မင်းခိုင် ● နယူတန်ရဲ့ ပန်းသီးပုံပြင်

July 14, 2016

Isaac Newton (1643-1727) Portrait by Godfrey Kneller (1702)

မင်းခိုင် ● နယူတန်ရဲ့ ပန်းသီးပုံပြင်

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆

(ရူပဗေဒဆောင်းပါး – သိပံ္ပပုံပြင်များကို ကြားချင်သော ဆရာဆရာမများ ကျောင်းသားကျောင်းသူများသို့… …)

သိပံ္ပပုံပြင်တွေထဲမှာတော့ ပန်းသီးကြွေကြတာကို ကြည့်ပြီး မြေဆွဲအား (ဒြပ်ဆွဲအား) ကို တွေ့ခဲ့တယ်ဆိုတဲ့ နယူတန်ရဲ့ပုံပြင်ကတော့ လူသိအများဆုံး အကျော်ကြားဆုံးထင်ပါတယ်။  နယူတန်ဆိုတာကတော့ တကယ့်ပါရမီရှင်။  နောင်ခေတ်တွေမှာ ဘယ်လောက်တော်တဲ့ ပညာရှင်တွေပေါ်ပေါ် အတော်ဆုံးတွေကို တန်းစီလိုက်ရင် သူ့ကိုတော့ဖြင့် Top 3 ထဲမှာ ထည့်ကို ထည့်ရမှာပဲလို့ ချီးကျူးရသူ။  ပြီးတော့ အဲလိုချီးကျူးမှုနဲ့လည်း အလွန့်အလွန် ထိုက်တန်သူပါ။

နယူတန်အကြောင်း အတိုဆုံးပြောရရင် သူ့ကြောင့် နှစ်ပေါင်းများစွာ မြဲနေခဲ့တဲ့ စိုက်ပျိုးရေးအခြေခံ လူ့အဖွဲ့အစည်းကြီးဟာ စက်မှုလူ့အဖွဲ့အစည်းဆီ တဆစ်ချိုးပြောင်းသွားခဲ့ရတယ်။  ပမာနှိုင်းရရင် နှိုးရ သီအိုရီ ကွမ်တမ်သီအိုရီတွေကြောင့် စက်မှုခေတ်ကနေ အဏုမြူခေတ်ကြီး ပြောင်းသွားသလိုပါပဲ။  ဒါပေမဲ့ နယူတန်ရဲ့ ဉာဏ်အလင်းက အခုလို အဏုမြူခေတ်ကြီးထိအောင် လင်းနေတုန်းပါပဲ။  အခုထိ ကမ္ဘာပေါ်မှာ ရှိသမျှ ရုပ်ဝတ္ထုတွေရဲ့ လှုပ်ရှားမှုဟာ သူပြောခဲ့တဲ့ ရွေ့လျားမှုဆိုင်ရာ နိယာမ (Law of Motion) သုံးခုပေါ်မှာ အခြေစိုက်ထားတာပါ။  နောက် သူထွင်ခဲ့တဲ့ Calculus ဆိုတဲ့ သင်္ချာလက်နက်ဟာ အလွန်စွမ်းပါတယ်။  နောက်ပိုင်း ပေါ်သမျှ သိပံ္ပနိယာမတွေဟာ အဲဒီ Clculus ပေါ်မှာ အခြေဆိုက်တာချည်းပါပဲ။  (Calculus ကို ထွင်တော့ သူ့အသက် နှစ်ဆယ့်သုံး နှစ်ဆယ့်လေးလောက်ပဲ ရှိပါသေးတယ်။)

ဒါပေမဲ့ နယူတန်ရဲ့ပန်းသီးပုံပြင်ကတော့ နည်းနည်းလွဲနေပါတယ်။ လူတွေထင်တာက ပန်းသီးကြီးက နယူတန်ရှေ့ကြွေကြ၊ အဲဒါကို နယူတန်က တောင်တောင်အီအီတွေးရင်း ဗြုန်းဆို ဒြပ်ဆွဲအားကြီးအကြောင်း ဉာဏ်အလင်းရ … အဲလိုထင်ကြပါတယ်။

တကယ်တမ်း နယူတန်စဉ်းစားနေတာက အသီးတွေ ဘာကြောင့် ကြွေကြတာလဲဆိုတာ မဟုတ်ပါဘူး။ သူစဉ်းစားနေတာက ဂြိုဟ်သွားဂြိုဟ်လာတွေကို ထိန်းချုပ်ထားတဲ့ အားတခုတော့ဖြင့် ရှိမှာပဲဆိုတဲ့အကြောင်းပါ။

နယူတန် မွေးဖွားခဲ့တဲ့ ၁၇ ရာစုခေတ်မှာ ကမ္ဘာကြီးဟာ ဘုရားကျောင်းတွေက သင်သလို စကြာဝဠာဗဟိုချက် မဟုတ်ဘူးဆို တာကို ဂယ်လီလီယိုတို့၊ ကော့ပါးနိကပ်တို့လို နက္ခပညာရှင်တွေကြောာင့် သိနေကြပါပြီ။  နောက် နယူတန် မမွေးခင် နှစ် ၄၀ လောက်ကတည်းက ကပ်ပလာဆိုတဲ့ ပညာရှင်က ဂြိုဟ်သွားဂြိုဟ်လာနိယာမ သုံးခုကို ဖော်ထုတ်ခဲ့ပြီးပါပြီ။  ကပ်ပလာနိယာမတွေအရ ကမ္ဘာအပါအ၀င် ကျန်တဲ့ဂြိုဟ်တွေက နေကို ဘဲဥပုံ (အီလစ်ပုံ) လမ်းကြောင်းနဲ့ ပတ်နေတယ်၊ အဲလို ပတ်နေတဲ့အခါ နေနဲ့နီးရင် မြန်မြန်ပတ်ပြီးတော့၊ နေနဲ့ ဝေးရင် နှေးနှေးပတ်တယ်ဆိုတာတွေကို သိနေပါပြီ။

အဲဒါတွေကို နယူတန်က သေသေချာချာ စဉ်းစားပြီးတော့ ဂြိုဟ်တွေမှာ နေကို ဦးတည်ပြီးနေတဲ့ အားတခုတော့ ရှိမှာပဲလို့ ကောက်ချက်ချပါတယ်။ သဘောက ပစ္စည်းတခုကို ကြိုးနဲ့ ချည်ပြီး နှောင်ပြီး လှည့်နေသလိုပေါ့။  ကြိုးနဲ့ ဆွဲထားတဲ့ အားသာမရှိရင် အဲလိုမပတ်နိုင်ဘူးလေ။  နောက် နီးရင်မြန်မြန်ပတ်ပြီး ဝေးရင် နှေးနှေးပတ်တယ်ဆိုတဲ့အတွက် အဲဒီ့အားဟာ အကွာအဝေးနဲ့လည်း ဆိုင်တယ် (တနည်းအားဖြင့် အဲဒီအားဟာ အကွာအဝေးနဲ့ ပြောင်းပြန်ပတ်သက်တယ်ဆိုတာကို) ရိပ်မိသွားတယ်။

Isaac Newton (1643-1727) Portrait by Godfrey Kneller (1689)


အမှန်တော့ ဂယ်လီလီယိုရော၊ ကပ်ပလာရော အဲလိုအားမျိုးတော့ ရှိမှာပဲလို့ တွေးခဲ့ပြီးသား။  ဒါပေမဲ့ နယူတန်ရဲ့ စွမ်းဆောင်ချက်က အဲဒီအားဟာ စကြာဝဠာတခုလုံးနဲ့ ဆိုင်တဲ့အားဖြစ်တယ်၊ ဒီအားကြောင့် နေတွေ ဂြိုဟ်တွေ ပတ်နေရလို အဲဒီအားကြောင့် ပန်းသီးကြွေကြရတယ် (တနည်းအားဖြင့် အမြင့်ကို ပစ်တင်တဲ့အရာတွေ ပြန်ကျရတယ်) လို့ ပြောနိုင်ခဲ့ပြီး အဲဒါကို သင်္ချာနည်းနဲ့ ပြနိုင်ခဲ့တာပါပဲ။

အဲဒီ့အားကို ဒြပ်ဆွဲအား (Gravity)လို့ ခေါ်ပြီး အဲဒီဒြပ်ဆွဲအားဟာ အကွာအဝေးနှစ်ထပ်နဲ့ ပြောင်းပြန်အချိုးကျပြီး ဒြပ်ထုနဲ့ (ဒြပ်ထုနှစ်ခုမြှောက်လဒ်နဲ့) တိုက်ရိုက်အချိုးကျပါတဲ့။  အဲဒါ သူ့ရဲ့ နာမည်ကျော် ဒြပ်ဆွဲအားသီအိုရီ (Law of Gravitation) ပါပဲ။

ရှင်းစရာတခုပဲ ကျန်ပါတော့တယ်။ ဒြပ်ဆွဲအားရှိတာတော့ ဟုတ်ပါပြီ။ အဲဒီ့ဒြပ်ဆွဲအာက နေတွေ ဂြိုဟ်တွေကို ဘယ်လိုပတ်စေတာတုန်း … ။

ဘောလုံးတလုံးပစ်လိုက်မယ်ဆိုပါစို့။  အဲဒီဘောလုံးဟာ သေချာပေါက် အောက်ပြန်ကျလာရမှာပဲ။  ဘောလုံးမပြောနဲ့ ကျည်ဆန်ဆိုလည်း အောက်ကို ပြန်ကျလာမှာပဲ။  ဘာလို့လဲလို့ မေးရင် ဒြပ်ဆွဲအားက ဆွဲချလို့ပေါ့။  တကယ်လို့ ဒြပ်ဆွဲအားသာ မရှိရင် (စက်ဝိုင်းရဲ့ဝန်းထိမျဉ်း Tangent မျဉ်းလို) တည့်တည့်ပြေးသွားမှာပဲ။  အခုတော့ ဒြပ်ဆွဲအားကို မကျော်နိုင်လို့ အောက်ပြန်ကျရတယ်။

ဟုတ်ပြီ … ဒါဆို ဒြပ်ဆွဲအားနဲ့ တူတဲ့အားနဲ့ ပစ်လိုက်မယ်ဆိုရင်ရော .. ။ အဖြေက အဲဒီဘောလုံး (သို့မဟုတ်) အဲဒီကျည်ဆံက မြေကြီးပေါ် ပြန်မကျတော့ဘဲ ကမ္ဘာကို ပတ်ပြီးရင်း ပတ်နေလိမ့်မယ်။ Why?

မြင်ယောင်ကြည့်ပါ။ တည့်တည့်သွားရမယ့် ဘောလုံး/ကျည်ဆံလေးက တည့်တည့်မသွားဘဲ ကမ္ဘကြီးရဲ့အ၀န်းအတိုင်း ၀ိုက်ဝိုက်ပြီးပတ်နေတယ်။  ၀ိုက်ပြီးဆင်းသွားတယ်ဆိုကတည်းက အကွာအဝေးတခု နိမ့်ဆင်းသွားတာပေါ့။ အဲဒီ့နိမ့်ဆင်းသွားတဲ့ အကွာအဝေးဟာ ကမ္ဘာကြီးရဲ့ဒြပ်ဆွဲအားကြောင့် အောက်ကို ကျလာမယ့် အကွာအဝေးနဲ့ အတူတူပဲ။  အဲဒါကြောင့် ဘောလုံး/ကျည်ဆန်လေးဟာ ၀ိုက်ဝိုက်ပြီး ပတ်ပြီးရင်း ပတ်နေတာပေါ့။  (အောက်ကပုံနဲ့ ယှဉ်ကြည့်ပါ)

တခွန်းတည်းပြန်ပြောရရင် အဲလို ၀ိုက်ဝိုက်ပြီး ပတ်နေတယ်ဆိုတာ ဒြပ်ဆွဲအားကြောင့် နိမ့်နိမ့်ပြီး ဆင်းလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။  လမင်းကြီး ကမ္ဘာကြီးကို ပတ်နေတယ်ဆိုတာ လမင်းကြီး ကမ္ဘာ့ဆွဲအားကြောင့် နိမ့်နိမ့်ပြီး ဆင်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။  တနည်းအားဖြင့် စက်ဝန်းပုံ လှည့်နေတယ်ဆိုတာ ဒြပ်ဆွဲအားကြောင့် အောက်ကို ပြုတ်ကျနေတဲ့ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ကိုင်း ဒါဆို ရှင်းသွားပါပြီ၊ နေကို ဂြိုဟ်တွေ ပတ်နေတာ၊ ကမ္ဘာကို လကြီးကို ပတ်နေတာ၊ နေအဖွဲ့အစည်းတွေ တခုနဲ့ တခု လည်ပတ်နေတာ၊ ပြီးတော့ လည်ပတ်တဲ့ လမ်းကြောင်းကလည်း ဘဲဥပုံ စက်ဝိုင်းပုံတွေ ဖြစ်နေတာ၊ ကမ္ဘာအပါအ၀င် ဂြိုဟ်တွေ နေတွေ လတွေ အားလုံးရဲ့ ပုံသဏ္ဌာန်ဟာ စက်ဝိုင်းပုံဖြစ်နေတာ၊ အားလုံး အားလုံးရဲ့ လက်သည်တရားခံက ဒြပ်ဆွဲအားပါပဲ။

စကားမကျန်အောင် ပြောရရင် တကယ်လို့ ဒြပ်ဆွဲအားထက် များတဲ့အားနဲ့ လွှတ်ခဲ့ရင် အဲဒီအရာဟာ စက်ဝိုင်းပုံ မပတ်တော့ဘဲ ဖောက်ထွက်သွားပါလိမ့်မယ်။  အဲလိုအလျင်မျိုးကို လွတ်မြောက်အလျင်လို့ ခေါ်ပါတယ်။  ဒါဆို ဂြိုလ်တု (Satellite) တွေ ကမ္ဘာကို ပတ်အောင် ဘယ်လောက်အလျင်နဲ့ လွှတ်တင်တယ်၊  အင်္ဂါဂြိုဟ် လေ့လာရေးဂြိုလ်တုကို ဘယ်လောက်အလျင်နဲ့ လွှတ်တင်မလဲဆိုတာ ရိပ်မိလောက်ပါပြီ။  (ကမ္ဘာ့ဆွဲအားနဲ့ တူတူထားလွှတ်ရင် ကမ္ဘာကို ပတ်နေလိမ့်မယ်။ ကမ္ဘာ့ဆွဲအားထက် လွန်တဲ့အားနဲ့လွှတ်ခဲ့ရင် ကမ္ဘာ့ဆွဲငင်က ဆွဲမထားနိုင်တော့ဘဲ အာကာသဟင်းလင်းပြင်ထဲကို လွှင့်ထွက်သွားလိမ့်မယ်)

အဲဒါ နယူတန် ရှင်းပြခဲ့တဲ့ ဂြိုဟ်တွေ စက်ဝိုင်းပုံ လည်ပတ်ရခြင်း အကြောင်းပါပဲ။  ကျနော့်အမြင်တော့ သဘာဝတရားကြီးကို ရှင်းပြတဲ့အထဲမှာ အရမ်းကို လှတဲ့ ရှင်းပြချင်လည်း ဖြစ်ပါတယ်။  အသိဉာဏ်ရဲ့ အလှတရားလည်း ဖြစ်ပါတယ်။

အဲ .. နောက် … နှစ်ပေါင်း ၂၅၀ ကျော်လောက်ကျတော့ အိုင်စတိုင်းဆိုတဲ့ ဘဲကြီးက ဒြပ်ဆွဲမားကို ဂျီသြမက်ထရီဆန်ဆန် ထပ်ရှင်းပြတယ်။  ဒြပ်ဆွဲအားဆိုတာ အာကာသစပေ့ (Time-Space) ရဲ့ အကွေးအညွှတ် (Curvature) ပါပဲတဲ့။

ဟုတ်ကဲ့ … အဲဒီရှင်းပြချက်ကလည်း အရမ်း … အရမ်းကို လှပကြောင်းပါဗျာ … ။

 

မင်းခိုင်
၁၃ ဇူလိုင်၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်