မောင်လူရေး – အခွင့်အရေးနှင့် ချုပ်ကိုင်မှု

July 8, 2016

 

မောင်လူရေး – အခွင့်အရေးနှင့် ချုပ်ကိုင်မှု
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆

အခွင့်အရေးအကြောင်း ခနခနကြားနေ မြင်နေရတော့ ချုပ်ကိုင်မှုအကြောင်းပါ မကြာမကြာ စဉ်းစားမိသည်။
ချုပ်ကိုင်မှုအကြောင်း သီးသန့်မပြောဖြစ်ပေမင့် အခွင့်အရေးစကားက သူ့ကြောင့် ပြောနေရရာ သူမပါလို့ မဖြစ်တော့ပေ။

အခွင့်အရေးပြောတုန်းက ကိုယ်က တောင်းသူဘက်မှာ ရှိတာများပြီး ချုပ်ကိုင်မှုအကြောင်းစဉ်းစားတော
့ ကိုယ်က တောင်းသူဘက်မှာသာ တဖက်သတ်နေလို့မရတော့ဘဲ ပေးသူဘက်မှာပါ ရှိနေတာကို သတိပြုမိသည်။ တနည်းအားဖြင့် ကိုယ်ကလည်း ချုပ်ကိုင်သူတဖန် ဖြစ်နေပြန်သည်။
ထိုအချိန်မှစပြီး အခွင့်အရေးအကြောင်း ကိုယ်ကပြောမိလျှင် ကိုယ့်ရဲ့ချုပ်ကိုင်ထားမှုကို တပါတည်း စဉ်းစားမိသလို အခွင့်အရေးစကား ကြားရပြန်လျှင်လည်း ပြောသူ၏ ချုပ်ကိုင်မှုကို လက်လှမ်းမီသလောက် စဉ်းစားလေ့ရှိလာသည်။

ချုပ်ကိုင်မှုကို ထိမ်းချုပ်မှု ထိမ်းသိမ်းမှု ယဉ်ကျေးမှုဟု နည်းနည်းချင်း ရွှေ့ကြည့်လိုက်လျှင် ဥပဒေတွေ စည်းကမ်းတွေ နည်းလမ်းတွေ ထုံးတမ်းတွေ စံနှုံးတွေကို တွေ့ရမည်။ ယင်းတို့သည် ကိုယ့်ကို ချမှတ်ထားသည်များနှင့် ကိုယ်က ချမှတ်ထားသည်များဖြစ်ကြရာ ကိုယ်ရသော/ မရသောအခွင့်အရေးနှင့် ကိုယ်ပေးသော/ မပေးသောအခွင့်အရေးများဟု မြင်ရသည်။
ထိုအခါ ကိုယ်မရသောအခွင့်အရေးထက် ကိုယ်မပေးသောအခွင့်အရေးက ကိုယ်နှင့် ပို၍ ဆက်စပ်သည်ကို တွေ့ရသည်။ ကိုယ့်၌ တိုက်ရိုက် တာဝန်ရှိသည်ဟု ခံစားမိသည်။ ကိုယ်ကိုယ်တိုင်က အခွင့်အရေး မောင်ပိုင်စီးသူဖြစ်သဖြင့် ကိုယ့်အခွင့်အရေးလည်း ချိုးဖောက်ခံရလေသလားဟု ဆက်စပ်ကြည့်လို့ ရလာသည်။

အထက်ပါ အဆိုများကို ဘာသာရေးနယ်ပယ်ဖြင့် ပမာဆောင်ကြည့်ချင်သည်။

ယနေ့ထိပင် ဘာသာရေးသည် လူ့အဖွဲ့အစည်းကို အလွှမ်းမိုးနိုင်ဆုံးအရာ ဖြစ်နေသေးသည်။ သို့အတွက် ဘာသာရေးခေါင်းဆောင်များသည် လူ့အဖွဲ့အစည်းကို ခေါင်းဆောင်သူအဖြစ် နေရာရနေတုန်းပင်။ ယင်းတို့၏ပြောဆိုချက်များသည် ထုံးတမ်းအဖြစ်လည်းကောင်း၊ ဥပဒေအဖြစ်လည်းကောင်း၊ လမ်းညွှန်ချက်အဖြစ်လည်းကောင်း၊ မဖြစ်မနေလိုက်နာရမည့်အစီအစဉ်အဖြစ်လည်းကောင်း၊ ထိန်းသိမ်းရမည့်အမွေအဖြစ်လည်းကောင်း တည်ရှိနေသည်။

လွှမ်းမိုးမှုများစွာထဲက အခြေခံအကျဆုံး လွှမ်းမိုးမှုတခုမှာ လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း ဆက်လက်တည်ရှိရေး၏ အခြေခံအကျဆုံးအချက်မှာလည်း လက်ထပ်ထိမ်းမြားခြင်းပင်။ အကြောင်းမှာ လက်ထပ်ထိမ်းမြားမှုသည် မျိုးဆက်ပွားမှုဖြစ်နေသောကြောင့်ဖြစ်သည်။ လတ်တလောအခြေအနေအရ လက်ထပ်ထိမ်းမြားခြင်းတမျိုးတည်းက မျိုးဆက်ပွားမှုကို လုပ်ဆောင်နေရာ လက်ထပ်ထိမ်းမြားမှုကို ဘာသာရေးတွေက အမျိုးမျိုး ချယ်လှယ် ချုပ်ကိုင် လွှမ်းမိုးဖို့ ကျိုးစားကြသည်။ ကိုယ့်ဘာသာ၏စံနှင့်လက်ထပ်မှ မွေးသည့်ကလေး ကိုယ့်ဘာသာဝင်ဖြစ်မည်ကိုး။ ကလေးတွေ ကိုယ့်ဘာသာဝင်ဖြစ်မှ ကိုယ့်ဘာသာကို တနည်းအားဖြင့် ကိုယ့်ကို ဝန်ထမ်းမည့်သူတွေ ပေါ်လာမှာကိုး။ ဒါကြောင့် လူသားတွေ၏လက်ထပ်မှုကို ဘာသာရေးတွေက၊ တနည်း ဘာသာရေးခေါင်းဆောင်တွေက အတင်းလက်ထပ်နေသည်ဟု ဆိုရမည်။

အရင်ဆုံး ပေါ်ခဲ့သော ဟိန္ဒူဘာသာသည် လက်ထပ်ထိမ်းမြားမှုအပေါ် ဘယ်တုန်းကစ၍ ဘယ်မျှ အတိုင်းအတာထိလွှမ်းမိုးခဲ့သလဲ။

ထို့နောက် ပေါ်ခဲ့သော ဗုဒ္ဓဘာသာသည် ဘာသာတရားပေါ်ပြီး ဘယ်လောက်အကြာမှာ လက်ထပ်ထိမ်းမြားမှုကို ဘယ်လောက် လွှမ်းမိုးခဲ့ပြီလဲ။

အဲဒီနောက် ပေါ်ခဲ့သော ခရစ်ယန်ဘာသာသည် လက်ထပ်ထိမ်းမြားမှုအပေါ် ဘယ်နှစ်က စတင်၍ ဘယ်လိုဘယ်ပုံ ဘယ်၍ဘယ်မျှ လွှမ်းမိုးခဲ့သည်လဲ။

အဲဒီနောက် ပေါ်ခဲ့သော အစ္စလာမ်ဘာသာသည် လက်ထပ်ထိမ်းမြားမှုအပေါ် ဘယ်တုန်းကစ၍ ဘယ်လိုပုံဖြင့် ဘယ်မျှလောက် လွှမ်းမိုးခဲ့သလဲ။

ဘာသာတရားမရောက်ခင် မပေါ်ခင်က ရှိနှင့်ပြီးသော လက်ထပ်ထိမ်းမြားမှုများကို ဘာသာတရားတွေက မည်သို့ မည်ပုံ လွှမ်းငုံ ချေဖျက်ခဲ့ကြသည်လဲ။

ဒါက နမူနာ တခုပင် ရှိပါသေးသည်။ လူသားတွေ၏ နေ့တဓူဝ စားဝတ်နေမှုအပေါ် လွှမ်းမိုးထားချက်များကို မဆင်ခြင်ရသေးပါ။ ဆင်ခြင်ကြည့်မည်ဆိုလျှင် ဘာသာရေးများစွာက လူ့အဖွဲ့အစည်းကို ထောင်သွင်းထားသည့်ပုံ ပေါ်လာမည်လား မဆိုနိုင်ပေ။

ယင်းသို့ ဘာသာရေးခေါင်းဆောင်များ၏ မိမိဘာသာပြန့်ပွားရေးလုပ်ဆောင်မှု၊ ဘာသာဝင် တိုးပွားရေးလုပ်ဆောင်မှု၊ တနည်းအားဖြင့် ဘာသာဝင်တွေအပေါ် နည်းအမျိုးမျိုးဖြင့် လွှမ်းမိုးချုပ်ကိုင်မှုများသည် ဘာသာတခုချင်းဆီ၏ လွပ်လပ်စွာတည်ရှိနိုင်စွမ်းကို ဖျက်ဆီးလိုက်သလားဟု ဆင်ခြင်ကြည့်ုခြင်းဖြစ်ပါသည်။ ကိုယ့်ရဲ့ ဘာသာဝင်များအပေါ်ချုပ်ကိုင်မှုတွေကြောင့်ပင် ကိုယ့်ဘာသာအပေါ် ချုပ်ကိုင်မှုတွေ ဖြစ်ပေါ်လာစေသည်လားဟု သုံးသပ်ကြည့်ခြင်းဖြစ်ပါသည်။
ကိုယ့်ဘာသာကို အလွန်အမင်းချုပ်ကိုင်လွှမ်းမိုးချဲ့ထွင်ကြီးထွားစေမှုတွေက အခြားသူများကို အခြားပတ်ဝန်းကျင်ကို အခြားတန်ဖိုးထားမှုများကို အခြားဘာသာဝင်များကို စိုးရိမ်ထိပ်လန့်မှုဖြစ်စေပြီး ထိုမှတဆင့် ချုပ်ချယ်ကန့်သတ်လိုမှု အသိအမှတ်မပြုမှု ကာကွယ်တားဆီးလိုမှု ငြင်းပယ်မှု ဖျက်ဆီးမှု သတ်ဖြတ်မှုတွေ ဖြစ်ပေါ်စေသည်လား။
တဖြည်းဖြည်းနှင့် ကိုယ်ကိုယ်တိုင်သည်လည်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်အသိုင်းအဝန်းကလွဲ၍ အခြားသူများ၏တည်ရှိမှုကို အသိအမှတ်မပြုနိုင်ဖြစ်ပြီး ပိတ်ပင်တားဆီးတာတွေ ဖျက်ဆီးသတ်ဖြတ်တာတွေထိ လုပ်လာကြသည်လား။

တကယ်တော့ လူသားတယောက်ကို လူသားတယောက်က ချုပ်ကိုင်ခွင့် မရှိပါ။ လူသားသည် ဘာသာရေးပိုင် မဟုတ်ပါ။ ဘာသာရေးက ထုတ်လုပ်ထားသော ပစ္စည်းမဟုတ်ပါ။
စိတ်ကူးကြည့်မိသည်။ ဘာသာရေးက လူသားအပေါ် ချုပ်ကိုင်ထားမှုများ မရှိတော့လျှင် ဘာသာရေးလွတ်လပ်ခွင့် ရှိလာမည်။ တဦးချင်း ဘာသာရေး၊ သို့မဟုတ် ကိုးကွယ်ရာ၊ သို့မဟုတ် ယုံကြည်မှု လွပ်လပ်ခွင့်ရှိလျှင် ဘာသာတခုချင်း၏ လွတ်လပ်ခွင့် အလိုအလျောက်ဖြစ်ပေါ်လာမည်။
ထို့ပြင် တဦးချင်း၏ ကောင်းမြတ်မှုသည် လူ့အဖွဲ့အစည်း၏ကောင်းမြတ်မှုဖြစ်လာပြီး တဦးချင်း၏ ဆိုးယုတ်မှုကတော့ လူ့အဖွဲ့အစည်းက အလိုလိုငြင်းပယ်နိုင်သည့် သာမန်ကိစ္စပင် ဖြစ်သွားပါလိမ့်မည်။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, မောင်လူရေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်