ဝါကျဖြူ ● ရနံ့ဟာ ညနဲ့ ဘဝကို ဖြတ်ဖောက်လာတယ်

July 6, 2016

● ရနံ့ဟာ ညနဲ့ ဘဝကို ဖြတ်ဖောက်လာတယ်
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၆
 

တလှမ်းချင်းဆုတ်ခွာသွားသော ညအရိပ်ကို ငေးကြည့်နေမိသည်။ တထစ်ချင်း လှမ်းတက်လာသလို။ တဆင့်ချင်း ပွင့် အာလာတော့ မဲ့ညဟာ အစွမ်းကုန်ဖွင့်လှပ်ပြီးနောက် တရက်ဆီသို့ ခြေဦးကျွံဝင်တော့မည် ထင်မိ၏။ မာကျူရီအလင်းစများ ကွက်တိကွက်ကြား စွန်းထင်းနေသော ကျောင်း၏ဝရန်တာဆီ ထွက်လျှောက်မိသည်။ အမှတ်ကို စိတ်နှင့်မလွတ်ထွက်သွား စေရန်အတွက် ခြေလှမ်းဆီသို့ အမှတ်တင်သည်။ ကြွသည်၊ လှမ်းသည်၊ ချသည်။ အမှတ်ဝန်းဆီမှတဆင့် နှစ်ထပ်ကျောင်းဆောင်အောက်မှခရေပင်တန်းဆီ အကြည့်ရွှေ့မိ၏။ အသိ၊ သတိကို ပြန်ဆွဲတင်သည်။ ကြွသည်။ လှမ်းသည်။ ချသည်။ မသိ စိတ်မှတဆင့် အမှတ်ဝန်းသည် ဘယ်အချိန်လွင့်သွားမှန်းမသိလိုက်တော့။

တရားထိုင်ရန်ကျောင်း။ ဆွမ်းစားကျောင်းနှင့်သိမ်တို့ကြား ကွက်လပ်ကျယ်တွင် ခရေပင်တန်းရှိသည်။ အရိပ်အာဝါသနှင့်အေးချမ်းလှသောနေရာလေးဖြစ်၏။ ကျောင်းသုံးကျောင်းဆိုင်ထားသောကြောင့် ကျောင်းအတွင်းမှအလင်းရိပ်များ ကွက်တိ ကွက်ကြား ဖိတ်စင်ကျနေသည်။ ခရေပင်ကြီးများ၏အောက်တည့်တည့်တွင် အမှောင်ရိပ်တို့က ဝိုးတဝါး ခြုံလွှားထားကြသည်။ အလင်းဝိုးတဝါးကြားမှ လွင့်လာသောလေပြေတွင် ပန်းရနံ့စူးစူးက နှာသီးဝကိုဝင်တိုးပြီး နှောက်ယှက်နေတော့၏။ အမှောင်ခပ်စိတ်စိတ်ဖိထားသောနေရာတဝိုက်မှာ လူရိပ်အချို့ကိုတွေ့ရသည်။ မှင်တက်မိသွား၏။ အမှတ်လွတ်သွားပြီး သေသေချာ ချာ စူးစိုက်ကြည့်မိသည်။

အရိပ်ခပ်ကြီးကြီးတခုနှင့် ခပ်သေးသေးအရိပ်နှစ်ခုကို တွေ့နေရသည်။ ကုန်းလိုက်၊ ကွလိုက်၊ ထိုင်လိုက်၊ ထလိုက်နှင့် ရွှေ့ လျားနေသောအရိပ်များကိုကြည့်ရင်း အတွေးလွင့်မိပြန်သည်။ ခရေပန်းကောက်နေတာပင် ဖြစ်လိမ့်မည်။

ပန်းရနံ့ကိုပွေ့ယူလာသောလေပြေတချက်အသုတ်တွင် ကြက်သီးမွှေးညှင်းများ ထသွားမိသည်။ ရုံထားသောသင်္ကန်းအတွင်းမှ ဇီဝဖြစ်စဉ်သွေးကြောများအတွင်း တဖျန်းဖျန်းနှင့် ငလျှင်တခု လှုပ်ခတ်သွားသည်ကဲ့သို့ပင်။ မထင်မှတ်ဘဲ အတိတ်၏ကြေကွဲ ဆို့နင့်ဖွယ်အရိပ်အရောင်များက တခါကဆီသို့ မျက်ဝန်းကိုလှည့်ပြောင်းပစ်လိုက်သလို ခံစားလိုက်ရပါသည်။
*********

ဆေးပင်စင်စားဝန်ထမ်းအိုကြီးတယောက်ရဲ့နောက်မှကပ်လိုက်ခဲ့ကြရသောမိသားစုဘဝများ။ ပင်စင်ယူပြီးထောက်ပံကြေး လေးများနှင့်သာ ရပ်တည်ခဲ့ကြရသောမိသားစု၏ စားဝတ်နေရေး အခက်အခဲများက အသက်ရှူအကြပ်ဆုံးကာလများ။ အိမ် ဘေးနားဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ခရေပင်တန်းများကို အားကိုးပြီး ညဆယ်နှစ်နာရီကျော်လောက် မိသားစုခရေပန်းများကောက်ခဲ့ရသောဖြစ်စဉ်များ။ ရလာသော ခရေပန်းလေးများကို နှီးကြိုးလေးမျာနှင့်သီကုံးပြီး နံနက်မိုးသောက်လာ ခဲ့တော့ အမဖြစ်သူက အိမ်နားမှဈေးတန်းလေးမှာ သွားရောင်းခဲ့ရသည်။ နေ့လည်ဆယ့်တစ်နာရီလောက် ပန်းများကုန်မှ ဈေးမှ ဆန်၊ ဆီ၊ ဆားဝယ်ယူပြီး ပြန်လာခဲ့သည်။ နေ့ရက်တွေကို ထိုကဲ့သို့ခရီးဆက်ခဲ့ကြရ၏။ နာမကျန်းလှသောဖခင်ကြီး အတွက် မြန်မာ့ဆေးဟုအလွယ်ခေါ်သော ဆေးမြှီးတိုမှလွဲ၍ အားကိုးရာမရှိနိုင်ခဲ့။
*********

လွင့်နေသောအတွေးတို့က မည်မျှကြာသွားခဲ့သည်သတိမထားနိုင်ခဲ့တော့ပေ။ မျက်ဝန်းရှေ့ ခပ်လှမ်းလှမ်းမှ သံပုံးအစုတ်ကိုလုပ်ထားသောမီးအိမ်လေးဆွဲပြီး သားအဖတွေ ထွက်သွားတော့မှ အသိဝင်လာသည်။

ခြေဖျားတဝိုက်တွင်ကိုက်နေသော ခြင်များကိုခြေလှုပ်၍ခါထုတ်လိုက်ပြီး… “ဟူး” သက်ပြင်းမော တချက်ကို ချလိုက်မိသည်။ အော် အခုတော့ ဖခင်လည်း မရှိတော့။ ကျနော်လည်း ခန္ဓာဖြစ်စဉ်တခုအတွက် သင်္ကန်းဝတ်ခြင်းဖြင့် သံသရာခရီးအတွက် အဆိုးတွေကိုကာကွယ် တားဆီးခြင်းနှင့် မိဘတို့၏ကျေးဇူးတရားတွေကို အကောင်းဆုံးဆပ်ခြင်းဟုယူဆပြီး ရာသက်ပန် သင်္ကန်းစည်းလိုက်ပါတော့သည်။ ကျောင်းဝရံတာလက်တန်းကိုင်ပြီး လှေကားထစ်တွေကိုနင်းကာ ဆင်းနေမိသည်။ လှေ ကားအုတ်ခုံလေးကို ကွေ့ပြီး လျှောက်ရင်း ခရေပင်တန်းဆီသို့ ခြေဦးတည်နေမိသည်။

အမှောင်ရိပ်စွန်းကျနေသော ခရေပင်အို ကြီးအောက်တည့်တည့်တွင် ရပ်လိုက်မိသည်။
***********

“ဖြောင်း” “ဗုန်း”

အသံနှစ်သံ တပြိုင်တည်း ထွက်ပေါ်လာသည်။

“အောင်မလေး” “အဖေသေပါပြီ။ လာကြပါဦး”

အမ၏အလန့်တကြားအော်သံ၊ အဖေ့၏ ပြိုလဲကျသွားသံ။ အမှောင်ရိပ်ထဲမှလူတယောက်ထွက်သွားတာ။ အရာအားလုံးသည် မထင်မှတ်ဘဲ တပြိုင်နက်ထဲ ဖြစ်ပျက်သွားကြသည်။ အဖေကိုပွေ့ထူလိုက်သည်။

“အဖေ အဲဒါဘယ်သူလဲ” ” အဖေဘာဖြစ်သွားသေးလဲ”

အမောတကော အဖေ့ကို မေးလိုက်မိသည်။ နံဘေးက အမဆီမှ အသံထွက်လာသည်။

“ဟဲ့ နင်မသိဘူးလား ” “သိုင်းသမားမျိုးမြင့်လေ”

“ရပ်ကွက်ထဲမှာလူကြီးလိုလို၊ ဘာလိုလို လူစွာလုပ်နေတဲ့လူကြီးပေါ့”

အမ၏ဒေါသသံဖြင့် တုန်နေသောစကားသံများနှင့်အတူ နောက်ဆက်တွဲမေတ္တာပို့သံများကိုပါ ကြားလိုက်ရသည်။

“သမီးကြီးဘုန်းကြီးကျောင်း” ဟု အဖေစကားသံတိုးသဲ့သဲ့ကိုပါ ကြားရ၏။ နောက်ရက်မှအမေကိုမေးကြည့်တော့ ဘုန်းကြီး ကျောင်းထဲမှာပန်းဝင်ကောက်လို့ ဆုံးမတာလို့ ပြောတာပဲဟု အမေ့၏မကျေနပ်သံပါသောစကားကို ပြောသည်။ ဘာဖြစ်လို့ မတိုင်တာလဲအမေဟု ထပ်တွန့်တက်ပြီးမေးမိသည်။

“ဟဲ့ သူကလူကြီး” ဟဲ့တဲ့ ။
*********

ညဥ့်၏အမှောင်ရိပ်စွန်းလေပြေထဲမှာ လေခြွေ၍ ကြွေကာကျလာသော ခရေပန်းလေးများကို ငေးရီကြည့်နေမိရင်း ရနံ့သင်း အီမှုတွေနှင့်အတူ နှာရိုးတစ်ဖက်ဘေးတွင်စီးကျသော မျက်ရည်စတို့က နှုတ်ခမ်းဖျားဆီ ငံမြမြအရသာနှင့်အတူ။

ဝါကျဖြူ
04.07.2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်