ကိုသန်းလွင် – ဗုဒ္ဓသာသနာအစ မိဂဒါဝုန်

July 20, 2016


ကိုသန်းလွင် – ဗုဒ္ဓသာသနာအစ မိဂဒါဝုန်

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆

(၁)

ရဟန်းတို့ ငါဘုရားသည် လူနတ်တို့၌ဖြစ်သော ကိလေသာကျော့ကွင်းမှ လွတ်တော်မူပြီ၊

ရဟန်းတို့ သင်တို့သည်လည်း လူနတ်တို့၌ ဖြစ်သော ကိလေသာကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။

များစွာသောလူတို့၏ အစီးအပွား ဖြစ်ခြင်းငှါ၊ လောကကိုစောင့်ရှောက်ရန်အလို့ငှါ၊ နတ်လူတို့၏ အကျိုးစီးပွား ဖြစ်ခြင်း၊ ချမ်းသာခြင်းငှါ ဒေသစာရီ လှည့်လည်ကုန်လော့၊ ခရီးတကြောင်းလျင် နှစ်ပါးမသွားကုန်ကြလင့်၊

ဝိနယမဟာဝဂ္ဂပါဠိတော်လာ ဗုဒ္ဓဘုရားရှင်က စုစည်းမိသော ရဟန္တာ ၅၉ ပါး တို့အား မြွက်ကြားသော အမှာစကားတော်ဖြစ်ပါသည်၊ ဗုဒ္ဓသာသနာ ဓမ္မဘီးကို စတင်လည်ပတ်စေခဲ့ခြင်းဖြစ်ပါသည်။

(၂)

ကျွန်တော်တို့သည် ၂၀၁၄ ခု ဒီဇင်ဘာလ ဆီးနှင်းများ ထူထပ်စွာကျနေသော ဆောင်းအခါကာလနံနက် ရ နာရီ ခန့်တွင် ဗုဒ္ဓဘုရားရှင် ဓမ္မစင်္ကြာတရားဦးဟောခဲ့ရာမိဂဒါဝုန်တောရှိ ဓမ္မေခ စေတီပုထိုးတော်ကြီးဘေးသို့ရောက်ရှိ သွားကြပါသည်။

ဆီးနှင်းတွေကျနေပုံမှာပုထိုးတော်ကြီးဘေးတွင်မိုးကာအခင်း ခင်း၍ထိုင်နေကြသည့်တိုင် ပုထိုးတော်ကြီး၏ ထီးတော်ကိုမမြင်နိုင်၊ ဘုန်းတော်ကြီးတွေ ရှေ့ကချပေးသော ဓမ္မစင်္ကြာသုတ်၊ အနုတ္တလက္ခဏာသုတ်တော်တို့ ကိုကျွန်တော်တို့လိုက်ပြီးဆိုခဲ့ကြပါသည်၊ ဤနေရာအနီးတ၀ိုက်မှာပင် ဗုဒ္ဓဘုရားရှင်က တရားအားထုတ်ဖက်၊ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ကို မိမိကျင့်ကြံအားထုတ် တွေ့ရှိခဲ့သော ဘ၀သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရား တော်ကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က ဟောကြားတော်မူခဲ့သည်ဆိုသော အသိကကျွန်တော်တို့၏ရင်ကို နွေးထွေးစေပါသည်၊ အပြင်ကအအေးဓါတ်ကို ကျွန်တော်တို့ဂရုမစိုက်နိုင်အားပါ။

သက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်နေ့က ဗောဓိမဏ္ဍိုင်တွင် ဘုရားအဖြစ်သို့ရောက်ရှိခဲ့သောဗုဒ္ဓဘုရားရှင် သည် ဗောဓိပင်ရင်း၌ သတ္တဌာနတွင် ၇ ရက်စီ စုစုပေါင်း ၄၉ ရက်စံနေတော်မူခဲ့သည်။ ထို့နောက် တရားဟောရမည့် ပုဂ္ဂိုလ်များကို ကြည့်ရူတော်မူရာ မိမိနှင့် တရားရှာဖက် ငါးဦးသော မိတ်ဆွေတို့ကို မြင်တော်မူသည်။

ဣသိပတန၊ ရသေ့ ရဟန်းများနေထိုင်ကြရာ မိဂဒါဝုန်တောသည် ဗာရာဏသီမြို့ကြီးနားမှာရှိသည်၊ ဂါယာမြို့နှင့်ဆိုသော် မိုင် ၁၃၀ ခန့်ဝေးပါသည်။ ၀ါဆိုလပြည့်နေ့ ညနေချမ်းအခါတွင် ပဉ္စ၀ဂ္ဂီငါးဦး ရှိရာ မိဂဒါဝုန်တောသို့ ဘုရားရှင်ရောက်ရှိလာသည်၊ အစက  မယုံမကြည်ဖြစ်နေကြသော မိမိ၏ မိတ်ဆွေဟောင်းများ၏ သံသယကိုချေဖျက်တော်မူခဲ့သည်။

ဓမ္မစက္က ပ၀တ္တန သုတ်ဟုဆိုအပ်သော ဓမ္မစင်္ကြာတရားဦးကို မိန့်မြွက်ရာတွင် ကာမ္မသုခလ္လိကနုရောဂ ဆိုသော အစွန်းတပါး၊ အတ္တကိလ္လမဏ နုရောဂ ဆိုသော အစွန်းတပါးကို ရှောင်ကျဉ်၍မဇ္ဖျိမပဋ္ဋိပဒါ အလယ်အလတ် လမ်းစဉ်အတိုင်းကျင့်ကြံကြရမည်ဟု ဗုဒ္ဓကမြွက်ကြားသည်၊ ပဌမဆုံး အညာသိ ကောဏ္ဍညက သောတ္တပတ္တိ ဖိုလ်သို့တည်ခဲ့သည်၊ တနေ့လျင်တဦးကျ ပဉ္စ၀ဂ္ဂီငါးဦး အစဉ်အတိုင်းတရားအမြင်ပေါက်ခဲ့ကြသည်။

ထို့နောက်တွင်မှ ဤ မိဂဒါဝုန်တောမှာပင် သူကြွယ်သား ယသ မှအစပြု၍ သူ၏မိတ်ဆွေအပေါင်းကိုတရား  ရေအေးတိုက်ကျွေးနိုင်ခဲ့သည်၊ ပဌမဆုံးသော ရဟန်းသံဃာအစုအဝေးဖြစ်လာခဲ့သည်၊

ထိုအခါဗုဒ္ဓရှင်တော်မြတ်က…. ရဟန်းတို့ အစ၏ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်း ရှိသော၊ အနက်နှင့်ပြည့်စုံသော၊ သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောကြကုန်လော့၊ အထက်ဝန်းကျင် စင်ကြယ်သောအကျင့် ကိုပြကုန်လော့၊ မြတ်သောအကျင့်ကိုပြကုန်လော့ ဟုတိုက်တွန်းခဲ့ပါသည်။

ကျွန်တော်တို့ထိုင်မိကြရာ ဤနေရာတ၀ိုက်မှာပင်ဘုရားရှင်က ရဟန်းပရိတ်သတ်ကို အမှာ စကားချွေခဲ့ခြင်းဖြစ် ပါသည်။

(၃)

ဓမ္မစင်္ကြာတရားတော်၏အနှစ်သာရမှာ သစ္စာလေးပါးတရားတော်ဟုဆိုနိုင်ပါသည်၊ လူဟူ၍ ဖြစ်တည်လာပြီး မွေးဖွားမှု သံသရာလည်ပတ်နေရခြင်းသည် ဒုက္ခသာဖြစ်သည်၊ ထိုဒုက္ခမှာ လိုအင်ဆန္ဒ၊ တပ်မက်ခြင်းတဏှာ ကြောင့်ဖြစ်ရသည်၊ ထိုဒုက္ခဆင်းရဲမှ လွတ်မြောက်ကြောင်းလမ်းကြောင်းအမှန် နိရောဓ သစ္စာတရားရှိသည်၊ ဒုက္ခသံသရာမှ လွတ်မြောက်ရန်အတွက်မဂ္ဂသစ္စာတွင် မဂ္ဂင်ရှစ်ပါးဟုဆိုအပ်သော နည်းလမ်းအသွယ်သွယ် ကိုညွှန်ပြခဲ့သည်၊

ဗုဒ္ဓဓမ္မ၏ အရေးကြီးသော တရားတော် နောက်တခုမှာသံသရာစက်ဝိုင်းအတွင်း မှဖြစ်ပျက်သမျှ အကြောင်း အရာများသည်တခုနှင့်တခုမှီခိုဆက်နွှယ်နေကြသည်ဆိုသော ပဋ္ဋိစ္စသမုပ္ပာဒ် တရားတော်ဖြစ်သည်၊ တခုဖြစ်ဖို့ တခုလိုသလို၊ တခုမဖြစ်ရန် အတွက် တခုကဖြစ်မလာဖို့လိုသည်၊ အ၀ိဇ္ဇာတရားသည် သင်္ခါရတို့၏ ဖြစ်ပေါ် ကြောင်းဖြစ်သည်၊ သင်္ခါရတို့ကြောင့်သာ ၀ိဥာဏ် ဖြစ်ပေါ်ရသည်၊ ၀ိဥာဏ်ကြောင့်နာမရူပတို့ဖြစ်ပေါ်လာရသည်၊ ဤအင်္ဂါ ၁၂ ရပ် ပါဝင်သော တရားတော်တွင် မွေးဖွားရခြင်းဖြစ်သည်နှင့်အိုခြင်း၊ နာခြင်း၊ ဆင်းရဲခြင်း တို့ဖြစ်ရမည် ဟုဆိုခဲ့သည်၊

ပုထုဇဉ်လူသားတို့အဖို့ ဥာဏ်ထောက်မမှီသမျှ ပဋိစ္စသမုပ္ပာဒ် တရားတော်၏ဖြစ်စဉ်ကို ရဟန္တာသူတော်စင်များ မြင်သလိုမမြင်နိုင်ပါ၊ သံသရာဝဲသြဂထဲ၌ လူတို့၏ ဆင်းရဲဒုက္ခဖြစ်ရပုံကို ရိပ်စားမိရုံနားလည်မိကြပါသည်၊

တတိယအရေးကြီးသောအချက်မှာ ဗုဒ္ဓကလူတို့ဖြစ်စဉ်ကိုခန္ဓာငါးပါးဖြင့် ရှင်းလင်းပြခဲ့ခြင်းဖြစ်ပါသည်၊ လူပုဂ္ဂိုလ်၊ မိမိဟူ၍ ကျွန်တော်တို့ယုံကြည်နေကြသော အရာမှာ ပဉ္စ္စခန္ဓာဟုခေါ်သော ခန္ဓာငါးပါး၏အစုအပေါင်းကိုခေါ်ပါ သည်၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာခန္ဓာ၊ သင်္ခါရ ခန္ဓာနှင့် ၀ိဥာဏက္ခန္ဓာဟူ၍ ငါးမျိုးပေါင်းစပ်မှုကိုသာလူအဖြစ် သတ်မှတ်နိုင်သည်ဆိုသောကြောင့် “ လူသည် ဘာဖြစ်သည် “ ဆိုခြင်းထက် “လူသည် ဘယ်လိုဖြစ်ပေါ်နေကြ သည်” ဆို သောအကြောင်းကိုသာ ဗုဒ္ဓက ရှင်းပြခဲ့ပါသည်၊

အနတ္တလက္ခဏသုတ် ၏ဆိုလိုချက်မှာ “ထိုခန္ဓာငါးပါး အစုအပေါင်းသည် ဒုက္ခဖြစ်သည်” ဟူသောအချက် ပင်ဖြစ်ပါသည်၊ ဤသုတ်ကိုကြားနာပြီးချိန်တွင်မှ ပဉ္စ၀ဂ္ဂီ ငါးဦးစလုံး အာသဝေါကုန်ခမ်းပြီး ရဟန္တာ များဖြစ် ခဲ့ကြပါသည်၊ သုတ္တန်ပိဋကတ်တော် ခန္ဓ၀ဂ် တခုလုံးမှာ ဗုဒ္ဓက လူ၊ ပုဂ္ဂိုလ်အမျိုးမျိုးတို့အား ဤခန္ဓာငါးပါးနှင့် ပါတ်သက်၍ ဒုက္ခအစုအပေါင်းသာဖြစ်ကြောင်း အကြိမ်ကြိမ်ဟောပြတော်မူပါသည်၊

ခန္ဓာငါးပါး၏ဖြစ်စဉ်ကိုမြင်လျင် လူ၌အတ္တဆိုသည့်ဝိဥာဉ်ကောင် မရှိကြောင်း၊ လူပု၈္ဂိုလ် ငါ ဆိုသည်မှာ မိမိ ဖါသာ သတ်မှတ်ယုံကြည်ထားမှုသာဖြစ်ကြောင်း တရားသဘောကိုမြင်နိုင်ကြပါသည်၊ သမုဒ္ဒရာရေသည် ငံသည့်တခု တည်းသော အရသာကိုသာပေးသလို ဗုဒ္ဓတရားတော်များ၏ အနှစ်သာရမှာ ၀ိမုတ္တိ၊ လွတ်မြောက်ရေး သဘော ကိုသာဦးတည်နေကြပါသည်၊ တရားတော်အားလုံး၏ တခုတည်းသောရည်ရွယ်ချက်မှာ လူတို့၏မွေးဖွားမှု သံသရာမှ လွတ်မြောက်နိုင်ရေးသာဖြစ်ပါသည်၊

လူတို့၏အသိဝိဥာဏ်ဆိုသည်မှာ အာယတန ၆ ပါးနှင့် အာရုံခံပစ္စည်းတို့တွေ့ထိခိုက်စဉ် ခဏတာသာဖြစ်ပေါ် သည်၊ မြစ်ရေသည် စဉ်ဆက်မပြတ်စီးဆင်းနေပေရာ ယနေ့ဆင်းပြီး ရေချိုးခဲ့သောမြစ်သည် မနက်ဖြန်တွင် မရှိတော့ပေ၊ ဆင်းသည့် ပုဂ္ဂိုလ်ကလည်းနက်ဖြန်ဆိုလျင် ယနေ့ပုဂ္ဂိုလ်မဟုတ်တော့ပြီ၊ အမြဲဖြစ်တည်သည်ဟုမရှိ ဆက်တိုက်ဖြစ်ပေါ်နေသော လူတို့၏ ရပ်တည်မူမှာအစစ်အမှန်မဟုတ်၊ လူတို့၏ ခံယူယူဆချက်သာ ဖြစ်သည်၊

လူဖြစ်လာပြီဆိုသည်နှင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူ၍ လက္ခဏာရေးသုံးပါး အထင်အရှားဖြစ်ရသည် ဟုလည်းဟောခဲ့ပါသည်၊ သံသရာတွင် အရာဝတ္ထုမှန်သမျှ မတည်မြဲရခြင်းမှာ အနိစ္စတရား၏ လက္ခဏာဖြစ်ပါသည်၊ထိုအရာတို့မှာ ဒုက္ခဖြစ်ရသည်ဟု ပထမသစ္စာကဆိုပါသည်၊ ကံ၊ ကံ၏ အကျိုးဟုဆိုအပ်သော ကာမနိယာမ တရားအရ လူတို့၏စေတနာ အပြုအမူနှင့် ကံတရားမှာ ပျက်ပြယ်၍မသွား၊ ကောင်းမှုသည်ကောင်းမှုအလျောက် အကျိုး စီးပွားဖြစ်စေလိမ့်မည်၊ ဒုတိယသစ္စာကလူတို့၏စိတ်ဆန္ဒ အစွဲအလန်းနှင့်ပြုသမျှကံတို့ကြောင့် စိတ်အလိုမကျ ခြင်း ဆင်ရဲဒုက္ခဖြစ်ရသည်ဟုဆိုခဲ့သည်၊

ထိုဆင်းရဲအပေါင်းမှ ငြိမ်းရာ ချုပ်ရာ နေရာကို နိဗ္ဗာန်ဟု ဗုဒ္ဓကဟောခဲ့ပါသည်၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မ၀ါယမ၊ သမ္မာသတိ၊ သမ္မာသမ္မာဓိ ဟူသော မဂ္ဂင်ရှစ်ပါးသည်း နိဗ္ဗာန်သို့တက်လှန်း ရန်တခုတည်းသောလမ်းကြောင်းဖြစ်သည်ဟုဟောပြခဲ့သည်။

(၄)

ဗုဒ္ဓ၀ါဒသည်လူတို့အား မြင့်မြတ်သော အသိကိုပေးသည်၊ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း လမ်းကို ညွှန်ပြသည်၊ နက်နဲလှသော တရားတော်၏ အတိမ် အနက်ကိုမူအလွယ်တကူ ထောက်မမှီနိုင်ပါ၊

၁၉၂ရ ခုနှစ်က ရူရှားပညာရှင် ပရော်ဖက်ဆာ စတာချာဘက်စကီး (Stcherbatsky) က ဥရောပပညာရှင်များ သည် နှစ်ပေါင်း ၁၀၀ကျော် လေ့လာဆန်းစစ် ပြီးကြသည့်တိုင်ဗုဒ္ဓတရားတော်များ၏ ဒဿနကို ချေချေမြစ်မြစ် နားမလည်နိုင်ကြသေးပါဟု ပြောခဲ့ဘူးသည်၊ ထိုစကားသည် ယခုအချိန်အထိ မှန်ကန်လျက်ရှိပါသေးသည်၊

ဓမ္မေခ ပုထိုးတော်ကြီးဘေးမှာထိုင်ရင်း ကျွန်တော်တို့၏စိတ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ဘုရားရှင်လက်ထက်တော်က အချိန်များဆီသို့ အာရုံညွှတ်သွားမိကြပါသည်၊ ကျွန်တော်တို့သည် ထေရ၀ါဒ နိုင်ငံတော်တွင် ဗုဒ္ဓ ၏အဆုံးအမတို့ဖြင့် ကြီးပြင်းခဲ့ကြသူများဖြစိပါသည်၊ သို့တိုင် လူပေါင်းများစွာတို့ကို တရား ဓမ္မ အလင်းရောင်ပေးခဲ့သော တရားတော်များသည် ယခုအခါ၌ပင်လျင် ကျွန်တော်တို့အဖို့ ရိပ်စားမိရုံလောက် သာနားလည်နိုင်ကြပါသည်၊

ကိုသန်းလွင်
(Photo credit – http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:404526?xg_source=activity)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, အတွေးအမြင်

One Response to ကိုသန်းလွင် – ဗုဒ္ဓသာသနာအစ မိဂဒါဝုန်

  1. zaw aung on July 25, 2016 at 10:25 am

    မြန်မာပြည်က မ.ဘ.သ ဗုဒ္ဓဝါဒကတော့ အိုင်ဒီး အလွန်ကောင်းပေမဲ့ လက်တွေ့မှာတော့ ခေတ်နဲ့ညီဖို့ ပြုပြင်ခွင့်မပေးပါဘူး။ အထူးသဖြင့် ဝိနည်းတွေက ပြင်းထန်လွန်းလို့ .. လူဝတ် ဓမ္မကထိကဆရာ လက်မခံကြခြင်း.. စသဖြင့်..

    တကယ့်ဗုဒ္ဓလထကိုင်းရှိုင်းတဲ့ မင်းတုန်းမင်း နဲ့ ဝန်ကြီးချုပ်ဦးနု တို့လက်ထက်မှာ နူးညံ့လွန်းတော့ နိုင်ငံတော်အာဏာ မတန်မရာလူတွေလက်ထဲ ရောက်သွားပြီး တိုင်းပြည်ပျက်စီးခဲ့ရတာ ရာဇဝင်ပါ။ ကားလမ်းဘေးတွေက စေတီဘုရားမြောက်များစွာ တည်ထားတာ ကောင်းပေမဲ့ … သာသနာပုဂ္ဂလိကကျောင်း တွေ တည်ထောင်လုပ်ကိုင်နေတဲ့ ဘုန်းကြီးတွေ အများကြီး ပေါ်လာတာ .. အလွန်ကောင်းတဲ့ ဗုဒ္ဓဘာသာ အဓွန့်ရှည်ရေး ပြုပြင်ပြောင်းလဲရေးပါပဲ။

    ကျနော့်  ခံယူချက်ကတော့ ဘာသာရေးပညာဆိုတာ .. တမလွန်စိတ်ချမှု.. လောကဆင်းရဲခံနိုင်မှု အတွက် အဓိကပဲ ဖြစ်ပါတယ်။ ခန္တာကျန်းမာချမ်းသာ ရရှိဖို့တော့ သိပ်အားကိုးမရပါ။ ခန္တာကျန်းမာချမ်းသာဖို့တော့ လောကပညာ (စာသင်ကျောင်း) တွေ အားဖြင့် (မျက်စိနားဖွင့်ထားနိုင်မှ) တိုးတက်မှာပါ။

    … သဘောကွဲလွဲမှုရှိရင်လဲ ခွင့်လွှတ်နိုင်ကြပါစေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်