ဆလိုင်းဇုန် ● မြူ (​ဝတ္တုတို)

September 13, 2016

● မြူ (ဝတ္တုတို)
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၆

 

(၁)
အခန်းတံခါးလေးက ခပ်ဟဟလေးပွင့်နေသည်။ အခန်းထဲ အသံဗလာ တစ်စုံတရာမျှ မကြားရ တိတ်ဆိတ်လျက်။ လှုပ်ရှားမှုလည်းမရှိငြိမ်သက်နေသည်။ အခန်းအပြင်ဘက်တွင် မြူများဆိုင်းနေ၏။ ထို့ကြောင့် ကိုက်နှစ်ဆယ်အတွင်းသာ မှုန်မှုန်ဝါး ဝါးမြင်ရသည်။ အခန်းတွင်း စိုထိုင်းဆမြင့်တက်လာသည်။ ကြမ်းခင်းပျဉ်ပြားပေါ်တွင် စိုစွတ်စွတ် ဖြစ်လာသည်။ ပြတင်းတခါး များမှာ လိုက်ကာချထားသောကြောင့် အပြင်ဘက်ကိုမမြင်ရပေ။ မီးရောင်မရှိသောနေ့ခင်းသည် ညနေဘက်ရောက်သွား သလို မှောင်တောင်တောင်ဖြစ်နေသည်။ အခန်းတွင်း လူတယောက်သည် ငြိမ်သက်စွာ လဲလှောင်းနေ သည်။ တိတ်ဆိတ်ခြင်း ငြိမ်သက်ခြင်းသည် ကြောက်ရွံခြင်းကိုဖြစ်စေတော့သည်။ ခြောက်ခြားစေသည်။

(၂)
အသက်ရှုသံပင် အကျယ်လောင်ဆုံးသော အသံဖြစ်စေသည်။ နံရံပေါ် ချိတ်ဆွဲထားသော အဖေ့ အမွေ နာရီအိုကြီးမှာ အချိန် ၂ နာရီ ၄၇ မိနစ်ကို ညွှန်ပြနေသည်။ ဒီအခန်းကျဉ်းလေးထဲ လဲလှောင်းနေခဲ့ရ သည်မှာ နာရီပေါင်း ၄၈ နာရီပင်ပြည့်တော့မည်။ လွန်ခဲ့သော နာရီပေါင်း ၄၈ မတိုင်မီက ရာသီဥတုက သာသာယာယာရှိနေခဲ့သလို အခုလိုလဲလျောင်းမနေရသေး။ ရေဒီယိုမှ ရာသီဥတုဆိုးရွားလာမည့်အကြောင်း သတင်းက ဟာသတပုဒ်ပမာ ကြားခဲ့ရသည်။ အေးအေးလူလူ ခေါင်းတခုလုံးကို ရှင်း လင်း လိုစိတ်နဲ့ထိုင်သောက်နေခဲ့တယ်။ ရင်ဘတ်ထဲ ဆို့ဆို့တက်လာသော အစိုင်အခဲကိုအပေါ်မှ အရည်အားဖြင့် ဖိချနေခဲ့ရ သည်။ သောက်နေရင်းတဖြည်းဖြည်းများများလာရင်း ဘယ်ချိန်မှာ ဘယ်လိုလဲကျလိုက်သည်ပင် မမှတ်မိတော့ နောက်ဆုံး လက်ကျန် တစ်ခွက်မော့အပီးမှာ တယ်လီဖုန်းမှ စာတိုလေးတစ်စောင်ရောက်လာခဲ့သည်။ ထိုစာတိုလေးကို ဖတ်မိလိုက် သလား ပြန်စဉ်းစားနေမိသည်။ စာတိုလေးက ဘယ်အကြောင်းအရာ ဖြစ်မည်နည်း။ သေချာမမှတ်မိတော့ မှတ်မိအောင်လည်း မကြိုးစားလိုတော့။ ဖုန်းကို အားတင်းကောက်ယူကြည့်သော်လည်း ဘက်ထရီက ဒေါင်းနေပီ။ ဖုန်းပွင့်မလာတော့ပေ။ အသိဥာဏ်ထဲဝင်ရောက်လာခဲ့သည်မှာ ဘာကြောင့် ခုထိ ငါ အသက်ရှင်သန် နေရသေးသလဲ။ အသက်ရှုသံကိုပင် ပြန်မကြား ချင်အောင်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံး အလုပ်လုပ်နေသည်မှာ မျှင်းမျှင်းလေး လေရှုနေသောအဆုတ် တစ်ချက် ချက် ခုန်နေသော နှလုံးနှင့် ခပ်လေးလေး လှုပ်ခတ်နေသော မျက်တောင်သာရှိသည်။ ခန္ဓာကိုယ် စိတ်ဝိဥာဉ် ပင်ပန်းလွန်းလှပီ။ အပြီးတိုင် အနားယူဖို့ အချိနိမည်မျှကြာဦးမလဲ။

(၃)
စားပွဲမှာ ပွစာတက်နေသော အသင့်စား ခေါက်ဆွဲထုတ်ခွံများ ခွက်နှစ်လုံးတစက်မှ မကျန် တော့သော ဝီစကီအလွတ်တပုလင်း ဆေးလိပ်တို ဆေးလိပ်ပြာများ ၁၈ နှစ်အောက် မဖတ်ရ သည့် ဖတ်လက်စ ပလက်ဖောင်းဆိုသော စာအုပ်တအုပ် ရှိလေ သည်။ အခန်းထောင့်တနေရာတွင် လဲနေသော တံမြက်စည်းတချောင်း၊ အမှိုက်ပုံးတလုံး၊ လုံးချေထားသော စက္ကူလုံးများစွာ နှင့် ဖုန်မှုန့်များ နေရာယူထားလေသည်။ ဒီလို အသင့်စား အစားအသောက်တွေကို စားသောက်နေခဲ့သည်မှာ နှစ်တောင်ကျော် နေခဲ့ပြီထင်သည်။ ရှင်သန်ရခြင်းအကြောင်းများတွေးတောနေခဲ့မိသည်။ ပိုးမျှင်များစွာတန်းနေသော မျက်နှာကျက် ညိုညစ်ညစ်ကို ကြည့်နေခဲ့ရသည်မှာကြာလေပြီ။ အခန်းတွင်း တစိမ့်စိမ့်အေးကိုက်နေမှုကို နှစ်သက်သလိုလို တောင့်တင်း သောခန္ဓာကိုယ်တည်ရှိနေခြင်းကို သဘောကျလာသည်။ မလှုပ်နိုင်သောပါးစပ်ပေါက်ကနေ နာမည်လေးတခုကို ရေရွတ်ချင် နေမိသည်။ ဆို့ပိတ်နေသောရင်ဘတ်တခုလုံးကိုဖွင့်ထွက်ပြီး ပျိုရွယ်သစ်လွင်မှုကို တောင့်တမိသည်။ ထိုစဉ် လေတသုန်သုန်တိုက်ခတ်လာသည်။ အခန်းလေးအတွင်း ပို၍ပို၍ အေးခဲလာခဲ့ည်။ အခန်းတွင်းအနွေးဓာတ်ပေးလေ့ရှိသောမီးဖိုလေးမှာ ပြာများသာ ကျကျန်နေခဲ့တော့သည်။ ကျောက်မီးသွေးမရှိ၊ အပှုမရှိ။ ပြာမှုန်များပင် စိုစိုထိုင်းထိုင်း ရှိလေခဲ့တော့ သည်။

ဒီမီးဖိုလေးဘေးမှာ ကဗျာလေးတွေရွတက်ဆို၊ ပြောင်းဖူးလှော်လေးတွေစားခဲ့ကြဖူးတဲ့ နေ့တွေကို မြင်ယောင်မိသည်။ အချိန်များ ဘယ်လိုများကုန်လိုက်တာပါလိမ့်။ တဘဝဆိုတာ သိတတ်စအရွယ်မှ အစပြုပြီး မိမိကိုယ်ကို မေ့ချင်လို့ဇွတ်မေ့ ပစ်ရသော နေ့ရက်တိုင်တိုင်ပေါ့။ အချိန်အားဖြင့် အသက် ၃၇ နှစ်ဆိုသည်မှာ ငယ်တော့သည် မဆိုသာ။

(၄)
အာခေါင်များ ခြောက်ကပ်လွန်းလှနေပီ။ ရင်ဘတ်များပူလောင်နေသကဲ့သို့ ရှိသည်။ တံတွေးမြိုချလိုက်ချင်သော်လည်း တံတွေးက ထွက်မလာ။ ပတ်ဝန်းကျင်တခုလုံး ခြုံသိုင်းထားသော မြူများ ပို၍ပို၍ အားကြီးလာသည်။ ကောင်းကင်ထက်သို့ ရောက်သွားပြီလားထင်မှတ်စရာပင် ကောင်းသေးတော့သည်။ အချိန်အားဖြင့် ၃ နာရီ ၃၇ မိနစ်သို့ ညွှန်ပြလေပြီ။ တမိုးချုပ် ရန်သိပ်ကြာသည်ဟု ထင်မိသည်။ မျက်လုံးမှိတ်ထားလျက်ရှိသော်လည်း မြင်နေရသေးသော ငယ်မှုအကြောင်း အရာများ က ရုပ်ရှင်ပြကွက်များကဲ့သို့တခုချင်းတခုချင်း အာရုံရိပ်တွင် ပြောင်းလဲ သွားကြသည်။ နှာခေါင်းထဲမှ လေရှူရတာ အဆင် မပြေသလိုရှိလာသည်။ ပါးစပ်ဟ၍ ရှုသွင်းနေမိ သည်။ နှာခေါင်းမှာ ခပ်နွေးနွေးအရည်များ ထွက်ကျလာသည်။ မြူသည် ကမ္ဘာကြီးကို ရစ်ပတ်ထားလေသည်။ ကျနော်သည် မြူကို ပြန်၍ပတ်ရစ်ထားလေပြီတကား။

(၅)
လေးတန်းအရွယ် ကုန်ကားတစီးပေါ်မှပြုတ်ကျခဲ့ချိန်က မူးဝေအော့အန်နေခဲ့ရပုံများကို ပြန်မြင်ယောင်မိသောအခါ ပြန်၍ အော့အန်ချင်ပြန်နေလေသည်။ ကလေးအချင်းချင်း သဲပုံပေါ် အိမ်များဆောက် လမ်းများဖောက်လုပ်ကြပုံများဈ စိန်ပန်းပြာ ပြာပွင့်ကို ငေးမောနေခဲ့ရပုံများ၊ တောင်ဇလပ်ပန်းနီနီကိုငှက်ကလေးတွေ ဝတ်ရည်စုပ်စားနေကြပုံများ၊ အိမ်ဘေးက ရေကန် ကြီးနံဘေး အသီးတောင်သီးနေပြီဖြစ်သည့် ကျနော်စိုက်ခဲ့သောမက်မွန်ပင်လေး ချယ်ရီသီးတွေ ကောက်ပြီး  ဝိုင်ဖောက်ခဲ့ ပုံများ၊ အိမ်စာမလုပ်သောကြောင့် အရိုက်ခံခဲ့ရသည့် ခြောက်တန်းကျောင်းသားဘဝနှင့် ရှစ်တန်းကျောင်းသားဘဝလပတ်စာမေးပွဲတခုတွင် သချာင်္ရမှတ် ၂ မှတ်သာရသောအဖြစ်များ… စသည့် အထင်ကရများစွာသည် အကွက်လိုက်အခန်းလိုက် ပြန်မြင်နေရသည်။

ထိုအာရုံပုံရိပ်များက အလွမ်းထုထည်များဖြင့် ကျနော့်ရင်ဘတ်ကိုဆောင့်လိုက်သည့်နှယ်  အောင့်သွား ရတော့သည်။ ထိုစဉ် အခါတုန်းက ဖြူစင်သော အပြုံးတို့ကိုယှဉ်ပြိုင် အားယူ ပြုံးကြည့်မိသည်။ အပြုံးသည် နာကျင်မှုကို အန်တုရ၍ပြုံးသည်နှင့်မတူ။ မဲ့ပြသကဲ့သို့ပင် ဖြစ်နေပြန်တော့သည်။ မျက်နှာကျက်ပေါ်တနေရာမှ ကြွက်ကလေးများ တကျွီကျွီအော်သံကြားရခါမှ သတိတချက် ဝင်လာသည်။ အခန်းတွင်းသန့်ရှင်းရေးဝင်ရန် လိုနေပေပြီ။ ပိုးဟပ်များဖွထားသော အချဉ်ရည်ထုတ်သည် နံစော်နေပြီ။ သိုးနေသောထမင်းပေါင်းအိုးကို ဆေးရန်လိုနေသေးသည်။

(၆)
သတိမရတချက်ရတချက် အသက်ကို မျှင်းမျှင်းကလေးရှုနေရင်းဘဲ ဘဝက သက်တောင့် သက်သာ ဖြစ်လာခဲ့တော့သည်။ အပြင်ဘက်တွင် လေများတိုက်ခတ်လာသလိုရှိသည်။ နားထဲတွင် ခေါ်သံတခု ကြားသယောင်ရှိသည်။ ခေါ်သံကို ပြန်ထူးနိုင် စွမ်းအား မရှိတော့။ အခန်းတံခါး တွန်းဖွင့်သံ လိုလို  ကြည့်နိုင်စွမ်းတော့မရှိ။ အော်ခေါ်သံနှင့်အတူ ခြေသံကိုကြားလိုက်သလိုလို နှာခေါင်းထဲတွင် ရင်းနှီးသော ရနံ့တစုံတရာ ရလိုက်သလိုလိုပင်။

(၇)
အုတ်ဂူအသစ်လေးတခုပတ်လည်တွင် မြက်ခင်းစိမ်းများ စိုက်ထူနေသော ခပ်ရွယ်ရွယ် အမျိုးသမီး တဦးရှိသည်။ သူမ၏ပါး စပ်ဖျားမှ စာသားတချို့ရေရွတ်လျက်ရှိသည်။ သို့သော် မည်သည့်စာသား ရေရွတ်နေမှန်းမကြားနိုင်ပေ။ သူမ၏မျက်ဝန်းတွင် မျက်ရည်များအဆီးတားမဲ့ စီးဆင်းလျက်နေသည်။ သို့သော် မျက်ရည်များကိုသုတ်ခြင်းမပြုဘဲ မြက်ခင်းပင်လေးတွေကိုသာ တယုတယ စိုက်ထူနေသည်။ အနက်ရောင်ဝတ်စုံသည် လေတိုက်တိုင်း ဝေ့ဝဲနေတော့ သည်။  မြူမှုန်များ ရစ်သိုင်းနေသဖြင့် အေးခဲ လှသည်။ တောင်ပေါ်မြို့လေးသည် လဲလှောင်းလျက် မိမိရင်ငွေ့ကို ပြန်လှုံနေခဲ့ပြီ။ အဝေးဆီမှဘုရားကျောင်းခေါင်းလောင်းသံသည် သာယာနာပျော်ဖွယ်ပြန့်လွင့်နေဆဲဖြစ်သည်။ အုတ်ဂူကျောက်ဖျာပေါ်တွင် စာသားတချို့တွေ့ရသည်။ ထိုစာသားမှာ …

ဘဝကိုပုံ
ချစ်လို့ယုံ
ကံကြုံစမ်းဟဲ့ ချစ်သက်လှယ်

ဆလိုင်းဇုန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်