fbpx

ကလေးတက္ကသိုလ်မှာ ရေပေးဝေမှု အခက်အခဲများနှင့် ကြုံတွေ့ဟု ဆို

July 12, 2016

ကလေးတက္ကသိုလ်မှာ ရေပေးဝေမှု အခက်အခဲများနှင့် ကြုံတွေ့ဟု ဆို
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆

နွေအကုန် မိုးဦးရာသီကာလအတွင်း စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်အတွင်း သုံးရေ၊ သောက်ရေ အလုံအလောက် မရရှိဟု ဆိုသည်။ ရေအလှူရှင်များက လာရောက်လှူဒါန်းပေးဝေကြသော်လည်း ရေလှူခွင့်ကို အကန့်အသတ်နှင့် လက်ခံနေသည့်အတွက် ကျောင်းဝင်းတွင်းရှိ ကျောင်းသား၊ ဆရာ၊ မိသားစုများ၊ ၀န်ထမ်းများ အခက်ကြုံသည်ဟု ပြောကြသည်။

စာသင်ဆောင်များ ဆောက်လုပ်ထားသော်လည်း ရေလှောင်ကန် ရေပေးကန် အလုံအလောက်မရှိဟု ဆိုသည်။  စာသင်ဆောင်တွေမှာ ရေမပေးတော့ အခုလို ဌာနမှာ ရေကန်ဖြစ်အောင်လုပ်ပြီး မိုးရေခံ သုံးနေကြရပါတယ်လို့ ဆရာတဦး၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားသည်။

ကလေးတက္ကသိုလ်က ကျောင်းဆောင်များ ဆောက်လုပ်မှု ကုန်ကျစာရိတ်များနှင့် စာသင်ခန်းအရေအတွက်မှာလည်း အချိုးမကျဟု ဝေဖန်ထားသည်ကို တွေ့ရသည်။ သုံးထပ်အဆောက်အဦ ၁၃ ဆောင်၊ တဆောင်ကို သိန်း ၅၃၂၀ (ဒေါ်လာ ၅ သိန်း နီးပါး)။ စာသင်ခန်း ၁၂ ခန်းသာရှိ၊ စာသင်ခန်းတဆောင်က တခန်းကို သိန်း ၄၄၃ (ဒေါ်လာ ၄ သောင်းခန့်) ကုန်ကျသည်ဟု တွက်ချက်ပြထားသည်။ သန့်စင်ခန်းများ အထပ်တိုင်း တွင်ထားရှိသော်လည်း ရေလှောင်ကန်မရ၀င်သဖြင့် သန့်စင်ခန်းများ မသန့်ရှင်းတော့ဟု ထောက်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)