တူမောင်ညို – ဖေါ်ဆယ် – ကင်းဝန် နှင့် အနောက်ကရင်နီနယ် အင်ဒီပင်းဒင့်

August 16, 2016

တူမောင်ညို – ဖေါ်ဆယ် – ကင်းဝန် နှင့် အနောက်ကရင်နီနယ် အင်ဒီပင်းဒင့်
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၆

ကိုလိုနီခေတ်မတိုင်မီ မြန်မာ့လူ့အဖွဲ့အစည်းဟာ ယေဘုယျအားဖြင့် ပဒေသရာဇ် လူ့အဖွဲ့အစည်းသာဖြစ်ပါတယ်။ အကြမ်းဖျင်း အားဖြင့် အေဒီ ၁၀၄၄ ကနေ ၁၈၂၄ ခုနှစ် အကြားလို့ ပြောရမယ်ထင်ပါတယ်။ နှစ်ပေါင်း ၈၀၀ ကျော်ခန့်ဖြစ်ပါလိမ့်မယ်။ ထိုကာလ အတွင်းတွင် ကျယ်ခဲ့ကြတဲ့ ပဒေသရာဇ်များဟာ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းလို့ ပြောရပါလိမ့်မယ်။ ဤသို့ပြောရခြင်းမှာလည်း ကျန်ခဲ့သည့် မြို့ရိုး၊ ဂူဘုရား၊ ကျောက်စာအထောက်အထားနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်အထောက်အထားအချို့ပေါ် တည်မှီပြီး ပြောကြရခြင်း ဖြစ်ပါတယ်။ ထိုကာလအတွင်းက စစ်ပွဲများနှင့် နှစ်ပြည့်တပြည်ချစ်ကြည်ရေးများဆိုသည်မှာလည်း ပဒေသရာဇ် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့ အကြား ဖြစ်ပွားခဲ့ကြခြင်းသာဖြစ်ပါတယ်။

အဓိကကုန်ထုတ်လုပ်ရေးမှာ ပဒေသရာဇ်လယ်ယာစိုက်ပျိုးရေးမျှသာဖြစ်ပြီး။ ထိုစီးပွားရေး လုပ်ငန်းအလုံးစုံကို ပဒေသရာဇ် ဘုရင်က မူးမတ်၊ နယ်စား၊ မြို့စား၊ သူကြီး စသဖြင့် အဆင့်ဆင့် ကံကျွေးချပြီး စိုးမိုးအုပ်ချုပ်ချယ်လှယ်တော်မူပါတယ်။

ထိုကာလသမိုင်းဆိုတာပဒေသရာဇ်ဘုရင်များရဲ့စစ်ပွဲအောင်နိုင်မှု၊စေတီဘုရားတည်ထားကောင်းမှုများသာ အဓိကဖြစ်ပါတယ်။ သို့အတွက်“ရာဇဝင်”ဟူ၍သာ တွင်ခဲ့၊ သုံးခဲ့ကြသည်မဟုတ်ပါလော။

စစ်ပွဲတွင် အနိုင်ရသော ပဒေသရာဇ်များဟာ ရှုံးနိမ့်သွားသော ပဒေသရာဇ်များရဲ့နန်းတော်၊ ဂူဘုရား၊ အစရှိတဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာများကို ဖျက်ဆီးခဲ့ကြတာချည်း ဖြစ်ပါတယ်။ မောင်းမမိဿံ အခြံအရံများကိုလည်း သိမ်းပိုက်ယူငင်ခဲ့ကြပါတယ်။ သို့ဖြင့် ယနေ့ ခေတ်တွင် ပဒေသရာဇ်ဘုရင်များရဲ့နိုင်သူကရှုံးသူအပေါ်ပြုမူခဲ့ကြတဲ့ ရိုင်းစိုင်းယုတ်မာမှုများနှင့်အောင်နိုင်မှုများကို အကျယ်ချဲ့ လက်ညှိုး ထိုးပြပြီး အမျိုးဂုဏ်ဇာတိဂုဏ် အဖြစ်ထိုးတင်ကာ မျိုးချစ်စိတ်အဖြစ်လှုံ့ဆော်ပြီး ပြည်သူများ အချင်းချင်းအကြားသွေးခွဲရန် တိုက်ပေးနေ ကြပြန်ပါတယ်။

ဘယ်ပဒေသရာဇ်ဘုရင်ရဲ့အောင်နိုင်မှုနဲ့ရှုံးနိမ့်မှုပဲမှာ ဖြစ်ဖြစ် အရင်းစစ်လိုက်ရင် ပြည်သူတွေရဲ့အသက်တွေ၊ သွေးတွေ မြစ်ရေ၊ ချောင်းရေလို စီးကြရတာချည်းပဲဖြစ်ပါတယ်။ ဒါကြောင့် “ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြန့်ပွားရေး” ဆိုပြီး ပဒေသရာဇ်အတိတ်ရဲ့အောင် နိုင်မှုနဲ့ရှုံးနိမ့်မှုတွေကို ပွဲထုတ်ပြီး အုပ်စိုးသူတွေက ပြည်သူတွေအကြား သွေးခွဲရန်တိုက်နေတာတွေကို ဆန္ဒစွဲကင်းကင်းနဲ့ကြည့်မြင်နိုင်ကြ ဖို့ သိပ်အရေးကြီးပါတယ်။

၁၈၂၄ ခုနှစ်နောက်ပိုင်း အတိအကျအားဖြင့် အင်္ဂလိပ်မြန်မာပထမစစ်ပွဲနောက်ပိုင်း၊ ရန္တပိုစာချုပ်ချုပ်ဆိုပြီးသွားတဲ့အခါ ရခိုင်၊ တနင်္သာရီတို့ အင်္ဂလိပ်ကိုလိုနီလက်အောက်ကျရောက်သွားပါတယ်။ ၁၈၅၃နဲ့ ၁၈၈၅ နောက်ပိုင်းမှာတော့ မြန်မာတပြည်လုံးဟာ အင်္ဂလိပ် ကိုလိုနီဘဝလုံးလုံးလျားလျား ကျရောက်သွားရပါတော့တယ်။

ဒါကလည်း အခြားကမ္ဘာ့ပထဝီဒေသအပိုင်းအခြားမှာဖြစ်ခဲ့သည့် သမိုင်းလမ်းကြောင်းအတိုင်းဖြစ်ပါတယ်။ ပဒေသရာဇ်စနစ် ဟာ အသစ်ဖြစ်ထွန်းလာတဲ့ အရင်းရှင်စနစ်ကို နေရာဒေသတိုင်းမှာ အရှုံးပေးရခြင်းဆိုတဲ့ သမိုင်းလမ်းကြောင်းအတိုင်းဖြစ်ပါတယ်။

“လက်နက်အင်အားကွာခြားလို့/ တပ်မတော်မရှိလို့/ နန်းတွင်းစည်းလုံးညီညွတ်မှုမရှိ” လို့ စသဖြင့် သမိုင်းဆရာများက သန်ရာသန်ရာ ဆန္ဒစွဲ ကောက်ချက်တွေဘယ်လိုပင်ချကြစေကာမူ။ တိုးတက်သစ်လွင်လာတဲ့ အရင်းရှင်စနစ်(ဝါ) နယ်ချဲ့စနစ်သို့ အလှမ်း ကြီးတက်လှမ်းလာနေတဲ့ အရင်းရှင်စနစ်ကို ခေတ်နောက်ကျတဲ့ ပဒေသရာဇ်စနစ်ဟာ အဆုံးမှာလက်နက်ချအရှုံးပေးသွားရခြင်း မျှသာ ဖြစ်ပါတယ်။

ဥရောပမှာလည်း သမိုင်းလမ်းကြောင်းဟာ ဒီအတိုင်းဖြစ်ခဲ့တာပါပဲ။ ဥရောပဒေသရာဇ်စနစ် အားလုံးနီးပါး ဥရောပ အရင်းရှင်နစ်ကို အညံ့ခံခဲ့ကြရတာပဲဖြစ်ပါတယ်။ ပြင်သစ်လမ်းကြောင်းနဲ့ အင်္ဂလိပ်လမ်းကြောင်းကွဲလွဲမှု အနည်းငယ်ရှိနိုင်သောလည်း အဆုံးသတ်ဖြစ်တဲ့ ပဒေသရာဇ်စနစ်အပေါ် အရင်းရှင်စနစ်ရဲ့အောင်ပွဲခံမှုဆိုတဲ့အနှစ်သာရကတော့ နည်းနည်းလေးမျှကွဲပြားခြားနားမှု မရှိ ခဲ့ပါ။

အိန္ဒိယတိုက်ငယ်က ပဒေသရာဇ်တွေလည်း အင်္ဂလိပ်၊ ပြင်သစ်နယ်ချဲ့သမားများထံ အညံ့ခဲ့ကြရတယ်။

ဇဗားရှားဘုရင်ဟာ ရန်ကုန် ကို “ပါတော်မူ” ရသလို၊ မြန်မာဘုရင် သီပေါလည်း ရတနာဂီရိသို့ “ပါတော်မူ”ရပါတယ်။

မြန်မာပဒေသရာဇ်စနစ်ကို ပလ္လင်ပေါ်ကဆွဲချသူမှာ မြန်မာဓနရှင်လူတန်းစားနဲ့မြန်မာ့ဓနရှင်တော်လှန်ရေး မဟုတ်ပါ။ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့သမားဖြစ်ပါတယ်။ သို့ဖြင့် မြန်မာ့ပဒေသရာဇ်လူ့အဖွဲ့အစည်းအား ကိုလိုနီနယ်ချဲ့သမားက နန်းချခဲ့ပါတယ်။

အညံ့ခံသွားရတဲ့ ပဒေသရာဇ်လူတန်းစားအချို့ကို ကိုလိုနီနယ်ချဲ့သမားက သူတို့အုပ်စိုးမှုအတွက် အဖိုးနှုန်းချိုသာစွာနဲ့ ဝယ်ယူ ပြီးသူတို့ကိုယ်စား အုပ်ချုပ်စေပါတယ်။ အခွန်ကောက်စေပါတယ်။ မြန်မာပဒေသရာဇ်စနစ်ကို အပြီးတိုင်ဖြိုပစ်ခဲ့တဲ့ ဗြိတိသျှတို့ဟာ တောင်ပေါ်ဒေသမှာတော့ သူတို့ကိုသစ္စာခံတဲ့ စော်ဘွားစောဖျာများ အသိအမှတ်ပြု “ဆနဒ်” ပေးပြီး သူတို့ကိုယ်စား အုပ်ချုပ်စေပါတယ်။

မြန်မာဘုရင်ထံ ပဏ္ဍာဆက်သ နေရာကနေ အိန္ဒိယဘုရင်ခံချုပ်ထံ အခွန်ဆက်သကြရခြင်းသာ ခြားနားပါတယ်။

“ဆနဒ်”ဆိုတာမှာ ဖော်ပြထားတဲ့အချက်များကို ဖတ်ကြည့်ရုံနဲ့စော်ဘွားစော်ဖျာရဲ့ အနေအထားနဲ့အဆင့်နေရာကိုချက်ချင်းသိနိုင်ပါတယ်။

တချို့ကလည်းကိုလိုနီနယ်ချဲ့သမားနဲ့ပဒေသရာဇ်ဘုရင်ချုပ်တဲ့စာချုပ်တစ်ခုကိုအထောက်အထားပြုပြီး “လွတ်လပ်သောနိုင်ငံ” လို့ဆိုကြပါတယ်။ တကယ်တော့ဒါဟာ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ နယ်ချဲ့သမားရဲ့သွေးခွဲမှုကို ပြန်လည်တမ်းတ ပဲ့တင်ထပ်ခြင်းမျှ သာဖြစ်ပါတယ်။

မြန်မာဘုရင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကင်းဝန်မင်းကြီးနဲ့ အိန္ဒိယဘုရင်ခံချုပ်ရဲ့ကိုယ်စားလှယ် (Douglas Forsyth) ဖေါ်ဆယ်တို့ ချုပ်ဆိုတဲ့ စာချုပ်ကို ကိုးကားကြတယ်။ တကယ်တော့ ဒီစာချုပ်ဟာ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး နောက်ပိုင်းချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ် ပါတယ်။ ပထမအင်္ဂလိပ်မြန်မာစစ်ပြီးတော့ရန္တပိုစာချုပ် ချုပ်ခဲ့သော်လည်း ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးတဲ့အခါ မည်သည့်စာချုပ်မျှ မချုပ်ခဲ့။

တကယ်တော့ စစ်နိုင်သူနဲ့စစ်ရှုံးသူတို့ချုပ်ဆိုတဲ့စာချုပ်များရဲ့ထုံးစံအတိုင်း စစ်နိုင်သူလိုချင်သမျှ အခွင့်အရေးကို စစ်ရှုံးသူဘက် ကပေးရတဲ့၊ လိုက်လျောရတဲ့ ကတိခံဝန်ချက်မျှသာဖြစ်ပါတယ်။

“ဖေါ်ဆယ်နဲ့ ကင်းဝန်မင်းကြီး” တို့ ချုပ်ဆိုသောစာချုပ်မှာလည်း ထိုထုံးစံအတိုင်းပင်ဖြစ်ပါတယ်။

စာချုပ်အနှစ်သာရအရဆိုလျှင် ကရင်နီနယ်တစ်ခုလုံးရဲ့ “လွတ်လပ်ရေး” ဆိုတာကို အင်္ဂလိပ်နှင့်မြန်မာဘုရင်က ကြည်ဖြူစွာ အသိအမှတ်ပြုပေးအပ်ခဲ့ခြင်း မဟုတ်။ “အနောက်ကရင်နီနယ်”အတွက် “အင်ဒီပင်းဒင့်” သာဖြစ်ပါတယ်။

ထိုသို့ “အင်ဒီပင့်ဒင့်ပေးခြင်း” ဆိုသည်မှာလည်း “အနောက်ကရင်နီနယ်” မှ ကျွန်းသစ်နှင့် သတ္တုများကို အင်္ဂလိပ်ကုမ္ပဏီများ က အနှောင့်အယှက်မရှိ ထင်သလို ထုတ်ယူရရှိစေရန်အတွက် အနောက်ကရင်နီနယ်ကို ကြားခံနယ် (Buffer State) ပြုလုပ်ခြင်း မျှသာ ဖြစ်ပါတယ်။

ထို့အပြင် အရှေ့ကရင်နီနယ်စားကြီးစောလဖော် ကို ၁၈၆၈ ခုနှစ်တွင် မင်းတုန်းမင်းက “မဟာဇေယျပဗ္ဗတရာဇာ” ဟူသော ဘွဲ့ ပေးပြီး ကန္တရာရဝတီ မြို့စားအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ဖော်ဆယ်နဲ့ကင်းဝန်တို့စာချုပ် ချုပ်ဆိုကြတာ ၁၈၇၅ ခုနှစ် ဖြစ်ပါတယ်။

ရှေးကကန္တာရဝတီလို့ခေါ်တဲ့ကရင်နီနယ်ကို အရှေ့ကရင်နီနယ်နဲ့ အနောက်ကရင်နီနယ်ဆိုပြီး ခွဲခြားထားပါတယ်။

အရှေ့ကရင်နီနယ်မှာ ကန္တာရဝတီနယ် တနယ်တည်းသာပါဝင်ပြီး စတုရန်းမိုင် နှစ်ထောင်ငါးရာခန့်ရှိပါတယ်။

အနောက်ကရင်နီနယ်ဆိုတာဟာ ကြယ်ဖိုးကြီး၊ ဘောလခဲ၊ နမ့်မဲခုံနှင့်နောင်ပုလဲ ၄ ပါဝင်ပါတယ်။ အကျယ်အဝန်းစတုရန်းမိုင် ၆၃၀ ခန့်ရှိပြီးပါတယ်။ အရှေ့ကရင်နီနယ်လို့ခေါ်တဲ့ ကန္တရဝတီဟာ ကရင်နီနယ်ကြီးတစ်ခုလုံးရဲ့ ငါးပုံလေးပုံကျယ်ဝန်းပါတယ်။ ဒါကြောင့် အနောက်ကရင်နီနယ်ဟာ ငါးပုံတစ်ပုံမျှသာရှိပါတယ်။ “အနောက်ကရင်နီနယ်”ဆိုတာဟာ ကရင်နီနယ်ကြီးရဲ့အနောက်တောင်ပိုင်းမှာရှိပြီး၊ တောင်ငူ၊ ရမည်းသင်းခရိုင်များနဲ့ ထိစပ် နေပါတယ်။

ဒီတော့အနောက်ကရင်နီနယ်ရဲ့“အင်ဒီပင်းဒင့်”ကို ကရင်နီနယ်ကြီးတစ်ခုလုံးရဲ့ လွတ်လပ်ရေးအဖြစ် ပြောဆိုနေမှုဟာ မသိနား မလည်လို့ မဟုတ်ရင် ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တစ်ခုခုရှိနေလို့ပဲ။

ကိုးကား

ပင်လုံစစ်တမ်း – ဦးအုန်းဖေ (ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင်းဟောင်း) – ၊ ဒုတိယအကြိမ်၊ ၂၀၁၃၊ ဒီဇင်ဘာ၊ စာအုပ်ဈေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

One Response to တူမောင်ညို – ဖေါ်ဆယ် – ကင်းဝန် နှင့် အနောက်ကရင်နီနယ် အင်ဒီပင်းဒင့်

  1. Dr. Maung Maung Gyi on August 16, 2016 at 7:45 pm

    Let me cite Dr.Htin Aung, (Maung Htin Aung), A History of Burma, Columbia University Press, 1967, p. 285-86.

    “The British has forced King Mindon to recognize the independence of the Karenni states, which had always been part of Burma, but after the fall of the Burmese kingdom they promptly turned the Karenni states into the British territory but kept them entirely separate from Burma. Now they were separating the hill regions of the Chins and the Kachins, and the plateau of the Shans entirely from the rest of Burma, on the excuse that the people in those regions were politically not advanced and must be kept under the direct control of the British governor of Burma, and they declared that the affairs of those regions were not discussable by the legislature that was to be established under the diarchy reforms.”

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်