မောင်မောင်စိုး – ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီအစည်းအဝေး – အပိုင်း ၃

August 13, 2016

မောင်မောင်စိုး –  ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီအစည်းအဝေး – အပိုင်း ၃
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၆

ပင်လုံလက်စွဲ
၂၀၁၆ ဇူလိုင် ၂၆ ရက်နေ့တွင် မိုင်ဂျာယာန်ညီလာခံစတင်သည်။
ပထမနေ့ သဘာပတိ KIO ဒုဥက္ကဋ္ဌ ဒူဝါအင်ဘန်လ က အစိုးရအနေနှင့် နိုင်ငံရေး ပြဿနာများကို ဆွေးနွေးအဖြေရှာမည့် အခင်းအကျင်းကို ၂၁ရာစုပင်လုံညီလာခံပြုလုပ်သွားရန်အစီအစဉ်ရှိနေကြောင်း ထို့ကြောင့်တိုင်းရင်းသားများအနေနှင့်လည်း ဖက်ဒရယ်ပြည်ထောင်စုစနစ် ပုံဖော်သွားမဲ့ ဘုံသဘော ထားများ သဘောတူချမှတ်သွားနိုင်ရန် လွန်စွာအရေးကြီးကြောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနှင့် ဆွေးနွေးအဖြေရှာရာတွင် တိုင်းရင်းသားများစုစည်းညီညွတ်စွာ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းပြီး အစည်းအဝေးကို ဖွင့်လှစ်ခဲ့သည်။

ပထမနေ့ဆွေးနွေးအမည့်အကြောင်းအရာမှာ “ပင်လုံလက်စွဲ(မူကြမ်း)” စာတမ်း ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံတွင် တက်ရောက်ကြမည့် တိုင်းရင်းသားများအနေနှင့် ကိုင်စွဲကြရမည့် အခြေခံ စိတ်ဓာတ်ကို စုစည်း၍ ဘုံသဘောထားတရပ်အနေနှင့် စွဲကိုင်နိုင်ရန် ရည်ရွယ်ပုံရသည်။

ပင်လုံလက်စွဲ( မူကြမ်း)တွင် ပင်လုံစာချုပ်နှင့်ပတ်သက်၍ သမိုင်းကြောင်းကိုဖော်ပြ၍ သုံးသပ်ထား သည်ကို တွေ့ရသည်။ ဦးစွာအားဖြင့် ပင်လုံစာချုပ်ဖြစ်လာအောင်ရှမ်း၊ ၊ ချင်းတို့နှင့် ဗိုလ်ချုပ် အောင်ဆန်းတို့၏သဘောတူညီချက်များနှင့် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနှင့် ပင်လုံစာချုပ်၏
အနှစ်သာရကို ဖော်ပြသည်။ ဒုတိယအနေနှင့် ၁၉၄၇ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၂၄ ရက်နေ့ ထိ ပြုလုပ်ခဲ့သော မေမြို့တောင်တန်းဒေသများအထူးစုံစမ်းစစ်ဆေးရေးကော်မတီ၏ စစ်ဆေး တွေ့ရှိ တင်ပြချက်များအစီရင်ခံစာကိုဖော်ပြသည်။ တတိယအနေနှင့် ပင်လုံစိတ်ဓာတ်နှင့် ပင်လုံ ကတိကဝတ်များကိုဖော်ပြရာတွင် ပင်လုံစိတ်ဓာတ်ကို အဓိပ္ပာယ်ဖွင့်ဆိုသည်။

ထို့ပြင် ကချင်အမျိုးသားညီလာခံသဘောထားအပေါ် ဗိုလ်ချုပ်အောင်ဆန်းပြောသည့် ကတိမိန့်ခွန်း (18/11/1946) လွို င်ကော်ဓမ္မာရုံတွင်ပြောသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိမိန့်ခွန်း (23/12/1946) တိုင်းပြု ပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းပြောသည့်မိန့်ခွန်း(19/5/1947) တိုင်းပြု ပြည်ပြု လွှတ်တ်ေတွင် ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်ပြောသည့်မိန့်ခွန်းများကိုကို ကိုးကား၍ ပင်လုံ ကတိ ကဝတ်များကိုဖော်ပြသည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း၏” မိန့်ခွန်း” ဟု ရိုးရိုးမဖော်ပြဘဲ “ကတိမိန့်ခွန်း” ဟုဖော်ပြခြင်းဖြစ်ပုံရသည်။

ပင်လုံလက်စွဲစာတမ်းကို တင်သွင်းခြင်းသည် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်အပါအဝင် တိုင်းရင်းသား ပြည်နယ်များအနေနှင့်တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ကတိကဝတ်နှင့် ပင်လုံစာချုပ်ကို အလေးထားဖော်ပြလိုခြင်းဖြစ်သည်ဟု ယူဆ ရသည်။

သို့သော် ပင်လုံစာချုပ်နှင့်ပတ်သက်၍ သမိုင်းကြောင်းကိုဆိုလျင် ရှမ်း၊ ကချင်၊ ချင်းနှင့် ပြည်မမှဗမာတို့ ချုပ်ဆိုခဲ့သောစာချုပ်ဖြစ်၍ ကျန်တိုင်းရင်းသားများပါဝင်မှုမရှိပေရာ ပဒေသရာဇ်နိုင်ငံငယ်များ ထူထောင် နိုင်ခဲ့သည့် နှင့် မွန်တို့သည်၎င်း သီးခြားလွတ်လပ်စွာရပ်တည်နိုင်ခဲ့သည့် ကရင်နီပြည်နယ်၏ အခန်း ကဏ္ဍသည်၎င်း အစိုးရကို ဦးစွာပုန်ကန်ခဲ့ကြသည့် ကရင်တို့၏ ကရင်တို့၏အခန်းကဏ္ဍသည်၎င်း ပင်လုံစာချုပ်ချုပ်ဆိုဆိုရေးတွင် တက်ကြွစွာပါဝင်ခဲ့သည့် ပအို့ဝ်တို့သည်၎င်း စသည့်ပင်လုံစာချုပ်တွင် မပါဝင်ခဲ့သည့် တိုင်းရင်းသားများ၏အခန်းကဏ္ဍနှင့် မေးခွန်းထုတ်၍ ဆွေးနွေးလာခဲ့ကြသည်။

အမှန်ပင် ပင်လုံစာချုပ်သည် ဗြိတိသျှကိုလိုနီလက်ထက် ခွဲခြား အုပ်ချုပ်ထားသည့် ပြည်မနှင့် တောင်တန်းဒေသ ၃ ခု အားပူးပေါင်း၍ လွတ်လပ်ရေး အတူတကွရယူရန် ပေါင်းစည်းခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အုပ်ချုပ်ခွင့်ရှိသောပြည်နယ်များ ထူထောင်ရန် ရည်ရွယ်ထားရှိခဲ့ခြင်းဖြစ်ပေရာ တိုင်းရင်းသား အားလုံးပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ ညီလာခံပထမနေ့တွင် ၎င်းပင်လုံလက်စွဲ စာတမ်းမူကြမ်းအား ထပ်မံပြင်ဆင်ရန် ညီလာခံ တက်ရောက်လာသူများထဲမှ အလုပ်အဖွဲ့တခုဖွဲ့၍ ထပ်မံပြင်ဆင်ဖြည့်စွက်ကာ ညီလာခံထပ်တိုးရက် ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ဆွေးနွေခဲ့သော်လည်း အချောသတ် အတည်မပြုနိုင်ခဲ့ဘဲ အလုပ်အဖွဲ့မှ ထပ်မံပြင်ဆင်အချောသတ်ပြီး UNFC နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့ခေါင်းဆောင်များ၏ သြဂုတ်လအတွင်းအစည်းအဝေးတွင် အတည်ပြု နိုင်ရန်မိုင်ဂျာယာန်ညီလာခံ၌ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိ ပင်လုံလက်စွဲစာတမ်းပါ အများစု သဘောတူထားသောအချက်များမှာ ပင်လုံစာချုပ်၏ အနှစ်သာရမှာ လွတ်လပ်ရေးရရှိပါက အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတခု တည်ထောင်သွားရန်ဖြစ်သည်။ မိုင်ဂျာယာန်၏ပင်လုံလက်စွဲ စာတမ်း၌ ပင်လုံစိတ်ဓာတ်နှင့်တွဲ၍ ခွဲထွက်ရေးကို ရည်ညွှန်းဖော်ပြခြင်းမရှိခဲ့ပေ။ သို့ဖြစ်ရာ ၂၁ ရာစု ပင်လုံ၌ ခွဲထွက်ရေးသည် ရှေ့တန်းရောက်သည့် ပြဿနာတရပ်မဖြစ် ရှိနေမည်မဟုတ်ဟု ဆိုရမည်။ မည်သည့် ဖက်ဒရယ်ပုံစံ တည်ဆောက်မည်ဆိုသည်သာ အရေးပါသည့် ပြဿနာအဖြစ် ရှိနေပေ လိမ့်မည်။

ပင်လုံစိတ်ဓာတ်နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ” ပင်လုံစိတ်ဓာတ်ဆိုသည်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရှမ်းပြည်တောင်ပိုင်းပင်လုံမြို့တွင် ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ် အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်ရင်းသားခေါင်းဆောင်များကြား အခိုင်အမာ အပြန်အလှန်ပေးခဲ့ကြသော ကတိကဝတ်များနှင့် သဘောတူညီချက်များကို လိုက်နာစောင့်ထိန်းပြီး
အကောင်အထည်ဖော်လိုသောစိတ်ဓာတ်ကို ဆိုလိုပါသည်” ဟူ၍ဖြစ်ပါသည်။
ပင်လုံကတိကဝတ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများကို ရည်ညွှန်းပါသည်။

ထို့ပြင် ပင်လုံလက်စွဲစာတမ်းမူကြမ်းတွင် ” ပြည်ထောင်စုမြန်မာနိုင်ငံ၏အခြေခံပြဿနာသည် ဖွဲ့စည်းပုံ အခြေခံပြဿနာပင်ဖြစ်သည်။ ဖွဲ့စည်းပုံပြဿနာဆိုရာတွင် တိုင်းရင်းသားများတန်းတူရည်တူ အခွင့် အရေးဆုံးရှုံးခြင်းနှင့် ပြည်သူများ၏ဒီမိုကရေစီအခွင့်အရေးများ ဆိတ်သုဉ်းခြင်းပြဿနာရပ်များပင် ဖြစ်သည်။ ထို့ကြောင့်ပင်လုံစိတ်ဓာတ်အခြေခံမူလမ်းစဉ်ပါအတိုင်း စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ဆောက်မှသာလျှင် ပြည်သူများ ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေးများ အပြည့်အဝဖော်ဆောင်ပေးနိုင်ပြီး ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတော် သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်” ဟူ၍ပါရှိသည်။

သတိပြုရန်မှာ ဤပင်လုံလက်စွဲစာတမ်းသည် မူကြမ်းသာဖြစ်ပြီး NCA လက်မှတ်ထိုးထားသည့် အဖွဲ့များရော မထိုးသည့်အဖွဲ့များမှခေါင်းဆောင်များပါ သြဂုတ်လအတွင်း ထပ်မံဆွေးနွေးအတည်ပြု သွားဦးမည်ဖြစ်သည်။ မည်သို့ပင်မူကြမ်းဆိုစေ ကောက်ချက်တခု ချနိုင်သည်က တိုင်းရင်းသားများ ပူးပေါင်း၍ တန်းတူရည်တူရှိသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တရပ်တည်ထောင်ရေး ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးတို့သည် မိုင်ဂျာယာန်ညီလာခံတွင် အားလုံးလိုလိုသဘောတူသော ပင်လုံလက်စွဲမူကြမ်းပါအချက်အလက်များဟု ဆိုနိုင်ပါသည်။

လက်ရှိ ၂၁ ရာစုပင်လုံအား ဦးစီးဦးရွက်ပြုနေသူ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ဇူလိုင် ၁၇ ရက် နေ့တွင် UNFC ခေါင်းဆောင်များ၌ တွေ့ဆုံရာ၌ ၂၁ ရာစုပင်လုံညီလာခံသည် ပင်လုံသဘောတူညီ ချက်ပေါ်အခြေခံသည် ပင်လုံစိတ်ဓာတ်ပေါ်တွင် အခြေခံမည်ဖြစ်ကြောင်း ပင်လုံသဘောတူညီချက် သည် ယေဘူယျသဘောဆန်ကြောင်း၊ ထို့ပြင် ရှမ်း၊ ကချင်၊ ချင်းအပြင် မပါဝင်သည့် တိုင်းရင်းသား အများအပြားရှိကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆက်ဆံရေး ပူးပေါင်းခြင်းဆိုသည့် ပင်လုံစိတ်ဓာတ်ကို ရယူသွားရန်လိုကြောင်းဆိုခဲ့ပါသည်။

ထို့ပြင် ပင်လုံစာချုပ်အတိုင်းသွားပါကလည်း ပြဿနာမရှိကြောင်း ပင်လုံစာချုပ်သည် ယေဘုယျ သဘောဆန်သည်ဖြစ်ရာ လိုတိုးပိုလျှော့ အများကြီးလုပ်၍ရကြောင်း၊ ပင်လုံစာချုပ်အတိုင်းဟု မပြောခြင်းမှာ တိုင်းရင်းသားအခွင့်အရေးကို ကန့်သတ်လို၍ မဟုတ်ကြောင်း၊ ပင်လုံစာချုပ်ပါ အချက်အလက်များက ကျဉ်းလွန်းကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်အတွက် ပိုမိုကျယ်ပြန့်ရန်လိုကြောင်းဆိုခဲ့သည်။ ပြဿနာမှာ တကယ်တမ်း သဘောတူညီမှုရယူချင်ပါက ပြဿနာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါသည်။

သို့ဖြစ်ရာ ၂၁ ရာစုပင်လုံတွင် ဒေါ်အောင်ဆန်းစုကြည်ကိုင်စွဲမည့် ပင်လုံစိတ်ဓာတ်နှင့် မိုင်ဂျာယာန် ညီလာခံတွင် ဆွေးနွေးခဲ့ကြသည့် ပင်လုံလက်စွဲစာတမ်း မူကြမ်းသည် အခြေခံကွဲလွဲမှုမရှိဘဲ ညှိနှိုင်း၍ ရနိုင်သည်ဟု ယူဆရပါသည်။ ၂၁ ရာစုပင်လုံအတွက် အခြေခံကျသည့် ပင်လုံစိတ်ဓာတ်မှာ တိုင်းရင်းသားအားလုံး ပူးပေါင်း၍ တန်းတူရည်တူရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတရပ်တည်ဆောက် နိုင်ရေးဟု ဆိုရပါမည်။

၂၁ ရာစုပင်လုံ တဆင့်ပြီးတဆင့်အောင်မြင်နိုင်ရန်အတွက် အခြေခံတူညီချက်များမှတဆင့် တလှမ်းပြီး တလှမ်း တက်လှမ်းသွားကြရန်လိုအပ်ပေမည်။ နိုင်ငံရေးအရ ကွဲလွဲနေသည့်ပြဿနာများကို ဖြေရှင်းရန်မှာ အခြေခံတူညီသည့် အချက်များမှ အစပြုရန်လိုပေလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်