မောင်မောင်စိုး ● ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီ အစည်းအဝေး – အပိုင်း (၁)

August 10, 2016

မောင်မောင်စိုး ● ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီ အစည်းအဝေး – အပိုင်း (၁)
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၆

● မိုင်ဂျာယာန်
မိုင်ဂျာယာန်သည် ကချင်ပြည်နယ်အတွင်းရှိပြီး ဗန်းမော်အထက် မိုးမောက်မြို့သစ်မြို့၏အရှေ့ဖက် စူးစူး တရုတ်မြန်မာ နယ်စပ်တွင်ရှိသည့် ရွာလေးတရွာဖြစ်ပြီး ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KIO/KIA ၏ထိန်းချုပ်မှုအောက် တွင်ရှိသည်။ မြန်မာစစ်ဖက်မှထိန်းချုပ်ထားသည့် တရုတ်မြန်မာ နယ်စပ် ဂိတ်ပေါက်တခုဖြစ်သည့် လွယ်ဂျယ်မှ မိုင်ဂျာယာန်သို့ကားနှင့်သွားလျှင် ၁၀ မိနစ်ခန့်သာ ဝေးသည်။ ရွာငယ်ဇနပုဒ်မျှသာဖြစ်သော မိုင်ဂျာယာန်သည် ၁၉၉၄ ခုနှစ် နဝတ အစိုးရနှင့် KIA တို့ အပစ်ခတ်ရပ်စဲ၍ ငြိမ်းချမ်း ရေးယူပြီးနောက် ၂၀၀၀ ခုနှစ်မှစ၍ ၂၀၁၀ ခုနှစ်ကြားတွင် ကာစီနို လောင်းကစားရုံများဖွင့်လှစ်ခဲ့ပြီး ဟိုတယ်များစွာပေါ်ပေါက်လာကာ စည်ကားသောနယ်စပ်မြို့ ကလေးဖြစ်လာခဲ့သည်။ ၂၀၁၀ နောက် ပိုင်းနောက်ပိုင်းတွင်တော့ အဆိုပါကာစီနိုများရပ်ဆိုင်းသွားခဲ့ပြီး KIA တို့၏ ပညာရေးမြို့အဖြစ်ပြောင်းလဲသွားခဲ့သည်။

လက်ရှိမိုင်ဂျာယာန်တွင် အထက်တန်းကျောင်း ဆရာအတတ်သင်သိပ္ပံ ဥပဒေအကယ်ဒမီကောလိပ် လစ်ဘရယ်ဝိဇ္ဇာနှင့် သိပ္ပံကောလိပ်နှင့် အင်္ဂလိပ်စာအထူးပြုကျောင်းတကျောင်းအပါ ကျောင်း ၅ ကျောင်းဖွင့်လှစ်ထားရှိသည်။

ကောလိပ်များကို ထိုင်းနှင့်တရုတ်ရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားပြီး ထိုနိုင်ငံခြား တက္ကသိုလ်များတွင်ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားရှိသည်ဟုဆိုပါသည်။ ထိုကျောင်းများတွင် ဒေသခံများရော ကျောင်းအိပ်ကျောင်းစားများရော ကျောင်းသား ၆၀၀ ခန့် ရှိသည်ဟုဆိုသည်။

ကာစီနိုခေတ်အလွန် ပညာရေးမြို့လေးအဖြစ် ဆိတ်ငြိမ်စွာသက်ဝင်နေခဲ့သော မိုင်ဂျာယာန်သည် ၂၀၁၆ ဇူလိုင်လကုန် တွင်ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ သည်။ အနယ်နယ်အရပ်အရပ်မှ လူများဖြင့် သက်ဝင်လာခဲ့သကဲ့သို့ ပြည်တွင်းပြည်ပသတင်းမျက်နှာစာများတွင် မိုင်းဂျာ ယာန်အမည်နာမသည်ထင်ရှား၍ လူသိများလာခဲ့တော့သည်။ မိုင်ဂျာယာန်အားစောင့် ကြည့်လာခဲ့ကြသည်။ မိုင်ဂျာယာန် ဘာလဲ ဘယ်လဲဟု မေးခွန်းထုတ်လာကြသည်။ မိုင်ဂျာယာန်ညီလာခံမှ ထုတ်ပြန်ချက် သဘောတူညီချက် ဆွေးနွေးချက် များကို အလေးထားဆွေးနွေးသုံးသပ်လာကြသည်ကိုတွေ့ရသည်။

မိုင်ဂျာယာန်သည် ပြဿနာ၏ အစလည်းမဟုတ်သကဲ့သို့ အဆုံးလည်းမဟုတ်ချေ။ မိုင်ဂျာယာန်ညီလာခံသည် ပြည်တွင်းစစ်ပြဿနာ၊ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ၊ တိုင်းရင်းသားပြဿနာ၊ ဖက်ဒရယ်ပြဿနာတို့အား စားပွဲဝိုင်းတွင်ဖြေရှင်းသည့် လမ်းကြောင်းပေါ်မှ မှတ်တိုင်တခုသာဖြစ်ပေသည်။

● မိုင်ဂျာယာန်ညီလာခံ၏အစ

မိုင်ဂျာယာန်ညီလာခံအား တရားဝင်အခေါ်အဝေါ်အရ “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက် နှာ စုံညီအစည်းအဝေး” “EAOs’ Plenary meeting ” ဟုသုံးနှုန်းကြပါသည်။ တိုတိုနှင့် အများခေါ်ကြသည့်နံမည်ဖြစ်သည် မိုင်ဂျာယာန်ညီလာခံဟု သုံးနှုန်းသွားပါမည်။

မိုင်ဂျာယာန်ညီလာခံ၏အစသည် ၁၉၄၉ မှ စတင်ခဲ့သည့် အနှစ် ၇၀ နီးပါးကြာမြင့်ပြီဖြစ်သည့် ပြည်တွင်းစစ်ဟု ဆိုရပါမည်။ အဆိုပါကြာမြင့်ပြီဖြစ်သည့် ပြည်တွင်းစစ်တွင် ၁၉၈၉ မှစ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲမှုများစတင်ခဲ့ကြသော်လည်း ပြဿနာကား ပြီးပြတ်မသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အပစ်ရပ်သည်နှင့်တွဲ၍ တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုတွဲလျက် ပေါ်မလာ၍ဖြစ်သည်။ နအဖ စစ်အစိုးရအနေနှင့်အပစ်ရပ်အနေအထားမှ တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရဖြေရှင်းရန် ဦးစားပေးလုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ဘဲ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ပြဿနာကို နယ်ခြားစောင့်တပ်ဖွဲ့၍ မိမိအုပ်ချုပ်မှု ထည့်သွင်းနိုင်ရန်သာ ကြိုးစားခဲ့ပေရာ အောင်မြင်မှုမရခဲ့ပေ။

ထို့ကြောင့်လည်း ၂၀၁၁ မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်ဖက်တို့ကြား ပြင်းထန်သောတိုက်ပွဲများသည် ၂၀၁၁ မှစ၍ ပြန်လည်၍ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ စစ်ပွဲမဖြစ်သောဒေသများတွင်လည်း စစ်ရေးတင်းမာမှု များဖြစ်ပွါးခဲ့ သည်။ အဆိုးထဲမှအကောင်းဟု ဆိုရမည်ဖြစ်သော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက်လမ်းစသည်လည်း ထိုစစ်ပွဲအတွင်းမှ ပေါ်ထွက်လာသည်ဟု ဆိုရပါမည်။

ထိုလမ်းသည် ကွေ့ကောက်၍ကြမ်းတမ်းသည် ဆူးညှောင့်ခလုတ်များရှိသည် ဟုဆိုနိုင်သော်လည်း မှောင်မိုက်မဲနေသော စစ်ပွဲ၏ညများထဲမှာ မျှော်လင့်ချက်ရောင်ခြည်ဟုဆိုနိုင်ပါသည်။ ထိုပေါ်ထွက်လာသောလမ်းစကို အားလုံးက ဆုပ်ကိုင်ရန် ကြိုးပမ်းခဲ့ကြသည်ဟုဆိုရမည်။

ထို့အတူ အစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချုပ်ဆိုနိုင်ရန်သော်၎င်း၊ နိုင်ငံရေးအရဆွေးနွေးပွဲများကျင်းပနိုင်ရန်သော်၎င်း၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တရားဝင်ရော အလွတ်သဘောပါ အကြိမ် ၄၀ ကျော်ထိတွေ့ဆွေးနွေးခဲ့ကြသည်။ အလားတူပင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်လည်း အပစ်ရပ်ရေးနှင့်ပတ် သက်၍ဖြစ်စေ နိုင်ငံရေးအခြေခံမူများနှင့်ပတ်သက်၍ဖြစ်စေ တူညီသောသဘောထားများရရှိနိုင်ရန် မျက်နှာစုံညီ အစည်း အဝေးများ (ဝါ) ညီလာခံများပေါ်ပေါက်လာခဲ့သည်။ ဤသို့နှင့် KIA ထိန်းချုပ်ရာဒေသ၌ လိုင်ဇာညီလာခံ KNU ထိန်းချုပ်ရာ ဒေသ၌ လော်ခီးလာညီလာခံများ ပေါ်ထွက်လာခဲ့သည်။

မည်သို့ဆိုစေ အစိုးရနှင့်ကြိမ်ဖန်များစွာတွေ့ဆုံမှုများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြုလုပ်သည့် ညီလာခံများ၏အကျိုး ဆက်အဖြစ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းကို ရေးဆွဲနိုင်ခဲ့သည်။ သို့သော် ကံအကြောင်းမလှစွာ ၂၀၁၅ နှစ်ကုန်ပိုင်း NCA လက်မှတ်ထိုးရာတွင် သဘောထားကွဲလွဲမှု များပေါ်ပေါက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရဖက်မှ PSLF/TNLA တအန်းပလောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့MNDAA ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ULA/AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အား NCA လက်မှတ်ထိုးရာတွင် ပါဝင်ခွင့်ပြုရန် ငြင်းဆန်ခဲ့ သည်။

KIO/KIA ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ SSPP/SSA ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ NMSP မွန်ပြည် သစ်ပါတီ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ပါဝင်သည့် UNFC ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီမှ NCA လက်မှတ်ရေးထိုးရာတွင် အားလုံး ပါဝင်ရေးမူကိုစွဲကိုင်ခဲ့ကာ အစိုးရမှချန်လှပ်ထားသည့် TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ပါဝင်ရေးကို ရပ်ခံခဲ့သည်။ သို့သော် အစိုးရကသဘောမတူသဖြင့် UNFC အဖွဲ့ဝင်အများစုက NCA လက်မှတ် ထိုးရန် ငြင်းဆန်ခဲ့ကြသည်။

KNU/DKBA/KPC/ALP/RCSS/ABSDF/CNF/PNLO အဖွဲ့ ၈ ဖွဲ့ကတော့ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် NCA လက်မှတ်ရေးထိုးခဲ့သည်။ သူတို့၏အကြောင်းပြချက်ကတော့ သူတို့ NCA လက်မှတ်အရင်ထိုးပြီး ကျန်အဖွဲ့များNCA လက်မှတ်ရေးထိုးရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုဆိုသည်။ သိုနှ့င့် NCA ဟု ခေါ်သည့် တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွင်၎င်း ၂၀၁၆ နှစ်ဆန်းတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်၎င်း၊ တိုင်းရင်းသားလက်နက်ကိုင်အစုံအလင် မတက်နိုင်ခဲ့ပေ။ ထို့ပြင် မတက်ရောက်သည့် အဖွဲ့များ၏ လက်နက်ကိုင်အင်အားမှာလည်း လက်ရှိ ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အင်အား၏ ၈၀ ရာခိုင်နှုန်း ရှိခဲ့ပေသည်။

သို့ဖြစ်ရာ သမ္မတဦးသိန်းစိန်လက်ထက်အတွင် အပစ်ရပ်ရေးသည်၎င်း၊ ငြိမ်းချမ်းရေးညီလာခံသည်၎င်း၊ ပြီးမြောက်ခဲ့ခြင်းမရှိဟုဆိုနိုင်သည်။ သို့ရာတွင် အစပြုချက်တော့ ရရှိခဲ့သည်ဟုဆိုနိုင်ပါသည်။

သို့သော် UNFC အပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် ၄ နှစ်နီးပါးခန့်အချိန်အတွင် အပစ်ရပ်ရေးနှင့်ပတ်သက် ၍ဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ၊ တူညီသော သဘောထားတရပ်အမြင်တရပ် ရရှိရန်ကြိုးပမ်းပြီးအတူတကွ ရပ်တည်ရန်ခြေ လှမ်းရန် ကြိုးပမ်းအားထုတ်မှုမှာ NCA လက်မှတ်ရေးထိုး မှု၌ ကွဲလွဲမှုဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ ဤကွဲလွဲမှုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မတူညီသော စစ်အင်အားအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေ၊ အဖွဲ့အစည်းတွင်းစည်း လုံး ညီညွတ်မှု အခြေအနေ၊ နယ်မြေထိန်းချုပ်နိုင်မှုအခြေအနေ စသည့်အခြေအနေပေါင်းများစွာပေါ်တွင် မူတည်သည်ဟု ဆိုရ မည်။

တဆက်တည်းဆိုသကဲ့သို့ ၂၀၁၆ နှစ်အတွင်း အစိုးရအပြောင်းအလဲ ဖြစ်သည်။ NLD အရပ်သား အစိုးရသစ်တက်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းမည်ဟု ကြေညာသည်။ အခြေအနေ သစ်တရပ်ပေါ်လာသည်။ NLD အစိုးရသစ် လက်ထက်တွင် ယခင်စစ်ခေါင်းဆောင်များထက် ပို၍ပျော့ပြောင်းသည့် သဘော ထား ပေါ်ပေါက်လာမည်လောဟု အားလုံးကမျှော်လင့်ချက်ထားရှိလာသည်။ အဆိုးထဲက အကောင်းကို မျှော်လင့်ကြသည်။ တဖက်ကလည်း အရပ်သားအစိုးရသစ်သည် မြန်မာစစ်ဖက်၏သဘောထားကို ကျော်လွှားနိုင်ပါမည်လော သံသယဖြင့် သတိကြီးစွာစောင့်ကြည့်နေကြသည်။

တချိန်တည်းတွင် UNFC နှင့် NCA လက်မှတ်ထိုးထားသည့် KNU / RCSS ခေါင်းဆောင်များ ပြန်လည်တွေ့ဆုံ၍ ညှိနှိုင်း မှုများပြုလုပ်ကြသည်။

နိုင်ငံရေးအရ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်၍ သဘောထားတူညီစွာရပ်ခံနိုင်ရန် ကြိုးပမ်းကြသည်။ ဤကြိုးပမ်းမှုများသည် ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးအရ ဘုံသဘောထားတရပ်ရရှိ နိုင်ရေးအတွက် ကြိုးပမ်းချက်ဟုဆိုရမည်။ လက်တွေ့အားဖြင့်လည်း NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့တည်းနှင့် ငြိမ်းချမ်းရေးပြဿနာ ဖက်ဒရယ် ပြည် ထောင်စု ပြဿနာကို မဖြေရှင်းနိုင်ပေ။ သို့ဖြစ်ရာ NCA လက်မှတ်ထိုးသည့်အဖွဲ့များရော မထိုးသည့် အဖွဲ့များပါ အတူတကွပူးပေါင်း၍ ငြိမ်းချမ်းရေးအတွက်အဖြေရှာကြရန် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သက်၍ ဘုံသဘောတူညီချက်တရပ်ရရှိရန်အတွက် စဉ်းစားလုပ်ဆောင်ချက်အဖြစ် မိုင်ဂျာယာန် ညီလာခံပေါ်ပေါက်လာခြင်းဖြစ်သည်။

သို့ဖြစ်ရာ မိုင်ဂျာယာန်ညီလာခံပေါ်ပေါက်လာခြင်းသည် အနှစ် ၇၀ နီးပါးဖြစ်ပွားနေသော ပြည်တွင်းစစ်အား နိုင်ငံရေးအရစားပွဲဝိုင်းပေါ်တွင်ထိုင်၍ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှု လမ်းကြောင်း ပေါ်မှ ပေါ်လာခြင်းဖြစ်သည်။ လိုင်ဇာညီလာခံ လော်ခီးလာညီလာခံတို့၏အဆက်ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘုံသဘောတူညီချက်တခုရရှိရေးအတွက် ကြိုးပမ်းချက်ဖြစ်သည်။ တိုင်းရင်းသားချင်းစည်းလုံးညီညွတ်မှုကိုတည်ဆောက်ရန် ကြိုးစားကြခြင်းဖြစ်သည်။ မည်သို့ဖြစ်စေ မိုင်ဂျာယာန်ညီလာခံသည် ၂၁ ရာစုပင်လုံညီလာခံသို့ ဦးတည်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ဆိုရပါမည်။

● မိုင်ဂျာယာန်ညီလာခံနှင့် စိုးရိမ်ပူပန်မှု
အဆိုပါ မိုင်ဂျာယာန်ညီလာခံကျင်းပမည်ဆိုသောအခါ မြန်မာစစ်ခေါင်းဆောင်များအပါ အချို့တွင် စိုးရိမ်မကင်းရှိကြသည်။ သူတို့၏စိုးရိမ်မှုသည် ၂၁ ရာစုပင်လုံလမ်းကြောင်းပေါ်မှလွဲချော်မည်စိုး၍လည်း ဖြစ်နိုင်သည်။ အခြားတဖက်ကလည်း စစ်ရေးတပ်ပေါင်းစုဖက်သို့ ဦးတည်သွားမည်ကို စိုးရိမ်ကြခြင်း ဖြစ်ပုံရသည်။

ပြီးခဲ့သော UNFC အစည်းအဝေးများညီလာခံများတွင် စဉ်းစားဆုံးဖြတ်ချက်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် FUA ခေါ်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုသည်ကို တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲဖွဲ့စည်းလှုပ်ရှားရန် ရည်ရွယ်ခဲ့ကြသည်။ FUA ကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ စစ်ဦးစီး ၂ ဖွဲ့ခွဲ၍ လှုပ်ရှားရန် ကြိုးစားခဲ့ကြဖူးသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လက်တွေ့မြေပြင်အခြေအနေများကြောင့်၎င်း လက်ရှိနိုင်ငံရေးအခြေအနေများကို စားပွဲဝိုင်းဆွေးနွေးပွဲဆီသို့တွန်းပို့နေ၍၎င်း FUA သည် စဉ်းစားချက်တခုအဖြစ်သာရှိခဲ့ပြီး လက်တွေ့အကောင်အထည်ပေါ် မလာခဲ့ပေ။

ထို့ပြင် မိုင်ဂျာယာန်ညီလာခံတွင်လည်း စစ်ရေးဆိုင်ရာဆွေးနွေးမှုမရှိဘဲ နိုင်ငံရေးမူဘောင်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများသာရှိသည့်ပြင် ဆွေးနွေးမှုများသည်လည်း ၂၁ ရာစုပင်လုံညီလာခံ လမ်းကြောင်း ပေါ်တွင်ရှိသဖြင့် မိုင်ဂျာယာန်ညီလာခံ နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို လျော့ပါးစေသည်ဟု ဆိုရပါမည်။ ထို့ပြင် မိုင်ဂျာယာန်ညီလာခံသည် လျှို့ဝှက်ပြုလုပ်သော ဆွေးနွေးပွဲတရပ်မဟုတ်ဘဲ အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များအပြင် လေ့လာသူများစွာရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဆွေးနွေးသည့်နိုင်ငံရေးဆွေးနွေးပွဲတရပ်ဖြစ်ပေရာ ၎င်းနိုင်ငံရေးအမြင်များနှင့်ပတ်သက်၍ တူညီသည် မတူညီသည်က ပြဿနာ၏တဖက်သာဖြစ်ပြီး ထိုသို့ နိုင်ငံရေးအမြင်များကို ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးသည်က ညီလာခံ၏အားသာချက်ဟု ဆိုရပါမည်။

တိုင်းပြည်ပြသနာကို ဖြေရှင်းရာတွင် ပါဝင်ကြရန်လိုအပ်သည့်ဖက်အသီးသီးအနေနှင့် မိမိတို့၏ နိုင်ငံရေးသဘောထားများကို ပွင့်လင်းလွတ်လပ်စွာဖေါ်ထုတ်ဆွေးနွေးခြင်းသည် နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းတွင်ဖြေရှင်းနိုင်ရန်အတွက် ရှေ့ဦးလို အပ်ချက် ဖြစ်သည်။ ထိုမှတဆင့် အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုများဖြင့် ယုံကြည်မှုတည်ဆောက်ကာ ပြဿနာကိုဖြေရှင်း သွားရပေမည်။ သို့ဖြစ်ရာ မိုင်ဂျာယာန်ညီလာခံသည် တိုင်းပြည်၏ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် လိုအပ်သည့် ပွင့်လင်းမြင်သာသည့် နိုင်ငံရေးအမြင်များကို ထုတ်ဖော်ပြသခဲ့သည်ဟု ဆိုရပါမည်။ သို့သော် ထိုအမြင်များအား ၂၁ ရာစုပင်လုံသို့ ဆက်လက်သယ်ဆောင်၍ ဆွေးနွေးညှိနှိုင်းအဖြေရှာရန်တော့ လိုအပ်ပေမည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်