နေနေ ● ကျနော် .. အီးယားရင်းသမား

July 26, 2016

နေနေ ● ကျနော် .. အီးယားရင်းသမား
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆
 

(၁)
သူငယ်တန်း ဆိုပေမယ့် ကျနော် မှတ်မိနေပါပြီ၊၊ ကျနော် ငယ်ငယ်ကနေတဲ့ ကျောင်းကအခန်းတွေ ဖွဲ့မထားပါဘူး။ ဟောကြီး ထဲမှာ အတန်းတွေကို ဒီလိုပဲ သူ့ အကန့်နဲ့သူ ခွဲထားတဲ့သဘောပါပဲ၊ တကျောင်းလုံးမှာ ဆရာမနှစ်ယောက်လောက်ပဲ ရှိတယ်၊ တခါတလေ တယောက်တည်းရယ်၊ ဒါကြောင့် တတန်းပြီးတတန်း လှည့်သင်နေရတာပေါ့၊ ဒီလိုနဲ့ တခြားအတန်းတွေကို သင်တဲ့အခါဆိုရင် နောက်တတန်းက အားနေတတ်တယ်၊ ကစားချိန်ပေးရင်ပေး၊ မဟုတ်ရင် အတန်းထဲမှာ ငြိမ်ငြိမ်နေ၊ သို့မဟုတ်ရင် တခုခု လုပ်ခိုင်းထားတယ်၊ ဒီလိုနဲ့ပေါ့…။

အဲဒီတုန်းက ကျောင်းအပ်ပြီးခါစ ကျနော်တို့ စာတောင် ကောင်းကောင်းမသင်ရသေးပါဘူး။ စာသင်တဲ့ စံနစ်ကလည်း စာ တပုဒ်ကို ဆရာမက ရှေ့ကနေ နှစ်ခေါက် သုံးခေါက် တိုင်ပေးမယ်၊ ကျောင်းသားတွေက နောက်ကနေ လိုက်ဆိုမယ်၊ ပြီးရင် ကျောင်းသားတွေထဲက တော်တဲ့ တယောက်က (ရသွားတဲ့ တယောက်က) တိုင်ပေးမယ်၊ ကျန်တဲ့ကျောင်းသားတွေက လိုက်ဆိုမယ်၊ အားလုံးရသွားတဲ့အခါ တတန်လုံး ညီညီညာညာဆိုမယ်၊ ဒါဆို ရပြီ၊၊ နောက်တပုဒ် တက်လို့ ရပြီပေါ့၊ ဒီလိုနဲ့ပေါ့…။ တနေ့မှာ… နှစ်တန်းမှာ နိုင်ငံတော် အလံအကြောင်း သင်တယ်၊ သင်နေကြအတိုင်းပဲပေါ့၊ ဆရာမ တိုင်တယ်၊ ကျောင်းသားတွေက လိုက်ဆိုတယ်။ ပြီးတော့ အတန်းထဲက အတော်ဆုံး ကျောင်းသားတယောက်ကို တိုင်ခိုင်းတယ်၊ မဖြောင့်ဘူး၊ ဆရာမက နောက်တခေါက် ထပ်တိုင်တယ်၊ ထပ်ဆိုခိုင်းတယ်။ မဖြောင့်သေးဘူး။ ဒီအချိန်မှာ ဇာတ်လိုက်ဖြစ် လာမယ့် ကျနော်က သူငယ်တန်း ခုံမှာ ထိုင်နေရင်းနဲ့ နှစ်တန်းက ဆရာမတိုင်တာတွေကို လိုက်ဆိုနေရင်းနဲ့ တို့ (ဒို့) အလံအကြောင်းကို အလွှတ်ရသွားတယ်။ သူငယ်တန်းခုံမှာ ထိုင်နေရင်းနဲ့ အလွှတ်ဆိုနေပြီ၊၊ ဆရာမတွေ့တော့ ကျနော့်ကို နှစ်တန်းဆီကို ခေါ်တယ်၊ ပြီးတော့ တိုင်ခိုင်းတယ်၊ သူငယ်တန်းကျောင်းသား ကျနော်က ရှေ့ကတိုင်.. နှစ်တန်း ကျောင်းသားတွေက နောက်ကနေ ညီညီညာညာ လိုက်ဆိုပေါ့… ကျနော် နာမည်ကြီးသွားတယ်။ အဲဒီတုန်းက ကျနော် ကကြီး ခခွေးတောင် မသိသေးပါဘူး၊ ကြားတဲ့ အသံကို မှတ်မိပြီး အလွတ်ရသွားတာပါ၊

(၂)
ကျနော်တို့ မောင်နှမတွေက နှစ်နှစ်ဆီကွာတယ်ဗျ။ ဒါပေမဲ့ မိဘတွေက အတန်းတွေကိုတဆက်တည်း ဖြစ်အောင် စီစဉ်ထားတယ်။ စာအုပ်ဖိုးး၊ အ၀တ်အစားဖိုးကလည်း အကုန်အကျ အများကြီး မခံရ ဘူးပေါ့၊ အလွန် အီကိုနော့မစ်ဆန်တဲ့ အစီအစဉ်ပေါ့။ စာအုပ်တွေ၊ အ၀တ်စားတွေ၊ ထီး၊ ဖိနပ်က အစ အဆင့်ဆင့် လက်ပြောင်းယူကြတယ်၊ အားလုံး ဒီလိုပါပဲ။ ကျနော်ဆိုရင် ငယ်ငယ်က ကျနော့် အစ်ကို ဆီက “အကျ” တွေပဲ ၀တ်ရတယ်၊ သုံးရတယ်။ ထားတော့။ ဆိုခဲ့တဲ့အတိုင်း ကျနော် အထက်က အစ်ကို တယောက်၊ နို့ညှာက အစ်မ၊ ကျနော်ကတော့ အထွေးဆုံး (နို့စို့) ပေါ့၊ အတန်းတွေက ဆက်တိုက်ပဲ၊ အစ်ကိုကသုံးတန်းဆိုရင် အစ်မက နှစ်တန်း၊ ကျနော်က တတန်းပေါ့၊ ကျနော် အစ်ကို စာကျက်ရင် အသံကိုမထွက်ဘူး၊ ထွက်ရင်လည်း ဗလုံးဗထွေ၊ မသဲကွဲဘူး၊ ကျနော့်အစ်မကျတော့ စာထွက်ရင် အသံထွက်ပြီး ကျက်တယ်၊ အဲဒီတော့ အီးယားရင်းသမား ကျနော်နဲ့ အံကိုက်ပဲပေါ့။ ဒါကြောင့်လို့ ထင်တယ်။ ကျနော်က သုံးတန်းဆိုရင် လေးတန်းစာလည်း ရနေတယ်၊ ငါးတန်းရောက်ရင် ခြောက်တန်း စာလည်း ရနေတယ်။ ကျနော့် အစ်မ အော်ကျက်တဲ့စာတွေကို ကျနော်ရနေတယ်။ ကျောင်းဖွင့်တဲ့အခါ တခြား အတန်းဖော်တွေထက် ကျနော်အမြဲတမ်း ခေါင်းတလုံး သာနေတယ်၊ ထူးထူးခြားခြား စာမကြိုးစားရဘဲနဲ့ အတန်းတိုင်းမှာ ဆုရတယ်၊ လေးတန်းဆိုရင် တနယ်လုံးမှာ နံပါတ် (၁) ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ကျောင်းသားဘ၀ကို အီးယားရင်းနဲ့ ဖြတ်သန်းလာ လိုက်တာ ဆယ်တန်းရောက်တဲ့အထိ၊ အောင်သွားတဲ့ အထိပါပဲ။ ဒီလိုနဲ့ တက္ကသိုလ်ရောက်တော့ ကျနော်စာအလွန်ညံ့သွားတယ်။ မိဘတွေဆို မယုံနိုင်အောင် ဖြစ်ကြတယ်။ ဒီကောင် ဘာဖြစ်တာလဲ၊ ရည်းစားထားလို့လား၊ တခြားမှာ အာရုံလွဲနေတာလား၊ စသဖြင့်ပေါ့။

တခါမှာ ကျနော့် အဖေက ကင်မရာတွေရော၊ နားကျက် ကက်ဆက်ကိုပါ သိမ်းဖို့ အမိန့်ထုတ်ဖူးတယ်၊ ထားတော့၊ ပြန်စဉ်းစားကြည့်တော့ အားလုံးနဲ့ ဆိုင်ပါလိမ့်မယ်။ ပထမအကြောင်းက ကျနော် ၀ါသနာ မပါတာပါ၊ ကျနော်က ၀ိဇ္ဇာဘက်မှာ၊ အတွေးအခေါ်ပိုင်းမှာ စိတ်ဝင်စားတယ်၊ အမှတ်မီလို့ အင်ဂျင်နီ ယာကျောင်းကို ပို့လိုက်တော့ စိတ်မ၀င်စားဘူး၊ စာလိုလို၊ ကဗျာလိုလို၊ လိုလို လုပ်နေတယ်။ အတွေးသမား၊ အငေးသမား၊ အဆွေးသမားဆိုပါတော့.။ ဒါက တပိုင်းပါ။ အဲဒီအချိန်မှာ အမှတ် မကောင်းတဲ့ ကျနော့်အစ်မက ပထ၀ီမေဂျာနဲ့ အဝေးသင်ပဲ တက်တယ်၊ ကျောင်းဆရာမလုပ်နေတယ်။ အီးယားရင်းသမား ကျနော်က နည်းပညာတက္ကသိုလ်ရောက်သွားတယ်။ ကျနော့်အတွက် ဒုက္ခပေါ့။ သူငယ်ချင်းတွေနဲ့ အဆောင်ငှားနေတော့လည်း တယောက်တခန်းစီ။ စာအော်ကျက်တဲ့ သူငယ်ချင်း တွေလည်း တယောက်မှမရှိတော့ဘူး။ ငယ်ငယ်တုန်းကလို ကျနော့်အစ်မက စာအော်ကျက်လို့ ကြားဖူးနားဝရှိနေတဲ့ စာတွေလည်း မရှိတော့ဘူး။ အားလုံး အစိမ်းသက်သက်ပေါ့၊ စာမေးပွဲ ခဏခဏ ပြန်ဖြေရတယ်။ အခု ပြန်စဉ်းစားကြည်တော့ ကျနော်ညံ့သွားတဲ့ကိစ္စမှာ အီးယားရင်းနဲ့ ဆိုင်တယ်လို့ တွေးမိတယ်။

(၃)
အခုတော့ အီးယားရင်းက ငယ်ငယ်တုန်းကလောက် မကောင်းတော့ပါဘူး။ တခုခုဆိုရင် တယောက် က ပြောတာလား၊ ဖတ်ဖူးတာလား၊ ကြုံဖူးတာလား မနည်းပြန်စဉ်းစားရတယ်။ Visual ပိုင်းလည်း အားနည်းနေပါပြီ၊ ပြီးတော့ ကိုယ့်ဘ၀နဲ့ ကိုယ်..။ အနားမှာ လမ်းညွန်ပြသဆုံးမပေးမယ့် မိဘလည်း မရှိ၊ ဆရာသမားလည်းမရှိဆိုတော့ တခါတလေ အီးယားရင်းနဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေကို သတိရ တယ်။ ဒါပေမဲ့ ဘ၀ဆိုတာက အီးယားရင်းနဲ့ ဖြတ်သန်းလို့ ရတာမျိုးမဟုတ်ပါလားလို့ သဘောပေါက်တဲ့ အခါလည်း တခုခုကို လွမ်းသလို၊ စိတ်ထဲမှာ ဟာတာတာရယ်…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်