ ရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရန် လိုအပ်သည့်အခြေခံမူများ၊ အခြေခံ ကျောရိုးများကို ချမှတ်ထားခဲ့သည်။

(က) ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် ဖဆပလအဖွဲ့ချုပ်က အခြေခံမူနှင့် ကျောရိုးများချမှတ်ခြင်း
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် တိုင်းပြုပြည်ပြုလွှတ် တော်ကဲ့သို့သော ရန်ကုန်မြို့၊ ဂျူဗလီခန်းမကြီး၌ ၁၉၄၇-ခုနှစ်၊ မေလ (၂၃-၂၄) ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြု ဖဆပလပဏာမညီလာခံသဘင်တွင် အဆို(၁၄) ခုတင်သွင်းသည့်အပေါ် ဖဆပလ၏ပဏာမညီလာခံက သဘောတူလက်ခံ ချမှတ်ထားခဲ့သည်။

အခန်း (၁)

နိုင်ငံဖွဲ့စည်းပုံ

(၁) ဗမာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံ ဟူ၍ ကြေညာရမည်။

(၂) ဆိုခဲ့ပြီးသော လွတ်လပ်ပြီးသော အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံတော်တွင်-

(က) (၁) ဗမာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော ဗမာပြည်မ

(၂) ဟုမ္မလင်းခရိုင်ခွဲ

(၃) ဆင်ကလိန်ခန္တီး

(၄) သောင်သွတ်

(၅) ဆွမ္မရာနယ်ပယ်

(၆) နာဂတောင်တန်းများ

(၇) သံလွင်ခရိုင်

(၈) ကန်ပက်လက်ခရိုင်ခွဲ

(၉) ရခိုင်တောင်တန်းဒေသ ဟူ၍ ခေါ်ဝေါ်သောဒေသများ

(ခ) ကိုးခန်းနှင့် မောင်းပိုင်တို့ အပါအဝင်ဖြစ်သော ရှမ်းပြည်ထောင်စု

(ဂ) ကရင်နီပြည်နယ်များ

(ဃ) ကချင်တောင်တန်းများ

(င ) ကန်ပက်လက်ခရိုင်ခွဲ မပါသော ချင်းတောင်တန်းခရိုင် တို့ပါဝင်ရမည်။

(၃) ဆိုခဲ့ပြီးသောလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံတော်သည် ပြည်ထောင်စုဗမာနိုင်ငံတော်ဟု ခေါ်တွင် ရမည်။

(က) အောက်ပါဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စုပြည်နယ်အဆင့်အတန်းကို ပေးအပ်ရ မည်။

၁။ ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊

၂။ ဗမာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်း ရှိခြင်း၊

၃။ ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊

၎။ ရာဇဝင်အစဉ်အလာ တမျိုးတည်းရှိသော လူစုရှိခြင်း၊

၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊

၆။ လူဦးရေ အတော်အတန်ရှိခြင်း၊

၇။ သီးခြားပြည်ထောင်စုဒေသတခုအဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်း၊

(ခ) ကိုယ်ပိုင်အုပ်ချုပ်ရမည့်နယ်အဆင့်အတန်းကို အထက်ပါဂုဏ်အင်္ဂါများ၊ နည်းများမဆိုရှိပါသော်လည်း စီးပွားရေး လုံလောက်မှုချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။

(ဂ) လူမျိုးစုပြည်နယ်အဆင့်အတန်းကို နည်းများမဆို သီးခြားဘာသာစကားရှိခြင်း၊ ထိုဘာသာစကားကို အတော် အသင့်အားဖြင့် တစုတပေါင်းတည်းပြောဆိုသောဒေသရှိခြင်း၊ မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်းတို့မှတပါး အထက်ပါအားလုံးသောဂုဏ်အင်္ဂါများ၌ ချို့ငဲ့နေသောပြည်သူပြည်သားများအားပေးအပ် ရမည်။

(ဃ) တိုင်းရင်းသားလူနည်းစုအခွင့်အရေးများကို –

၁။ လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇဝင်အစဉ်အလာအားဖြင့်လည်းကောင်း လူများစုနှင့်ကွဲပြားခြားနား၍၊

၂။ ဗမာတပြည်လုံး၌ဖြစ်စေ၊ အဖွဲ့ဝင်ဒေသတခုခု၌ဖြစ်စေ ရှိသောလူဦးရေအားလုံးတွင် အနည်းဆုံး (၁ဝ) ပုံ (၁) ပုံမျှ လူဦးရေရှိသောလူတစုအား ရရှိနိုင်စေရန် ဝန်ခံချက်ပြုရမည်။

အခန်း (၂) မူလအခွင့်အရေးများ

အခန်း (၃) နိုင်ငံတော်ဝါဒ၏ ရည်ရွယ်ချက်သဘောတရားများ

အခန်း (၄) ပြည်ထောင်စုဗမာနိုင်ငံတော်သမ္မတ

အခန်း (၅) ပြည်ထောင်စုဥပဒေပြုအဖွဲ့

အခန်း (၆) ပြည်ထောင်စုအုပ်ချုပ်ရေးအဖွဲ့

အခန်း (၇) ပြည်ထောင်စုဥပဒေအဖွဲ့

အခန်း (၈) ပြည်ထောင်စုပြည်နယ်

အခန်း (၉) ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်

အခန်း (၁ဝ) လူမျိုးစုပြည်နယ်အုပ်ချုပ်ရေးအရာရှိ

အခန်း (၁၁) တိုင်းရင်းသားလူနည်းစုများ

အခန်း (၁၂) ခွဲထွက်နိုင်သောအခွင့်အရေး

အခန်း (၁၃) နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း

အခန်း (၁၄) စပ်ကူးမတ်ကူးကာလနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်များ

မှတ်ချက် ။ ။ အထက်ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့ သဘောတူချ မှတ်ထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့်မူများ၊ ကျောရိုး များ အခန်း(၁၄) ခန်းချမှတ်ထားခဲ့သည်။ ယင်းအနက် အခန်း(၂) မှ (၁၄)အထိ ခေါင်းစဉ်များကိုသာ ဖော်ပြထားသည်။ အခန်း(၂) သည် ပြည်သူပြည်သားများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးများ အတွက် ပြည့်စုံစွာ ချမှတ်ထားသည်။ အဓိကအရေးကြီးသော အခြေခံမူများ၊ အခြေခံကျောရိုးများပါဝင် သည့် အခန်း(၁) နှင့်ပတ်သက်၍ အခန်းအပြည့်ဖော်ပြပြီး အောက်ပါအတိုင်း ရှင်းလင်းဖော်ပြပါသည်။

ရှင်းလင်းချက်။
အခန်း(၁)ဖွဲ့စည်းပုံ ပုဒ်မ(၁)သည် နိုင်ငံအဆင့်အတန်းကို ဖော်ပြထားသည်။ ပုဒ်မ(၂)(က)သည် လက်ရှိနယ်မြေ (၅)ခုဖြင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို လျာထားသည်။ ပုဒ်မ(၃)(က)သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဆင့် ပေးအပ်ရမည့်အချက်၊ ဂုဏ်အင်္ဂါရပ်များ(၇) ချက်ကို ဖော်ပြထားသည်။ အထက်ဖော်ပြပါ ဂုဏ်အင်္ဂါရပ်များ(၇) ချက်သည် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များလျာထားပြီးသော ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းအမျိုးသားများအတွက် မဟုတ် ကြောင်း၊ အဆိုပါ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တိုင်းရင်းသားများသည် မြန်မာစကားနှင့် တူမတူမေးစရာမလို၊ ဖြေစရာမလို ကြောင်း ရှင်းလင်းပေသည်။ အထက်ဖော်ပြပါ ဂုဏ်အင်္ဂါရပ်များ(၇)ချက်အပါအဝင် မြန်မာစကားနှင့်မတူသောဘာသာတမျိုး တည်းရှိခြင်း၊ ဖော်ပြထားသည်မှာ ဗမာပြည်မနယ်မြေတွင် အတူတကွနေထိုင်ကြပြီး ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ် ရေး ထိုးခြင်းမပြုနိုင်သော ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် ဖော်ပြထားခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုဖွဲ့စည်းပုံ ရေးဆွဲရာတွင် ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် တပြိုင်တည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုး သားပြည်နယ်များအဖြစ် ဖော်ထုတ်ပေးရမည် ဖြစ်သည်။ ထို့အတူ မြန်မာအမျိုးသားများသည်လည်း ပင်လုံစိတ်ဓာတ်အရ အခြားတိုင်းရင်းသားများနှင့် အဆင့်အတန်းတူညီသဖြင့် မြန်မာအမျီုးသားများအတွက်ကိုလည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုး သားပြည်နယ်တခုအဖြစ် တပြိုင်တည်းဖော်ထုတ်ရမည်ဖြစ်သည်။ ထို့ပြင် ပုဒ်မ(၃)ပုဒ်မခွဲ (ခ) (ဂ) (ဃ)တွင် ကျန်ရှိသည့် အခန်း(၁) ပုဒ်မ(၂) (က)(၂-၃-၄-၅-၆-၇-၈-၉) နယ်မြေများတွင် နေထိုင်ကြသော လူမျိုးစုများအတွက်ကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်များ၊ လူမျိုးစုပြည်နယ်များအဆင့်အတန်းများ ပေးအပ်ရမည်ဟု ဖော်ပြချမှတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ကချင်၊ ကရင်၊ ကရင်နီ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့်အမျိုးသားပြည်နယ်(၈) ခုသည် အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ သော ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအဖြစ် ချမှတ်ရမည်ဖြစ်ပြီး ကျန်ရှိသောတိုင်းရင်းသားလူမျိုးစုများကို လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များဖော်ထုတ်ပေးရမည်ဟု အခိုင်အမာချမှတ်ထားပြီး ဖြစ်သည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် တိုင်းပြုပြည်ပြုလွှတ်တော်က အခြေခံမူများချမှတ်ခြင်း
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇-ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော်ပထမညီလာခံတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲရာတွင် ထားရှိရမည့်အခြေခံမူ(၄) ချက်နှင့် လမ်းညွှန်ချက်(၇) ချက်အဆိုကိုတင်သွင်းပြီး ညီလာခံက တညီတညွှတ်တည်းသဘောတူညီချက် ချမှတ်ခဲ့သည်။

အခြေခံမူများ (၄)ချက်
(၁) လွတ်လပ်သောနိုင်ငံဖြစ်ရမည်။ (Independence)

(၂) အချုပ်အခြာအာဏာပိုင်ရမည်။ (Sovereignty)

(၃) ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်မည်။ (Republic)

(၄) ပြည်ထောင်စုနိုင်ငံဖြစ်ရမည်။ (Union State) … ဟုချမှတ်ထားသည်။

မှတ်ချက်။
အထက်ဖော်ပြပါအခြေခံမူ (၁)နှင့် (၂)သည် ကနေဒါ၊ သြစတေးလျနိုင်ငံကဲ့သို့ ဒိုမီနီယံအစောင့်အရှောက်ခံ နိုင်ငံ လက်မခံဘဲ လုံးဝလွတ်လပ်ရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရမည်ဟု သတ်မှတ်ထားသည်။ အခြေခံမူ (၃) သည် ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်ပေးသော ပြည်သူ့လွှတ်တော်တရပ်နှင့် အမျိုးသားပြည်နယ်များ တန်းတူရေးကိုဖော်ဆောင်ပေးသော အမျိုးသားလွှတ်တော်တရပ်ထားရှိပြီး ထပ်တူဥပဒေပြုအာဏာ သတ်မှတ်ထားသည်။ အခြေခံမူ (၄)သည် တပြည်ထောင်မဟုတ်၊ ပြည်မနှင့် ပြည်နယ်များ ဖားတပိုင်းငါးတပိုင်း ပြည်ထောင်စုမဟုတ်ဘဲ ပြည် ထောင်စု စစ်စစ်နိုင်ငံကို တည်ထောင်ရမည်ဟု အတိအလင်းချမှတ်ထားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ၌ အခြေ ခံရမည့် အခြေခံမူ (၄) ချက်နှင့် လမ်းညွှန်ချက် (၇) ချက်ကို ရှင်းလင်းချက်များနှင့်တကွ တင်ပြပြီး ညီလာခံက တခဲနက် အတည် ပြုချမှတ်ခဲ့သည်။

လမ်းညွှန်ချက်(၇)ချက်
လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်ဗမာနိုင်ငံတော်အတွက် ရေးဆွဲရမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်(၇)ချက်ကိုတင်သွင်းပြီး အတည်ပြုချက်ရယူခဲ့သည်။

တောင်တန်းဒေသများနှင့် ကရင်နီနယ်များအပါအဝင်ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ကိုယ်စား လှယ်များသည် တိုင်းသူပြည်သားတို့၏အာသီသဆန္ဒနှင့်လျော်ညီစွာ၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စီစဉ်ရေး ဆွဲရန်အလို့ငှာ စုံညီစုဝေးကြလျက် အောက်ပါ ပြဋ္ဌာန်းချက်များကို ချမှတ်ကြောင်း။

၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုနိုင်ငံတော်ဟုခေါ်တွင်စေသော လွတ်လပ်သည့်အချုပ်အ ခြာအာဏာပိုင်သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ဖြစ်စေရမည်။ ထို့အပြင် –

၂။ ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ ရရှိစေရမည်။ ထို့အပြင် –

၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတဗမာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့်အစိုးရ အဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။ ထို့အပြင်-

၎။ ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်းအခွင့်အရေးဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံ နိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့စောင့်စည်းအပ် သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆို ပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူ ဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေ ရမည်။ ထို့အပြင် –

၅။ ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သောကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရ မည်။ ထို့အပြင် –

၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတဗမာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရထိန်းစောင့်ထားရှိစေရမည်။ ထို့အပြင် –

၇။ ရာဇဝင်တွင် ထင်ရှားခဲ့သော ဤဗမာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်ပြင်၊ လူသတ္တဝါတို့၏တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာ ဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်ချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ် သိက္ခာကိုအခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေးရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်းဆောင်ရွက်မှု ကို ခိုင်မြဲသောအဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

မှတ်ချက် ။ ။ အထက်ဖော်ပြပါ အပိုင်း(၁)နှင့် အပိုင်း(၂)တွင်ပါရှိသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ချုပ်နှင့်တိုင်းရင်းသားခေါင်းဆောင်တို့သည် ပြည်သူ၊ ပြည်သားများဒီမိုကရေစီအခြေခံလူ့အ ခွင့်အရေးများရှိစေရမည့်အပြင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး၊ ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံတော် တည်ထောင်ရေးအတွက် လိုအပ်သော အခြေခံဥပဒေမူများ၊ ကျောရိုးများ၊ လမ်းညွှန်ချက်များကို အခိုင်အမာချမှတ်ထားပြီး ဖြစ်သည်။

ပင်လုံစာချုပ်နှင့် ပင်လုံပဋိညာဉ် စိတ်ဓာတ် ကို အစဉ်ဂါဝရပြုပါလျက်
ပြုစုတင်ပြသူ
ခွန်းမတ်ရ်ကိုဘန်
(၁၉၉၀ ခု ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
၂၀၁၆ ခု မေလ ၂၇ ရက်

(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်