ပြည်သူ့အင်အားက စစ်တပ်ရဲ့ တင့်ကားတွေကို အနိုင်ယူ

July 16, 2016

ပြည်သူ့အင်အားက စစ်တပ်ရဲ့ တင့်ကားတွေကို အနိုင်ယူ
People Power wins Military Tanks in Turkey’s Coup Attempt

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၆

တူရကီနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြံစည်မှု ဖြစ်ပွားခဲ့သော်လည်း ယခု နောက်ဆုံးရ သတင်းများ အရ အရပ်သား အစိုးရအဖွဲ့က အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ တူရကီ သမ္မတ Erdogan က အာဏာသိမ်းရန် ကြံစည်မှု ကို ရှုတ်ချလိုက်ပြီး သစ္စာဖောက်မှု အဖြစ် အစ္စတန်ဘူလ်မြို့တော်က တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ပြောကြားလိုက်သည်။ ကြံစည်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟုလည်း သမ္မတက ဆိုသည်။

အာဏာသိမ်းရန် ကြိုးစားခဲ့မှုတွင် တူရကီစစ်တပ်၏ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ မပါဝင်ဘဲ စစ်တပ်၏ အစိတ်အပိုင်းတစ်ခုသာ ပါဝင်ခဲ့သည်။

တူရကီ နိုင်ငံသား လူထုတချို့ကလည်း အိမ်အပြင်မထွက်ရန် သတိပေးပြောဆိုထားမှုကို ဆန့်ကျင်ပြီး မြို့တော် အန်ကာရာ နှင့် အစ္စတန်ဘူလ် ရှိ လမ်းမများပေါ်တွင် “ငါတို့မှာ ဝန်ကြီးချုပ် ရှိတယ်၊ ကာကွယ်ရေးဦးစီးချုပ် ရှိတယ်၊ တိုင်းပြည်ကို လူယုတ်မာတွေလက်ထဲ ဝကွက်မအပ်နိုင်ဘူး” အစရှိသည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ဟစ်ကြွေးကြပြီး နိုင်ငံတော် အလံများကို လွှင့်ထူကာ စစ်တပ်၏ တင့်ကားများအပေါ် တက်ရောက်ကြသည်။

ဝန်ကြီးချုပ် Yildirim ကလည်း ဖြစ်ပွားခဲ့သည့် အခြေအနေ အရပ်ရပ်ကို အကောင်းဆုံး နိုင်နင်းစွာ ထိန်းသိန်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့တော် အန်ကာရာ တွင် လေယာဉ်မပျံသန်းရ ဧရိယာ သတ်မှတ်ထားပြီး မပျံသန်းရဇုံအတွင်း အာဏာသိမ်းရန် ကြိုစားသူများ အသုံးပြုသည့် လေယာဉ်ပျံများကို ပစ်ချရန် စစ်တပ်ကို အမိန့်ပေးထားကြောင်း၊ ယခုအချိန်အထိ စစ်အာဏာသိမ်းရန် ကြံစည်သူ အယောက် ၁၃၀ ကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်ကာရာ တိုက်ခိုက်မှုတွင် လူ အယောက် ၄၃ ယောက် သေဆုံးကြောင်း တူရကီ မီဒီယာများက ဖော်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်