ကိုသန်းလွင် – နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု

August 2, 2016


ကိုသန်းလွင် – နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု

(မိုးမခ) သြဂုတ် ၂၊ ၂၀၁၆
(၁)

ဒီမိုကရေစီခေတ်သစ်ရောက်လျင် နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုများ အလုံးအရင်း ၀င်ရောက်လာမည်ဟု ကျွန်တော် တို့ မျှော်လင့်ခဲ့ကြပါသည်၊ ၂၀၁၅ ဧပြီလနောက်ပိုင်း FDI ခေါ် ပြင်ငနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများမှာ လစဉ်ပျမ်းမျှ သန်း ၅၀၀ ကျော်သည်မရှိပါ၊ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံကြရန်အတွက်နိုင်ငံခြား ကုမ္ပဏီကြီး များစွာကစိတ်ဝင်စားကြသည် ဟု ကျွန်တော်မထင်မိပါ၊

(၂)

ကျွန်တော်တို့မြင်ဖူးသော စနစ်မှာ စင်္ကာပူနိုင်ငံမှ EDB ခေါ် Economic Development Board ၏ အလုပ်လုပ် ပုံပင် ဖြစ်ပါသည်၊ ၁၉၆၅ ခုနစ် လွတ်လပ်ရေးရပြီး ချိန်တွင် စင်္ကာပူနိုင်ငံက ကုလသမဂ္ဂ UNDP အေဂျင်စီသို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအတွက်အကြံဥာဏ်တောင်းခံခဲ့ရာတွင် ကုလသမဂ္ဂက ဒတ်(ချ) လူမျိုး ပညာရှင်တဦးကိုစေလွှတ်ပေးခဲ့ပါသည်။

ထိုစဉ်က စင်ကာပူနိုင်ငံ၏စီးပွားရေးမဟာဗျူဟာမှာ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများနှင့် ခရီးသွားလုပ်ငန်းမှ ၀င်ငွေ များရရှိရန် ဖြစ်သည်။

ကုလသမဂ္ဂမှ စေလွှတ်လိုက်သော ထိုပညာရှင်က အကြံပြုခဲ့ရာတွင် နိုင်ငံခြားမှ ရင်နှီးမြှုပ်နှံရန်လာရောက် ကြမည့် ကုမ္ပဏီများအတွက် လိုအပ် သမျှကို ၀န်ကြီးဌာနပေါင်းစုံနှင့် ဆက်ဆံရန်မလိုဘဲတနေရာထဲမှာပင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် ရုံးတခုကို ဖွဲ့စည်းပေးသင့်သည်ဟု အကြံပြုခဲ့ပါသည်၊ ဤနည်းဖြင့် စင်ကာပူ၏ အီး၊ ဒီ၊ဘီ Economic Development Board အဖွဲ့ပေါ်ပေါက်ခဲ့ပါသည်၊

အသစ်ဖွဲ့စည်းပေးလိုက်သောအဖွဲ့ဥက္ကဌက နိုင်ငံခြားကုမ္ပဏီများနှင့် ဆက်သွယ်ရန် စင်ကာပူတက္ကသိုလ်မှ ဘွဲ့ရလူငယ်များအပြင်အင်္ဂလန်၊ အမေရိက၊ ဥရောပ၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံပေါင်းစုံမှ ဘွဲ့ယူလာ ကြသော လူငယ်လူရွယ်များကို ဖိတ်ခေါ်ခဲ့ပါသည်၊ ထူးချွန်ထက်မြက်သော လူငယ် အများအပြား သည် လုပ်ပိုင်ခွင့် အပြည့်ရရှိခါ နိုင်ငံရပ်ခြားမှ ကုမ္ပဏီများကို ဆက်သွယ်ဖိတ်ခေါ်ခဲ့ကြပါသည်၊

သူတို့သည် တိုင်းပြည်၏ကံကြမ္မာမှာ သူတို့လက်ထဲတွင်ရှိသည်ဟုခံယူကြသည်၊ တနေ့တနေ့ ကျောင်းဆင်းလာ ကြသော ကလေးများကိုမြင်သော် သူတို့တနေ့တွင် အလုပ်အကိုင်ရရှိရေးမှာ သူ့တာဝန်ဟု ခံစားရသည်ဟု အီးဒီဘီ အရာရှိတဦးက ဆိုသည်။

နိုင်ငံပေါင်း ၅၀ ကျော်မှ ကုမ္ပဏီများကို ဖုံး၊ ကြေးနန်း၊ စာတို့ ဖြင့်ဆက်သွယ်ခဲ့ကြရာတွင် တချို့ကုမ္ပဏီ များမှာ စင်္ကာပူဆိုသောနိုင်ငံ ဘယ်နေရာမှာရှိသည် ဆိုခြင်းကို မသိသူများပင် ရှိခဲ့ကြပါသည်၊ ရင်းနှီးမြှုတ်နှံမည့်သူ မေးသမျှမေးခွန်းများကို ပြေလည်းအောင်ဖြေဆိုကြရသည်၊ လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးရန်မှာ သူတို့ တာဝန်ဖြစ်သည်၊

၁၉၆၈ ခုနှစ်တွင် Texas Instrument ရောက်လာခဲ့သည်၊ စာချုပ်ချုပ်ဆိုအပြီး ရက်ပေါင်း ၅၀ အတွင်းတွင် ကုန်ထုတ်လုပ်မှု စတင်နိုင်ခဲ့သည်၊ များမကြာမှီ National Semiconductor ကုမ္ပဏီရောက်လာသည်၊ ဂျပန် တို့မှာ သူတို့စက်ရုံ လိုအပ်ချက်များကို ဘယ်နိုင်ငံမှာမှ မဖြည့်ဆည်းနိုင်ဟု ယူဆခါ နိုင်ငံခြားတွင် စက်ရုံ တည် ဆောက်ရန် ၀န်လေးကြသည်၊ ဥပမာ သူတို့စက်များကို လည်ပါတ်စေရန် ဗို့အားအလွန်တည်ငြိမ်သော လျပ်စစ် ပါဝါ ဆပ်ပလိုင်းရှိရန်လိုသည် ဟုဆိုသည်၊ မည်သို့ဆိုစေ ၁၉၇၀ ခုနှစ်တွင် ဆီကို နာရီကုမ္ပဏီ ရောက်လာသည်၊

၁၉၆၁ ခုနှစ်က စင်ကာပူတွင် နီုင်ငံခြားသားပိုင်ကုမ္ပဏီပေါင်း ၁၉ ခုသာရှိခဲ့ရာမှ ၁၉၇၀ ပြည့်နှစ်တွင် ကုမ္ပဏီ ပေါင်း ၃၉၀ ဖြစ်လာခဲ့သည်၊

၁၉၇၀ ခုနှစ်တွင် ဧက ၉၀၀၀ ကျော်ရှိသော ဂျုရောင်းဒေသကို စက်မှုဖွံ့ဖြိုးရေး ဇုံ အဖြစ်သတ်မှတ်ခါ စက်ရုံ အလုပ်ရုံတို့အတွက် လိုအပ်သော အဆောက်အဦး၊ လမ်းများ၊ ရေဆပ်ပလိုင်းနှင့် ရေဆိုးထွက်ပေါက် များ ကိုစနစ်တကျပြုပြင်ပေးခဲ့သည်၊စက်ရုံများတည်ဆောက်လည်ပါတ်နိုင်ရန် လိုအပ်သမျှ Infrastructure ကို တည်ဆောက်ပေးရသည်ဟုဆိုလိုပါသည်၊

HP ဥက္ကဌ Mr Hewlett မှာ သူကိုယ်တိုင်လာမကြည့်မှီတွင် စင်ကာပူသို့ အထောက်တော် ၅ ယောက်ခန့် စေလွတ်ပြီးသူတို့က ကျေနပ်မှ ကိုယ်တိုင်လာပြီးကြည့်သည် ဟုဆိုသည်၊ သူရောက်လာမည့်ရက်တွင် လျှပ်စစ်ပါဝါ လိုင်းမှာအဆင်သင့် မဖြစ်သေး၍ အီးဒီဘီ အရာရှိက ယာယီ Extension ကြိုးဖြင့်လျှပ်စစ် သွယ်တန်းပေးခဲ့ရသည်။

တချိန်တွင် အီးဒီဘီ အရာရှိများမှာ အစိုးရ အတွင်းဝန်များ ၊ ကက်ဘိနက် ၀န်ကြီးများဖြစ်လာကြသည်၊ နောင်တွင် လုပ်ငန်း များပြားလွန်းသောကြောင့် DBS – Development Bank Of Singapore နှင့် Jurong Town Council ဟု ကုမ္ပဏီ နှစ်ခု ခွဲပေးလိုက်ရသည်ဟု ကြားဖူးသည်။

အီးဒီဘီ ရုံးခွဲများကို ဂျပန်၊ ကိုရီးယား ၊ အမေရိကား ကမ္ဘာ့အနှံ့ နိုင်ငံပေါင်းစုံဖွင့်လှစ်ပြီး နိုင်ငံခြား ကုမ္ပဏီ များမှ လိုအပ်သမျှ အချက်အလက် ဆွေးနွေးညှိနှိုင်းခြင်း ကိစ္စများကိုနိုင်ငံခြား ကုမ္ပဏီများအနေဖြင့် စင်ကာပူ သို့ပင် သွားရန်မလိုဘဲ အလုပ်လုပ်လာနိုင်ကြသည်။

(၂)

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ အလုပ်မှာ မိမိထံရောက်လာသမျှကိုသာ စီစစ်လက်ခံခြင်း လုပ်နေပြီး (Inward Looking) မိမိက အပြင်ထွက်၍လာပါဟု ဖိတ်ခေါ်ခြင်း (Outward Looking) မရှိဟု ဆိုရပါလိမ့်မည်။

ရင်းနှီးမြှုပ်နှံလိုသူတဦးသည် လိုအပ်သည့်မြေနေရာ ၊ လျှပ်စစ်နှင့် ရေလိုအပ်ချက် ၊ ငွေကြေး အ၀င်အထွက် ကိစ္စရပ် များ အလုပ်သမားရေးရာ စသည်ဖြင့် လိုအပ်သမျှသည် မိမိတာဝန်သာဖြစ်သည်။ အစိုးရကော်မရှင်က နိုင်ငံခြား ကုမ္ပဏီ၏တင်ပြချက် အသေးအစိတ်ကို စီစစ်ပြီး ခွင့်ပြုမိန့်ချပေးရခြင်းသာ ရှိသည်။

သူတို့သည် Form ပေါင်းများစွာ ကိုဖြည့်စွက်ကြရပြီး ဘဏ်ငွေစာရင်း၊ မိမိလုပ်ငန်း၏ ဆယ်နှစ်တာ ခန့်မှန်း အမြတ်ငွေ၊ အလုပ်သမားလိုအပ်ချက်၊ ရံပုံငွေကို ဘယ်က ရသည်ဆိုသော အချက်အလက်တွေကို ဖြည့်စွက် ကြရမည်၊ တနည်းဆိုသော် စာမေးပွဲ စစ်သလို မေးသမျှမေးခွန်းတွေကို ဖြေပြီး ကျေနပ်ပါမှ ရင်းနှီးမြှုပ်နှံခွင့် ရကြပါသည်။

ထိုစနစ်ကို ကြိုးနီစနစ်ဟုမဆိုလျင် ဘယ်စနစ်ကို ကြိုးနီ စနစ်ဟုခေါ်ရမည်မသိပါ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို ဖိတ်ခေါ်ရမည့် ရုံးကြီးမှာ ထိုရင်းနှီးမြှုတ်နှံမှုများကို တားဆီးပိတ်ပင်သည့် ဂိတ်ကြီးသဘွယ် ပြုမူနေသည်ဟု ခံစားမိပါသည်၊ အစိုးရ ၏တာဝန်မှာ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများကို ဖိတ်ခေါ်ရန် နှင့် ထို ကုမ္ပဏီများ၏ လုပ်ငန်း ကိစ္စ အ၀၀ ဆောင်ရွက် ရာတွင် အဆင်ပြေစေရန် စီင်္မံပေးဘို့ဖြစ်သည်၊ သူတို့၏ ဘဏ်ငွေစာရင်းမှာ ဘယ် လောက်ရှိသည်၊ ဆယ်နှစ်ကြာသော် အမြတ်ဘယ်လောက် မျှရမည်ဆိုသော အချက်များမှာ အစိုးရက ပူပင် နေရန်အကြောင်း မရှိပါ၊

အစိုးရက မိမိခွင့်ပြုလိုက်သော မြေနေရာအတွက် ထိုက်သင့်သောတန်ဖိုးကိုနိုင်ငံတော်ကရရှိရန်၊ စီးပွားရေး လုပ်ငန်းမှ သင့်တော် သော အကောက်ခွန် ရရှိရန်လိုအပ်သည်၊ ထိုကိစ္စအတွက် တပြည်လုံး ပြည်နယ်တိုင်းများ ရှိ စက်ရုံဆောက်နိုင် သောမြေနေရာအားလုံး၏ စာရင်းနှင့်ဈေးကို စာရင်းအတိအကျ ရှိထားရန်လိုသည်၊ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေး နှင့် အခြား လိုအပ်ချက်များကို မှတ်တမ်းတင်ထားပြီးဖြစ်ရမည်၊ ကုမ္ပဏီများက လက်ခံနိုင်မည့် နည်းလမ်းဥပဒေ များကို နိုင်ငံတကာစံနှုန်းများနှင့် ညှိနှိုင်း၍ပြဌာန်း ပေးရန်သာဖြစ်သည်၊

နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မဟာဗျူဟာများတွင် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံမှုများ ၀င်လာစေရေးမှာ တခုအပါ အ၀င်ဖြစ်ရပါမည်၊

ကျွန်တော်တို့ နိုင်ငံတွင် အကြောင်းကြောင်းကြောင့် နိုင်ငံပြင်ပသို့ ရောက်နေကြသူများရှိကြပါသည်၊ တရုပ် နိုင်ငံနယ်စပ်၊ ယိုးဒယားနယ်စပ်တွင် တဖက်နိုင်ငံ၌ အလုပ်လုပ်နေရသူများမှာ ပြည်တွင်းတွင် အလုပ်အကိုင် မရနိုင်သောကြောင့် ရောက်ရှိနေကြရသူများဖြစ်သည်ဟု ယေဘူယျယူဆနိုင်ပါသည်၊ ထိုဒေသများတွင် ပြည် တွင်း၌ စက်ရုံဆောက်ပြီး အလုပ်လုပ်နိုင်သည့် အခြေအနေများကို ဖန်တီးပေးနိုင်ပါလျင်၊ တိုင်းရင်းသား လုပ်ငန်း ရှင်များနှင့်အတူ နိုင်ငံခြားမှ လုပ်ငန်းရှင်များက စက်ရုံအလုပ်ရုံများ တည်ဆောက်လာနိုင်ကြပါသည်၊ ထိုစက်ရုံ များ ပေါ်ပေါက်လာခဲ့ပါလျင်လုပ်သားများပြည်တော်ပြန်လာနိုင်ကြပါလိမ့်မည်၊

အစိုးရဌာနများ အတွင်းမှ ကြိုးနီစနစ်များကိုဖယ်ရှားပေး ရန်လိုပါသည်၊ လက်ရှိ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများကို စီစစ်ပြုပြင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ရုံးတခုလုံး၏ အယူအဆ သဘော ထားတို့ကို ပြောင်းလဲပြစ်ရန် လိုအပ်ပါသည်၊

ကိုသန်းလွင်

Photo Credit – http://www.mmbiztoday.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်