ဂါမဏိ – “အရင်ဆုံးလုပ်ရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ – အရေးတကြီးလက်မှတ်ထိုးရမယ့် ငြိမ်းချမ်းရေးစာချုပ်”

June 22, 2016

ဂါမဏိ – “အရင်ဆုံးလုပ်ရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ – အရေးတကြီးလက်မှတ်ထိုးရမယ့် ငြိမ်းချမ်းရေးစာချုပ်”

(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

(ဂါမဏိ၏ ပင်လုံစာစဉ်များ)

၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့ကစလိုက်တဲ့ ဒုတိယပြည်တွင်းစစ်ကြောင့် အပစ်ရပ် ထားတဲ့တိုင်းရင်းသားအဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခဲ့ရပါတယ်။ ၁၉၈၉ ခုက စ ခဲ့တဲ့အပစ်အခတ်ရပ်စဲရေးဆိုတာတွေမြောင်းထဲရောက်သွားပြီး အရည်အချင်းကျဆင်းနေတဲ့မြန်မာ့ တပ်မတော် အရူးမီးဝိုင်းဖြစ်နေတဲ့အခါမှာတော့ ဒီမိုအရေခြုံ ဖားတပိုင်းငါးတပိုင်းအစိုးရဟာ ပုံစံသစ် ငြိမ်းချမ်းရေး-အပစ် အခတ်ရပ်စဲရေးကို အိုးနင်းခွက်နင်းနဲ့ ဖုတ်ပူမီးတိုက် လုပ်လာပါတယ်။

၂၀၁၀ နိုဝင်ဘာမှာ သေနတ်စပေါက်တယ်ဆိုပေမဲ့ တကယ်တော့ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် စီမံချက်အောက်မှာ ကိုးကန့်ငြိမ်းအဖွဲ့ကို စစ်အင်အားနဲ့အကြမ်းဖက် ဖြိုခွဲချိန်ကတည်းက တိုင်းရင်း သားလက်နက်ကိုင် အားလုံးအတွက် အပစ်အခတ်ရပ်စဲရေးပုံစံဟောင်းဟာ လက်တွေ့အားဖြင့် ပျက်ပြယ် သွားပြီဖြစ်ပါတယ်။

ဝ နဲ့ မိုင်းလားလို တချို့အဖွဲ့တွေကလည်း သေနတ်သံသာမထွက်ပေမဲ့ စစ်စည်းရုံးမှုတွေလုပ်၊ အရေး ပေါ်စစ်သင်တန်းတွေပေးပြီး အမြင့်ဆုံးတပ်လှန့်ထားခဲ့ပါတယ်။ ခေတ်မီလက်နက်ကြီးတွေ လည်း ထုနဲ့ထယ်နဲ့ ဖြည့်တင်းခဲ့ပါတယ်။ ရန်သူတင့်ကားသုံးနိုင်မယ့် ကွင်းပြင်ကြီးတွေကို ဘူဒိုဇာ နဲ့ထိုးပြီး တင့်ကားထောင်ချောက်တွေ၊ မိုင်းကွင်းတွေ မိုင်နဲ့ချီပြီး အကြီးအကျယ် ခံစစ်ပြင်ခဲ့ကြပါ တယ်။

အခုအချိန်မှာ ပုံစံသစ်အပစ်အခတ်ရပ်စဲရေးဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေကို စီးပွား ရေးနဲ့ မြှူဆွယ်ဖျက်ဆီးတာ၊ တဖွဲ့ချင်းထဲမှာရော၊ တဖွဲ့နဲ့တဖွဲ့ကြားမှာရော သွေးခွဲတာတွေကတော့ အရင် ပုံစံဟောင်းအတိုင်းပါပဲ။

အပစ်အခတ်ရပ်စဲရေးကို အခုလုပ်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် “နိုင်ငံရေးအရ လှိုင်းစီးနေတာ” ဖြစ်တယ်၊ “ပြည်နယ်တွေရဲ့အားကို လိုချင်လို့ဖြစ်တယ်” ဆိုတာ ဦးအောင်မင်းတို့ က ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဆိုလိုတာက တကယ်ငြိမ်းချမ်းရေးရချင်လို့မဟုတ်ဘဲ အာဏာရကြံ့ ဖွတ်ပါတီ မဲနိုင်ရေးအတွက်ပဲဖြစ်နေပါတယ်။ ဗိုလ်ခင်ညွန့် ရှိတုန်းကလည်း NLD အာဏာရလာရင် စစ်တပ်နဲ့ အပစ်ရပ်တိုင်းရင်းသားပေါင်းပြီး ပြန်တိုက်မယ်လို့ အားကိုးတကြီးနဲ့ ဗြောင်ပြောခဲ့ဖူးပါ တယ်။

အခုဆိုရင် အပစ်အခတ်ရပ်စဲရေးဆိုပြီး ထိုးလိုက်ရတဲ့လက်မှတ်တွေကလည်း ဂဒီးဂဒီး။ ပဏာမ အပစ်ရပ်စာချုပ်၊ ပြည်နယ်အဆင့်အပစ်ရပ်စာချုပ်၊ ပြည်ထောင်စုအဆင့်အပစ်ရပ် စာချုပ်တဲ့။ တချို့ များ အဆင့်တခုတည်းကို ၃-၄ ခါထိုးရတာလည်း ရှိသေး။ အခုတခါ တပြည်လုံးအပစ်ရပ်စာချုပ် ဆိုတာကို နေပြည်တော်မှာ လာထိုးရအုံးမတဲ့။ တိုက်ပွဲတွေကတော့ တခြိမ်းခြိမ်းဖြစ်နေဆဲ။

စစ်အုပ်စုရဲ့ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၈ ချက်ဆိုတာမှာလည်း (၁၊ ၂၊ ၅၊ ၆၊ ၇၊ ၈) ဆိုတဲ့ ၆ ချက်ဟာ အငြင်းပွားစရာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေဖြစ်တဲ့အတွက် တိုင်း ရင်းသားတွေကို ချည်ပြီးတုတ်ပြီးလုပ်တာဖြစ်လို့ ဘယ်လိုမှ ငြိမ်းချမ်းရေးအထောက်အကူ မဖြစ်နိုင်။

၁၄ ချက်တောင်းလည်း တင်ပြပေးမယ်၊ ၂၁ ချက်တောင်းလည်း တင်ပြပေးမယ်၊ ၃၃ ချက်တောင်း လည်း တင်ပြမယ်နဲ့ တခုမှမငြင်း၊ ဒါပေမဲ့ တကယ်ရတာက မဖြစ်စလောက်။

လက်မှတ်ဘယ်လောက်ထိုးထိုး၊ အချက်ဘယ်နှစ်ချက် တင်တင်၊ ကာချုပ်အမိန့်ကို ကျော်လို့မရဘူး လို့ ပြောနေမှတော့ အားလုံးဟာ လိမ်နေတာ ဟန်ပြလုပ်နေတာ ရှင်းနေပါတယ်။

ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးသိန်းဇော်တို့လုပ်သမျှဟာ ဗိုလ်မင်းအောင်လှိုင်အမိန့်ကို ကျော်မရ။ ဦး အောင်မင်းတောင် ကာချုပ်မျက်နှာ မော့ကြည့်နေရတဲ့အချိန်မှာ ဦးအောင်မင်းအောက်က ဒုလက် ထောက် တောက်တိုမယ်ရအဆင့်ပဲရှိတဲ့ MPC က Technical Team လို့ဆိုတဲ့အဖွဲ့လေးက KIA Technical Team တင်တာတွေကို အဆင်သင့်မဖြစ်သေးဘူးပြောတာလည်း မဆန်းပါဘူး။

စစ်တပ်အဓိကပါတဲ့ ကာလုံ ၁၁ ယောက်မှာ အများစုကြီးဟာ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့တွေကို အခွင့်အရေးပေးဖို့သဘောထားမရှိသူတွေဖြစ်ပါတယ်။ ကာလုံတင်မက မူလလက် ဟောင်း ကြံ့ဖွတ်ပါတီကလည်း စစ်လက်ဝါးကြီးအုပ် နိုင်ငံရေး-စီးပွားရေးစနစ်ကိုပဲ ဘိန်းစွဲသလို စွဲ နေတဲ့အကြောင်း ကြံ့ဖွတ်ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဗြောင်ဝန်ခံ/ကြိမ်း ဝါးထားပါပြီ။ ၂၀၀၈ အခြေခံ ဥပဒေပြင်စရာမလို၊ ပြင်ချင်တဲ့လူတွေကရူးနေတာလို့ ပြောင်ပြောင်ပြောတဲ့ဦးဌေးဦးဟာ ဦးသန်းရွှေ ထောင်ခဲ့တဲ့ အာဏာရအစိုးရပါတီမှာ ဒုဥက္ကဋ္ဌဖြစ်နေပါတယ်။ ဦးအောင်မင်းက တရုတ်ဟာ ကျေးဇူး ရှင်တွေ ဖြစ်တယ်၊ တရုတ်ကိုကြောက်ရတယ်လို့ဗြောင်ပြောခဲ့သလို ဦးဌေးဦးကလည်း NLD ဟာ အနောက်အုပ်စုကို လိုလားတဲ့ပါတီ၊ အနောက်အုပ်စုသြဇာခံအဖွဲ့လို့ဗြောင်အပုပ်ချပြီး တရုတ်ကွန် မြူနစ်ဗဟိုကော်မတီဝင် အိုက်ပင်း ကို ၂၀၁၂ မေလတုန်းက အရှက်မရှိ ဘလိုင်းကြီး ဖားခဲ့ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ တန်းတူနယ်ပယ်ကြီး ၃ ခု အကြား အပြန်အလှန်ထိန်းညှိမှု check-and-balance ထည့်သွင်းချမှတ်ထားတာရှိပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ ဗမာပြည်မှာတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိတဲ့ စစ်အာဏာ ဆိုတဲ့နယ်ပယ် တခုထပ်တိုးပြီး နယ်ပယ် ၃ ခုအပေါ်ကနေ တဖက်သတ် ချုပ်ထိန်းမှု check-without-balance လုပ်ထားပါတယ်။ နယ်ပယ် ၄ ခုထဲမှာ စစ်အာဏာနယ်ပယ်ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေး နယ်ပယ်တွေထက် ပိုမြင့်တဲ့နေရာ ရထားပါတယ်။

ဒီကနေ့ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့တွေကို ကိုင်တွယ်ဆက်ဆံဖို့ တပ်မတော်မူ ၆ ချက်ဆိုတာ ၂၀၀၈ အခြေခံဥပဒေမှာလည်း မပါ၊ ၁၉၅၉ တပ်မတော်အက်ဥပဒေမှာလည်း မရှိ၊ ကကနကောင်စီ အမိန့်ညွှန် ကြားချက်တွေမှာလည်း မတွေ့ပါဘူး။ တကယ်တော့ ဒီ မူ ၆ ချက်ဆိုတာ ၁၉၈၉ တုန်း က စစ်တပ်နဲ့ထောက်လှမ်းရေးတွေ တဖက်သတ်ထုတ်ခဲ့တဲ့ “တဖက်အဖွဲ့အစည်းများလိုက်နာရန် စည်းကမ်းချက် ၁၀ ချက်”၊ ဗိုလ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးအဖွဲ့တွေ ဂျောင်းသွားပြီးတော့ ၂၀၀၄ မှာ အသစ်ထပ်ထုတ်ခဲ့တဲ့ ” ငြိမ်းချမ်းရေးရယူစဉ် သဘောထားတူညီချက် ၁၄ ချက် ” တို့နဲ့ အနှစ်သာရ အတူတူပဲဖြစ်တာ တွေ့နိုင်ပါတယ်။ စစ်အာဏာတည်တန့်ခိုင်မြဲရေးအတွက် စိတ်ရူး ပေါက်သလို ရေးဆွဲထုတ် ပြန်ထားတဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒသာ ဖြစ်ပါတယ်။

‘တပ်မတော်မူ’ ၆ ချက် (၂၀၁၃)

– လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်း မပြုရ။

– အခွန်ကောက်ခြင်း မပြုရ။

– ခွင့်ပြုချက်မရဘဲ စခန်းအသစ်တည်ခြင်း၊ သွားလာခြင်း မပြုရ။

– အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။

– လူသတ်ခြင်း မပြုရ။

– အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကို ထိပါးခြင်း မပြုရ။

‘သဘောထားတူညီချက်’ ၁၄ ချက် (၂၀၀၄)
– အင်အားမတိုးချဲ့ရ၊ လူသစ်မစုရ။

– စစ်သင်တန်း မပေးရ၊ စစ်လေ့ကျင့်မှု မလုပ်ရ။

– လူ၊ လက်နက်၊ ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရမည်။

– ဆက်ကြေး၊ ဘိန်းခွန် မကောက်ရ။

– နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးမည်။

– အစိုးရကွပ်ကဲမှုနဲ့ သွားလာရမည်။

– သတ်မှတ်နယ်မြေအပြင်သို့သွားလျှင် တပ်ကိုသတင်းပို့၍ လက်နက်မဲ့ သွားလာရမည်။

– နယ်မြေဖြန့်ကျဲ၍ ကန့်သတ်ခြင်းမပြုဘဲ ဖွံ့ဖြိုးရေးလုပ်လိုသည့်နေရာများအား သတ်မှတ်ပေးရ မည်။

– အစိုးရ၏အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးအပိုင်းများတွင် ဝင်ရောက်စွက်ဖက် ခြင်းမပြုရ။

– လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စွန့်လွှတ်ရမည်။

– နိုင်ငံတော်ဦးဆောင်မှုအောက်တွင် ဒေသပြည်သူလူထု အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရ မည်။

– နိုင်ငံရေးပါတီများနဲ့ ကင်းရှင်းစွာနေရမည်။

– အစိုးရကိုဆန့်ကျင်တဲ့အဖွဲ့များနဲ့ မဆက်သွယ်ရ။

– နိုင်ငံတော်၏မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းများကို ထောက်ကူရမည်။

‘တဖက်အဖွဲ့အစည်းများလိုက်နာရန်’ ၁၀ ချက် (၁၉၈၉)
– အင်အားတိုးချဲ့ခြင်း မပြုရ။

– ဆက်ကြေး၊ အခွန်အကောက်များ မကောက်ခံရ။

– ပြည်သူလူထုထံမှ ရိက္ခာသီးနှံ ပစ္စည်းများ မကောက်ခံရ။

– သတ်မှတ်နယ်မြေအတွင်း၌သာ တပ်ဖွဲ့များနေထိုင်ရမည်။

– မြို့များသို့သွားလာရာတွင် လက်နက်၊ ဆက်သွယ်ရေးစက် မယူရ။

– မြို့များသို့သွားလာရာတွင် ထောက်လှမ်းရေးကို ကြိုတင်အကြောင်းကြားရမည်။

– နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။

– မြို့ပေါ်နိုင်ငံရေးပါတီအဖွဲ့များနဲ့ မဆက်သွယ်ရ။

– မတရားသင်းအဖွဲ့များနဲ့ မဆက်သွယ်ရ။

– ထောက်လှမ်းရေးခွင့်ပြုချက်မယူဘဲ တခြားငြိမ်းအဖွဲ့များနဲ့ မဆက်သွယ်ရ။

ဘယ်ခေတ်ဘယ်အခါနဲ့မှမတူအောင် ဖွံ့ဖြိုးရေးတွေ အကြီးအကျယ်လုပ်နေတယ်၊ အထူးသဖြင့် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် ဖွံ့ဖြိုးရေးတွေ ဒင်းကြမ်း လုပ်ပေးနေတယ်ဆိုတဲ့ နဝတ-နအဖ-ကြံ့ဖွတ်အစိုးရတွေဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုယ့် ဘာသာကိုယ် ဖွံ့ဖြိုးရေးလုပ်တဲ့အခါ လိုက်လံပိတ်ပင်တာ၊ သူတို့ခွင့်ပြုချက်ယူခိုင်းတာတွေကိုလည်း ဘယ်လိုမှ သူတို့ဝင်လို့မရတဲ့ ပန်ဆန်း၊ မိုင်းလား၊ လိုင်ဇာတို့ကလွဲရင် နေရာတကာမှာ တွေ့ရပါ တယ်။

အဲသလိုပဲ Code of Conduct ဘယ်လောက်ရေးရေး၊ ဦးသိန်းစိန်-ဦးရွှေမန်း-ဦးအောင်မင်း ဘယ် လောက်သဘောတူတူ၊ ကာချုပ်လက်မခံရင် ဘာမှဖြစ်မလာပါဘူး။ လောလောဆယ်မှာတော့ ထိပ် ဆုံးက ဦးသန်းရွှေကိုယ်ပွား ကာလုံတင်မက တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးပွဲလုပ်မယ့် ဇာတ်စင် ပိုင်ရှင် ဦးရွှေမန်းတောင် လက်မခံပါဘူး။

အခုဆိုရင် အပစ်ရပ်အဖွဲ့တွေဟာ ဦးအောင်မင်း-ဦးသိန်းစိန်ကခွင့်ပြုမှ ဒေါ်စု၊ ဦးရွှေမန်း၊ ဦးဌေးဦး တို့နဲ့တွေ့ခွင့်ရှိပါတယ်။ ဗိုလ်မင်းအောင်လှိုင်ဆိုရင်တော့ ဦးသိန်းစိန်ကခွင့်ပြုတောင် တွေ့ခွင့်ရချင်မှရ မယ့်အဖြစ်မျိုးပါ။ ဒါပေမဲ့ UWSA နဲ့ ကျတော့ ကာချုပ်ရော၊ အောင်မင်း-သိန်းဇော်တို့ရော၊ ရွှေမန်း တို့ရော မတင်းရဲဘဲ လျှော့ပေးခဲ့ပါတယ်။ ဦးသိန်းစိန်မဟုတ်ဘဲ ဗိုလ်မင်းအောင်လှိုင်က ဆွေးနွေးပွဲ ကို တိုက်ရိုက်ဖုံးဆက်ပြီး လိုက်လျောချက်တွေ ပေးခဲ့ရပါတယ်။ ဘယ်သူနဲ့ တွေ့ခွင့်မရှိ၊ ဘယ်သူနဲ့ပဲ တွေ့ခွင့်ရှိတွေလည်း မလုပ်ရဲပါဘူး။ ဖြစ်စဉ်က တောင်ပိုင်းက UWSA စခန်းတွေကို မြန်မာတပ်က ပိတ်ဆို့တာ၊ အနိုင်ကျင့်တာလုပ်ကြည့်တဲ့အခါ ဝ တပ်က မြန်မာတပ်တွေကို ပြန်ဝိုင်းပြီး ပိတ်ဆို့ပစ် လိုက်လို့ ဗိုလ်မင်း အောင်လှိုင်တို့ လျှော့သွားတာ ဖြစ်ပါတယ်။

တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ထုံးစံအားဖြင့် တပြည်လုံးနဲ့ ဒိုင်ခံတိုက်နေတဲ့၊ အားပိုကြီး တဲ့ အစိုးရစစ်တပ်ဘက်က စကြေညာရမှာဖြစ်ပါတယ်။ ကိုယ့်နယ်မြေသေးသေးလေးထဲမှာ ခုခံကာ ကွယ်နေရတဲ့အဖွဲ့အစည်းတွေ လက်မှတ်ထိုးထိုး မထိုးထိုး ကြေညာရပ်စဲပေးရမှာ ဖြစ်တယ်။ အခု တော့ ဒီအဖွဲ့လေးတွေဘက်က လက်မှတ်စထိုးမှ အပစ်အခတ်ရပ်မယ်ဆိုပြီး ပြောင်းပြန်တွေ လုပ် နေပါတယ်။ သူပုန်တဖွဲ့တည်းရှိပြီး အဲဒီတဖွဲ့တည်းကပဲ တနိုင်ငံလုံးအနှံ့မှာ တိုက်နေတာဆိုရင်တော့ အဲသလိုတောင်းဆိုတာ ဟုတ်တုတ်တုတ် ရှိပါသေးတယ်။ အခုတော့ တိုင်းရင်းသားတွေလိုချင်တာ က တပြည်လုံးအပစ်အခတ်ရပ်စဲရေးကြေညာပေးဖို့၊ စစ်ကြံ့ဖွတ်ခေါင်းဆောင်တွေ လိုချင်တာက တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေလာလက်မှတ်ထိုးဖို့ ဖြစ်နေတဲ့ အတွက် ဘယ်လောက်ထိ လွဲနေတယ်ဆိုတာ လူတိုင်း တွေ့နိုင်ပါတယ်။

ဒါတင်မက ဘယ်ပြင်ညာယှိမြှောက်ပေးလိုက်သလဲမသိ၊ သူတို့ကိုယ်သူတို့ ကုလသမဂ္ဂစာချုပ်လို လို၊ ILO ကွန်ဗင်းရှင်းလိုလိုနဲ့ NCA တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်တော်ကြီးကို တဖွဲ့ပြီး တဖွဲ့ အချိန်မရွေးလာထိုးဖို့ ဖွင့်ထားပေးမယ်တဲ့။ နိုင်ငံစုံစာချုပ်တွေလို နိုင်ငံဘယ်နှစ်ရာခိုင်နှုန်းပြည့် ရင် မထိုးတဲ့အဖွဲ့တွေအတွက်ပါ အတည်ဖြစ်သွားမယ်ဆိုပဲ။ ကိုယ့်အခြေအနေကိုယ် ဘာများ အောက်မေ့နေလဲ မသိပါဘူး။ လူရယ်စရာဖြစ်တာလည်း မပြောနဲ့။

တကယ်တော့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး လက်မှတ်ထိုးလည်း၊ ဗိုလ်မင်း အောင်လှိုင်တို့ စစ်တပ်ကမထိုးရင် ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ ဗမာစစ်တပ်ကို ကိုယ်စားပြု တဲ့ ဗိုလ်မင်းအောင်လှိုင်က လက်မှတ်မထိုးရင် ဦးအောင်မင်း၊ ဒါမှမဟုတ် ဦးသိန်းစိန် ဦးရွှေမန်းတို့ ထိုးလည်း ဘာမှထူးခြားမှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေအရ စစ်အာဏာဟာ ဦးသိန်းစိန်-ဦးရွှေ မန်း- ဦးဌေးဦးတို့အောက်မှာ ရှိမနေလို့ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဦးသိန်းစိန်-ဦးအောင်မင်းတို့ကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး တပြည်လုံးပဲ ဖြစ်ဖြစ်၊ တဖွဲ့ချင်းပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးဖို့က ဘာမှအရေးမပါဘဲ ဦးသိန်းစိန်-ဦးအောင်မင်းတို့နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး ငြိမ်း ချမ်းရေး သဘောတူညီချက်စာချုပ် အရင်ချုပ်ဖို့၊ အရင် လက်မှတ်ထိုးဖို့က လုံးဝ(လုံးဝ) အရေး တကြီးလိုအပ်နေပါတယ်။ အဲသလိုစာချုပ်မျိုး ကောင်းကောင်းလေးတခုချုပ်ပြီးမှပဲ တိုင်းရင်းသား နယ်မြေရောက် တပ်မတော်သားတွေရဲ့ စုတ်ပြတ်နုံချာမရေမရာဘဝ အဆုံးသတ်နိုင်ပြီး တိုင်းရင်း သားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားမဟုတ်တဲ့လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ စာချုပ်တွေ အောင်အောင် မြင်မြင်ဆက်လုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သတင်းဆောင်းပါး, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်