မင်းကိုနိုင် ● ရေ ကော်မတီ၊ မီး ကော်မတီ

August 30, 2016

● ရေ ကော်မတီ၊ မီး ကော်မတီ
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

အထက် အညာဒေသ ရွာတစ်ရွာက အဖြစ်အပျက်တခုပါ။ အဲဒီဒေသဟာ လျှပ်စစ်မီးလည်း မရ၊ ရေလည်းအင်မတန် ရှားပါ တယ်။ မျက်ခမ်းစပ်ရောဂါ အပါအ၀င်ရေအရင်းအမြစ်ချို့တဲ့မှုကြောင့် ရလာတဲ့ဒုက္ခတွေကို ကာလရှည် ခံစားခဲ့ရတာပါ။ ရေနဲ့ လျှပ်စစ်မီးဟာ ဒီဒေသအတွက် အခြေခံအကျဆုံး အရေးတကြီး လိုအပ်ချက်ပါပဲ။

အစိုးရအဆက်ဆက် ဒေသန္တရ အုပ်ချုပ်ရေးတွေကလည်း ဒီလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ တစ်နှစ်စာလုံးအ တွက် မိုးရေကိုပဲခံပြီး ခြစ်ခြုတ်သုံးစွဲခဲ့ရတာမျိုးပါ။ ရေတွင်းတူးလို့ ခက်ခက်ခဲခဲရေထွက်တယ်ဆိုရင်တောင် ဆပ်ပြာကုန်လို့ အမြှုပ်မထွက် အ၀တ်လျှော်မရ၊ ချိုးရင်လည်း စေးကပ်နေတဲ့ ရေစေးမျိုးပဲ ရနိုင်တာပါ။ အဲဒီ ရေစေးရဖို့ဆိုရင်တောင် ဒေသခံ တွေရဲ့ တစ်ဦးချင်းဝင်ငွေနဲ့ ရေထွက်အောင်တူးဖို့ မစွမ်းနိုင်ကြပါဘူး။

သတင်းနည်းပညာ ခေတ်ကြီးမှာ လျှပ်စစ်မီးလည်းမရှိတော့ အရာရာ နောက်ကျနေရသူချည်းပါ။ ဆိုလာပြားတွေနဲ့ လျှပ် စစ်အား ယူပါလား မေးစရာ ရှိပါတယ်။ စိုက်ပျိုးရေးကလွဲလို့ တခြားစီးပွားဖြစ်စရာမရှိ။ ထမင်းအိုးတည်ဖို့တောင် နေ့စဉ် ဓားမတို တစ်ချောင်းနဲ့ ထင်းရှာခုတ်ပြီးမှ လောင်စာရတဲ့ ဘ၀တွေဆိုတော့ ဆိုလာပြားဆိုတာ အလှမ်းကွာလှပါတယ်။ ည တွေမှာ ဖယောင်းတိုင်မီးခွက်များနဲ့ (နည်းနည်း ပိုတတ်နိုင်သူတွေက) ဘတ္ထရီမီးလုံးများနဲ့။ ကြာကြာမတတ်နိုင်တဲ့အဆုံး စောစောအိပ်ရတဲ့ ရွာတွေပါ။ စောစောအိပ်ရပါလျက် အိပ်မက်ထဲမှာတောင် ရေမီးမစုံ လေယာဉ်ပျက်ကျရင်တောင် လေထီး
မခုန်နိုင်တဲ့ ဘ၀မျိုးတွေပါ။

အတန်းပညာ၊ ကျောင်းပညာနဲ့ ကြီးပွား ချမ်းသာအောင်လုပ်နိုင်သူတွေ အင်မတန်နည်းကြတဲ့ ဒေသခံတွေဟာဇာတိကို စွန့် ပြီး ဝေးရပ်မြေများမှာ အထူးသဖြင့် နယ်စပ်လိုဒေသမျိုးမှာ တချို့က ရွှေကြော၊ တချို့က ကျောက်မှော်တွေမှာ အသက်နဲ့ အရင်းပြု ငွေရှာတာတောင်မှ ပြေလည်သူနည်းကြပါတယ်။ ကျောက်တွင်းပြိုလို့၊ မြေစာပုံပိလို့၊ ငှက်ဖျားမိလို့၊ အခြားရောဂါ ပေါင်းစုံကြောင့် ဝေးတစ်မြေကသင်္ချိုင်းကို တကူးတက သွားသေရသူတွေလည်း မနည်းပါ။ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှု အပါအ၀င် အမှုပေါင်းစုံနဲ့ဖမ်းဆီးခံရ၊ တရားဥပဒေစိုးမိုးမှု အားနည်းလှတဲ့ ရပ်ဝန်းများရဲ့ ထုံးစံအတိုင်း အားကြီးသူတွေရဲ့ အနိုင်ကျင့်ခံရ။ ဇာတ်သိမ်း မလှသူတွေလည်း များပါတယ်။

အဲဒီဒေသကထွက်ပြီး စွန့်စားလုပ်ကိုင်ရင်း ကြီးပွားလာသူအချို့ ရှိပါတယ်။ ကိုယ့်ဇာတိ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက်ဘယ်စီမံကိန်းကိုမှ မမျှော်လင့်တော့ဘဲ သက်စွန့်ကြိုးပမ်းရှာဖွေခဲ့သမျှတွေနဲ့ ကိုယ့်အားကိုယ်ကိုး ရေမီးရရေး၊ လမ်းခင်းရေး အား ထုတ်ကြပါတယ်။ အဲဒီဒေသ အချို့ရွာတွေရဲ့လမ်းဆိုတာ လှည်းနှစ်စီးတွေ့ရင် ရှောင်စရာမရှိတဲ့ နေရာမျိုးမှာ နွားတွေကိုဖြုတ် လှည်းကို ထမ်းပြီးရှောင်ကြရတာပါ။ လက်ထဲပါလာတဲ့ ဓားမတိုတွေဟာ ထမင်းချက်ဖို့ ထင်းလိုအပ်ချက်တင်မက၊ နေ့စဉ်လို လမ်းသစ်ထွင်နေရတဲ့ ဘ၀တွေ ဖြစ်ပါတယ်။

တစ်ရွာမှာဖြင့် စွန့်စားကြီးပွားလာတဲ့ ရွာသားတစ်ဦးကငွေကျပ် သိန်းထောင်ချီ မတည်ပြီး ရေကြောရှာခဲ့ပါတယ်။ အဲဒီမှာ ဘာလုပ်လုပ် ကော်မတီ ဖွဲ့ရမယ်လို့ မှတ်ယူထားသူများပီပီ ရေအတွက် ရေရရှိရေး ကော်မတီ၊ လျှပ်စစ်မီးအတွက် မီးရရှိရေး ကော်မတီဆိုပြီး အားတက်သရောဖွဲ့ခဲ့ကြပါတယ်။ ကော်မတီ ဆိုတာက ဘာလဲဗျလို့ မေးတဲ့အခါအဖြေကတော့ ရှင်းပါတယ် “ကြားဖူးနားဝပေါ့ကွာ” တဲ့။ “တို့မလဲ ကော်မတီ ဖွဲ့ချင်နေတာ ကြာပြီ၊ အခုမှ အခွင့်သာတော့တယ်” ဆိုပဲ။

ကော်မတီက အကြောင်းမဟုတ်ပါ။ လက်တွေ့ဖြစ်စဉ်မှာရေနဲ့မီး အစေးမကပ်တော့တာက ပြဿနာပါ။ တစ်ရွာတည်းသားချင်း ကော်မတီမတူလို့ဆိုတဲ့ အစွဲက စိတ်ဝမ်းကွဲမှုဆီ အကြောင်းဖန်လာပါတယ်။ ရေကော်မတီကရေရှာရင်း ပေလေးငါးရာ အ ရောက်မှာ ကံအားလျော်စွာရေကြောမိပြီး လက်ခမောင်း ထခတ်ပါတော့တယ်။ မီးကော်မတီဘက်ကို ဘယ်နဲ့ရှိစဆိုတဲ့ အ ကြည့်တွေနဲ့ပေါ့။
မီးကော်မတီဝင်များခမျာ ဓာတ်တိုင်ကို သစ်သားတိုင်သုံးမလား၊ ကွန်ကရစ်တိုင်သုံးမလား ငြင်းနေရ။ တိုင်းလျှပ်စစ်ဌာနနဲ့ ဘယ်လို အဆက်အသွယ်ယူရပါ့ဗျာများနေတုန်း ရှိပါသေးတယ်။ “တို့ဟာက ခက်တယ်ကွ၊ မင်းတို့လို ရေကြောရှိရာရှာရင်း စိတ်ထင်ရာ တူးလို့ရတာမဟုတ်၊ မတော်လို့ ဓာတ်လိုက်ရင် ဘယ်လိုလုပ်မတုန်း” ဆိုပြီး မြို့ကို ဆိုင်ကယ်တွေနဲ့ ခေါက်တုံ့ ခေါက်ပြန်ပြေးရင်း အကောင်အထည်ပြနိုင်ဖို့ လျှပ်စစ်ဌာနကို ချဉ်းကပ် နည်းလမ်းမေးရဆဲ။

ရေကော်မတီခမျာလည်း ရေတော့ထွက်ပါရဲ့၊ အပြည့်မပျော်နိုင်သေး။ ပိုက်တွေဆက်ပြီး ဖြန့်ဝေနိုင်ရေးမှာအခက် ကြုံပြန်ပါ တယ်။ ပိုက်ဆက်နိုင်သမျှ အနီးဆုံးလူကအရင်ရတော့ ပိုက်မမီသေးတဲ့နေရာက မကျေမချမ်းအပြစ်တင်။ ဒါကို မီးကော်မတီ သွေးထိုးလို့ ပယောဂ၀င်ပါတယ်ဆိုပြီး ရေကော်မတီက အငြိုးအတေး မှတ်ပါသတဲ့။ ဒါနဲ့ အလှည့်ကြုံရင် နှိပ်ကွပ်ဖို့အကြောင်း ဆုံလာပါတယ်။

မီးကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ ကနဦး သုံးစွဲငွေထုတ်ယူရန် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေး လုပ်ပါတယ်။ ရေကော်မတီနဲ့မီးကော်မတီ ပေါင်းထားတဲ့ကော်မတီပါ။ အဲဒီအစည်းအဝေးမှာ စာတတ် ပေ တတ်လို့ သူ့ကိုယ်သူ ခံယူထားသူက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဆိုတာကတော့ မှန်ပါတယ်။ ရေနဲ့ မီးကတော့ ဖွံ့ဖြိုးရေးရဲ့ လက်အောက်ကမို့ဆပ်ကော်မတီများလို့သာခေါ်ရမယ်လို့ ဝေါဟာရပြဿနာ တစ်စခန်းထပါတယ်။ ရေကော်မတီ၊ မီးကော် မတီဝင်တွေက.. လက်မခံပါ။ အစည်းအဝေးကို လမ်းကြောင်းမပြောင်းသွားအောင် မနည်းထိန်းယူရပါသတဲ့။

မီးကော်မတီအတွက် လတ်တလောသုံးရမယ့်ငွေကို မြို့ပေါ်က ဘဏ်မှာအပ်ထားတာပါ။ သွားရောက် ထုတ်ယူရပါမယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရေကော်မတီကလည်းသူတို့လုပ်ငန်း အကောင်အထည် ဆက်ဖော်ရေးအတွက်ဘဏ်မှာ ငွေသွား အပ်ရမယ့်နေ့။ ထုတ်ယူမယ့် ငွေနဲ့အပ်နှံမယ့် ငွေပမာဏကလည်း မကွာလှတာကြောင့် မီးကော်မတီက ရေကော်မတီထံ အကြံပြုပါတယ်။ ဘဏ်မှာလက်မှတ်ထိုး ထုတ်ယူဖို့ဖြစ်ဖြစ်၊ သွင်းဖို့ဖြစ်ဖြစ် မြို့ကိုသွားရင် ကော်မတီတစ်ခုကို အနည်းဆုံး လူနှစ်ယောက်သွားရမယ်။ စရိတ်ကုန်မယ်၊ အချိန်ကုန်မယ်။ ဒါကြောင့်ရေကော်မတီ ဘဏ်အပ်ရမယ့်ပိုက်ဆံကို မီးကော်မတီ ထံခေတ္တပေးထားဖို့ တင်ပြပါတယ်။ ဒါကို ရေရရှိရေးတုန်းကမီးကော်မတီ သွေးထိုးခဲ့တဲ့ပယောဂတွေ ရှိခဲ့တယ်လို့ မှတ်ယူ ထားတဲ့ ရေကော်မတီက အပြင်းအထန်ကန့်ကွက်ပါတယ်။ အကြောင်းပြချက်ကတော့ “ကော်မတီနှစ်ခု မတူဘူး၊ မတူလို့ဘဲ ရေကော်မတီ၊ မီးကော်မတီလို့ ခွဲထားတာလေ” တဲ့။ အဲဒီမှာ မီးကော်မတီသမားတွေ နဝေတိမ်တောင်ဖြစ်သွားပါတယ်။ သက်သက်မဲ့ ကပ်နေတာလို့မြင်ပေမယ့် ကိုယ့်ဟာကိုယ်နာမည်ပေးခဲ့တဲ့ ကော်မတီဆိုတာကြီးက စောဒကတက်လို့ မရ အောင် ကန့်သတ်မိနေပြီကိုး။

သည်းမခံနိုင်တဲ့ မီးကော်မတီဝင်အချို့က ဘယ်လိုမှချေးငှားလို့မရတဲ့အဆုံး “ဒါတော့ ခင်ဗျားတို့ ကော်မတီကသက်သက် ညစ်တာလို့ ထ စွပ်စွဲပြီး လက်တွေ၊ ခြေတွေ ရွယ်မြှောက်လာပါတော့တယ်။ ရေကော်မတီကလည်း “တို့က အလုပ်ကို အ လုပ်နဲ့တူအောင် လုပ်နေတာကွ၊ မတူလို့ကို ကော်မတီခွဲထားတာ ငွေရေးကြေးရေးအရှုပ်အထွေး လာမရောနဲ့” လို့ တုံ့ပြန်ရင်း လက်တွေ၊ခြေတွေနဲ့ ခုခံဖို့ ပြင်ပါတော့တယ်။

ကျေးရွာ ဖွံ့ဖြိုးရေးခေါင်းစဉ်ကနေ လက်ဝှေ့ ဗိုလ်လုပွဲအသွင်ပြောင်းတော့မယ့် ကော်မတီအစည်းအဝေးကို ဒီတိုင်းတော့ လွှတ်ပေးလို့ မရတော့ဘူးလို့ သဘောပေါက်လိုက်တဲ့ မ,တည် အလှူရှင်ထိုရွာသားက “နေကြပါဦးဗျာ..၊ ခင်ဗျားတို့ အဲ … အဲ ရေကော်မတီက ဘဏ်အပ်မယ့်ငွေကို ကျွန်တော့် ခဏချေးလို့မရဘူးလား” မေးပါသတဲ့။ ရေကော်မတီက ပျာပျာသလဲ ငြင်းပါတယ်။ “ကော်မတီချင်းမှမတူဘဲ ရှုပ်လို့မရဘူး” တဲ့။ အလှူရှင်က ပြန်မေးတယ် “ဘာလဲ .. ခင်ဗျားတို့ ကျုပ်ကိုတောင် မယုံကြဘူးလား” ဆိုမှ ရေကော်မတီဝင်တွေခမျာ ကော်မတီဆိုတဲ့ ဝေါဟာရကြီးနဲ့ကိုင်ပေါက်လို့ မရတော့ဘူး ဆိုတာသဘော ပေါက်သွားပြီး “ခင်ဗျားတော့ ယုံပါတယ်ဗျာ” လို့အောင့်သက်သက်နဲ့ ဖြေကြရပါတော့တယ်။

ခေတ်စနစ်ကို အကောင်းဘက်ပြောင်းကြတော့မယ်ဆိုတဲ့သူတွေဟာ ကိုယ်နဲ့အနီးဆုံးမှာရှိနေတဲ့ ဒေသအချင်းချင်း၊ ပုဂ္ဂိုလ် များ အချင်းချင်း အစွဲတစ်ခုအကြောင်းပြုပြီး ပြိုင်ဘက်လို့ မမြင်စေချင်။ လက်တွဲဖော်တွေအဖြစ် သဘောထားကြစေ ချင် ကြောင်းပါ။

#မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၉၊ မင်းကိုနိုင် ဆောင်းပါးမှ ကောက်နှုတ်ချက် ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်