ဂါမဏိ – နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား

June 15, 2016

 

ဂါမဏိ – နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား
(၂၁ ရာစုပင်လုံ စာစဉ် (၁))

(မိုးမခ) ဇွန် ၁၅၊ ၂၀၁၆
“နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား”

ဒီကနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးလှိုင်းလုံးနဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး ရေစီးကြောင်း အားကြီးလာတဲ့အခါ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးတွေကိုတော့ ပေးနိုင်သလိုလို၊ ဒါပေမဲ့ တိုင်းရင်းသားတပ်တွေ သီးသန့်တည်ရှိခွင့်မဖြစ်နိုင်ဘဲ တပ်မတော်ဆိုတာ တခုထဲပဲ ရှိရမှာ လိုလို အာဏာရှိတွေက လေသံလွှင့်လာတာ တွေ့ရပါတယ်။ တော်ရုံတန်ရုံလူတွေကလည်း ဟုတ်နိုးနိုးထင်နေကြပါတယ်။

ဒါကြောင့် သူတို့ပြောနေသလို တကမ္ဘာလုံးမှာ နိုင်ငံတိုင်း ‘တရားဝင်’ တပ်မတော် တခုစီပဲရှိသလား လေ့လာကြည့်ဖို့ လိုလာပါတယ်။

ပထမဆုံးအနေနဲ့ ဒီမိုကရေစီထိပ်သီးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင် တပ်ဖွဲ့များဖွဲ့စည်းပုံကိုကြည့်ရင် တပ် ၆ တပ် တွေ့ရပါတယ်။ ဒါတွေက ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းတက်တပ်၊ ကမ်းစောင့်တပ်၊ ပြည်စောင့်တပ်တို့ဖြစ်ပြီး ကြည်း-ရေ-လေ တပ်တွေဟာ မြန်မာပြည် မှာလို တပေါင်းတည်း ပေါင်းထားတာမဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ရပ်တည်နေ ကြတာ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ၊ ကမ်းတက်တပ်တွေဟာ ကာ ကွယ်ရေးဝန်ကြီးဌာနအောက်က သီးခြားဌာနတွေဖြစ်ပါတယ်။ ၁၉၄၇ မတိုင်ခင်က ကြည်းတပ် ရေတပ် လေတပ်တွေအတွက် သီးခြား ဝန်ကြီးတွေ ရှိခဲ့ပြီး ခုနောက်ပိုင်းမှာတော့ ကာကွယ်ရေးဝန်ကြီးအောက်မှာ သီးခြား ကြည်း ရေ လေ အတွင်းဝန်တွေကတဆင့် အုပ်ချုပ်ပါတယ်။ ကမ်းစောင့်တပ် (Coast Guard) ကတော့ ဟိုတုန်းက ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်မှာ အချိန်အကြာကြီးရှိခဲ့ပြီး အခုနောက်ပိုင်းမှာ အမိမြေလုံခြုံရေး ဝန်ကြီးဌာနအောက် ရောက်သွားပါတယ်။ စစ်ရေးအရ အရေးပေါ်ရင်တော့ ရေတပ်အောက်ကို သိမ်းသွင်းခွင့်ရှိပါတယ်။

တပ်တွေကြား အဆက်အစပ်မိ ဟန်ချက်ညီဖို့အတွက်တော့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကို ကြည်း၊ ရေ၊ လေ၊ ကမ်း တက်၊ ပြည်စောင့်တပ် ဦးစီးချုပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဟာ သမတနဲ့ဝန်ကြီးရဲ့စစ်ဘက်အကြံပေးတာဝန်နဲ့ ဦး ၁ မပါ ဦး-ရေး-ထောက် တာဝန်ပဲ အဓိက ယူရပြီး စစ်ဆင်ရေးတာဝန်ကိုတော့ စစ်သေနာပတိချုပ်ဖြစ်တဲ့သမ္မတ၊ အရပ်သားဖြစ်တဲ့ကာကွယ်ရေး ဝန်ကြီးနဲ့ စစ်တိုင်း ၉ တိုင်းရဲ့ တိုင်းမှူးတွေက တိုက်ရိုက်တာဝန်ယူရပါတယ်။ တိုင်း ၉ တိုင်းမှာ တကမ္ဘာလုံးကို နယ်မြေအရခွဲဝေအခြေခံတဲ့ ၆ တိုင်း နဲ့ နယ်မြေအခြေမခံတဲ့ ၃ တိုင်း ပါဝင်ပါတယ်။ စစ်တိုင်းအားလုံးဟာလည်း ကြည်း-ရေ-လေ-ကမ်းတက်တပ်တွေရဲ့ ပူးတွဲ စစ်တိုင်းတွေဖြစ်ပြီး တိုင်းမှူးတွေဟာ ကြည်းတပ်က ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သီးခြားလွတ်လပ်တဲ့ ကြည်း ရေ လေ တပ်တွေကို ပူးတွဲထားလို့ တိုက်ရည်ခိုက်ရည်နိမ့်မနိမ့်ကတော့ အထူးပြောစရာမလိုပါဘူး၊ အမေရိကန်စစ်သမိုင်းကို ကြည့်ရင် သိနိုင်ပါတယ်။

ပြည်သူ့စစ်တွေကနေ ပေါက်ဖွားလာတဲ့ ပြည်စောင့်တပ် (National Guard) ကတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ လက်အောက်မှာဘဲရှိပြီး ကြည်းကြောင်းပြည်စောင့်တပ်နဲ့ လေကြောင်းပြည်စောင့် တပ်တွေ ပါရှိပါတယ်။ ဘတ်ဂျက်နဲ့ အုပ်ချုပ်မှုကိစ္စတွေကိုတော့ ဗဟိုအစိုးရ၊ အမေရိကန်ကြည်းတပ်၊ အမေရိကန်လေတပ်တွေက တာဝန်ယူပေးပါတယ်။ တခြားလက်နက်ကိုင်တွေဖြစ်တဲ့ ရဲအားလုံးဟာ သက်ဆိုင်ရာပြည်နယ်အစိုးရတွေအောက်မှာပဲရှိပြီး ပြည်ထောင်စု အစိုးရအောက်ကရဲအဖြစ် FBI က သတ်မှတ်ထားတဲ့အမှုအမျိုးအစားတွေကို ကိုင်တွယ်ပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း ကြည်းတပ် ရေတပ် လေတပ်တွေအတွက် သီးခြားဌာနတွေနဲ့ အတွင်းဝန်တွေ ထားပါတယ်။ ထိပ်မှာတော့ ဦးစီးချုပ်များကော်မတီ၊ ဦးစီးချုပ်၊ ကာကွယ်ရေးကောင်စီ၊ ကာကွယ်ရေး ဝန်ကြီး၊ ဝန်ကြီးချုပ်နဲ့ ဘုရင်မတို့ အဆင့်ဆင့်ရှိပါတယ်။ ပြည်စောင့်တပ်မတော် (Territorial Army) ဆိုတဲ့ ပြည်သူ့စစ်ကတော့ ပြည်တွင်းလုံခြုံရေး ဒေသန္တရကာကွယ်ရေးအတွက် ထားတာဖြစ်ပါတယ်။ တကမ္ဘာလုံးကို နယ်ချဲ့ကိုလိုနီလုပ်တုံးကဆိုရင် အရှေ့အိန္ဒိယ ကုမ္ပဏီတပ်တွေ သီးခြားရှိခဲ့ပါသေး တယ်။ အိန္ဒိယတနိုင်ငံလုံးကို ကုမ္ပဏီတပ်တွေကပဲ သိမ်းယူ အုပ်ချုပ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်-မြန်မာ ပထမနဲ့ဒုတိယစစ်ပွဲတွေမှာလည်း ဗြိတိသျှပင်မတပ်တွေမဟုတ်ဘဲ အရှေ့အိန္ဒိယကုမ္ပဏီတပ်တွေက မြန်မာနိုင်ငံတဝက်လောက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကွန်မြူနစ် လက်ဝဲနိုင်ငံဆိုတဲ့ တရုတ်နိုင်ငံမှာတော့ အမေရိကန်လို ကြည်း-ရေ-လေ သီးခြားစီမထားဘဲ တပေါင်းတည်း ဖြစ်ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တပ် ၃ တပ်စနစ် ကျင့်သုံးပါတယ်။ အဲဒါတွေကတော့ အဓိကတပ်၊ ဒေသ တပ် နဲ့ ပြည်သူ့စစ် ဆိုပြီး သီးခြားကွပ်ကဲမှုကိုယ်စီဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးတပ် ဆိုပြီး ရဲတွေကို ကွပ်ကဲထိန်းချုပ်တဲ့ သီးခြားဝန်ကြီးဌာန ရှိသေးတယ်။

ကိုးရီးယားစစ်ပွဲကာလတုံးကဆိုရင် ပြည်သူ့အပျော်တမ်း တပ်ဆိုပြီး သီးခြားတပ်တတပ် ရှိခဲ့ပါသေး တယ်။ ဗီယက်နမ်နိုင်ငံနဲ့ ဟိုတုံးကဆိုဗီယက်ရုရှားမှာလည်း အလားတူပုံစံ ဖြစ်ပါတယ်။ ဒေသတပ်နဲ့ ပြည်သူ့စစ်တွေကို သက်ဆိုင်ရာပြည်နယ်တွေ ဒေသတွေက အဓိကကွပ်ကဲတာဖြစ်ပြီး ထိပ်ဆုံးမှာဘဲ ဗဟိုစစ်ကော်မရှင်အနေနဲ့ လက်နက်ကိုင်တပ်အားလုံးကို ကွပ်ကဲပါတယ်။

လက်ျာလည်းမဟုတ် လက်ဝဲလည်းမဟုတ်တဲ့ အစ္စလမ်နိုင်ငံတွေထဲမှာတော့ အီရန်နိုင်ငံမှာ သမရိုးကျ အီရန်တပ်မတော်နဲ့ တော်လှန်ရေးကာကွယ်ရေးတပ် (Revolutionary Guards) ဆိုတဲ့ တပ် ၂ တပ် စနစ်သုံးပြီး ထိပ်ဆုံးမှာ အမြင့်ဆုံးဘာသာရေးကောင်စီက ကွပ်ကဲပါတယ်။ နှစ်တပ်စလုံးမှာ သီးသန့် ကြည်း-ရေ-လေတပ်ဖွဲ့တွေ ရှိကြပါတယ်။

သမရိုးကျတပ်မတော်အပြင် သမ္မတနိုင်ငံစောင့်ကာကွယ်ရေးတပ် (Republican Guard) ဆိုပြီး ကြီးကြီးမားမား ဖွဲ့စည်း ထားကြတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်တော်များများမှာ ဒီသမ္မတ နိုင်ငံစောင့်ကာကွယ်ရေးတပ်တွေကို မြို့တော် ကာကွယ်ရေးအတွက် သီးသန့်ထားကြတာ တွေ့ရ ပါတယ်။ မကြာသေးတဲ့သမိုင်းမှာလည်း ဆဒ္ဒန်ဟူစိန်လက်ထက် အီရတ်နိုင်ငံမှာ သမ္မတ နိုင်ငံစောင့် ကာကွယ်ရေးတပ် ရှိခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်ကာလ ဂျာမဏီနိုင်ငံမှာတော့ ဂျာမန်တပ်မတော်အပြင် SS တပ်တွေ ထားခဲ့ဖူးပါတယ်။ လက်ရှိရုရှားနိုင်ငံမှာ နိုင်ငံစောင့်ကာကွယ်ရေးတပ် (National Guard) ကို သမတ ပူတင်က တိုက်ရိုက်ထိန်းချုပ်ထားပြီး သမရိုးကျရုရှားတပ်မတော်နဲ့ တသီးတခြားဖြစ်တယ်။

မြန်မာနိုင်ငံမှာလည်း ကြည်း ရေ လေ သုံးတပ်ဟာ လွတ်လပ်ရေးရခါစက သီးခြားစီရပ်တည်ခဲ့ကြပေမဲ့ စစ်အာဏာရှင် စနစ် ထူထောင်ဖို့ရည်မှန်းနေတဲ့ ဗိုလ်ချုပ်နေဝင်းက အကြောင်းအမျိုးမျိုးပြပြီး ၁၉၅၅ ခု အောက်တိုဘာလကစလို့ တပေါင်းတည်းလုပ်ပစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် စစ်အာဏာ သိမ်းခေတ်ဖြစ်တဲ့ ‘အိမ်စောင့်အစိုးရ’ လက် ထက် ၁၉၅၉ ခုနှစ် စက်တင်ဘာလမှာတော့ ဒီလို တပေါင်းတည်းလုပ်မှုကို လွှတ်တော်က ‘ဗမာ့တပ်မတော်အက် ဥပဒေ’ အဖြစ် ပြဋ္ဌာန်းပေး လိုက်ရတဲ့ အတွက် ၁၉၆၂ နဲ့ ၁၉၈၈ အာဏာသိမ်းပွဲတွေအတွက် လမ်းပွင့်သွားခဲ့တာဖြစ်ပါ တယ်။ စစ်အာဏာရှင်နိုင်ငံအများစုမှာလည်း ကြည်း-ရေ-လေ တပေါင်းတည်းလုပ်ထားလေ့ရှိပြီး တခြားဒေသတပ်တွေ တည်ရှိခွင့်မပေးတာ တွေ့ရပါတယ်။

တကယ်တော့ တိုင်းပြည်တပြည်မှာ စစ်တပ်တခုပဲရှိရမယ် ဆိုတဲ့အယူအဆဟာ လက်တွေ့အခြေ အနေနဲ့ ကွဲလွဲနေတဲ့ စိတ်ကူးယဉ်အယူအဆ၊ ခေတ်မမီတဲ့လိုရာဆွဲအတွေးအခေါ်ဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို လမ်းခင်းပေးတဲ့ အခြေခံဖြစ်ပါ တယ်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သတင်းဆောင်းပါး, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်