နှင်းခါးမိုး – ယုန်တကောင်နဲ့ အင်တာဗျူး

September 23, 2016

– ယုန်တကောင်နဲ့ အင်တာဗျူး
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆

လပေါ်မှာ ယုန်တကောင်ရှိတယ်ဆိုတာ တကယ်လား
ဒီမေးခွန်းက ဟောင်းလှပြီ။

ငါကိုယ်ကာယကြီးက ခြုံပုတ်တခုဆိုရင်
ငါ့သွေးကြောတွေထဲမှာ ယုန်တကောင်ပြေးလွှားနေမယ်
နံရိုးတွေကို မုန့်လာဥလို တူးထုတ် ၀ါးနေမယ်
အရေပြားတွေပေါ်တက် နေပူခံမယ် ဆော့ကစားမယ်
ငါ့လက်သည်းခြေသည်းလေးတွေပေါ်မှာ သူ့သွားတွေကိုသွေးချင်သွေးနေအုန်းမယ်
ပြီးရင် ငါ့ဆံပင်ရှည်တွေကြားကနေ သူအိပ်မက်ဖူးခဲ့တဲ့ တောင်ကုန်းစိမ်းကလေးတွေကို လိုက်ရှာနေလေမလား။

ငါ့နှလုံးသားက လှောင်အိမ်တခုဆိုရင်
ယုန်ကလေးဟာ မျက်လုံးကလေးပြူးကြောင်နဲ့ ကြောက်လန့်တကြား ဟိုပြေးဒီပြေးလုပ်နေမယ်။ ခဏနေတော့ လှောင်အိမ်ထောင့်မှာ တိုးကပ်ငြိမ်ဝပ်နေမယ်။ တော်နေကြာတော့ ရေခွက်ထဲကရေကို မရဲတရဲလေးလာသောက်မယ်။ ပြီးတော့ ကန်ဇွန်းရွက်ရိုးတွေကို တဗြက်ဗြက်နဲ့ ကိုက်ဝါးနေမယ်။ ဒါပေမယ့် လှောင်အိမ်ဆိုတော့ သူ့အတွက် ကိုက်လမ်းက မရှိဘူး။ လှောင်အိမ်ထဲရောက်နေမှတော့ ပိုက်ထောင်ကို ဘာကြောင့်ကြောက်နေရအုန်းမှာလဲ။

ပိန်ချိုင့်ပြားကပ်နေတဲ့ဒန်ပန်းကန်ပြားထဲမှာ
ငါးတပုံက တထောင်၊ ကြက်သားတပုံက ထောင့်ငါးရာ
ကြွပ်ကြွပ်အိတ်ကလေးဆွဲပြီး သုတ်သုတ်ကလေးလာ သုတ်သုတ်ကလေးပြန်ကြတယ် အမှောင်ပိုက်ကွန်ထဲမှာ
ဈေးတန်းကလေးက လူးလူးလွန့်လွန့်ကျန်ခဲ့တယ်
တိုက်ခန်းကျဉ်းတွေထဲက အန်ထွက်လာတဲ့အသံနဲ့မီးရောင်များ ရပ်ကွက်ကိုပြဇာတ်ခင်း တင်ဆက်နေချိန်မှာ
တချို့ သူများတွေအလုပ်ကပြန်ချိန်မှ သူတို့တွေအလုပ်သွားကြတယ်။
ယုန်မွှေးဖိနပ်နဲ့ ယုန်မွှေးဦးထုပ်နဲ့ ယုန်မွှေးဆွယ်တာနဲ့
ယုန်ထောင်ရင်း မိလာတဲ့ကြောင်မကလေး၊ ခုတော့ ၀ံပုလွေမ
မင်းနှုတ်ခမ်းမှာ ငါ့သွေးစသွေးနတွေနဲ့။

တကယ်တော့ လက်မှတ်ထိုးလိုက်တိုင်း
စစ်ပွဲကပြီးသွားတာမဟုတ်ဘူး၊
ငြိမ်းချမ်းရေးဆိုတာ
လက်ထပ်စာချုပ်လား၊ ကွာရှင်းစာချုပ်လား
ဒီမေးခွန်းကတော့ အသစ်ပဲ၊ လုံးဝအသစ်ပဲ။

နှင်းခါးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်