တင်အေး ● ဗကသများအဖွဲ့ချုပ်နဲ့ နိုင်ငံ့အရေး

July 17, 2016

● ဗကသများအဖွဲ့ချုပ်နဲ့ နိုင်ငံ့အရေး
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

ပြတိုက်ထဲမှာတောင် ထည့်သိမ်းမထားသင့်တဲ့ အယူအဆတခု ရှိပါတယ်။ “ကျောင်းသားဆိုတာ ကျောင်းသားအရေးပဲ လုပ် ရမယ်” ဆိုတဲ့အယူအဆ။

ကျောင်းသားဟာ ကျောင်းသားအရေးပဲ လုပ်ရမလား၊ ကျောင်းသားအရေးမကတဲ့ အရေးအရာတွေရော မလုပ်ရဘူးလားဆို တာ….ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်သူဆုံးဖြတ်မလဲ။ တကယ်တော့ ဘယ်လိုမှဆုံးဖြတ်စရာ မလိုပါဘူး။ ဘယ်သူမှ ဆုံးဖြတ် စရာမလိုပါဘူး။

ကျောင်းသားဆိုတာ ကျောင်းသားအရေးအပြင် ပြည်သူလူထုအရေးလုပ်ရမလား၊ မလုပ်ရဘူးလား၊ နိုင်ငံ့အရေးမှာ ပါဝင်ရ မလား၊ မပါဝင်ရဘူးလားဆိုတာ ကျောင်းသားတွေရဲ့လက်တွေ့ဘဝ၊ ဗမာပြည်သူတွေရဲ့လက်တွေ့ဘဝကသာ ဆုံးဖြတ်ပါ တယ်။

သမိုင်းထဲက “အရေး” တွေ …..

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုပြန်ကြည့်ရင် ပထမဆုံးကျောင်းသားလှုပ်ရှားမှုအဖြစ် ၁၉၀၃ ခုနှစ်မှာ ကိုလိုနီအစိုး ရက ပညာရေးနယ်ပယ်မှာထုတ်ပြန်ခဲ့တဲ့ ရှိခိုးအမိန့်ကို ကျောင်းသားတွေဆန့်ကျင်တုံ့ပြန်ခဲ့တဲ့ လှုပ် ရှားမှုကို တွေ့ရပါတယ်။ ကိုလိုနီအစိုးရရဲ့ပညာရေးဝန်ကြီးက ကျောင်းသူကျောင်းသားတွေကို ပညာရေးဌာနက အရာရှိတွေ၊ ဆရာ၊ ဆရာမတွေကို ရှိခိုးပြီး အရိုအသေပြုရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီ့အခါ ကောလိပ် ကျောင်းသားကြီးတွေက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ “ဖေ၊ ပု၊ ရှိန်” သုံးဦးထဲက ဦးပုဆီသွားပြီး ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်။ သွားဆွေးနွေးကြတာ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အခုလို ရေးထားပါတယ်။

ထိုအခါ ဦးပုက ”အခု ဟိုက်စကူးကျောင်းသားတွေ မျက်နှာဖြူအစိုးရနဲ့ အရာရှိတွေကို ရှိခိုးရမယ်တဲ့လား၊ သူတို့က ဘာတွေ မို့လဲ၊ ဒို့လူမျိုးကို တမင် ဖိနှိပ်ချုပ်ချယ်ထားတဲ့နယ်ချဲ့တွေဘဲ၊ ဒါကို ဒို့က ဘာဖြစ်လို့ ရှိခိုးရမှာလဲ။” (စာ – ၁၊ မြန်မာနိုင်ငံကျောင်း သားလှုပ်ရှားမှုသမိုင်း၊ အောင်ထွန်း။)

ဒီနေရာမှာ ရှေ့နေ ဦးပုက မင်းတို့ကျောင်းသားအရေးကိစ္စ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောမလွှတ်ပါဘူး၊ ကျောင်း သားတွေကလည်း ငါတို့ကျောင်းသားအရေးကိစ္စ ကျောင်းသားမဟုတ်တဲ့ နိုင်ငံရေးနယ်ပယ်က လူကြီးတွေနဲ့သွား မပတ်သက်ဘူးလို့လည်း မစဉ်းစားခဲ့ကြပါဘူး။

“အမျိုးသားနေ့”ပေါ်ပေါက်လာပုံနဲ့ပတ်သက်လို့လည်း ပြန်စဉ်းစားကြည့်ရင် စိတ်ဝင်စားစရာပါ။

၁၉၂၂ ခုနှစ် ရန်ကုန်မြို့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး၊ ၁၉၂၄ ခုနှစ် မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ နဝမအကြိမ် မြောက် ဂျီစီဘီအေ (General Council of Burmese Associations -GCBA) ကွန်ဖရင့်ကြီးက အတည်ပြုခဲ့တဲ့ နိုင်ငံရဲ့ အမျိုးသားနေ့(National Day) ဟာ ၁၉၂၀ ခုနှစ်က ကောလိပ်ကျောင်းသားတွေရဲ့ပထမကျောင်းသားသပိတ် ဆင်နွှဲခဲ့ကြတဲ့ တန်ဆောင်မုန်းလ ပြည့်ကျော် ၁ဝ ရက်နေ့ပါ။ ဒီနေ့အထိကျင်းပနေကြတဲ့ တမျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားနေ့ဆိုတာဟာ ကျောင်းသားတွေသပိတ်မှောက်ခဲ့တဲ့နေ့ပါ။

အမျိုးသားနေ့ကျင်းပလာခဲ့တာ ဒီနေ့အချိန်ဆိုရင် နှစ်ပေါင်း ၉၀ ကျော်ပါပြီ။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့် ကွက်ပြီး ကျောင်းသားအရေးအတွက် သပိတ်မှောက်တဲ့နေ့ဟာ ကျောင်းသားနဲ့ပဲဆိုင်တယ်၊ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့အမျိုးသား နေ့အဖြစ် မသတ်မှတ်သင့်ကြောင်း နှစ်ပေါင်း ၉၀ လုံးလုံး ဘယ်ဂျောင်ဂလောင်ကမှ ကန့်ကွက်သံ ထွက်မလာဖူးပါဘူး။ အ မျိုးသားနေ့သတ်မှတ်မှုဟာ ကျောင်းသားအရေးနဲ့ နိုင်ငံ့အရေးဆက်စပ်မှုကို အခိုင်အမာဖော်ပြ နေတဲ့ချိတ်ဆက်မှုပါပဲ။
၁၉၃၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ၁၃၀၀ ပြည့် လူထုအရေးတော်ပုံကြီးကို ကြည့်ရင်လည်း ရေနံမြေအလုပ် သမားတွေရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ ပူးပေါင်းပါဝင်ရင်း ကျောင်းသား၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလွှာအသီးသီးပါဝင်တဲ့ အထွေထွေသပိတ်ကြီးအဖြစ် တွေ့ရပါတယ်။ ရေနံမြေ အလုပ်သမား တွေက အလုပ် သမားရေးသပ်သပ်လုပ်၊ ကျောင်းသားတွေက တတိယကျောင်းသားသပိတ် သပ်သပ်လုပ်ဆိုရင် ၁၃၀၀ ပြည့် လူထုအရေး တော်ပုံကြီး ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ကျောင်းသားတွေအပါအဝင် ပြည်သူတရပ်လုံး ဆင်နွှဲခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ နောက်ပိုင်းမှာ ကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်းတို့ ဦးဆောင်တဲ့လက်နက်ကိုင်လမ်းစဉ်နဲ့ ဗမာပြည်လွတ်လပ်ရေးရခဲ့တဲ့အထိ အကျိုးဆက်ဖြစ်လာခဲ့ပါတယ်။ ကျောင်းသား အရေးမှသည် နိုင်ငံ့အရေးသို့…လို့ ပြောရမှာပါ။

ကျောင်းသားလှုပ်ရှားမှုနဲ့ ဗကသများအဖွဲ့ချုပ်ဆိုတာ တထပ်တည်းပါ။ ဗကသများအဖွဲ့ချုပ်ဆိုတာ ကျောင်း သားလှုပ်ရှားမှု ကိုဦးဆောင်တဲ့ တခုတည်းသောအဖွဲ့အစည်းပါ။ ဗကသများအဖွဲ့ချုပ်ရဲ့ ၁၉၆၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ်ညီလာခံက အတည်ပြုထားတဲ့ “အောင်ပွဲအဆက်ဆက်ခံဦးမည်”ဆိုတဲ့ ကျောင်းသားသီချင်းမှာ ဖော်ပြထားတဲ့စာသားတွေကိုကြည့် ရင် လည်း ကျောင်းသားတွေဟာ ဘယ်လိုအရေးတွေမှာ ပါဝင်ကြမှာလဲဆိုတာ အဖြေပေး ပြီးသားပါ။

xxx ငါတို့ကျောင်းသားပေါင်းစည်းလို့ ညီရမည်။ xxx အမျိုးသားရေးကို ကြိုဆိုဖို့ရည် xxx  ဟေးး  ညီညီညာညာ လွတ်လပ် ရေးထိန်းသိမ်းမည် xxx ဖက်ဆစ်ဝါဒီတိုက်ဖျက်မည်။ xxx  ဟေးးး ညီညီညာညာ ငြိမ်းချမ်းရေး ထိန်းသိမ်းမည် xxx နယ်ချဲ့ရန် ကို တွန်းဖြိုမည်။ xxxxx ဟေးးးးးးးးးး အောင်ပြီ အောင်ပြီ ငြိမ်းချမ်းရေးထိန်းသိမ်းမည် xxx

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ခေတ်ရောက်တဲ့အခါမှာ ကျောင်းသားတွေဟာ ကျောင်းသားအရေး သက်သက်လှုပ် ရှားမှုတွေကို အဓိက ဆောင်ရွက်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှုတွေဖြစ်တဲ့ ၁၉၅၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှာလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးတိုက်ပွဲ၊ ၁၉၅၃ ခုနှစ် စက်တင်ဘာ-အောက်တိုဘာလမှာ အောက်တိုဘာ ကျောင်းတလပိတ်ရေးအတွက်လှုပ်ရှားခဲ့ကြတဲ့ အောက်တိုဘာအရေးတော်ပုံ၊ ၁၉၅၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ၇ တန်းမေးခွန်းပေါက်ရာကနေ ပေါ်ပေါက်ခဲ့တဲ့ ဟယ်ရီတန်အရေးတော်ပုံ စတဲ့ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းသားအရေးကိစ္စအတွက် လှုပ်ရှားကြရတဲ့လှုပ်ရှားမှုတွေပါ။

အခြေအနေ လိုအပ်ချက်အပေါ်မှာ ဗကသများအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ ကျောင်းသားတွေဟာ ကျောင်းသား အရေးလုပ်တဲ့ အခါ လုပ်ကြရ၊ လူထုအရေးလုပ်တဲ့အခါ လုပ်ကြရ၊ နိုင်ငံ့အရေးမှာ ပါဝင်ဖို့လိုအပ်တဲ့အခါ ပါဝင်ကြရတာ ပါပဲ။

စစ်အာဏာရှင်စနစ်အောက်က “အရေး”တွေ ….

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ စစ်တပ်က တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့သိမ်းယူပြီးနောက်ပိုင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)နဲ့ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) တို့ပူးတွဲပြီး ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပဲ စစ်အာ ဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကျောင်းသားတွေက ကျောင်းသားအရေးသက်သက်အတွက် ဆန့်ကျင်ခဲ့ရတာ မဟုတ်ပါဘူး၊ တနိုင်ငံလုံးအရေး၊ တမျိုးသားလုံးအရေး၊ ပြည်သူတရပ်လုံးအရေး အတွက် တိုင်းရင်းသားပြည်သူတရပ်လုံး စစ်ကျွန်ဘဝမရောက်စေဖို့ စစ်အာဏာရှင်စနစ်ကို အစောဆုံး ပြတ်ပြတ် သားသားဆန့်ကျင်ခဲ့တာပါ။ ဒါကြောင့် စစ်အာဏာ ရှင်စနစ်အောက်မှာ ကျောင်းသားလှုပ်ရှားမှုတွေ ကွင်းဆက်လိုက် ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အုပ်စိုးမှုကာလအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့အထဲက ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှု တချို့ကိုပြောရရင် –
၁။ ဇူလိုင် (၇) အရေးတော်ပုံ၊ ဇူလိုင် (၇) ရက် ၁၉၆၂ ခုနှစ်။
၂။ ငြိမ်းချမ်းရေးဆန္ဒပြပွဲ၊ နိုဝင်ဘာလ၊ ၁၉၆၃ ခုနှစ်။
၃။ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၆၉ ခုနှစ်။
၎။ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်၊ ၁၉၇၀ ခုနှစ်။
၅။ ဦးသန့် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ်။
၆။ ရွှေတိဂုံလှုပ်ရှားမှု၊ အလုပ်သမား+ကျောင်းသားလှုပ်ရှားမှု တနှစ်ပြည့်၊ ၁၉၇၅ ခုနှစ်။
၇။ မှိုင်းရာပြည့်၊ မတ်လ(၂၃) ရက် ၁၉၇၆ ခုနှစ်။
၈။ ခွန်လေးလုံး လှုပ်ရှားမှု၊ ၁၉၇၇ ခုနှစ်။
၉။ ရန်ကုန်စက်မှုတက္ကသိုလ် ဇူလိုင်(၇)ရက်လှုပ်ရှားမှု၊ ဇူလိုင်လ(၃)ရက် ၁၉၇၈ ခုနှစ်။
၁၀။ ၈၅-၈၆ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း (၇၅-၇၆လှုပ်ရှားမှု ၁၀နှစ်ပြည့်အထိမ်းအမှတ်)
၁၁။ ငွေစက္ကူအရေး ကျောင်းသားလှုပ်ရှားမှု၊ စက်တင်ဘာလ (၅) ရက်၊ ၁၉၈၇ ခုနှစ်။
၁၂။ ဖုန်းမော်အရေး ကျောင်းသားလှုပ်ရှားမှု၊ မတ်လ (၁၃-၁၈) ၁၉၈၈ ခုနှစ်။(တံတားနီ မတ်လ ၁၆။)
၁၃။ ဖုန်းမော် (၃) လပြည့် ကျောင်းသားလှုပ်ရှားမှု၊ ဇွန်လ(၁၄-၂၁) ၁၉၈၈ ခုနှစ်။
၁၄။ မြေနီကုန်းအရေး ကျောင်းသားလှုပ်ရှားမှု၊ ဇွန်လ (၂၁) ရက်နေ့၊ ၁၉၈၈ ခုနှစ်
၁၅။ ရှစ်လေးလုံးအရေးတော်ပုံကြီး၊ သြဂုတ်လ (၈) ရက်နေ့၊ ၁၉၈၈ ခုနှစ်။
၁၆။ နိုဘယ်လ်ဆုအရေးကျောင်းသားလှုပ်ရှားမှု၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ ၁၉၉၁ ခုနှစ်။
၁၇။ စော်ဘွားကြီးကုန်းအရေး ကျောင်းသားလှုပ်ရှားမှု၊ အောက်တိုဘာလ၊ ၁၉၉၆ ခုနှစ်။
၁၈။ ဒီဇင်ဘာအရေး ကျောင်းသားလှုပ်ရှားမှု၊ ၁၉၉၆ ခုနှစ်။
၁၉။ လွှတ်တော်ခေါ်ပေးရေး ကျောင်းသားလှုပ်ရှားမှု၊ သြဂုတ် – စက်တင်ဘာ ၁၉၉၈ ခုနှစ်။
၂၀။ အမျိုးသားပညာရေးဥပဒေ ပြောင်းလဲရေး ကျောင်းသားလှုပ်ရှားမှု၊ ဇန်နဝါရီ-မတ် ၂၀၁၅ ခုနှစ်။

အခုဖော်ပြထားတဲ့ စစ်အာဏာရှင်စနစ်အောက် ကျောင်းသားလှုပ်ရှားမှုတွေကို လေ့လာကြည့်ရင် ဗကသများ အဖွဲ့ချုပ်ရဲ့ မူ ၅ ချက်အတိုင်း တနိုင်ငံလုံး အမျိုးသားရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီ ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီပညာရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှု၊ ကျောင်းသားထုအခွင့်အရေးအတွက်ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုဆိုပြီး ကျောင်းသားအရေးရော၊ ပြည်သူ့အရေးအတွက်ရော လှုပ်ရှားခဲ့တဲ့ ကျောင်း သားလှုပ်ရှားမှုတွေ ဖြစ်တယ်ဆို တာ တွေ့ရပါတယ်။

● ဖြစ်ရပ်က “တရား” ရှာ
တခါတလေမှာ ပြဿနာတခုရဲ့အဖြေကိုရှာတဲ့အခါ သဘောတရားတွေ အပြန်အလှန်ငြင်းခုန်ပြီး အဖြေရှာတာထက် လက် တွေ့ဖြစ်ရပ်တွေထဲကနေ အဖြေရှာရတာ မြန်မြန်ဆန်ဆန် အမှန်တရားကို တွေ့နိုင်ပါတယ်။

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းကို လေ့လာကြည့်တဲ့အခါ နယ်ချဲ့ဆန့်ကျင်ရေးခေတ်၊ ပါလီမန်ခေတ်၊ စစ်အာဏာရှင် ခေတ်တလျှောက်လုံးမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) ဟာ  သူတို့ရောက်နေတဲ့ ခေတ်ကာလက သူတို့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေး တာဝန်ကို ကျောင်းသားအရေး၊ ပြည်သူ့အရေး၊ နိုင်ငံ့အရေးအတွက် ရိုးသားယုံကြည်စွာ ထမ်းဆောင်ကြတယ်ဆိုတာ အမှန်တရားတခုအဖြစ် တွေ့ရှိရကြောင်း ပါ။

တင်အေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်