ညိုထက်ညို – ဖြူဖြူကြီး

August 28, 2016

Than Htay Maung

ညိုထက်ညို  –  ဖြူဖြူကြီး

(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၆

အဲဒီနေ့ညက ကျွန်တော်တို့ထုံးစံအတိုင်း ယုဇနပလာဇာနောက်လမ်း က Lion World မှာ အရက်သောက်ကြတယ်….။

ညဆယ်နာရီခွဲ လောက်ကျတော့ ကျွန်တော်တို့ အရက်သောက်နေတာ လက်စသတ်လိုက်ပြီး မင်္ဂလာဈေးဝင်းထဲက Favourite ကေတီဗီဆိုင်ကို ရွှေ့တယ်….။
Favourite မှာ နှစ်နာရီလောက် ဘီယာထိုင်သောက် ပြီးတော့ ကျွန်တော်တို့လူစုခွဲကြတယ်….။
မြို့ထဲကို ပြန်မယ်လုပ်တော့ ကျွန်တော်နဲ့အတူ ဇော်ဦး ပါလာတယ်….။ ပြီးတော့ ဇော်ဦးလမ်းညွှန်ရာအတိုင်း ကျွန်တော် ကမ်းနားလမ်းပေါ် လမ်းနှစ်ဆယ်ထိပ်နားမှာ ကားကို ရပ်လိုက်တယ်…..။ ပြီးတော့ လမ်းဝင်ဝင်ချင်းတွေ့ရတဲ့တိုက်တလုံးရဲ့ပထမထပ်ကို တက်ခဲ့ပါတော့တယ်…..။

အခန်းထဲဝင်မိတော့ ကမန်တော်တို့ကို အပေါ်ထပ်ကို ချာတိတ်တယောက်က လိုက်ပို့တယ်….
ဒီတော့မှ အပေါ်ထပ်နဲ့အောက်ထပ်နှစ်ခန်းတွဲကို အတွင်းလှေကားနဲ့ ဆက်ထားမှန်း ကျွန်တော် သိရတယ်….။  အပေါ်ထပ်ကိုရောက်တော့ ကျွန်တော်တို့ကိုအထဲမှာ အဲကွန်းဖွင့်ထားတဲ့အခန်းတခန်းအဝအထိ လိုက်ပို့ပြီး ချာတိတ်ပြန်ထွက်သွားတယ်….။

အခန်းထဲကို ကျွန်တော်တို့နှစ်ယောက်ဝင်လိုက်တော့ မှောင်ပျပျအခန်းထဲမှာ လိုက်ကာလေးတွေ ကန့်ပြီး အိပ်ရာလေးသုံးခုခင်းထားတယ်….။ ကျွန်တော်က အခန်းဟိုဘက်ထောင့်ဆုံး အုတ်နံရံနဲ့ကပ်လျက်အိပ်ရာကို ယူလိုက်တယ်….။  ဇော်ဦးက အခန်းဝင်ဝင်ချင်းမျက်စောင်းထိုးလောက်က အိပ်ရာကိုယူတယ်….။ ကျွန်တော်နဲ့ဇော်ဦးကြားအလယ်မှာ အိပ်ရာလေးတခုခြားနေတယ်….။
အဲဒီမှာပဲ အခန်းထဲကို ကောင်မလေးနှစ်ယောက် ဝင်လာတယ်….။ အရပ်နည်းနည်းမြင့်မြင့်နဲ့ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်ကောင်မလေးကို ဇော်ဦးက ယူလိုက်ပြီး ကျွန်တော်က အရပ်ခပ်ပုပုနဲ့ ကိုယ်လုံးကိုယ်ထည် ခပ်သေးသေးကောင်မလေးကို ယူလိုက်တယ်….။
ပြီးတော့ ကျွန်တော်အိပ်ရာခြေရင်းက လိုက်ကာလေးကို ပိတ်လိုက်တယ်….. ။ အပြင်ဘက်ကဝင်လာတဲ့ အလင်းကြောင့်မြင်တယ်ဆိုရုံကလေး လင်းနေတဲ့အိပ်ရာလေးပေါ်မှာ ကျွန်တော်နဲ့ကောင်မလေးနှစ်ယောက်တည်း ကျန်ခဲ့ပါတယ်….။
ကျွန်တော်ဆေးလိပ်သောက်ချင်လာတာနဲ့ အိတ်ထဲက စီးကရက်ဗူးကိုထုတ်ပြီး စီးကရက်တလိပ် ထုတ်သောက်တယ်….။  ကောင်မလေးက ကန့်လန့်ကာပြင် ဖျတ်ခနဲထွက်သွားပြီး ဆေးလိပ်ပြာခွက်လေးယူပြီး ပြန်ဝင်လာ တယ်….။
အဲဒီမှာပဲ ကောင်မလေးက ‘အိပ်လေ’ လို့ ကျွန်တော့်ကိုပြောလို့ ကျွန်တော်သောက်လက်စ သုံးပုံ တစ်ပုံလောက်ကျန်သေးတဲ့ စီးကရက်ကိုပြာခွက်ထဲထိုးထည့်ပြီး အိပ်ရာပေါ်လှဲလိုက်တယ်….။
ကောင်မလေးရဲ့လက်ကလေးတွေက ဂျင်းဘောင်းဘီဝတ်ထားတဲ့ကျွန်တော့်ခြေသလုံးပေါ် ရောက်လာတယ်…. ။ ခြေသလုံးကို တချက်နှစ်ချက်နှိပ်ပြီးပေါင်ပေါ်ရောက်လာတယ်….။
ပြီးတော့ ကောင်မလေးကိုယ်လုံးလေးကို နည်းနည်းရွှေ့လိုက်ပြီး ကျွန်တော့်လက်မောင်းကို နှိပ်ပေးတယ်….
ပြီးတော့ ‘ကန်တော့’ လို့ ပြောပြီး ကောင်မလေး ကျွန်တော့်ခြေထောက်ကိုကျော်ပြီး ညာဘက်ခြမ်းကို ရောက်သွားတယ်….။  ပြီးတော့ ကျွန်တော့်ခြေထောက်ကတဆင့် ကျွန်တော့်လက်မောင်းနားကို ပြန်ရောက်လာတယ်….။
အဲဒီမှာပဲ ကျွန်တော် အချိန်မဖြုန်းချင်တော့တာနဲ့ ကောင်မလေးလက်ကလေးကိုကိုင်ပြီး ‘သွားလို့ရမလားညီမ၊ ဘယ်လောက်လဲ’ လို့ မေးလိုက်တယ်….။ ‘အင်’ ဆိုပြီး ကောင်မလေးဆီက ရယ်သံသဲ့သဲ့ထွက်လာတယ်….။ ပြီးတော့ တဆက်တည်း ‘ရှစ်ထောင်’ ဆိုတဲ့ အသံထွက်လာတယ်….။ ကျွန်တော်ကောင်မလေးကို ကွန်ဒွန်သွားယူခိုင်းလိုက်တယ်…..။
ကောင်မလေးထွက်သွားပြီး နှစ်မိနစ်သုံးမိနစ်လောက်ကြာတော့ ကျွန်တော်ဆီးသွားချင်လာတယ်…. ။ဒါနဲ့ပဲလိုက်ကာကလေးကိုဖွင့်ပြီး အပြင်ထွက်လိုက်တယ်….။  ပြီးတော့ အခန်းတံခါးဝဘက်ကို လျှောက်လာခဲ့ပါတော့တယ်…..။

ကျွန်တော့်အိပ်ရာဘေးက ကန့်လန့်ကာလေးပွင့်နေတဲ့အိပ်ရာလေးကိုကျော်လိုက်တာနဲ့ ကျွန်တော် ဇော်ဦးအိပ်ရာဘက်ကို ရောက်တယ်….။ လူတကိုယ်စာဝင်သာရုံဟနေတဲ့တံခါးဝက မီးရောင်ဖြူဖြူလေးက ကျွန်တော်တို့အခန်းထဲကို ဝင်နေတယ်….။  ဇော်ဦးရှိနေတဲ့အိပ်ရာဘက်ကိုကြည့်လိုက်တော့ ကာထားတဲ့ကန့်လန့်ကာလေးက အလယ်မှာ ခပ်ဟဟလေး ပွင့်နေတယ်….။

အဲဒီမှာပဲ ကျွန်တော်တံခါးဝနားရောက်လာတယ်….။ အဲဒီမှာပဲ ကျွန်တော်ပွင့်နေတဲ့ကန့်လန့်ကာလေးက ဇော်ဦးတို့အိပ်ရာကို လှမ်းကြည့်လိုက်တယ်….။
အောင်မယ်လေ့လေလေး ….. ။ အိပ်ရာပေါ်မှာ ဇော်ဦးကော ကောင်မလေးကော ကိုယ်လုံးတီးကြီးတွေနဲ့ တယောက်နဲ့တယောက် ဖက်ပြီး အိပ်ရာပေါ်လှဲနေတာ ကျွန်တော်တွေ့နေရတယ်…. ။ နှစ်ယောက်စလုံးအသားဖြူလို့ ဖြူဖြူဖွေးဖွေးရေဆေးငါးကြီးနှစ်ကောင်ကျနေတာပဲ…. ။ ကိုယ်တုံးလုံးကြီးတွေနဲ့ကျွန်တော် မြင်နေရတယ်…။ အဲဒီမှာပဲ လူတကိုယ်စာပွင့်နေတဲ့တံခါးဝက အပြင်ကို ကျွန်တော် ထွက်လိုက်ပါတယ်….။
ပြီးတော့ စင်္ကြန်တလျှောက် အိမ်သာရှိမယ်ထင်တဲ့ဘက်ကို ထွက်လာခဲ့တယ်….။ အိမ်သာရောက်တော့ ကျွန်တော်အထဲဝင်ပြီး ဆီးသွားတယ်….။  ဆီးသွားပြီးတော့ ကျွန်တော့်အခန်းဘက်ကို ပြန်ထွက်လာခဲ့တယ်….။
အခန်းထဲကိုပြန်ဝင်လာပြီး ဇော်ဦးတို့အိပ်ရာရှေ့ကဖြတ်တော့ စောစောကဟနေတဲ့ ကန့်လန့်ကာလေးက ပိတ်နေတယ်….။ ကျွန်တော့်အိပ်ရာကို ကျွန်တော်ပြန်ရောက်တော့ ကန့်လန့်ကာကိုလှပ်ပြီး အထဲပြန်ဝင်ခဲ့တယ်….။
အဲဒီမှာပဲ စောစောကထွက်သွားတဲ့ကောင်မလေးပြန်ရောက်လာပါတယ်….။ ထိုင်နေတဲ့ကျွန်တော့်နားမှာ ကောင်မလေးဝင်ထိုင်ပြီး လက်ထဲမှာပါလာတဲ့ကွန်ဒွန်လေးကို ကျွန်တော့်ကိုပေးတယ်….။  ကျွန်တော် ကွန်ဒွန်လေးကိုလှမ်းယူလိုက်ပြီး ခဏငိုင်နေမိတယ်….။
ပြီးတော့ စောစောကအိမ်သာထဲမှာဆုံးဖြတ်လိုက်တဲ့အတိုင်း ကောင်မလေးကို ‘ညီမ၊ အစ်ကိုအရမ်းပင်ပန်းနေလို့ အိမ်ပြန်အိပ်လိုက်တော့မယ်ကွာ၊ ညီမလည်း အေးအေးဆေးဆေး နားလိုက်တော့၊ အစ်ကိုတို့ တဆက်ရှင်ယူထားပြီးသား’
ဆိုပြီးပြောပြောဆိုဆိုနဲ့ ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တစ်ရွက်ထုတ်ပေးလိုက်ပါတယ်….။
ကောင်မလေး ခဏလေးတွေသွားပြီးမှ ‘ဟုတ်ကဲ့အစ်ကို’ ဆိုပြီး ကျွန်တော်ပေးတဲ့ငါးထောင်တန်လေး ကိုယူလိုက်တယ်….။ ပြီးတော့ ‘ဒါဆို ညီမ သွားတော့မယ်နော်’ ဆိုပြီး ကျွန်တော့်ကိုနှုတ်ဆက်ပြီး ကန့်လန့်ကာလေးဖွင့်ပြီး ပြန်ထွက်သွားပါတော့တယ်….။

အမှောင်ထဲမှာ ကျွန်တော်တယောက်တည်းပဲ ကျန်ခဲ့တယ်….

ဒီတော့မှ ကျွန်တော်စောစောက ခေါင်းအုံးဘေးမှာချထားတဲ့ ဆေးလိပ်ဗူးထဲက ဆေးလိပ်တစ်လိပ် ထုတ်လိုက်ပြီး မီးညှိလိုက်တယ်….။
ဪ …. အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ တဲ့ ….
တဏှာ ပစ္စယာ ဥပါဒါန တဲ့ …
ဥပါဒါန ပစ္စယာ ဘဝေါ တဲ့ ….
မဟာတဏှာသင်္ခယသုတ်မှာတော့ မိဘလောင်းနှစ်ဦး သံဝါသပြုခြင်းတဲ့ ….
မိခင်လောင်း ဥတုလာပြီးစ ဖြစ်ခြင်းတဲ့ ….
ပဋ္ဋိသန္ဓေနေမည့် သတ္တဝါက ရှေးရှုတည်ခိုက်ကြုံခြင်း တဲ့ ….
ကျွန်တော်တို့လူသားတွေရဲ့လာရာကိုစဉ်းစားရင်းနဲ့ ကျွန်တော် စီးကရက်သောက်နေမိတယ်….
ကျွန်တော် တွေ့လိုက်တာတော့ ဖြူဖြူဖွေးဖွေးရေဆေးငါးကြီးနှစ်ကောင်ပဲ….
ဆေးလိပ်မီးခိုးငွေ့ဖြူဖြူလေးတွေရဲ့လာရာကကော ဘယ်ကလဲ….
ဆေးလိပ်မီးခိုးငွေ့ဖြူဖြူလေးတွေရဲ့လားရာကကော ဘယ်ကိုလဲ ….
ကျွန်တော်စဉ်းစားနေရင်းနဲ့ ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ပြီး ဇော်ဦးဆီ ကျွန်တော် ပြန်နှင့်တော့မယ့်အကြောင်း text ပို့လိုက်တယ်….
ပြီးတော့ ကျွန်တော် ကန့်လန့်ကာလေးကိုဖယ်ပြီး အိပ်ရာအပြင်ကို ထွက်လိုက်တယ်….
ပြီးတော့ ကျွန်တော်ခြေဖွနင်းရင်း တံခါးဝကိုလျှောက်ခဲ့တယ်….
ကျွန်တော်ခြေဖွနင်းရင်း တံခါးဝကို လျှောက်ခဲ့တယ် ။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်