နောင်ကော်ျ – မောင်သာချိုရဲ့ သမ္မတကြီး စာအုပ်

August 27, 2016

 
နောင်ကော်ျ – မောင်သာချိုရဲ့ သမ္မတကြီး စာအုပ်
(မိုးမခ စာအုပ်စင်) သြဂုတ် ၂၇၊ ၂၀၁၆
 
နာမည်ကြီးပြီးသား စာရေးဆရာတယောက်ကို ကြော်ငြာပေးစရာမလိုအပ်ဟု ထင်သည်။ မနေ့ညနေပိုင်းက ကျောင်းနေဖက်သူငယ်ချင်းတချို့ ဆုံကြသည့်အချိန်လေးတွင် ကိုသာချိုလည်းပါသည်။ ဤသို့ဆုံကြသည့်အခိုက်အတန့်တိုင်းအတွက် သူ၏နောက်ဆုံးထွက်စာအုပ်ကို လက်ဆောင်ပေးဖို့ ယူလာတတ်သည်။ မနေ့ညနေကလည်း ဒီစာအုပ်လေးကို ယူလာပြီးပေးသည်။သူနှင့်စကားပြောရင်း ထွက်ခဲ့ သောစာအုပ် ၆၀ လောက်ရှိပြီ ဆိုတာကိုပြောသည်။

သူက ခရီးသွားရင်းလည်းရေးသည်။စကားပြောနေရင်း လည်း တခါတလေ “ဒါလေး လက်စသတ်လိုက်ဦးမယ်။ ခဏလေး” ဟုပြောကာ ရေးနေတတ်သည်။ကျနော်သိသောသူတွေထဲတွင် စာအရေးနိုင်ဆုံး လူတယောက်။ သူ စာတွေရေးနိုင်နေတာကို ကျနော်ဝမ်းသာသည်။

နောက်ပိုင်းကာလတွေမှာရေးသော သူ့စာတွေက တိုသော်လည်း ပြောချင်တာ ပေးချင်တာကို ထိထိမိမိဖြစ်အောင်ရေးတတ်သည်။ ဂျာနယ်တွေ သတင်းစာတွေမှာ အရေးများသောကြောင့်လည်း သူ့ဆောင်းပါးတွေက လိုရင်းတိုရှင်းသဘောဘက်သို့ ကဲလာခြင်း ဖြစ်မည်။

သူငယ်ငယ်က ရေးခဲ့သော ကဗျာတွေ ဝတ္ထုတိုတွေကို စာအုပ်အဖြစ် တစုတစည်းတည်း ပြန်ထုတ်ထားတာ ရှိမရှိ ကျနော်မမေးဖြစ်သေး။ ငယ်ငယ်က အချစ်ဝတ္ထု တွေ တံငါဘဝဝတ္ထုတွေ ရေးခဲ့ဖူးသည်။ကဗျာကောင်း တွေ အတော်များများရေးခဲ့ဖူးသည်။နဝတစစ်အာဏာရှင်ခေတ်တွင် လက်သံပြောင်သော ကဗျာတွေရေးခဲ့ ဖူးသည့်အကြောင်းကို ပန်းချီဆရာကိုထိန်လင်းက မန္တလေးထောင်မှာအတူနေကြတုန်းမှာ ကျနော့်ကိုပြော
ပြပြီး သူ့ကဗျာတချို့ကို ရွတ်ပြဖူးသည်။

ယခုဤုစာအုပ်၏ခေါင်းစဉ်ပေးထားသောဆောင်းပါးကို စာမြည်းအဖြစ် ဖော်ပြပေးလိုက်ပါသည်။ လင်းလွန်းခင်စာပေက ၂၀၁၆ သြဂုတ်လတွင် ပထမအကြိမ်အဖြစ် ထုတ်ပြီး တန်ဖိုး ကျပ် ၂၀၀၀။

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, နောင်ကျော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်